Machi Bubble Tea
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Machi Bubble Tea, Bubble Tea Shop, Pyawbwe.
04/11/2025
ဒီနေ့လေးက တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) ဖြစ်ပါတယ်နော်... 💐
Machi ရဲ့ အချစ်တော်လေးတို့လည်း Machi သောက်ရင်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ချစ်ရသူတွေနဲ့ အတူတူ �သာယာအေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... 🙏🏻
#တန်ဆောင်မုန်းလပြည့်နေ့ #သာမညဖလအခါတော်နေ့
19/10/2025
မနက်ဖြန် ၂၀ရက်၊ အောက်တိုဘာလ၊ ၂၀၂၅ခုနှစ်မှာ ကျရောက်တဲ့ ဒီပါဝလီနေ့မှာ မိသားစုတိုင်း စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း Machi Bubble Tea မှာ ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်ရှင်🐧❤️
06/10/2025
ရောင်စုံမီးလေးတွေ လင်းဖြာကျနေတဲ့ သီတင်းကျွတ်လပြည့်နေ့က ကဗျာဆန်လွန်းတဲ့ပန်းချီကားတစ်ချပ်ပဲပေါ့။
ဒီအချိန် Machi Lover လေးတွေ ဘာများလုပ်နေမှာပါလိမ့်...? 🪔🪔🪔
Machi ကတော့ ကမ္ဘာပေါ်မှာရှိတဲ့မိသားစုဝင်တိုင်း သီတင်းကျွတ်လပြည့်ကို ကိုယ်ချစ်ရသူတွေနဲ့ ချမ်းမြေ့ကြည်နူးစွာဖြတ်ကျော်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ရှင့်။ 🙏
03/10/2025
Happy Thadingyut Holidays .... 🏮🪔
ပိတ်ရက်မှာ အိမ်တွင်းစီးပွားရေးအနေနဲ့ Mom တစ်သိန်းပျောက် ၊ ကိုယ်တစ်သိန်းကောက်တော့မလုပ်ကြနဲ့ဦးနော်.. 🧐
ခုလိုသီတင်းကျွတ်ရက်တွေက ပူလာပြီမလို့ ရွှေရင်အေးစေမယ့် အမောပြေ Cold Drink လေးတွေသောက်ပြီး ဖြတ်သန်းရရင်
အတိုင်းထက်အလွန် တံခွန်နဲ့ Machi ပဲ..
သူငယ်ချင်းတွေရော အိမ်ကမိသားစုဝင်တွေကိုပါ ရွှေရင်အေးသွားစေချင်ရင် 🍹Machi Bubble Tea & Cold Drinks လေးတွေ
ရှိပါမယ်နော်..
သောက်လို့ကောင်းတယ်၊ အပူဒဏ်သက်သာစေတဲ့အပြင် ❄️🍓ချိုချိုချဉ်ချဉ်အရသာလေးတွေဆိုတော့ ဆိုင်မှာပဲသောက်သောက်၊ အိမ်ပဲမှာမှာ
နေရာမရွေးလိုက်ဖက်နေရောပဲ…
ကဲ… ရော့ သောက်ကြည့်လိုက်နော် … 🏂
15/06/2025
ယနေ့ ကျရောက်တဲ့ 𝗛𝗮𝗽𝗽𝘆 𝗙𝗮𝘁𝗵𝗲𝗿’𝘀 𝗗𝗮𝘆 မှာ ကမ္ဘာပေါ်ရှိ ဖခင်တိုင်းအားလုံးကို လေးစားစွာဖြင့်ဂုဏ်ပြုလျက် “မိသားစုနဲ့အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွှင်နေထိုင်ပါစေ”လို့ Machi Bubble Tea မိသားစုဝင်များမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်✨❤️
01/05/2025
International Workers’ Day🍀
ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမားများရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုသော May Day ကို 𝗠𝗮𝗰𝗵𝗶 မှဝမ်းမြောက်စွာ ကြိုဆိုလိုက်ရင်း အလုပ်သမားများအားလုံး အစစ အရာရာ အဆင်ပြေပြီး ပျော်ရွှင်စရာနေ့ရက်ကောင်းလေး ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့် ✨
28/01/2025
🏮 Happy Chinese New Year 🐉💥
ပျော်ရွှင်စရာတရုတ်နှစ်သစ်ကူးကာလလေးမှာ ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းဖော်များနှင့်အတူ ပျော်ရွှင်ဖွယ်ရာ အချိန်အခါလေးတွေ ပိုင်ဆိုင်နိုင်ပြီး နှစ်သစ်မှစ၍ နေ့ရက်တိုင်းမှာလည်း ကျန်းမာပျော်ရွှင်ခြင်းနှင့်အတူ ကံကောင်းမှုတွေ ဆထပ်တပိုး တိုးပွါးပါစေလို့ Machi Bubble Tea မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏
31/12/2024
(၂၀၂၄) ခုနှစ် ကနေ (၂၀၂၅) ခုနှစ်ကို ကူးပြောင်းမယ့် နှစ်သစ်အချိန်အခါကနေစပြီး (၇)ရက် သား/သမီးများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။ 🙏🏻
