EDC Engineering Group

EDC Engineering Group

Share

Esthetic Design and Creation. We provide: Architectural Design, Structural Design, Quantity Survey, Construction, Decoration, Soil Test, Topographic Survey

Photos from EDC Engineering Group's post 24/09/2026

🏠 သွပ်အမိုးပြား နှင့် ASA PVC ဘယ်လိုကွာခြားလဲ?

အဆောက်အဦး တစ်ခုအတွက် အမိုးပြား ရွေးချယ်ရာမှာ *ဈေးနှုန်း* တစ်ခုတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်တာမျိုး မလုပ်သင့်ပါဘူး။

🌦️ မိုးဒဏ်
☀️ အပူဒဏ်
⏳ သက်တမ်း တွေအပြင်
🔧 ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ် တွေကိုပါ ထည့်သွင်းစဉ်းစားပြီး အဆောက်အဦးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အမိုးပြားကို ရွေးချယ်အသုံးပြုဖို့ အရေးကြီးပါတယ်။

သွပ်အမိုးပြားနဲ့ ASA PVC Roof Sheet တို့ဟာ အမိုးပြားအဖြစ် အသုံးပြုကြပေမယ့် Material Structure နှင့် Performance ပိုင်းမှာ မတူညီမှုတွေ ရှိပါတယ်။

🔹 သွပ်အမိုးပြားဆိုတာဘာလဲ?
“သွပ်မိုး” လို့ အများအားဖြင့် ခေါ်ကြပေမယ့် Galvanized Steel Sheet (သို့မဟုတ်) Zinc-coated Metal Roofing Sheet ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

သံမဏိကို အခြေခံထားတာဖြစ်လို့ ခိုင်ခံ့မှုအားကောင်းပြီး Structural Strength လိုအပ်တဲ့ အဆောက်အဦးတွေမှာ အသုံးများပါတယ်။

သို့သော် ရေရှည်အသုံးပြုလာတဲ့အခါ Protective Coating ပျက်စီးမှုကြောင့် Corrosion (သံချေးတက်ခြင်း) ဖြစ်ပေါ်နိုင်ပါတယ်။

အထူးသဖြင့် မိုးရေထိတွေ့မှု၊ စိုထိုင်းမှု၊ ပတ်ဝန်းကျင်အခြေအနေတွေက Material ရဲ့ အသုံးခံနိုင်မှုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

ထို့အပြင် Metal Material ဖြစ်တဲ့အတွက် အပူကူးမှု ပိုမိုမြန်ဆန်ပြီး နေရောင်တိုက်ရိုက်ထိတွေ့ချိန်မှာ အမိုးမျက်နှာပြင် အပူရှိန်မြင့်တက်နိုင်ပါတယ်။ 🌞

မိုးရွာချိန်မှာလည်း *မိုးရေကျသံကို ပိုမိုကြားရနိုင်ခြင်း* က Metal Roofing ရဲ့ ထင်ရှားတဲ့ Character တစ်ခု ဖြစ်ပါတယ်။ 🌧️
┈┈┈┈┈┈┈┈ ┈┈┈┈┈┈┈┈ ┈┈┈┈┈┈┈┈ ┈┈┈┈┈┈┈┈
🔹 ASA PVC Roof Sheet ဆိုတာဘာလဲ?

ASA PVC Roof Sheet ကတော့ PVC (Polyvinyl Chloride) ကို အဓိက Base Material အဖြစ် အသုံးပြုပြီး

အပေါ်ယံမှာ ASA (Acrylonitrile Styrene Acrylate) Protective Layer ထည့်သွင်းထားတဲ့ Roofing Material တစ်မျိုး ဖြစ်ပါတယ်။

ASA Protective Layer ရဲ့ အဓိကအားသာချက်ကတော့ —
☀️ UV Exposure ကို ခံနိုင်မှုရှိခြင်း
🌦️ ရာသီဥတုဒဏ် ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်း
🛡️ ရေရှည်အသုံးပြုတဲ့အခါ Surface Protection ကို ပိုမိုကောင်းမွန်စေခြင်း
တို့ပဲ ဖြစ်ပါတယ်။

