OK
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OK, Travel and transport, AnoutNayKyawTan Street, Pyay.
အိုးဝေ မောင်းနှင်ရန် ယာဥ်မောင်း ဝန်ထမ်း (3)ဦး အလိုရှိပါသည်။09400900030
31/07/2024
မိုးရာသီ ပရိုမိုးရှင်းအစီအစဉ်လေး OK သုံးဘီးမှာ ရှိနေပြီနော်
1.8.2024 မှ 31.10.2024 ရက်နေ့အထိနော် အမျိူးတို့
တရက် တပွိုင့်နှုန်းဖြင့် ငါးရက်ပြည့်ပြီး ခြောက်ရက်
မြောက်နေ့မှာ အခမဲ့စီးခွင့်ရမှာနော်
နေ့စဉ်အားပေးနေကျ ဧည့်သည်ပေးတဲ့ကဒ်ပြားလေးတွေနော်
Okသုံးဘီးစီးရင်းနဲ့ အခမဲ့ကဒ်လေးတွေရတဲ့အခါ ငွေမကုန်ပဲ
လိုရာခရီး ရောက်နိုင်တာပေါ့
ကဒ်ပြားလေးတွေလိုချင်ရင် အခမဲ့စီးခွင့်ကဒ်လေးတွေရယူဖို့ OK သုံးဘီးအစီးတိုင်းမှာ တောင်းယူပြီး တံဆိပ်တုံးနှိပ်ဖို့ မမေ့နဲ့နော် အမျိုးတို့
အဲ့အဲ့ မေ့လို့ နေ့တိုင်းပေးနေတာနော် အခမဲ့စီးခွင့်ကဒ်ပြားလေးတွေက 😘😘😘😘
ရုံးဖုန်း📲📲📲09400900030
📲📲📲09400900031
📲📲📲09400900032
အိုးဝေယာဉ်မောင်း (1)ဦးအလိုရှိပါသည်
အသက် 25 နှစ်မှ 40 နှစ်အတွင်းသာ ခန့်ထားမည်
အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း 09400900031
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်
19/04/2024
နေတွေပူတယ်နော် ချစ်သောတို့
အပြင်ထွက်ရင် သတိရနော် ok သုံးဘီးလေးကို
05/04/2024
ဒါမျိူးကားလေးနဲ့ သင်္ကြန်မတိုင်မှီ ရန်ကုန် ပြည် ပြေးဆွဲပေးရင် အားပေးကြမလား အမျိူးတို့
29/12/2023
ဟဲလို ok ယာဉ်လိုင်းကလား
ဟုတ်ကဲ့ပါ
သုံးဘီးနောက်ထဲမှာ ပိုက်ဆံအိတ် မေ့ကျန်ပြီး ပါသွားလို့ပါ
ဟုတ်ကဲ့ ကားနောက်ထဲမှာ တွေ့ပါတယ်နော်
လာပြန်ပြီးပို့ပေးပါမယ်နော်
10/09/2023
အမျိုးသမီးတွေချည်း စီးမှာမို့ စိတ်ချရတဲ့ အိုးဝေပြည်မှာရှိလားတဲ့
သိပ်သိပ်ရှိတာပေါ့ အမရယ်🥰🥰
လိုရာကို အန္တရယ် ကင်းကင်းနဲ့အရောက်ပို့ပေးတာ
OK သုံးဘီးပါ🥰🥰
ရုံးဖုန်း 09400900030
09400900031
09400900032
24/07/2023
အားပေးကြမ်းတဲ့ မိတ်ဆွေများအား okမှကျေးဇူးအထူးပင်တင်ရှိအပ်ပါသည်နော်
05/03/2023
တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့
တပေါင်းလဟာ မြန်မာလများရဲ့ (၁၂) လ မြောက် လဖြစ်ပါတယ်။ တပေါင်းလရဲ့ ပထမလ၀က်က ဆောင်းရာသီမှာ ကျရောက်ပြီး ဒုတိယလ၀က်က နွေရာသီမှာ ကျရောက်နေတာမို့ ဆောင်းအကုန် နွေအစ သာယာလှပတဲ့ လရာသီ အခါသမယလည်း ဖြစ်ပါတယ်။ တပေါင်းလရဲ့ သာယာလှပပုံများကို ခေတ်အဆက်ဆက်စာဆိုတို့က ပျို့ ကဗျာ လင်္ကာများနဲ့ ဖွဲ့နွဲ့သီကုံး စပ်ဆိုခဲ့ကြပါတယ်။
သစ်ရွက်ရော်ရည် ၊ ဣန္ဒနီဝယ်
သိင်္ဂီတဝက် ၊ မြတဝက်နှင့်
ဖက်၍ဆေးစုံ ၊ ခြယ်သောပုံသို့
ရဂုံမြိုင်တွင်း တောလုံးလင်းသား ... ရယ်လို့ တပေါင်းလမှာ ရွက်ဝါတွေကြွေပြီး ရွက်နုသစ်လေးတွေ ဝေလာပုံကို ရွှေအဆင်းနဲ့နှိုင်းပြီး စာဆို ဦးကြီး က လှလှပပဖွဲ့ဆိုခဲ့ပါတယ်။
တပေါင်းလရဲ့ ပွဲတော်က သဲပုံစေတီပွဲတော်ပါ။ သဲပုံစေတီပွဲတော်ဟာ ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့တာလို့ ဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ သဲပုံစေတီအစား တပေါင်းလပြည့်နေ့မှာ ဘုရားပွဲတော်များ ကျင်းပတဲ့ ဓလေ့ ခေတ်စားလာခဲ့ပြီး ဘုရားပွဲတော် ကျင်းပခြင်းကိုပဲ “တပေါင်းပွဲတော်” ရယ်လို့ အမည်တွင်လာပါတော့တယ်။
