NADI - Express
နိုင်ငံခြား သို့ အစားအသောက် နှင့် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု
Hello...မဂ်လာပါရှင်🙏🙏🙏
NADI - Express (ပြည်မြို့ ကိုယ်စားလှယ်) မှ
လူကြီမင်းတို့၏ နိုင်ငံခြားတွင်နေထိုင်
လုပ်ကိုင်နေကြသော သူငယ်ချင်း မိတ်ဆွေ
သားသမီး ဆွေမျိုးများထံသို့ ကုန်ပစ္စည်းများ
နှင့် မြန်မာ စားသောက်ကုန်နှင့် အသုံးအဆောင် ပစ္စည်းများ
ကို စျေးနှုံးချိုသာစွာဖြင့်ပို့ဆောင်နိုင်စေရန် အကောင်းဆုံး
ဝန်ဆောင်မှုပေးလျက်ရှိပါသည်...လက်ရှိဝန်ဆောင်မှုပေး
တဲ့နိုင်ငံတွေကတော့ ထိုင်း ၊ မလေးရှား ၊ စင်ကာပူ ၊ ဗီယက်နမ်
တရုတ် ၊ ဂျပန် ၊ တ/ကိုရီယား တို့ဖြစ်ပြီး ထပ်တိုးပို့ဆောင်နိင်
မဲ့နိုင်ငံများကို ဆက်လက်တိုးချဲ့ ပို့ဆောင်ပေးသွားမှာ
ဖြစ်ပါတယ်ရှင်....သို့ဖြစ်၍
မိမိတို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများကို ယုံကြည်စိတ်ချ
လွယ်ကူလျင်မြန်စွာပို့ဆောင်နိုင်စေရန် page လေးကို
like & follow လုပ်ထားဖို့မမေ့နဲ့နော်..💁♀️
ဆက်သွယ်ရမဲ့ လိပ်စာလေးကတော့🏠
5/9 လမ်း ၊ ခေတ္တရာမြို့သစ် ၊ ပြည်မြို့။
Ph. 09 7575 11 837
09 68 99 444 77
09 45 28 500 79
NADI - Express နိုင်ငံခြား သို့ အစားအသောက် နှင့် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု
ပိုက်ဆံတော်တော်လေး ချမ်းသာတဲ့
စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့
ကျွန်တော် မိတ်ဆွေဖြစ်ဖူးတယ်...
သူ လောကကြီးကနေ ထွက်သွားတာ
သုံး လေးနှစ်လောက်ရှိနေပြီ...
သူ့ဆီမှာ ကင်ဆာရောဂါရှိနေမှန်း သိရချိန်မှာ..
တနေ့ သူ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်...
ညနေဖက် အားရင် ရွှေတိဂုံဘုရားသွားဖူးကြရအောင်တဲ့..
အဲ့ဒီညနေ ကျွန်တော်လဲ အားနေတာနဲ့...
ညနေ ခြောက်နာရီလောက် ရွှေတိဂုံ ဘုရားရောက်သွားတယ်..
ဘုရား ရင်ပြင်တော်ရဲ့ ထောင့်တနေရာမှာ ထိုင်နေရင်း..
ဆရာကျော်... ကျွန်တော့်ကို ဘယ်လိုမြင်လဲတဲ့...
ကျွန်တော်လဲ သူ နောက်နေတယ်ထင်ပြီး..
အကို ဒီနေ့ ဝတ်ထားတာ တော်တော်လေး
ကြည့်ကောင်းပါတယ်လို့ ပြန်ဖြေလိုက်တယ်...
သူက ထပ်ပြောတယ်... သူ အတည်ပြောနေတာ..
သူ့ကို ဘယ်လိုမြင်လဲ... စိတ်နေသဘောထား..
စသည်ဖြင့်
စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောပါတဲ့..
ကျွန်တော်လဲ.. အကိုက ချမ်းသာတယ်၊
သူတပါးကို ကူညီတယ်၊ တပည့်တွေကလဲ ချစ်တယ်၊
ဘာသာရေးလဲ ကိုင်းရှိုင်းတယ်.....
ကျွန်တော် အဖြေကို ပြုံးပြီးနားထောင်နေတယ်...
ခဏကြာတော့ ခေါင်းခါတယ်...
မဟုတ်ဖူး.. ဆရာကျော်တဲ့....
ကျွန်တော့်ဘဝမှာ အခုလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာဖို့အတွက်..