PVC ဟာ Metal Material မဟုတ်တဲ့အတွက် Corrosion (သံချေးတက်ခြင်း) မရှိတာ ကလည်း အားသာချက် တစ်ခု ဖြစ်ပါတယ်။

ထို့အပြင် Thermal Conductivity နည်းပါးတာကြောင့် အပြင်ဘက်အပူကို အတွင်းဘက်သို့ ကူးပြောင်းလာမှုကို လျှော့ချပေးနိုင်ပြီး အဆောက်အဦးအတွင်း အပူသက်သာမှုကို အထောက်အကူပြုနိုင်ပါတယ်။ 🌿

မိုးရွာချိန်မှာလည်း Metal Roofing ထက် *မိုးသံ* ပိုမို ငြိမ်သက်စေနိုင်ခြင်း က ASA PVC Roof Sheet ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။

📌 အမိုးပြားရွေးချယ်ရာမှာ ဘာတွေကို ကြည့်သင့်လဲ?

အမိုးပြားတစ်မျိုးကို ရွေးချယ်ရာမှာ ဈေးနှုန်းတစ်ခုတည်းကိုပဲ အခြေခံပြီး ဆုံးဖြတ်တာမျိုး မဟုတ်ပဲ
✅ Coating Quality
✅ Layer Structure
✅ Resin Quality
✅ UV / Weathering Performance
✅ Installation Quality
စတဲ့ အချက်တွေကိုပါ သေချာ စစ်ဆေးသင့်ပါတယ်။

အထူးသဖြင့် မိုးရေထိတွေ့မှုများတဲ့နေရာ၊ စိုထိုင်းဆမြင့်တဲ့ ပတ်ဝန်းကျင် နှင့် ပင်လယ်အနီး ဆားငံ လေထု ရှိတဲ့ နေရာတွေ မှာ Roofing Material ရဲ့ Corrosion Resistance၊ Weathering Performance ကို ပိုမို ဂရုစိုက် ရွေးချယ်ဖို့ လိုအပ်ပါတယ်။
┈┈┈┈┈┈┈┈ ┈┈┈┈┈┈┈┈ ┈┈┈┈┈┈┈┈ ┈┈┈┈┈┈┈┈
ဒါကြောင့် အဆောက်အဦး တစ်ခုအတွက် အမိုးပြားရွေးချယ်ရာမှာ ဈေးနှုန်းထက် Quality, Performance, Long-term Value ကို ဦးစားပေး စဉ်းစားဖို့က အရေးကြီးပါတယ်။

🏗️ Quality Roofing Solution အတွက် ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ဖို့ — EDC Engineering Group မှာ ASA PVC Roof Sheet နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို တိုင်ပင် ဆွေးနွေးနိုင်ပါပြီ။

Myeik Office
📲Phone No: 09 781 010 098
🌐E-Mail: [email protected]
🏢Address- No (169), Yadanar Street,Aye Chan Tharyar Quarter, Myeik, Tanintharyi Region, Myanmar

Yangon Office
🏢 No- 50 3rd floor Aye Yeik Thar (1) Street, New University Avenue , Sayar San Ward, Bahan Township, Yangon
📲Phone no- 09753189777/09947077779

22/09/2026

အိမ်အမိုးအတွက် ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခု ကိုရှာနေပါသလား?

အိမ်ကို အလှပဆုံးဖုံးအုပ်ပေးရုံသာမက အမိုးအတွက် ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခုအဖြစ် EDC PVC Roof Sheet ကို ရွေးချယ်နိုင်ပါတယ်။

အိမ်အသစ်ဆောက်မယ့်သူတွေအတွက်ဖြစ်စေ၊ အမိုးပြန်လည်ပြုပြင်မယ့်သူတွေအတွက်ဖြစ်စေ အရည်အသွေးကောင်းမွန်ပြီး စိတ်ချယုံကြည်စွာ အသုံးပြုနိုင်တဲ့ အမိုးပြား ကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။

အိမ်ရဲ့ လုံခြုံမှု၊ အမိုးရဲ့ခံနိုင်ရည်နဲ့ ကြာရှည်အသုံးပြုနိုင်မှုကို အလေးထားသူတိုင်းအတွက် EDC PVC Roof Sheet က အသင့်ရှိနေပါပြီ

