Htutt Veterinary Clinic
ထွဋ် တိရစ္ဆာန်ဆေးကုခန်း၊ Pet Food & Accessories ဆိုင်၊ ပြည်မြို့
21/09/2026
"Htutt Pet Care Center (ပြည်)ဝန်ထမ်း အလိုရှိပါသည်"
❤️Pet Care Center/ ဆေးခန်းအကူ - ကျား/ မ (၁) ဦး❤️
🎇ပညာအရည်အချင်း - မူလတန်းအောင်
❄️ အလုပ်ချိန် : မနက် (၈) - ညနေ (၇)
❄️ ပိတ်ရက် : တပတ် (၁) ရက်
❄️ လစာ : အခြေခံလစာ > ၃၅၀၀၀၀ + Bonus + ရက်မှန်ကြေး + ရှားပါးစရိတ်
💠ဆေးကုသရာတွင် လိုအပ်သည်များ ကူညီပေးခြင်း၊ ဆေးခန်းသန့်ရှင်းရေး၊
ဆေးနှင့် လိုအပ်သည်များ ဝယ်ယူပေးခြင်း၊ ခွေး/ ကြောင်များ ကူညီကိုင်ပေးခြင်း၊ လူနာရှင်များအား လိုအပ်သည့် service များပေးခြင်း
——————————————————————-
💠အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်💠
❤️အစမ်းခန့်ကျော်လွန်လျှင် လစဉ်
- ရက်မှန်ကြေး ၃၀၀၀၀ ကျပ်
- ရှားပါးစရိတ် ၃၀၀၀၀ ကျပ်နှင့်
- လုပ်အားအလိုက် Bonus များ
- ကျန်းမာရေးခံစားခွင့်များရပါမည်
နယ်ဝေးဝန်ထမ်းများ အဆောင်ပေးပါမည် (နေငြိမ်း/ စားမငြိမ်း)
————————————————————-
လျှောက်ထားရာတွင် -
🌀Htutt Pet Care Center (ထွဋ် ဆေးခန်းအသစ်) သို့ အလုပ်လျှောက်လွှာ (ဓာတ်ပုံပါရန်) ကိုယ်တိုင်ပေးပို့ကာ လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
🌀Viber No. - 09750833177 သို့လဲ အလုပ်လျှောက်လွှာ (မိမိ၏ပုံအပါ) ကို သေချာရိုက်ပို့ကာ လျှောက်ထားနိုင်ပါသည်။
မှတ်ချက် --
- ပြည်မြို့နေသူများ လူတွေ့အင်တာဗျူးခေါ်ပါမည်။
- နယ်ဝေးများ viber call ဖြင့် အင်တာဗျူးပါမည်။
- ရေရှည်လက်တွဲလုပ်နိုင်သူများ အလိုရှိပါသည်။
- အလုပ်ပြန်ချိန် (ည - ၇ နာရီ) ကို သေချာကြည့်ပေးပါ။ အလုပ်ချိန် အဆင်ပြေမှ လျှောက်ပါရန်။
12/09/2026
12.9.2026
Today is Lab Test Day👩🏻⚕️ 🩸🔬
Htutt Pet Care Center (Pyay )
ပြည်မြို့မှာ ခေတ်မီဆန်းသစ်တဲ့
IDEXX Catalyst One Chemistry A**lyzer စက်ကြီးဖြင့် အချစ်တော် ခွေးလေး၊ ကြောင်လေးတွေအတွက် အတိကျဆုံးနဲ့ အမြန်ဆန်ဆုံး ရောဂါရှာဖွေမှုတွေ ရရှိနိုင်ရန် Htutt ဆေးခန်းမှာစစ်ဆေးပေးနေပါပြီနော်
ဘာတွေ စစ်ဆေးပေးခြင်းဖြင့် အချစ်တော်တို့ရဲ့ အသက်ကို ဘယ်လိုကယ်တင်နိုင်လဲ?????
