Simple Native Chicken Farm

Simple Native Chicken Farm

Share

(ဒေသကြက်, ကြက်ဆင်, ငန်း) မွေးမြူရေး

31/10/2025

ငန်း လေးတွေ ပြန်ပေါက်တဲ့ ရာသီရောက်ပါပြီ ဗျာ 😊😊
👉👉လိုအပ် ပါက ကြိုမှာ📞📞 ထားလို့ ရပါပြီ ဗျ

23/10/2025

ဥအမျိုးအစားအလိုက် အကောင်ဖောက်မည့် အပူချိန်နှင့် ကြာချိန်များ

ကြက်ဥ
အကောင်းဆုံး အပူချိန် - 37.5°C မှ 37.7°C
အကောင်ပေါက်ရန်ကြာချိန် - 21 ရက်

ဘဲဥ
အကောင်းဆုံး အပူချိန် - 37.6°C မှ 37.8°C
အကောင်ပေါက်ရန်ကြာချိန် - 28 ရက်

ငုံးဥ
အကောင်းဆုံး အပူချိန် - 37.6°C မှ 37.8°C
အကောင်ပေါက်ရန်ကြာချိန် - 18 ရက်

ဒေါင်းဥ
အကောင်းဆုံး အပူချိန် - 37.6°C မှ 37.8°C
အကောင်ပေါက်ရန်ကြာချိန် - 28 ရက်

ကြက်ဆင်ဥ
အကောင်းဆုံး အပူချိန် - 37.5°C မှ 37.8°C
အကောင်ပေါက်ရန်ကြာချိန် - 28 ရက်

ရစ်ဥ
အကောင်းဆုံး အပူချိန် - 38.0°C မှ 38.2°C
အကောင်ပေါက်ရန်ကြာချိန် - 24 ရက်

ငန်းဥ
အကောင်းဆုံး အပူချိန် - 37.3°C မှ 37.5°C
အကောင်ပေါက်ရန်ကြာချိန် - 28 ရက် မှ 35ရက်(အမျိုးအစားပေါ် မူတည်)

(မှတ်ချက်- ရေငှက်ဥများ (ဘဲ၊ ငန်း) ကို ဥဖောက်စက်ဖြင့် ဖောက်ပါက အောင်မြင်ဖို့အတွက် စိုထိုင်းဆကို မြှင့်တင်ပေးခြင်းနှင့် ဥများကို ပုံမှန်ရေဖြန်းပေးခြင်းများ လိုအပ်နိုင်ပါသည်။)

19/10/2025

🪿🪿ရေမိုးချိုး ပြီးသာသာယာယာ ပေါ့ ☺️☺️

Photos from Simple Native Chicken Farm's post 29/01/2025

လက်ရှိ ဥဥနေတဲ့ တစ်နှစ်သား မဒန်း ငန်းလေးတွေ ရောင်းဖို့ ရှိပါတယ် ခင်ဗျ။

⏭️⏭️ ဈေးက ညှိနှိုင်း ပါခင်ဗျ
လိုအပ်ပါက - CB or 09260623297

16/06/2024

အိမ်ကြက်ဥလေးတွေ ထပ်ရပါမယ်ဗျ
🔴 အခုတစ်လော ဥနှုန်း အနည်းငယ် ကျနေပါသဖြင့် အလုံးရယ် များများ လိုအပ် ပါက ကြိုတင် မှာ ယူထားလို့ ရပါပြီ ခင်ဗျ

#အိမ်ကြက်
#အိမ်ကြက်ဥ
#မြစ်ကြီးနား

Photos from Simple Native Chicken Farm's post 09/06/2024

အိမ်ကြက် ဥ 🐣🐣 အော်ဒါ အလုံး 250 Sold Out🔴🔴
၀ယ်ယူအားပေးသွားတဲ့ အစ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျ

⏭️ အိမ်ကြက်ဥ လိုအပ် ပါက မှာယူနိုင်ပါပြီ ခင်ဗျ

#အိမျကွကျဥ
#အိမ်ကြက်
#ကြက်ပေါက်

03/06/2024

Brahma ပေါက်လေးတွေ 😊😊

#အိမ်ကြက်ဥ
#အိမ်ကြက်
#မြစ်ကြီးနား
#ကြက်ပေါက်

Photos from Simple Native Chicken Farm's post 31/05/2024

Simple Native Chicken Farm မှာ Brahma မျိုးတွေပါ ရပါတော့မယ် ဗျာ

#အိမ်ကြက်ဥ
#အိမ်ကြက်
#မြစ်ကြီးနား

28/05/2024

🪿🪿 မိုးကျပြီဆို တော့ ရေချိုးရ သက်သာတာ ပေါ့ဗျာ 😊😊

- အိမ်ကြက်ဥတွေ ကြိုတင် အော်ဒါ တင်လို့ ရပါပြီ ဗျ 😊

#အိမ်ကြက်ဥ
#မြစ်ကြီးနား
#အိမ်ကြက်

26/05/2024

🥹 အလွမ်းဓာတ်ခံ ရှိတော့လည်း 🥹

# အိမ်ကြက်ဥ
# အိမ်ကြက်
# Myitkyina

25/05/2024

နေတတ်ရင် ပျော်စရာကြီး ပါဗျာ 😊😊
၊⏭️⏭️ 🪿🪿🪿🪿

#အိမ်ကြက်ဥ
#အိမ်ကြက်
#မြစ်ကြီးနား

19/05/2024

ကြက်ဥ ဥနှုန်း ရုတ်တရာကျဆင်းခြင်းကို အဖြေရှာခြင်း

ဥစားကြက် မွေးမြူရေးခြံအချို့တွင် ကြက်ဥ ဥနှုန်း ကောင်းနေရာမှ ရုတ်တရက်ဥနှုန်းထိုးကျသွားသည့် ဖြစ်စဉ်များ ကြုံတွေ့ရတတ်ပါသည်။
ထိုကဲ့သို့ ဖြစ်ပေါ်လာပါက အောက်ဖော်ပြပါအချက်တခုခြင်းစီကို ပြန်လည်စီစစ်၍ ပြုပြင်ဆောင်ရွက်သင့်ပါသည်။

(၁) ကြက်များ အစာစားနှုန်းလျှော့နည်းသွားသလား
- ရောဂါဝင်၍ အစာမစားတာလား
- အစာပြောင်းကျွေးလို့လား
- ရာသီဥတု ပူလွန်းလို့လား
- အစာကုန်၊ အစာပြတ်လိာ့ အစာမကျွေးလို့လား
- အစာကျွေးချိန် ပြောင်းလို့လား
- အစာတွင် မှိုပါလို့လား၊ အစာကျန်တွေ မှိုတက်လို့လား
- အလင်းရောင်ပေးချိန် ပြောင်းလို့လား
- အစာခွက် မလုံလောက်လို့လား
- အစာကျွေးတဲ့လူ ပြောင်းလို့လား

(၂) ကြက်‌ေ သနှုန်းရှိလား
- ထင်ရှားတဲ့ ရောဂါရှိလား
- မှိုင်ကုပ်တာရှိလား
- ချွဲသံကြားလား
- မျက်နှာရောင်လား
- ဝမ်းကောင်းလား
- အာဟာရချို့တဲ့တာမျိုးရှိလား
- ကိုယ်ပေါ်မှာ သန်း၊ လှေး၊ မွှားတွေရှိလား

(၃)ရေ
- ရေဝလင်အောင် သောက်ရရဲ့လား
- ရေကောင်းရေသန့် ဟုတ်ရဲ့လား
- ရေခွက်တွေ သန့်ရဲ့လား
- ရေခွက် လုံလောက်ရဲ့လား

(၄) လုပ်သား
- အစာကျွေးနည်းစနစ်မှန်ရဲ့လား
-အစာခွက်ကို မကြာခဏ မွှေပေးရဲ့လား
- ရရှိတဲ့ကြက်ဥအားလုံး အပ်နှံရဲ့လား
- ဒဏ်ခံစားရမှုတွေရှိလား
- ကာကွယ်ဆေးထိုးတဲ့နေ့လား
-ကြက်တွေကို ဖမ်းလား
- ဆူညံသံနဲ့ တောရိုင်းတိရစ္ဆာန်တွေကြောင့် ကြက်တွေလန့်လား
- မိုးသက်လေပြင်းကျလား
-ကြက်ရွှေ့ပြောင်း၊ ကြက်ချေးကြုံး၊ ကြက်ရုံသန့်ရှင်းရေးတွေ လုပ်လား
- ရာသီဥတုပြောင်းတဲ့အချိန်လား

စတဲ့အချက်များကို စီစစ်ပြီး ဥနှုန်း ရုတ်တရက်ကျဆင်းရသည့်အကြောင်းရင်းကို ရှာဖွေ ပြုပြင်ခြင်းဖြင့် ကြက်ဥ ဥနှုန်းပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ပါသည်။

Want your restaurant to be the top-listed Restaurant in Myitkyin?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myitkyin