📩 အသေးစိတ်အချက်အလက်များနှင့် မှာယူနိုင်ရန် Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Myeik Office
📲Phone No: 09 781 010 098
🌐E-Mail: [email protected]
🏢Address- No (169), Yadanar Street,Aye Chan Tharyar Quarter, Myeik, Tanintharyi Region, Myanmar

Yangon Office
🏢 No- 50 3rd floor Aye Yeik Thar (1) Street, New University Avenue , Sayar San Ward, Bahan Township, Yangon
📲Phone no- 09753189777/09947077779

17/09/2026

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ နှစ်ပေါင်း (၂၀) ကျော်ကြာ လုပ်ကိုင် ရပ်တည်နေတဲ့ EDC Engineering Group အနေနဲ့ 🏗️

ခေတ်မီ ဆန်းသစ်ပြီး အရည်အသွေးကောင်းမွန်မှု နှင့် ယုံကြည်စိတ်ချမှု ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကို EDC Thailand မှ မြန်မာနိုင်ငံသို့ ဖြန့်ဖြူးရောင်းချပေးနေပါပြီ ✅

အသေးစိတ်သိရှိလိုပါက EDC Thailand ရဲ့ page “🌐https://www.facebook.com/edcthailandcompany” မှာ စုံစမ်းမေးမြန်းနိုင်ပါပြီ

📍 Myeik Office
📲 09 781 010 098
🌐 [email protected]

📍 Yangon Office
No. (50), 3rd Floor, Aye Yeik Thar (1) Street, New University Avenue, Sayar San Ward, Bahan Township, Yangon
📞 09 753 197 777 / 09 947 077 779

11/09/2026

အမိုးတစ်ချပ်ရဲ့ အရည်အသွေးကို အသုံးပြုပြီးမှ သိနိုင်ပါတယ်။

EDC PVC Roofsheet ကို ယုံကြည်စွာ အသုံးပြုနေတဲ့ မြ ဆားစက်ရုံ ရဲ့ Factory Manager ဖြစ်သူ Ko Moe Kyaw က EDC PVC Roofsheet အသုံးပြုရတဲ့ အတွေ့အကြုံကို အခုလို ပြောပြထားပါတယ်။

🗣️ “ကျွန်တော်တို့ မြ ဆားစက်ရုံမှာ စက်ရုံအမိုးပြားတွေ ပြန်လည်လဲလှယ်ဖို့ လိုအပ်လာတဲ့အချိန်မှာ EDC PVC Roofsheet ကို ရွေးချယ်တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အသုံးပြုတဲ့နေ့ကစပြီး အပူဒဏ်ကို သိသိသာသာ လျော့ချပေးနိုင်ခဲ့သလို မိုးဒဏ်တွေကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

— Ko Moe Kyaw
Factory Manager, မြ ဆားစက်ရုံ

စက်ရုံ၊ ဂိုဒေါင် နှင့် လုပ်ငန်းသုံး အဆောက်အအုံတွေအတွက် အမိုးဆိုတာ ရာသီဥတုဒဏ်ကို ကာကွယ်ပေးရုံနဲ့ မပြီးပါဘူး။ ရေရှည်အသုံးခံမှု၊ အပူဒဏ် နှင့် ဆူညံသံ လျော့ချနိုင်မှုတွေကလည်း အရေးကြီးပါတယ်။

ဒါကြောင့် အမိုးအတွက် အရည်အသွေးကို ဦးစားပေးရွေးချယ်မယ်ဆိုရင် EDC PVC Roofsheet ကို ယုံကြည်စွာ ရွေးချယ်နိုင်ပါတယ်။ ✅

အမိုးအတွက် ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှု — EDC PVC Roofsheet

📍 Myeik Office
No. (169), Yadanar Street, Aye Chan Thar Yar Quarter, Myeik, Tanintharyi Region, Myanmar
📲 09 781 010 098
🌐 [email protected]

📍 Yangon Office
No. (50), 3rd Floor, Aye Yeik Thar (1) Street, New University Avenue, Sayar San Ward, Bahan Township, Yangon
📞 09 753 197 777 / 09 947 077 779