🩸GHP&PAP Tests
🩸Liver Panel Tests
🩸Kidney Panel Tests
* GHP (General Health Profile ):
အသည်း၊ ကျောက်ကပ်နှင့်ကိုယ်တွင်းအင်္ဂါများ၊သွေးတွင်း ဓာတ်ပစ္စည်းများကို အသေးစိတ် စစ်ဆေးပေးနိုင်တာကြောင့် အသက်ကြီးပိုင်း ခွေး/ကြောင်လေးတွေမှာ မသိမသာ ခံစားနေရတတ်တဲ့ ရောဂါလက္ခဏာများကို စောစီးစွာ သိရှိပြီး အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခြင်း။
* PAP (Preanesthetic Panel): ခွဲစိတ်မှု အတွက်မေ့ဆေးမပေးမီ အသည်း၊ကျောက်ကပ်များရဲ့ အခြေအနေနှင့် သွေးတွင်း ဓာတ်ပစ္စည်းများကို ကြိုတင်စစ်ဆေးပေးတာဖြစ်ပါတယ်။ မေ့ဆေးကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ရှောင်ရှားနိုင်ပြီး ခွဲစိတ်မှုကို ဘေးကင်းစိတ်ချစွာ ဆောင်ရွက်နိုင်ခြင်း။
* အချိန်တိုအတွင်း အဖြေထုတ်ပေးနိုင်ခြင်း: အရေးပေါ် အခြေအနေတွေမှာ သွေးတွင်း Electrolytes ဓာတ်များ၊ အသည်းနှင့် ကျောက်ကပ် လုပ်ဆောင်ချက်များကို အတိအကျ အဖြေထုတ်ပေးနိုင်ခြင်းတို့ကြောင့်
မိမိတို့ရဲ့ အချစ်တော်လေးတွေ ကျန်းမာစွာနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးနိုင်ကြောင်း သတင်းကောင်းလေးပါးလိုက်
တယ်နော်
အသေးစိတ်သိလိုလျှင်
Htutt Pet Care Center &In-Clinic Lab
☎️09-784747752
☎️09-447751058
သို့ဆက်သွယ်မေးမြန်နိုင်ပါသည်။
ခွေးကိုက်ခံရလို့ နံရိုးကျိူး အဆုတ်ပေါက်လာတဲ့ ပန်ဒါလေး
အရေးပေါ်ကယ်ဆယ်၍ ခွဲခန်းဝင်ပြီး နောက်ရက်အခြေအနေလေးပါရှင်
ပန်ဒါလေး အသက်ရှုတာလေးလည်းပုံမှန်ဖြစ်ပြီး အစာတွေစားနိုင်နေပါပြီနော်
20/08/2026
"Htutt Pet Care Center (ပြည်)ဝန်ထမ်း အလိုရှိပါသည်"
❤️Pet Care Center/ ဆေးခန်းအကူ - ကျား/ မ (၁) ဦး❤️
🎇ပညာအရည်အချင်း - မူလတန်းအောင်
❄️ အလုပ်ချိန် : မနက် (၈) - ညနေ (၇)
❄️ ပိတ်ရက် : တပတ် (၁) ရက်
❄️ လစာ : အခြေခံလစာ > ၃၅၀၀၀၀ + Bonus + ရက်မှန်ကြေး + ရှားပါးစရိတ်
💠ဆေးကုသရာ နှင့် Pet Spa တွင် လိုအပ်သည်များ ကူညီပေးခြင်း၊ ဆေးခန်းသန့်ရှင်းရေး၊
ဆေးနှင့် လိုအပ်သည်များ ဝယ်ယူပေးခြင်း၊ ခွေး/ ကြောင်များ ကူညီကိုင်ပေးခြင်း၊ လူနာရှင်များအား လိုအပ်သည့် service များပေးခြင်း
——————————————————————-
💠အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်💠
❤️အစမ်းခန့်ကျော်လွန်လျှင် လစဉ်
- ရက်မှန်ကြေး ၃၀၀၀၀ ကျပ်
- ရှားပါးစရိတ် ၃၀၀၀၀ ကျပ်နှင့်
- လုပ်အားအလိုက် Bonus များ
- ကျန်းမာရေးခံစားခွင့်များရပါမည်