လုပ်ကိုင်သမျှအရာအားလုံးလဲ အဆင်ပြေချောမွေ့ပြီး စီးပွားဥစ္စာများတိုးတက်ကြီးပွားကြပါစေလို့ “Machi Bubble Tea ” မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🥰
နှစ်သစ်ကူးညမှာ ချစ်ခင်ရသူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။🎉
03/12/2023
Hello ❤️
ဒီဇင်ဘာအတွက် Machi (baho)ရဲ့ အထူးလက်ဆောင်လေး ရှိပါတယ်နော်။
ဒီဇင်ဘာ ၄-၁၀အတွင်း Quick food appကနေ မှာမယ်ဆို all items50%off ပေးမယ့် သတင်းကောင်းလေးပါ❤️
ခရစ်စမတ် မီနူး အသစ်လေး
Strawberry matcha latte လေးလည်း ထွက်ထားပါတယ် လို့❤️
machi (baho)ဆိုင်ခွဲ တခုမှာပဲ ရမှာပါနော်။
သတင်းကောင်းတွေနဲ့ ကံကောင်းပျော်ရွှင်ကြပါစေ။
Hello hello ❤️
စမ်းချောင်း၊ဗဟိုလမ်း အာရုတော်ဝင်ဆေးရုံ မျက်စောင်ထိုး က
G&G ဆိုင်ရှေ့မှာ
Machi Bubble Tea ရှိနေပါတယ်နော် ။ မိုးတွင်း အထူး 20%offပရိုမိုရှင်းလေး ရှိနေသလို
အောက်က appတွေ ကနေလည်း
Machi (G&G Baho) ဆိုပြီး ရှာလိုက်ရင် % ချ ထားတာလေးတွေ မှာလို့ရပါတယ် ။
အားလုံး ကျန်းမာရေးလည်း ဂရုစိုက်ကြပါ နော်။ ဘဝ ရဲ့ နေထိုင်ခြင်း နဲ့ ပျော်ရွှင်ခြင်း မှာ Machi ဘာဘယ်တီးလေး တွေကလည်း အမှတ်တရ ပါဝင်ခွင့်ရချင်ပါတယ် ❤️
31/08/2023
Hello မင်္ဂလာပါ ဟူးမန်းတို့ရေ
အရင်က စမ်းချောင်း ဗဟိုလမ်း Home mart ကုန်တိုက်မှာ ဖွင့်ထားတဲ့ Machi Bubble Tea ဆိုင်လေးကို ကုန်တိုက် အပြောင်းအရွေ့ မှာ နေရာလေး ပြန်ပြောင်းလို့ ဖွင့်ထားပါတယ်နော်❤️
အရင် Home mart ကုန်တိုက်ရဲ့ တခြံကျော် G&G စတိုး ဆိုင် ရဲ့ရှေ့မှာ ပြန်ဖွင့်ထားတာမို့ လာခဲ့ကြပါအုန်း လို့အားလုံးကို ဖိတ်ခေါ်ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ ဖွင့်ပွဲနေ့က စလို့ အထူး ပရိုမိုရှင်း တွေလည်း ရှိနေတာမို့ ရောက်အောင်သာ လာခဲ့ကြပါလို့❤️
ကျန်းမာရေး လည်း ဂရုစိုက်ကြပါ၊
ခက်ခဲပေမယ့် အတတ်နိုင်ဆုံး အဆင်ပြေကြပါစေ လို့ လည်း
Machi က ဆုတောင်းပေးပါတယ်။❤️
27/03/2023
Hello ဟူးမန်းတို့ရေ
ပူလွန်းတဲ့ နွေကို ပြန် ဖိုက် ဖို့machi ရဲ့ summer series လေးတွေ ထွကိနေပါပြီနော်။
ချဉ်ပြုံးလေး ကြိုက်မယ့် ဟူးမန်းတို့အတွက် Lemonade series နဲ့
100%full creamနို့အေး လေးနဲ့ မှ ကြိုက်တဲ့ သူတွေအတွက်ကတော့ Messy series ဆိုပြီး ၂မျိုး ထွက်တဲ့အကြောင်း သတင်းပို့ပါတယ်။
နေပူ လို့ အပြင်မထွက်ချင်တဲ့ သူတွေအတွက်လည်း ခုလာမယ့် ဧပရယ် ၁ ရက်နေ့က စလို့ foodpanda ရဲ့ panda go ဆိုတဲ့ အစီအစဉ်သစ်လေး မှာmachi(homemart)က ရှိနေမှာပါ။
Panda Goက အရင်လို app ကနေ မှာတာမျိုး မဟုတ်ပဲ၊ မှာမယ့် ဆိုင်ကို တိုက်ရိုက် ဖုန်းဆက်မှာရမှာပါ။ တိုက်ရိုက် ပြောရတော့ ကိုယ်လိုချင်တာ မှာချင်တာတွေကို လွယ်လွယ်မြန်မြန် ပြောလို့ ရတာပေါ့။bubbleများများထည့်ပေးပါတို့ cheezuများများ ထည့်လေ တို့ ပြောနိုင်တာပေါ့ နော်😀💝တခုရှိတာ ဆိုင် ဖုန်းနံပတ်လေးတော့ ကိုယ့်ရဲ့ ဖုန်းလေးထဲ ထည့်ထားပေးနော်။
Machi (homemart) ဖုန်း က
095192508 ပါ။
သတင်းကောင်း အနေနဲ့ ဆိုင် ကို ပဲ လာသောက်သောက်၊panda goက နေပဲ မှာမှာ ဒီ ဧပရယ်တခုလုံး ကို 20%off လုပ်ပေးထားပါတယ်🤗
ဘတ်ဂျက်လေး လည်း ချွေတာ
ကိုယ်ကြိုက်တဲ့ bubble teaလေးလည်း သောက် လို့ရတော့ ဟူးမန်းတို့ အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ် 😍
Category
Telephone
Website
Address
Pyawbwe
11111
Alerts
Be the first to know and let us send you an email when Machi Bubble Tea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.