04/09/2026

PVC Roof Sheet ကို ဘာကြောင့်သုံးသင့်လဲ 🤔❓

တစ်ခါသုံးလို့ ရေရှည်ပြုံးစေမယ့် ASA PVC အမိုးပြားဆိုတာ ဘာလဲလို့မေးလာရင် EDC အနေနဲ့ နေအိမ်၊ စက်ရုံတွေမှာ ဘာကြောင့်အသုံးများလဲဆိုတာ အချက် (၄) ချက်နဲ့အတူရှင်းပြချင်ပါတယ်။

ASA PVC အမိုးပြားဆိုတာ ABCB (A-ASA, B-PVC, C-Insulation, B-PVC) လို့ခေါ်တဲ့အလွှာ(၄)လွှာနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာမို့ နေရောင်ကြောင့် အရောင်လွင့်တာမျိုးမဖြစ်စေတဲ့အပြင် ပေါ့ပါးမှုရှိစေပြီး ဆူညံသံလျော့ချပေးတဲ့ တာရှည်အသုံးခံအမိုးပြားလည်း ဖြစ်ပါတယ်ခင်ဗျ။

✅️Corrosion Resistance (ဆားငွေ့၊ အက်ဆစ် နှင့် ဓာတုပစ္စည်း ဒဏ်ကို အထူးခံနိုင်ရည် ရှိအောင် ပြုလုပ်ထားခြင်းကြောင့် ဆားစက်ရုံ နှင့် ငါးလုပ်ငန်းများအတွက် အထူးသင့်တော်ခြင်း)

✅️Durability & Longevity (ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး သာမာန်အမိုးပြားထက် သက်တမ်းကြာရှည်ခြင်းကြောင့် ရေရှည်ရင်းနှီးမြုပ်နှံမှုအတွက် စိတ်ချရခြင်း)

✅️Cost Efficiency (ခဏခဏ ပြုပြင်ထိန်းသိမ်းဖို့ မလိုအပ်သည့်အတွက် Maintenance Cost ကို သိသိသာသာ လျှော့ချပေးနိုင်ခြင်း)

✅️Trusted Quality (အိမ်သုံးအတွက်သာမက လုပ်ငန်းသုံး၊ စက်ရုံးသုံးများအထိ ယုံကြည် စိတ်ချစွာ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် အမိုးပြား) ဖြစ်ခြင်းကြောင့် ရှေရှည် စိတ်ချမ်းသာမှုရှိစေမှာပဲ ဖြစ်ပါတယ်။

ဒီလို အထူအနေနဲ့ 1.5 mm ပါရှိတဲ့ PVC Roof Sheet တွေက ကွေးလွယ်၊ တွန့်လွယ်တာမရှိဘဲ လေဒဏ်မိုးဒဏ်အကြမ်းခံလို့ လှပခေတ်မီတဲ့ လူကြီးမင်းတို့ရဲ့အဆောက်အဦအတွက် အမိုးပြားရွေးချယ်ချင်ရင်တော့ ASA PVC ကို တပ်ဆင်ဖို့အကြံပြုလိုက်ပါတယ်ခင်ဗျ။ 👍

Myanmar

📲Phone No: 09 781 010 098
🌐E-Mail: [email protected]
🏢Address- No (169), Yadanar Street,Aye Chan Tharyar Quarter, Myeik, Tanintharyi Region, Myanmar


Yangon

🏢No- 50 3rd floor Aye Yeik Thar (1) Street, New University Avenue , Sayar San Ward, Bahan Township, Yangon
📲Phone no- 09753189777/09947077779

02/09/2026

🏠နေအိမ်ရဲ့ အတွင်းနံရံတွေမှာ ဆေးသားပဲ့တာ၊ အရောင်မှိန်တာတွေကြောင့် စိတ်ညစ်နေရပြီလား?

