RPF - Rebuilding People Faith

RPF - Rebuilding People Faith

Share

we will try to get Respect and Peaceful Furture

31/12/2021

အဖွဲ့ ၀င်တွေအားလုံး နဲ့ အဆက်အသွယ် ရပါပြီဗျာ
စိတ်မကောင်းစရာက အဖွဲ့၀င် ၃ပုံ ၂ပုံ ဖြစ်တယ် ၁၄ ဦး ကျဆုံး သွားပြီးတာ ကို အတိအကျသိရပေမယ့် ထုတ်ပြလို့ မရလို့ နားလည်ပေးပါဗျ လက်ရှိကျန်နေတဲ့ အဖွဲ့၀င်များ နဲ့ ဆက်လက်လှုပ်ရှားသွားပါ့မယ် ဗျာ

အောင်မြင်ရမည်

24/03/2021

လောလောဆယ် ရရှိပီးသော အလှူခံငွေများမှ လိုအပ်သောပစ္စည်းများ ၀ယ်ယူ သိုလှောင် ထားပါသည်။
အနေအထားအရ ပုံများ တင်မပေးနိုင်သေးသည်ကို နားလည်ပေးပါရန် တောင်းဆိုပါသည်။

နောက်ထပ်လည်း ထပ်မံ၍ အလှူငွေများလိုအပ်လျှက်ရှိပါသည်။
ထပ်မံ၍ ၀ယ်ယူဖြည့်တင်းထားပီး လိုအပ်လျှင် လိုအပ်သလို ပြောင်းလံ အသုံပြုနိုင်ရန် သိုလှောင်ထားမည်ဖြစ်ပါသညိ။

အရေးတော်ပုံအောင်ရမည်။

RPF

21/03/2021

19.3.2021 မှ လှူဒန်းသူ တဦးစီမှ ကျပ်ငွေ ၂၀၀၀၀ ရရှိပါတယ်

20/03/2021

RPF ၏ သစ္စာ အဓိဌာန် ၃ ချက်

*ကျုပ်တို့သည် ပြည်သူပြည်သားတို့နှင့်အတူ ပြည်သူပြည်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။
*ကျုပ်တို့သည် ပြည်သူပြည်သားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်းများကို ကာကွယ်စောင့်ရှောက်ပါမည်။
*ကျုပ်တို့သည် ကျုပ်တို့၏ အသက်နဲ့ ကိုယ်စွမ်းကိုယ်စများကို ပြည်သူပြည်သားတို့နှင့် နိုင်ငံတော်အပေါ် အလုပ်အကျွေးပြုသွားပါမည်။

သစ္စာအဓိဌာန် ပြုပါသည်။

RPF

19/03/2021

ကျုပ်တို့ အသင်းအတွက် ရံပုံငွေကို လှူပေးတဲ့ သူအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။
လက်ရှိရံပုံငွေကို 18.3.2021 မနေ့က စတင် ရရှိခဲ့ပါတယ်။

အမှတ်စဥ် (၁) လှူဒါန်းသူက ၂၀၀၀၀ ကျပ်၊
အမှတ်စဥ် (၂) လှူဒါန်းသူက ၁၀၀၀၀ ကျပ်၊
အမှတ်စဥ် (၃) လှူဒါန်းသူက ၁၅၀၀၀ ကျပ်၊

စုစုပေါင်း ၄၅၀၀၀ ကျပ်တိတိ ရရှိထားပါတယ် ဗျ။

18/03/2021

ကျုပ်တို့ အဖွဲ့က ခုခံကာကွယ်ရေး ဖက်ကို ဦးစားပေးတဲ့အဖွဲ့အဖြစ် တည်ထောင်ထားတာ ဖြစ်ပြီး ကျုပ်တို့နိုင်သမျှ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှနဲ့ ခုခံတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။
လိုအပ်ချက်တွေ အများကြီး ရှိနေသလို ကြိုးစားမှုလဲ အများကြိးရှိနေပါတယ်။
ငွေကြေး၊ ပစ္စည်း၊ လူအင်အား စသဖြင့် အကုန်လိုအပ်နေတာပါပဲ ဒါပေမယ့် အသေးစိတ်တော့ ကျုပ်တို့ အကုန်ပြောပြမနေတော့ဘူး။
အားမာန်အပြည့်နဲ့ ရှေ့တိုးလို့မရသေးဘူးဆိုပေမယ့် နိုင်ဖို့အတွကိတော့ ရအောင်ပြင်ဆင်နေပီ ဖြစ်တယ်။
လိုအပ်တဲ့ အပိုင်းတွေအများကြီးရှိတယ် ဒါပေမယ့် ကျုပ်တို့ အားမလျော့ဘူး ကျုပ်တို့ နိုင်တိုက်မယ် တတ်နိုင်တဲ့သူတွေ ကူညီမယ့်သူတွေရှိရင် လက်ခံပေးမယ်။
အခုလောလောဆယ်မှာတော့ ဘာအချက်အလက်မှ မပြနိုင်သေးဘူး သိချင်ရင်တော့ မက်စေ့ဘောက်မှာ လာပြောထားမှရမယ်။

အချိန်လု လုပ်နေရတာ ဖြစ်သလို တခြားအကြောင်းတွေကြောင့် စကားပြောတာ ပိုစ့်တင်တာ အဆင်မပြေတာ တွေကို ဖတ်မိရင် နားလည်းပေးဖို့ တောင်းဆိုပါတယ်။

အရေးတော်ပုံ အောင်ကိုအောင်ရမယ်။ ။

Want your business to be the top-listed Business in Pyay?
Click here to claim your Sponsored Listing.

Website

Address


Pyay