နယ်ဝေးဝန်ထမ်းများ အဆောင်ပေးပါမည် (နေငြိမ်း/ စားမငြိမ်း)
————————————————————-
လျှောက်ထားရာတွင် -
🌀Htutt Pet Care Center (ထွဋ် ဆေးခန်းအသစ်) သို့ အလုပ်လျှောက်လွှာ (ဓာတ်ပုံပါရန်) ကိုယ်တိုင်ပေးပို့ကာ လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
🌀Viber No. - 09750833177 သို့လဲ အလုပ်လျှောက်လွှာ (မိမိ၏ပုံအပါ) ကို သေချာရိုက်ပို့ကာ လျှောက်ထားနိုင်ပါသည်။
မှတ်ချက် --
- ပြည်မြို့နေသူများ လူတွေ့အင်တာဗျူးခေါ်ပါမည်။
- နယ်ဝေးများ viber call ဖြင့် အင်တာဗျူးပါမည်။
- ရေရှည်လက်တွဲလုပ်နိုင်သူများ အလိုရှိပါသည်။
- အလုပ်ပြန်ချိန် (ည - ၇ နာရီ) ကို သေချာကြည့်ပေးပါ။ အလုပ်ချိန် အဆင်ပြေမှ လျှောက်ပါရန်။
09/08/2026
ချစ်လှစွာသော တိလေးတွေရဲ့ မွေးစားဖေဖေမေမေတို့ရေ... 🐾✨
Htutt Veterinary Clinic ဆေးခန်း Page Messenger သို့ လာရောက် မေးမြန်းတိုင်ပင်ကြသော စာများကို ချက်ချင်း ပြန်လည် မဖြေကြားနိုင်ခြင်းနှင့် စာပြန်ရက် နောက်ကျခြင်းများအတွက် အထူး တောင်းပန်အပ်ပါသည်။ 🙏
Page မှ မေးခွန်းများကို ပြန်လည်ဖြေကြားပေးနေသည့် Admin ဆရာဝန်မလေးများမှာ -
* ကလေးလေးတွေကို ဆေးကုသပေးနေချိန်နှင့် ခွဲစိတ်မှု ပြုလုပ်နေချိန်များရှိခြင်း၊
* VPN လိုင်း အခြေအနေများ မမှန်ခြင်း၊
တို့ကြောင့် Page Messenger မှ စာများကို ချက်ချင်း မပြန်နိုင်ဘဲ နောက်ကျသွားခြင်းများရှိပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့ရဲ့ခွေးကြောင်လေးတွေရဲ့အရေးကြီး အရေးပေါ် ကျန်းမာရေးကိစ္စများ၊ ဆေးခန်းပြသရန် မေးမြန်းလိုသည်များကို
page Messenger မှ reply ပြန်သည်ကို စောင့်ဆိုင်းမနေ
ဘဲအောက်ပါ ဆေးခန်းဖုန်းများနှင့် Viber no များ သို့ ဆေးခန်းဖွင့် ချိန်အတွင်းတိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ကြောင်း မေတ္တာရပ်ခံအပ်ပါသည်ရှင့်
📞 ဆက်သွယ်ရန် ဆေးခန်းဖုန်းနံပါတ်များ -
🏥Htutt Pet Care Center
☎️09-784747752, 09-447751058
🏥Htutt Clinic 2
☎️09-420244164
Page Messenger မှ လာရောက်မေးမြန်းထားသော စာများကိုလည်း အမြန်ဆုံး ဖြေကြားပေးနိုင်အောင်ကြိုးစားပေးပါမည်။
ပြည်မှာ ရန်ကုန်က Pet Spa တွေရဲ့ လက်ရာ နဲ့ Service တွေအတိုင်း Htutt မှာ ရပါပြီနော်
ပြည်မြို့- ဗိုလ်ချုပ်လမ်းမပေါ်တွင်ဖွင့်လှစ်ထားတဲ့
Htutt – Pet Care Center မှာ ရန်ကုန်မှ Senior Professional Groomer ဆရာရောက်ရှိနေပြီဖြစ်လို့ ခွေးလေး၊ ကြောင်လေးတွေအတွက် Professional Pet Spa & Grooming Service အစုံအလင်ကို အကောင်းဆုံး Quality ဖြင့်ရယူနိုင်ပြီဖြစ်ကြောင်းကို သတင်းကောင်းလေးပါးလိုက်ပါရစေရှင့် …