အိမ်ကို ဧည့်သည်တွေလာတဲ့အခါ နံရံတွေမှာ ဖုန်၊ အညစ်အကြေးတွေကပ်နေတာ၊ ဆေးသားတွေပဲ့နေတာတွေက အိမ်ရဲ့ Overall Look ကိုပျက်စေပြီး ကိုယ့်အိမ်ကိုယ်တောင် မိတ်ဆက်ရမှာ အားနာစရာဖြစ်နေတတ်ပါတယ်❗

ဒီလိုအတွင်းနံရံတွေရဲ့ ပြဿနာကို PVC Wallboard တစ်ချပ်တည်းနဲ့ အလွယ်တကူဖြေရှင်းလို့ရနေပါပြီနော်။

PVC Wallboard ကို Polyvinyl Chloride (PVC) နဲ့ Calcium Carbonate (CaCO₃) တို့ကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ စိုထိုင်းမှုကို ခံနိုင်ရည်ရှိပြီး သန့်ရှင်းရလွယ်ကူခြင်း စတဲ့ အားသာချက်တွေရှိပါတယ်။✅✅✅

ဒါ့အပြင် PVC Wallboard တွေဟာ ပေါ့ပါးပြီး Installation လုပ်ရတာ လွယ်ကူတဲ့အတွက် နံရံအလှဆင်ပြုပြင်ရာမှာ အချိန်နဲ့ လုပ်အားကို သက်သာစေနိုင်ပါတယ်နော်။

နံရံကိုဆေးပြန်သုတ်တာထက် Wall Panel နဲ့ အလှဆင်တာက အခန်းရဲ့ Look ကို Premium ပြောင်းလဲနိုင်တာမို့ အိမ်တွင်းအလှဆင်ချင်တဲ့သူတွေအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်လာစေမှာပါအသေအချာပါပဲရှင်။🛠️

ဒါကြောင့် လူကြီးမင်းတို့ရဲ့ နေအိမ်၊ ရုံးခန်းတွေနဲ့ ဟိုတယ်အဆောက်အဦရဲ့Indoor Decoration အဖြစ်အသုံးပြုချင်ရင်တော့ အရောင်ဒီဇိုင်းစုံပြီး အပူဒဏ်လျော့ချပေးနိုင်တဲ့ EDC ရဲ့ PVC Wallboard နဲ့ Upgrade လုပ်ဆောင်လိုက်ပါ။

📍 EDC Engineering Group Co., Ltd.

Myeik Office

📲 Phone No: 09 781 010 098
🌐 E-Mail: [email protected]
🏢 Address: No. (169), Yadanar Street, Aye Chan Tharyar Quarter, Myeik, Tanintharyi Region, Myanmar.

Yangon Office

📲 Phone No: 09 753 189 777 / 09 947 077 779
🏢 Address: No. 50, Aye Yeik Thar (1) Street, New University Avenue, Sayar San Ward, Bahan Township, Yangon.

31/08/2026

🏠 အဆောက်အဦးတစ်ခုရဲ့ အလှအပနဲ့ အကာအကွယ်အတွက် အမိုးကလည်း အရေးကြီးပါတယ်။
အရောင်လှလှ၊ Design မျိုးစုံနဲ့ EDC PVC Roof Sheet တွေကို ရွေးချယ်နိုင်သလို Original Accessories တွေလည်း ရရှိနိုင်တာကြောင့် သင့် Project အတွက် ပြည့်စုံတဲ့ Solution တစ်ခု ရရှိနိုင်ပါတယ်။
📞 အသေးစိတ်သိရှိလိုပါက EDC Engineering Group ကို ဆက်သွယ်လို့ရပါတယ်ရှင့်

📍 EDC Engineering Group Co., Ltd.

Myeik Office

📲 Phone No: 09 781 010 098
🌐 E-Mail: [email protected]
🏢 Address: No. (169), Yadanar Street, Aye Chan Tharyar Quarter, Myeik, Tanintharyi Region, Myanmar.

Yangon Office

📲 Phone No: 09 753 189 777 / 09 947 077 779
🏢 Address: No. 50, Aye Yeik Thar (1) Street, New University Avenue, Sayar San Ward, Bahan Township, Yangon.

