RN Kitchen Compass
Chef တစ်ယောက်အဖြစ်အသက်မွေးဝမ်းကြောင်းပြုချင်သူများအတွက်
⚠️ သတိ - အလုပ်ချိန်အတွင်း ဖုန်းမသုံးရ 😂
🔥BBQ Recipe Book အုပ်ရေ
10 အုပ်ဘဲ ကျန်ပါတော့မယ် ...
ပညာရပ်တစ်ခုကို တန်ဖိုးထား၍ ကောင်းကောင်းအသုံးပြုချင်တဲ့သူတွေသာရပါတော့မယ်ခင်ဗျာ 😇
Chef တိုင်းရဲ့ အိမ်မက် ...
ကိုယ့်အမှားတွေကနေသင်ယူပြီး နေ့တိုင်းပိုကောင်းလာအောင် ဆက်လက်ကြိုးစားပါ ...
ပုဇွန်တုန်ယမ်းပဲသီးကြော်( ဆိုင်လုပ်နည်း ) Video အား Comment တွင် ချထားပေးခဲ့ပါတယ်ခင်ဗျာ 😇
ဂဏန်းမဆလာတစ်ပွဲ ဆိုင်လုပ်နည်းကို Comment မှာ You Tube Channel link လေး ချထားပေးပါတယ်
14/08/2026
ကျန်းမာရေးနှင့်ညီညွှတ်သော အိမ်လုပ်စွတ်ပြုတ်ချက်နည်း ( ၆ )မျိုးအချိုးအစား
14/08/2026
စားဖိုမှူးတွေအသုံးပြုသင့်တဲ့ ဓားအမျိုးအစားများအကြောင်း ....
14/08/2026
⚠️ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်နည်းများ 🛑
အခုတလော ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာကို သတိထားမိကြမှာပါ။ ဒီရောဂါဟာ သာမန် ဝမ်းလျှောတာထက် ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို အလျင်အမြန် ကုန်ခမ်းစေလို့ ကလေးရော၊ လူကြီးပါ မပေါ့ဆသင့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်ခင်ဗျာ
ဒီရောဂါပိုးတွေဟာ ငါတို့ မီးဖိုချောင်ထဲနဲ့ နေ့စဉ် စားသောက်မှု အလေ့အထတွေကနေ ဘယ်လို ကူးစက်လာတာလဲဆိုတာ သေချာသိထားမှ ကာကွယ်နိုင်မှာပါ ဒါကြောင့် ကျွန်တော် ဒီစာလေးကို အသေးစိတ်ရေးသားပေးတာမို့ စိတ်ရှည်ရှည်လေးဖတ်ပေးကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ
🔍 ဝမ်းပျက်ဝမ်းလျောရောဂါဘာကြောင့် ဖြစ်ရတာလဲနဲ့စတင်ပါ့မယ်
သောက်သုံးရေတွေ မသန့်ရှင်းခြင်း: မိုးရာသီ ရေကြီးရေလျှံမှုနဲ့ မသန့်ရှင်းတဲ့ ရေပိုက်လိုင်းများမှ ရောဂါပိုး ပေါက်ဖွားခြင်း။
ယင်ကောင် အန္တရာယ်: မိလ္လာနဲ့ အမှိုက်က ရောဂါပိုးတွေကို အစားအသောက်ပေါ် သယ်ဆောင်ပေးခြင်း။
မသန့်ရှင်းသော လမ်းဘေးစာများနှင့် ရေခဲများ။
🍳 ချက်ပြုတ်သူများနှင့် စားဖိုမှူးများအတွက် အဓိက သတိထားရန် -
📌အပူချိန် 70°C (158°F) ထက်ကျော်အောင် ချက်ပါ: အသား/ငါး/ပင်လယ်စာများ၏ အတွင်းပိုင်းအထိ အပူချိန် အပြည့်အဝရောက်မှ ရောဂါပိုး သေတာပါခင်ဗျာ
📌စဉ်းတီတုံးနှင့် ဓား ခွဲသုံးပါ: အသားစိမ်း/ငါးစိမ်း လှီးတဲ့ စဉ်းတီတုံးနဲ့၊ စားခါနီး အသီးအရွက်/အဆင်သင့်စာ လှီးတဲ့ စဉ်းတီတုံးကို သီးသန့် လုံးဝ ခွဲခြားသုံးပါခင်ဗျာ
📌ဟင်းကျန်များ ပြန်နွှေးပါက: အငွေ့တထောင်းထောင်း ထွက်ပြီး ဆူပွက်သည်အထိ အပူပြန်ပေးပါ။
📌စဉ်းတီတုံး၊ စဖိုချောင်သုတ်အဝတ်နှင့် ပန်းကန်ဆေး ရေမြှုပ်စများကို: ရေနွေးပူပူဖြင့် ပုံမှန် ပိုးသတ်ပေးပါ။
🛡️ ရောဂါမဖြစ်အောင် ကာကွယ်ရန် (၅) ချက် -
✅ ရေကို ဆူအောင် ကြိုသောက်ပါ (သို့မဟုတ်) စိတ်ချရသော ရေသန့်ကိုပဲ သုံးပါ။ (အပြင်စာ စားပါက ရေခဲထည့်သောက်ခြင်း ရှောင်ပါ)။
✅ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏ ဆေးကြောပါ။ (အထူးသဖြင့် အစာမစားမီနှင့် အိမ်သာတက်ပြီးချိန်)။
✅ ပူပူနွေးနွေး ချက်ပြီးစ အစားအစာများကိုပဲ စားသုံးပါ။
✅ အစားအသောက်များကို ယင်မနားအောင် အုပ်ဆောင်း အမြဲအုပ်ထားပါ။
✅ သီးနံ၊ အသီးအရွက်များကို ရေစိမ်းဖြင့် သေချာ မကြာခဏ ဆေးကြောပါ။
အကောင်သေးပေမဲ့ စနစ်တကျ သန့်ရှင်းရေးလုပ်ရင် လုံးဝ ကာကွယ်လို့ရတဲ့ ရောဂါဖြစ်လို့ အိမ်တိုင်း၊ မီးဖိုချောင်တိုင်းမှာ သန့်ရှင်းရေးကို အဓိကထားပြီး အားလုံး ကျန်းမာရေး ဂရုစိုက်ကြရအောင်နော်။ ❤️
တစ်ခြားသူများလည်း ဗဟုသုတရစေရန် ကူညီ Share ပေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျော ရောဂါကို အတူတူကာကွယ်ကြရအောင်လားဗျာ 🥰
#ဝမ်းပျက်ဝမ်းလျှော #ကျန်းမာရေးအသိ #မီးဖိုချောင်သန့်ရှင်းရေး
Category
Contact the public figure
Telephone
Website
Address
Myitkyina
00712300
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when RN Kitchen Compass posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.