ထွဋ်မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ -
✂️ အမွှေး အလှညှပ်ခြင်း (Full Grooming)
✂️ အမွှေးရှန်ပူ၊ သန်း/မွှားသေရှန်ပူ၊ ဝဲသေရှန်ပူ၊ အရေပြားမှိုသတ်ရှန်ပူများဖြင့် ရေချိုးပေးခြင်း (Basic Grooming)
✂️ ကာကွယ်ဆေးမစုံသေးတဲ့ baby pet လေးတွေအတွက် dry shower လုပ်ပေးခြင်း
✂️ မျက်လုံးတစ်ဝိုက်၊ ခြေကြား/လက်ကြား နှင့် အညစ်အကြေးစွန့်အင်္ဂါတစ်ဝိုက် အမွှေးရိတ်ပေးခြင်း (Basic Area Trimming)
✂️ အမွှေးအပြောင်ရိတ်ပေးခြင်း (Shaving) - (ကုသရေးအတွက်)
✂️ အမွှေးထုံးရှင်းခြင်း (Dematting)
✂️ ခြေသည်း/ လက်သည်းညှပ်ခြင်း (Nail Cutting/ Trimming)
✂️ နားသန့်ခြင်း (Ear Cleaning)
✂️ စအိုအိတ် (A**l Gland) အနံ့ဆိုးညှစ်ထုတ်ခြင်း
✂️ သွားတိုက်ပေးခြင်း/ သွားကျောက်ခြစ်ခြင်း/ ခံတွင်းသန့်ရှင်းရေးလုပ်ခြင်းတို့ပဲဖြစ်ပါတယ်ရှင့် ….
ထွဋ်ရဲ့ Senior Groomer ဆရာသည် Pet Spa & Grooming လောကမှာ (၆)နှစ် အတွေ့အကြုံရှိပြီဖြစ်တဲ့အပြင် Mingalar Grooming Academy (Yangon) မှ သင်တန်းသားများစွာကို သင်ကြားပေးနေတဲ့ ဆရာတစ်ဦးလဲဖြစ်ပါတယ်။
ဒါကြောင့် ပိုလှ၊ ပိုသန့်၊ ပိုကျန်းမာချင်တဲ့ တိလေးတို့အတွက်
💯 ကျွမ်းကျင်သော Professional Groomer ၏လက်ရာ၊
💯 တိလေးတွေရဲ့ အရေပြားနဲ့ အမွှေးအလိုက် အသင့်တော်ဆုံး products များကိုသာ အသုံးပြုထားတဲ့ Pet Spa Service တွေကို ရယူဖို့ အခုပဲ
Htutt – Pet Care Center မှာ booking ယူလိုက်တော့နော် 🐶🐱💕
💠🛁🛁🛁🛁🛁🛁🛁🛁🛁🛁💠
💖 Pet Spa ဖွင့်ချိန် -
မနက် 8:30 AM မှ ညနေ 6:00 PM
(အင်္ဂါနေ့တိုင်း အမွှေးအလှညှပ်ခြင်း service လေးနားပါတယ်ရှင့်)
☎️ ဖုန်းဖြင့်ကြိုတင် Booking ရယူလိုပါက -
09882 242 842 သို့ဖုန်းဆက်လို့ရပါတယ်ရှင့်
📍ဆိုင်လိပ်စာ -
Google Maps : https://maps.app.goo.gl/ZuKvFhEHg3UHv7EM8
&Skin #ခွေး #ကြောင် #အမွှေးညှပ်ခြင်း
Htutt Veterinary Clinic ထွဋ် တိရစ္ဆာန်ဆေးကုခန်း၊ Pet Food & Accessories ဆိုင်၊ ပြည်မြို့
02/08/2026
"ထွဋ် တိရစ္ဆာန်ဆေးခန်း (ပြည်) တွင် အောက်ပါဝန်ထမ်းနေရာများ ခေါ်ယူနေပါသည်"
❤️ဆေးပေးအကူ - မ (၁) ဦး ❤️
💥 နေရာ - Htutt 2 (ထွဋ် တိရစ္ဆာန်ဆေးခန်း - ၂)
မြို့သစ်၊ ပြည်မြို့ (ကားကြီးဝင်းနား)
💥 ပညာအရည်အချင်း - အထက်တန်း
❄️ အလုပ်ချိန် : မနက် (၈) - ညနေ (၇)
❄️ ပိတ်ရက် : တပတ် (၁) ရက်