လူနှစ်ယောက်ရဲ့ ဘဝကို ရက်ရက်စက်စက် ချနင်းခဲ့ဖူးတယ်တဲ့..
လုပ်ဖော်ကိုင်ဖက်တွေတဲ့.... စီးပွားရေး partner တွေပေါ့...
ကျွန်တော်ကြောင့် သူတို့တွေ ဘဝပျက်သွားတယ်၊
သူတို့ စီးပွားရေးတွေကို ကျွန်တော် သိမ်းပိုက်ခဲ့တယ်တဲ့...
လုပ်နေတဲ့ အချိန်၊ လုပ်ပြီးတဲ့အချိန်အထိ.....
ကျွန်တော် ကိုယ် ကျွန်တော် မှန်တယ်လို့ဘဲ
ထင်နေခဲ့တာတဲ့...
အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော် မှားမှန်း သိလာတယ်၊
နောက်ပိုင်း ညဖက်တွေ အိပ်မပျော်တော့ဖူးတဲ့...
အိပ်ဆေးတွေသောက်ပြီး ကြိုးစား အိပ်...
ခဏဘဲ အိပ်လို့ရတယ်...
ဒီလိုနဲ့ နောက်ပိုင်း ဘာသာရေးတွေ အရမ်းလုပ်လာဖြစ်တယ်တဲ့.....
အခုလို ကင်ဆာရောဂါရှိနေမှန်း သိလိုက်ရချိန်..
ကျွန်တော့် အမှားကို ကျွန်တော် ပိုပြီး နောင်တရလာတယ်....
တစုံတယောက်ကို ဖွင့်ပြောဖို့ ကြိုးစားပေမယ့် ပြောမထွက်ခဲ့ဖူး....
ကျွန်တော် သိပ်မှားသွားတယ်ဗျာ...
ငွေကြေး၊ ချမ်းသာမှုဆိုတာ
တကယ်တော့ ကိုယ်သေရင် ထားခဲ့ရမယ့်အရာတွေ...
ကျွန်တော့်ကို ယုံကြည်ပြီး
ကျွန်တော်နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ လူနှစ်ယောက်ကို....
ဘဝပျက်တဲ့အထိ လုပ်ခဲ့တဲ့အမှားကြီးကို....
ကျွန်တော် သံသရာတစ်လျောက်လုံး သယ်သွားရတော့မယ်တဲ့...
ကျွန်တော်လဲ...
အကို ...အဲ့ဒီမိသားစုတွေကို ရှာကြည့်ပါလား...
သူတို့ကို တခုခု ထောက်ပံ့ပေးလိုက်ပါလားဆိုတော့....
သူကြောင့်... ဘဝပျက်သွားခဲ့ရတဲ့ လူနှစ်ယောက်ရဲ့ ...
သားသမီးတွေကို သူ့အလုပ်မှာ ခန့်ထားတာ ကြာပါပြီတဲ့..
လိုလေသေးမရှိလဲ ထောက်ပံ့ထားပါတယ်တဲ့လေ...
တခုဘဲ....
သူကြောင့် သူတို့မိသားစု ဘဝပျက်သွားခဲ့ရတယ်ဆိုတာတော့
သူတို့တွေ မသိကြဖူးတဲ့လေ....
"ကျေးဇူးတင်ပါတယ် သူဌေး"...လို့.... တခွန်းပြောလိုက်တိုင်း..
"ခင်ဗျားကြောင့် ...ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ရတာ"ဆိုပြီးဘဲ ကြားနေမိတယ်တဲ့လေဗျာ....
သူ နောက်ဆုံးပြောခဲ့တာက.....
...မတော်လောဘ...
.."ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ ...
သူတပါးမျက်ရည် ဘယ်တော့မှ မပါစေနဲ့"...တဲ့လေ...
နှစ်တွေကြာညောင်းခဲ့ပြီ..
သူလဲ ဘယ်ဘုံဘဝတွေ ရောက်နေပြီလဲ မသိ...
လူ့ဘဝဆိုတာ.... ခဏတာပါ....
ဒီဘဝမှာ....ဘယ်လိုရှင်သန်ခဲ့သလဲ....
ကိုယ့်ဘဝကိုရှင်သန်အောင်...တည်ဆောက်ရင်း...
ဘာတွေကောင်းအောင်လုပ်ခဲ့မိသလဲ....
ဘာတွေဆိုးအောင်လုပ်ခဲ့မိသလဲ....ဆိုတာက...မှ...