28/08/2026

အသံတုန်ခါမှုကို လျော့ချပေးမဲ့ EDC PVC Multi-Layer Sound Insulation

မိုးရွာတဲ့အချိန် အမိုးပေါ်ကို မိုးစက်တွေ အဆက်မပြတ်ကျလာတဲ့အခါ အမိုးပြားက တုန်ခါပြီး မိုးကျသံ ပိုမိုကျယ်လောင်လာနိုင်ပါတယ်။

Polyvinyl Chloride Roofing Sheet (PVC) အမိုးပြားက Multi-Layer Structure ရှိပြီး အလယ်တွင် အပူလုံနှင့် အသံလုံစေသော ဖော့ပြား (Insulation Foam) ပါဝင်တာမို့ မိုးစက်ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကို လျော့ချပေးပြီး အသံလှိုင်းတွေကိုလည်း လျော့နည်းစေဖို့ အထောက်အကူပြုပါတယ်။ ✅

ဒါကြောင့် EDC Roof Sheet ကို အသုံးပြုတဲ့အခါ

▪️ မိုးရွာချိန် မိုးကျသံကို လျော့ချပေးနိုင်ခြင်း
▪️ အမိုးပြားတုန်ခါမှုကို လျော့ချပေးနိုင်ခြင်း
▪️ အပြင်ဘက်မှ ဝင်ရောက်လာတဲ့ ဆူညံသံကို လျော့နည်းစေခြင်း
▪️ လူနေအိမ်များအပြင် စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်များတွင် အသုံးပြုရန် သင့်တော်ခြင်း

စတဲ့ အားသာချက်တွေ ရရှိစေပါတယ်။

အထူးသဖြင့် မိုးကျသံ၊ စက်ယန္တရားသံနဲ့ လုပ်ငန်းခွင်ဆူညံသံတွေကို လျော့ချလိုတဲ့ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များအတွက် EDC Roof Sheet ရဲ့ Multi-Layer Core Layer က ထည့်သွင်းစဉ်းစားသင့်တဲ့ Feature တစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ အဆောက်အအုံအတွက် အမိုးပြားရွေးချယ်ရာမှာ ခိုင်ခံ့မှုအပြင် အသံနဲ့ တုန်ခါမှုကိုပါ ထည့်သွင်းစဉ်းစားလိုပါက EDC Roof Sheet ကို အခုပဲဆက်သွယ်မေးမြန်းနိုင်ပါပြီ။ 📞

📍 EDC Engineering Group Co., Ltd.

Myeik Office

📲 Phone No: 09 781 010 098
🌐 E-Mail: [email protected]
🏢 Address: No. (169), Yadanar Street, Aye Chan Tharyar Quarter, Myeik, Tanintharyi Region, Myanmar.

Yangon Office

📲 Phone No: 09 753 189 777 / 09 947 077 779
🏢 Address: No. 50, Aye Yeik Thar (1) Street, New University Avenue, Sayar San Ward, Bahan Township, Yangon.

26/08/2026

🌧️ မိုးရာသီရောက်တိုင်း သွပ်မိုးပေါ်ကို မိုးရေကျသံဆူညံလို့ အိပ်ရေးပျက်နေပြီလား? 🏠

ဒီလို မိုးရာသီမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေကို လျော့ချပေးနိုင်ဖို့ EDC ရဲ့ ASA-PVC Roof Sheet ကို မိတ်ဆက်ပေးလိုက်ပါတယ်။ 👉

အလွှာ (၄) လွှာနဲ့ဖွဲ့စည်းထားတဲ့ ASA PVC Roof Sheet မှာဆိုရင်

① ASA Layer
နေရောင်ခြည်နဲ့ ရာသီဥတုဒဏ်တွေကို ခံနိုင်ရည်ရှိစေပြီး အရောင်မမှိန်ဘဲ ရေရှည်အသုံးပြုနိုင်ဖို့ အပြင်ဘက်ကနေ ကာကွယ်ပေးတဲ့ အလွှာဖြစ်ပါတယ်။

② Resistance Layer
ASA Layer နဲ့ PVC Skeleton Layer ကြားမှာ တည်ရှိပြီး အလွှာတွေကို ခိုင်မာစွာ ချိတ်ဆက်ပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။

③ PVC Skeleton Layer
PVC ဖွဲ့စည်းပုံကြောင့် မိုးရေကျသံကို လျော့ချပေးနိုင်သလို အပူဝင်ရောက်မှုကိုလည်း လျော့ချပေးနိုင်တာကြောင့် အဆောက်အဦးအတွင်း ပိုမိုအေးမြပြီး သက်တောင့်သက်သာရှိစေဖို့ အထောက်အကူပြုပါတယ်။