❄️ လစာ : အခြေခံလစာ > ညှိနှိုင်း+ Bonus + ရက်မှန်ကြေး + ရှားပါးစရိတ်
💥ကွန်ပျူတာ အသုံးပြုတတ်သူများ လျှောက်ထားနိုင်ပါသည် (လစာထပ်ညှိနှိုင်းပေးပါမယ်)
—————————————————————-
❤️ဆေးခန်းအကူ - ကျား/ မ (၁) ဦး❤️
🎇နေရာ - Htutt Pet Care Center (ဗိုလ်ချုပ်လမ်း၊ ကျောက်တော်ကြီးဘုရားရှေ့၊ ရွာဘဲအဆင်း)
🎇ပညာအရည်အချင်း - မူလတန်းအောင်
❄️ အလုပ်ချိန် : မနက် (၈) - ညနေ (၇)
❄️ ပိတ်ရက် : တပတ် (၁) ရက်
❄️ လစာ : အခြေခံလစာ > ၂၇၀၀၀၀ + Bonus + ရက်မှန်ကြေး + ရှားပါးစရိတ် (up to ၃၇၀၀၀၀)
——————————————————————-
❤️အထွေထွေဝန်ထမ်း - ကျား/ မ (၁) ဦး❤️
🎇နေရာ - Htutt Pet Care Center (ဗိုလ်ချုပ်လမ်း၊ ကျောက်တော်ကြီးဘုရားရှေ့၊ ရွာဘဲအဆင်း)
🎇ပညာအရည်အချင်း - ရေးတတ်၊ ဖတ်တတ်
❄️ အလုပ်ချိန် : မနက် (၈) - ညနေ (၇)
❄️ ပိတ်ရက် : တပတ် (၁) ရက်
❄️ လစာ : အခြေခံလစာ = ၂၇၀၀၀၀ + Bonus + ရက်မှန်ကြေး + ရှားပါးစရိတ် (up to ၃၇၀၀၀၀)
——————————————————————-
💠အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်💠
❤️အစမ်းခန့်ကျော်လွန်လျှင် လစဉ်
- ရက်မှန်ကြေး ၃၀၀၀၀ ကျပ်
- ရှားပါးစရိတ် ၃၀၀၀၀ ကျပ်နှင့်
- လုပ်အားအလိုက် Bonus များ
- ကျန်းမာရေးခံစားခွင့်များရပါမည်
✨ဝန်ထမ်း၏ performance ကောင်းလျှင် အစမ်းခန့်ကာလအပြီး လစာတိုးပါမည်✨
နယ်ဝေးဝန်ထမ်းများ အဆောင်ပေးပါမည် (နေငြိမ်း)
————————————————————-
လျှောက်ထားရာတွင် - မိမိလျှောက်လိုသော ဝန်ထမ်းရာထူးကို သေချာဖော်ပြကာ
🌀Htutt Pet Care Center (ထွဋ် ဆေးခန်းအသစ်) သို့ အလုပ်လျှောက်လွှာ (ဓာတ်ပုံပါရန်) ကိုယ်တိုင်ပေးပို့ကာ လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
🌀Viber No. - 09750833177 သို့လဲ အလုပ်လျှောက်လွှာ (မိမိ၏ပုံအပါ) ကို သေချာရိုက်ပို့ကာ လျှောက်ထားနိုင်ပါသည်။
မှတ်ချက် --
- ပြည်မြို့နေသူများ လူတွေ့အင်တာဗျူးခေါ်ပါမည်။
- နယ်ဝေးများ viber call ဖြင့် အင်တာဗျူးပါမည်။
- အလုပ်ချိန်အား သေချာကြည့်ပေးပါ။ အလုပ်ချိန် အဆင်ပြေမှ လျှောက်ပါရန်။
ရေရှည်လက်တွဲလုပ်နိုင်သူများ အလိုရှိပါသည်။
14/06/2026
🐶ကလေးလေးတွေ မွေးစားချင်တဲ့ ဖေဖေမေမေတို့ရှိရင် ဆက်သွယ်လို့ရပါတယ်နော်
🐶ငါးမျိူးစပ် ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီး၊
သန်ချဆေး နှစ်ခါတိုက်ပြီးပါပြီရှင်
🐶48ရက်သား Poodle Cx အမလေးတွေပါနော်
ဆက်သွယ်ရန်ဖုန်း
☎️09266066004
13/04/2026
၁၃-၄-၂၀၂၆
…………………….