သံသရာတစ်လျှောက်မှာ.....အရိပ်လို....လိုက်နေမှာဖြစ်ပါတယ်....
ဒီတော့....
ကိုယ်စားမဲ့ ထမင်းလုပ်ထဲမှာ ...
သူတပါးမျက်ရည် မပါအောင်...သတိထားပါ.. မိတ်ဆွေ။
credit:
NDDPT - Zalun
ယာဂိကြောင့်
တရုတ် ဗီယက်နမ် လာအ်ို ထိုင်း
ဆိုး_ဆိုး_ရွား_ရွား အခြေပျက်လောက်အောင်
ဘာမှ ဖြစ်မသွားဘူး ...
မုန်တိုင်းမလာခင်
ကြိုတင်ကာကွယ်ရေး၊
မုန်တိုင်းဖြစ်ပြီးသွားတဲ့အချိန်
ကယ်ဆယ်ရေး ၊ ထောက်ပံ့ရေး စသည်ဖြင့်
သူ့အစီအစဉ်နဲ့သူ လုပ်ဆောင်သွားတာ ..
ရေကြီးပြီးနောက်ဆက်တွဲ
ဝမ်းရောဂါတွေ ယားနာတွေ အတွက်လည်း
သူ့အစီအစဉ်နဲ့ သူ Plan တွေ
ချထားပြီး ဖြစ်နေမှာ ...
ပျက်_ စီး ဆုံး_ရှုံးမှုအနည်းဆုံးနဲ့
ပင်လယ်ဘက်ကတိုက်ရိုက်ဝင်လာတဲ့
ယာဂိကို ကြံ့ကြံ့ခိုင်ဖြတ်ကျော်သွားခဲ့တာ ...
ပင်လယ်ကနေ
ဗီယက်နမ် လာအို ထိုင်း
သုံးနိုင်ငံခြားနေတဲ့ ကိုယ်တွေနိုင်ငံမှာသာ
ယာဂိကို တိုက်ရိုက်မတွေ့ဘဲနဲ့ကို
ကမ္ဘာတွေ_ပျက်မတက် ရင်ဆိုင်နေရတာ ...
အဲ့တာဘဲ ...
သူဌေးနိုင်ငံတွေ
သင်္ဘော_ မှောက်တာ
ပြသနာမဟုတ်ပေမယ့်
သ_ဒေါင်း_ဇား နိုင်ငံ ခွက်ပျောက်ရင်
ဘဝတွေပါ _ ပျက်ကုန်ကြရော ... 😣
10/07/2024
မင်းရဲ့ဘေးပတ်လည်ကိုဖြိုထုတ်လိုက်လို့ အမြင့်ရောက်သွားတိုင်းလည်း အဆင်ပြေမယ်လို့မထင်နဲ့။
credit _
09/01/2024
ရှာကြည့်..အမြင်အာရုံ ကောင်းမကောင်း..
09/12/2023
ကို မနောကပေးတဲ့ သင်ခန်းစာ
ကျနော်ငယ်ငယ်က လူလည်အတော်ကျတယ်
ဆိုင်မှာကားလာပြင်တဲ့ ကားပိုင်ဦးကြီးက
လက္ဘက်ရည်ဖိုး ၄၅ ကျပ်ပေးတော့ ကျနော်ကအဝယ်တော် ပြာတာပေါ့ဗျာ
ငွေဇင်ယော် လက္ဘက်ရည်ဆိုင်ကိုသွားဝယ်တော့
ချိုပျစ် ၅ ခွက် စမူဆာတစ်ခု ၂ ကျပ်ခွဲ ဆယ်ခုဝယ်ပြီး
ပိုတဲ့ ၃ ကျပ်အိပ်ထည့်ကစ်လိုက်တော့တာပဲဟဲ😂
ပိုလို့ဒိုင်ဝိုက်တာလေ 😜
မပို ပိုအောင်ချိုပျစ်ဝယ်ပြီးမှ ရေနွေးအဖြူတောင်းပြီး
အလုပ်ရုံရောက်မှ ချိုပျစ်ကို ရောသမမွှေလိုက်တော့
ပုံမှန်တီး 7 ခွက်လောက်ဖြစ်သွားတယ်🤣
အဲလိုပွါးတတ်ရတယ် ငပွါးလေ😂
ငယ်ရွယ်သူဆိုတာ မုန့်စားဖို့ ဆော့ဖို့နဲ့ မိမိဖြစ်ချင်တာ
ပဲသိတာပေါ့ဗျာ လုပ်သင့် မလုပ်သင့် မသိသေးဘူးပေါ့