④ Resistance Layer
အောက်ဘက်မှာ ထပ်မံပါဝင်တဲ့ Resistance Layer က Roof Sheet တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံကို ပိုမိုတောင့်တင်းခိုင်မာစေဖို့ အထောက်အကူပြုပါတယ်။

ဒါကြောင့် EDC ASA-PVC Roof Sheet ကို ရွေးချယ်ရတဲ့ အားသာချက်များ
✅ မိုးရေကျသံကို လျော့ချပေးနိုင်ခြင်း
✅ အပူဝင်ရောက်မှုကို လျော့ချပေးနိုင်ခြင်း
✅ နေရောင်ခြည်နှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိခြင်း
✅ အရောင်ကြာရှည်တည်မြဲစေရန် အထောက်အကူပြုခြင်း
✅ အလွှာစုံဖွဲ့စည်းထားသဖြင့် ခိုင်ခံ့မှုကောင်းမွန်ခြင်း

မိုးရာသီမှာ မိုးသံဆူညံမှုနဲ့ မိုးယိုမှုတွေကို လျော့ချပြီး ပိုမိုသက်တောင့်သက်သာရှိတဲ့ အဆောက်အဦးတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် EDC ASA-PVC Roof Sheet အကြောင်း အသေးစိတ်သိရှိနိုင်ဖို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။ 📲

📍 EDC Engineering Group Co., Ltd.
Myeik Office
📲 09 781 010 098
📧 [email protected]
🏢 No. (169), Yadanar Street, Aye Chan Tharyar Quarter, Myeik, Tanintharyi Region, Myanmar

Yangon Office
📲 09 753 189 777 / 09 947 077 779
🏢 No. 50, Aye Yeik Thar (1) Street, New University Avenue, Sayar San Ward, Bahan Township, Yangon

Photos from EDC Engineering Group's post 24/08/2026

စက်ရုံနဲ့ ဂိုဒေါင်တွေအတွက် EDC PVC Hollow Roof Sheet 🛡️

စက်ရုံ၊ ဂိုဒေါင်နဲ့ ဆောက်လုပ်ရေး Project တွေအတွက် Roof Sheet ရွေးချယ်တဲ့အခါ အပူဒဏ်၊ ဆူညံသံနဲ့ သံချေးတက်မှု စတဲ့ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။

EDC PVC Hollow Roof Sheet ကို Hollow Structure နဲ့ ထုတ်လုပ်ထားပြီး ပေါ့ပါးခိုင်ခံ့မှု၊ အပူဒဏ်လျော့ချပေးနိုင်မှုနဲ့ ဆူညံသံလျော့ချပေးနိုင်မှု တို့ကြောင့် စက်ရုံ၊ ဂိုဒေါင်နဲ့ အဆောက်အဦးအမျိုးမျိုးမှာ အသုံးပြုနိုင်တဲ့ Roof Sheet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

PVC Hollow Roof Sheet ရဲ့ အားသာချက်များ
✔️ ပေါ့ပါးပြီး ခိုင်ခံ့မှုရှိခြင်း
✔️ သံချေးမတက်ခြင်း
✔️ ဆူညံသံကို လျော့ချပေးနိုင်ခြင်း
✔️ အပူဒဏ်ကို လျော့ချပေးနိုင်ခြင်း
✔️ Hollow Structure ဖြင့် ထုတ်လုပ်ထားခြင်း

စက်ရုံ၊ ဂိုဒေါင်နဲ့ ဆောက်လုပ်ရေး Project တွေအတွက် PVC Hollow Roof Sheet ရဲ့ Stock၊ Specification နဲ့ Price ကို သိရှိလိုပါက EDC Engineering Group ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📲

📍 EDC Engineering Group Co., Ltd.
Myeik Office
📲 09 781 010 098
📧 [email protected]
🏢 No. (169), Yadanar Street, Aye Chan Tharyar Quarter, Myeik, Tanintharyi Region, Myanmar

Yangon Office
📲 09 753 189 777 / 09 947 077 779
🏢 No. 50, Aye Yeik Thar (1) Street, New University Avenue, Sayar San Ward, Bahan Township, Yangon

Telephone

Address


169 Yadanar Street, Ayechantharyar Qtr
Myeik
60202

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when EDC Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Myeik.