💦မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန် အကြိုနေ့မှာ
💦မြန်အောင်ကနေ ဆီးမသွားနိုင်လို့
💦အရေးပေါ်ခွဲစိတ်ကုသပြီး ကယ်ခွင့်ရလိုက်တဲ့
🐶 မြန်အောင်သား ကျောက်သူဌေးလေး တုန်တုန်
သင်္ကြန်ပိတ်ရက်အတွင်း အရေးပေါ်ပြေးလာလို့ရအောင် Htutt Pet Care Center ဖွင့်ပေးထားပါတယ်နော်
🏩Htutt Pet Care Center
📍ကျောက်တော်ကြီးဘုရားအနီး၊ဗိုလ်ချူပ်လမ်း၊ပြည်မြို့။
☎️ ၀၉-၇၈၄ ၇၄၇ ၇၅၂
09/04/2026
💦သင်္ကြန်တွင်း Htutt Pet Care Center (Pet Clinic)
ဖွင့်ကြောင်းကြေငြာခြင်း💦
💐 မြောင်တို့၊ ဝုတို့ သင်္ကြန်ကာလတွင်း ကျန်းမာရေးပြဿနာ တစုံတရာရှိခဲ့ရင် ပြေးလာလို့ရအောင်
ဗိုလ်ချူပ်လမ်း၊ကျောက်တော်ကြီးဘုရားဘေးက
Htutt Pet Care Center (Pet Clinic )တစ်ခုထဲသာ
မနက် (၉) နာရီမှ (၁၂) နာရီထိ၊ ညနေ (၃) နာရီမှ (၅:၃၀) ထိဖွင့်ထားပေးမယ်နော်
🏩Htutt Pet Care Center🏩
(ကျောက်တော်ကြီးဘုရားအနီး၊တိုက်နီကြီးရှေ့၊ဗိုလ်ချူပ်လမ်း)
သင်္ကြန်ရက်အတွင်း မြို့ထဲ ပန်းဘဲတန်းလမ်းက
Htutt (1)နှင့် မြို့သစ် ဂိတ်ကြီးကွင်းအနီး Htutt (2 ) ဆေးခန်းနှစ်ခု ပိတ်ပါမယ်နော်
🏵️ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဆေးခန်းအားလုံး ပိတ်ပါမယ်နော်🏵️
နှစ်ဆန်း (၂) ရက်နေ့ကစပြီး ပုံမှန်အချိန်အတိုင်း ဆေးခန်းအားလုံး ပြန်လည်ဖွင့်လှစ်သွားပါမယ်ရှင့်
🌿 မြန်မာရိုးရာမင်္ဂလာနှစ်သစ်အခါသမယမှာ မြန်မာပြည်သားများအားလုံး ဘေးဘယာကင်းကွာလို့ အေးချမ်းပျော်ရွှင်ကြပါစေကြောင်း ထွဋ်ဆေးခန်းမိသားစုဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 💐🌿
🏩 Htutt Pet Care Center
☎️ ၀၉-၇၈၄ ၇၄၇ ၇၅၂
🏩Htutt ( 1 )
☎️၀၉-၄၄၇၇၅၁၀၅၈
🏩Htutt ( 2 )
☎️၀၉-၄၂၀၂၄၄၁၆၄
Category
Telephone
Website
Address
No. 334, Pan Pae Tan Street, Shweku Quarter
Pyay
Opening Hours
| Monday | 08:30 - 18:00 |
| Tuesday | 08:30 - 18:00 |
| Wednesday | 20:30 - 18:00 |
| Thursday | 08:30 - 18:00 |
| Friday | 08:30 - 18:00 |
| Saturday | 08:30 - 18:00 |
| Sunday | 08:30 - 18:00 |
Alerts
Be the first to know and let us send you an email when Htutt Veterinary Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.