နောက်ပိုင်း ကားတွဲဆက်တဲ့ မူလီ ဘိုးလ်နတ်တွေဝယ်လို့
ပိုတဲ့ငွေတောင် ပြန်မပေးချင်တော့ဘူးဗျ
ကားဆရာကြီး နတ်ဖိုးပေးလိုက်တာအကုန်ဝယ်ခဲ့ပြီဆိုပြီးလုပ်တော့တာ
အကျင့်ကပါလာတာနော် သတိထားစရာ လောဘရဲ့ သတ္တိတွေ သူများဥစ္စာ ခိုးတာမဟုတ်ပေမည့်
လူရည်လည်တော့ ရပေါက်ကိုသိနေတယ်လေ
အသိပညာနဲ့မထိန်းရင် နောက်ပိုင်းစာရိတ္တပျက်ဆီးဖို့ပဲရှိတယ်ပေါ့
တဖြည်းဖြည်းနဲ့အရွယ်လေးရလာလို့ ရင့်ကျက်လာတော့
မလုပ်ချင်တော့ဘူး ရှက်တတ် ကြောက်တတ်လာတယ်
သူများတွေ ဘိုးလ်နတ်သွားဝယ်လျှင်လည်းကိုယ့်လိုပဲ
ပိုတဲ့ ပိုက်ဆံတွေယူလောက်တယ်လို့ ထင်မိလိုက်သေးတယ်
ဪ…လူဆိုတာ ကိုယ့်စိတ်နဲ့ပဲ သူတစ်ပါးကို
တိုင်းတာတဲ့အမျိုးလို့သိရမှာပါနော်
သူ့စိတ် သူ့အသိ သူ့အကျင့်က ကိုယ့်မှာမှ မရှိတာလေ
ကိုယ့်စိတ်နဲ့ပဲနှိုင်း ကိုယ့်ပေတံနဲ့ တိုင်းပြီးဝေဖန်နေမိကြတယ်ဆိုတာ လူတိုင်းသတိထားသင့်တယ်ပေါ့လေ
ဆိုင်မှာလာတဲ့ ကားဆရာကြီးက သဘောအရမ်းကောင်းတယ် တစ်ဆိုင်လုံး လက္ဘရည် မုန့်အမြဲကျွေးတယ် သူ့ကားဆိုလူတိုင်းလုပ်ပေးချင်ကြတယ်ပေါ့
ဆိုင်မှာအမြဲတမ်းအဝယ်တော်တစ်ယောက်ရှိတယ်
သူလက်ထဲမှာ ငွေဆိုရွှင်နေတာပဲ ☺️
ကိုယ်ကလည်းသဘောပေါက်တာပေါ့
ဒါတွေမလုပ်ချင်တော့လို့ ပညာသင်တဲ့ဘက်မှာအားထည့်ထားတာကိုး
အဲဒီလိုနဲ့ တစ်နေ့မှာ နတ်တွေဝယ်ပြီး ဘောက်ချာတွေမှာ စျေးတွေတင်ထားတော့ ကျနော်ကစျေးသိနေတာလေ
မလုပ်သင့်ဘူးလို့ယူဆပြီး
ကားဆရာကြီးကို ကျနော်ကပြောပြတယ် ဦးလေးနတ်ဖိုးတွေကလေ စျေးတွေများနေတယ်ဗျာ့
သေချာလေးစိစစ်လိုက်ပါဦးဆိုတော့
အဲဒီကားဆရာကြီးက ဘာပြောတယ်ထင်လဲ
ငါ့တူလာ ဦးပြောပြမယ် သေချာမှတ်ထားနော်တဲ့…
အခုလိုစေတနာနဲ့ပြောပေးတာကျေးဇူးတင်တယ်ကွာ
ဦးက ကားတစ်စီးလုံးပိုင်တဲ့ချမ်းသာသူဆိုတော့ အတွေးအခေါ်မညံ့ဘူးလေတဲ့ ပေါက်စျေးတွေ ဦးသိတာပေါ့ကွာ
နောက်ကိုမှတ်ထားနော် သိတိုင်းမပြောမိစေနဲ့ မှန်တိုင်းမပြောလေနဲ့ သတိလေးနဲ့နေရမယ် လောကကြီးကမာယာသိပ်များတယ်တဲ့ ငါ့တူကငယ်သေးတော့မှားတတ်တယ်မှန်လည်းခံရတတ်တယ်တဲ့
သူယူတာကို ဦးကမသိချင်ယောင်ဆောင်ထားတာကွ