ဗုဒ္ဓ ဘုရားရှင် လက်ထက်တော်က ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠု၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်က အင်္ဂတိုင်းနဲ့ မဂဓတိုင်းက ဒကာ ဒကာမများကို တရားရေအေး တိုက်ကျွေးလျက် ရှိနေချိန် ၊ ဒီသတင်းကို ကြားရတဲ့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိတဲ့အခါ သားတော် ဘုရားကို ဖူးတွေ့ချင်နေတာကြောင့် အမတ်တစ်ယောက်ကို အခြွေအရံ တစ်ထောင်နဲ့အတူ စေလွှတ်ပြီး ဘုရားရှင် ကြွလာဖို့ ပင့်ဖိတ်စေပါတယ်။
ထိုအမတ်ဟာ ဗုဒ္ဓထံ ရောက်လာတဲ့အခါ တရားတော်ကို နာကြားရလို့ အခြွေအရံတို့နဲ့အတူ ရဟန်းပြုပါတယ်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်တော့ပါဘူး။ သည်လိုနဲ့ ဘုရင်ကြီးဟာ နောက်ထပ်နောက်ထပ် အမတ်တို့ကို အခြွေအရံ တစ်ထောင်စီနဲ့ ကိုးကြိမ်တိုင်အောင် စေလွှတ်တဲ့အခါမှာလည်း အားလုံးက ရဟန်းပြုပြီး နေကြပြန်ပါတယ်။
ဆယ်ကြိမ်မြောက်မှာတော့ ဗုဒ္ဓဘုရားရှင်ရဲ့ ဖွားဖက်တော်ဖြစ်တဲ့ ကာဠုဒါယီအမတ်ကို စေလွှတ်ပါတယ်။ ကာဠုဒါယီ အမတ်လည်း ရှေးကအမတ်များနည်းတူပဲ နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။
သို့ပေမယ့် ခရီးလမ်းပန်းသာယာတဲ့ တပေါင်းလအချိန်သို့ ရောက်သောအခါမှာတော့ ဘုရားရှင်အား လမ်းခရီးသာယာပုံ၊ တပေါင်းအလှကို ဂါထာပေါင်း (၆၀) နဲ့ ဖွဲ့နွဲ့တင်လျှောက်ပြီး ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း လျှောက်ထားတောင်း ပန်တဲ့အခါ ဗုဒ္ဓဘုရားရှင်က လက်ခံပြီး တပေါင်းလပြည့်နေ့မှာ ကပိလ၀တ်ပြည်ကို ကြွတော်မူခဲ့ပါတယ်။
တပေါင်းလပြည့်နေ့ဟာ ဘုရားရှင်ရဲ့ သာသနာတော်မှာလည်း ထူးခြားတဲ့ ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့ပါတယ်။ ဒါ့အပြင် မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့မှာ သိကြားမင်း၊ ဥက္ကလာပမင်းကြီး တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်တို့ ကြီးမှူးပြီး ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။
တပေါင်းလရဲ့ ထူးခြားချက်တွေကတော့ -
ဗုဒ္ဓမြတ်စွာဘုရားရှင်က ဖခမည်းတော်ကို ကျေးဇူးဆပ်ခဲ့သောနေ့ ဖြစ်ခြင်း၊
မြတ်စွာဘုရားရှင် ပြည်တော်ဝင်ရန် စတင် ကြွလှမ်းသောနေ့ဖြစ်ခြင်းစတဲ့ ထူးခြားမှုတွေအပြင် ဖခင် သုဒ္ဓေါဒနမင်းကြီးကို ကျေးဇူးဆပ်တရားဟောခြင်းကြောင့် “ဖခင်များနေ့” ရယ်လို့ သတ်မှတ်ခဲ့ကြသလို ဒီနေ့မှာ ကပိလဝတ်ပြည်ကို လှမ်းဝင်တာဖြစ်လို့ “ပြည်တော်ဝင်နေ့” ရယ်လို့လည်း သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါကြောင်း တင်ပြလိုက်ရပါတယ်။
#သိန်းအေး
02/03/2023
ကျေးဇူးပါ ဦးလေးကြီးရေ
ချစ်သူနဲ့ ချိန်းတွေ့ပြီး မြို့အနှံ လေးညင်းခံရင်း
တွေ့တဲ့မုန့်ဆိုင်ဝင်စားမလား
မင်မင်တို့ပါရမီဖြည့်ပါရစေနော်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
AnoutNayKyawTan Street
Pyay
08151