သူ ဦးဆီက ငွေကိုမသိအောင်ယူထားပြီးရင် ဦးကိုအလိုလိုနေရင်းကြောက်နေလိမ့်မယ်တဲ့
ဦးအတွက်သူဟာ ခိုင်းစရာမလိုပဲ သူ့စိတ်နဲ့သူ ဦးအလုပ်ကိုသူလုပ်ပေးနေလိမ့်မယ်တဲ့
ဦးဆီကယူတဲ့ငွေကဘာမှ မပြောပလောက်ဘူးပေါ့
ဒါပေမည့် တချိန်လုံးသူက ဦးရဲ့လူဖြစ်သွားတယ်တဲ့
ဪ…အဲလိုကိုးးးး
ထောင်မြင်လို့ ရာစွန့်တယ်ဆိုတဲ့သဘောပေါ့လေ
စီးပွါးရေးနယ်ပယ်က သတိထားစရာတွေများတယ်
မှတ်ချက် ( ဒါတွေကအတုယူစရာအချက်တော့မဟုတ်ဘူးပေါ့နော်)
လူလောကကြီးမှာ
အချို့လူတွေဟာ ရှေ့ကိုတစ်ကွက်စောပြီးကြိုလှမ်းထားပြီးသားတွေရှိနေတတ်တယ်
မိမိသိတဲ့အခြေအနေလေးနှင့်လည်း သူတစ်ပါးကို
သွားပြီး ဝေဖန်ခြင်းတွေ ကဲ့ရဲ့ခြင်းတွေ အလွယ်တကူမလုပ်မိဖို့လိုအပ်တယ်
ပြီးတော့ မိမိရဲ့ဘဝကိုသူတစ်ပါးဆေးခြယ်လို့မရအောင်နေနိုင်ဖို့ သတိနဲ့ အသိပညာရှိကိုရှိမှရမယ်လို့သိထားရမယ်ဗျို့
လောဘကြောင့် ဒေါသကြောင့် မောဟကြောင့် မိမိရဲ့ဘဝကို ကိုင်တွယ်ခံရနိုင်တယ်
အဲဒါကြောင့် မည်သည့်လုပ်ငန်း မည်သည့်နယ်ပယ်ဖြစ်ဖြစ် ဖြူစင် ရိုးသားမှုနဲ့ခရီးမဆက်သရွေ့ မိမိဘဝကသူများလက်ထဲမှာရှိနေနိုင်တယ်
လွတ်လပ်ပေါ့ပါးမှုမရှိနိုင်ဘူး အပြစ်မကင်းတဲ့ဘဝနဲ့ ပင်ပန်းဆင်းရဲ့ခြင်းတွေခံစားရတတ်တယ်
ရှိတာလေးနဲ့ အေးချမ်းစွာနေထိုင်ပြီး မိမိဘဝကို
ရပ်တည်နိုင်လေ ချမ်းသာလေပါပဲ
ဪ…လောဘ ဒေါသ မောဟ ဤသုံးပါးကင်းလျှင်
ချမ်းသာအစစ်ကိုတွေ့မယ်ဗျို့
လေးစားစွာဖြင့် ၃ ကျပ်ကစ်ခဲ့ဖူးတဲ့ မောင်မနော😂
Crd. to Manaw..
23/10/2023
Fashion တခုအနေနဲ့ပဲ ဝတ်ဝတ်..Fancy အဖြစ်ပဲ ဝတ်ဝတ်
ကြိုက်သလိုသုံး...ဖုန်းဘေ ၁ကတ်ဖိုးစာ ၅၀၀၀ ကျပ်သာ...
ဝတ်လို့ အရမ်းလှတဲ့..G-Shock ဒီဇိုင်း Digital နာရီ...
20/10/2023
adidas....
6500 mmk only...
ဖြန့်ချိ ဆိုင် အိတ်နှင့်ရမည်..
15/10/2023
၃၀% လျှော့စျေး ငွေကျပ် ၂သောင်းကျော်လေးနဲ့ ...
အရည်အသွေးမြင့် Smart Watch တစ်လုံးပိုင်ဆိုင်နိုင်ပါပြီ။
ယခင် ၃၈၅၀၀ / ယခု ၂၇၀၀၀ ကျပ်
Click here to claim your Sponsored Listing.
Category
Website
Address
Bogyoke
Yangon
08191