Pyone Pan Wai

Pyone Pan Wai

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyone Pan Wai, Health/Beauty, myeik, Myeik.

19/08/2023

mlmလိုဘဲ အသားအရေကို စုတ်ပြတ်သက်သွားစေမယ့် Natcha serum....
သူ့ကြောင့် မျက်နှာစုတ်ပြတ်သွားတဲ့သူတွေမနည်းဘူး.. ရောင်းတဲ့သူတွေပြောတာတော့ အတုအစစ်ရှိတယ်တဲ့ တကယ်ကဘာအတုမှမရှိဘူး ဒီလောက်စျေးပေါနေတဲ့ပစ္စည်း အတုထွက်မလားဆိုတာလဲ စဉ်းစားစေချင်တယ်....
ကွာလတီzero chemical အပြင်းတွေနဲ့လုပ်ထားတာ စတီးရှိုက်လဲပါဖို့ %များမယ် ထိုင်းမှာဘယ်သူမှမသုံး ရောင်းလဲမရောင်း အစုတ်အပြတ်မို့ မြန်မာနိုင်ငံကိုဘဲသွင်းတယ်....

Budget ချွေတာချင်တာများ korea brand စျေးသက်သာတာတွေရှိသားဘဲ lebelage တို့ tenzeroတို့ဆိုစျေးအရမ်းသက်သာတယ် ကွာလတီလဲသူ့ဟာနဲ့သူမဆိုးဘူး....
ဒီစျေးပေါပေါ ကွာလတီမရှိတဲ့ဟာမျိုးသုံးပြီး ကိုယ့်မျက်နှာကိုအစုတ်မခံပါနဲ့ ဖစ်သွားလို့ပြန်ကုရရင် ပိုက်ဆံတွေအများကြီးကုန်မယ့်အပြင် အရင်မျက်နှာလဲပြန်ရမှာမဟုတ်တော့ဘူး အာ့မို့ ကိုယ့်မျက်နှာကိုတန်ဖိုးထားကြပါ....

13/08/2023

သွားသန့်ရှင်းရေးလုပ်ပြီး သွားများကို ပြောင်လက်တောက်ပစေရန် polishတင်ပေးသင့်ပါတယ်

သွားနှင့်ခံတွင်း ကုသမှုများနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက page messenger သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်

04/08/2023

-ကုန်ကျစရိတ်လည်းသင့်တင်ရမယ်💸💸
-ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့လည်းကုသချင်တယ်👩🏻‍⚕️🧑🏻‍⚕️
-ပစ္စည်းကိရိယာများရဲ့ Sterilization ပိုင်းလည်းစိတ်ချချင်တယ်💯💯
-သွားနှင့်ခံတွင်းကုသမှုမျိုးစုံကိုလည်း တစ်နေရာတည်းမှာ ကုသချင်တယ်👍🏻👍🏻

ဒီလိုဆိုရင်တော့ Pyone Pan Wai Dental clinic
က မိဘပြည်သူတို့ရဲ့သွားနှင့်ခံတွင်းကျန်းမာရေးအတွက် မနက် ၉ နာရီ- ညနေ ၆ နာရီထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်ရှင့်

ရရှိနိုင်သော ကုသမှုများမှာ

(၁) Scaling & polishing ( သွားကျောက်ခြစ်ခြင်း)
(၂) Whitening (သွားဖြူအောင်ပြုလုပ်ခြင်း)
(၃) Filling (သွားဖာခြင်း)
(၄) Root Canal Treatment (သွားအကြောထုတ်ကုသခြင်း )
(၅) Extraction ( သွားနှုတ်ခြင်း)
(၆) Impaction (အံဆုံးသွားနှုတ်ခြင်း)
(၇) Orthodontics (သွားညှိကုသခြင်း)
(၈) Implant (အရိုးထဲ သွားတိုင်စိုက်ခြင်း )
(၉) Denture (အံကပ်ပြုလုပ်ခြင်း)
(၁၀) Crown & bridge (အသေသွားစိုက်ခြင်း)
(၁၁) Holleywood smile - Direct Veneer (သွားအလှဖာခြင်း)
Indirect veneer ( သွားကြွေလွှာကပ်ခြင်း)

သွားနှင့်ခံတွင်းပြသနာများကိုလည်း ဆေးခန်းတွင် ဆရာဝန်များနဲ့ အခမဲ့ဆွေးနွေးနိုင်ပြီဖြစ်ပါတယ်ရှင့် ☑️☑️👩🏻‍⚕️👨🏼‍⚕️

04/08/2023

သွားပိုးပေါက်လေးတွေကို ဘာကြောင့်စောစောဖာသင့်သလဲ?🤔

သွားပိုးစာခြင်းကြောင့် နာလာလျှင် များသောအားဖြင့်သွားအကြောထိနေတာဖြစ်တတ်ပါတယ်
အဲ့တာဆိုရင်တော့ သွားဖာရုံဖြင့် မရတော့ပါဘူး
သွားအကြော ထိနေပြီဖြစ်တဲ့အတွက် သွားအကြောထုတ်ကုသမှု ယူရမှာဖြစ်သောကြောင့် ကုန်ကျစရိတ်ပိုများလာပါလိမ့်မယ်

အဲ့ဒါကြောင့် သွားပိုးပေါက်လေးတွေရှိရင် စောစောဖာသင့်ပါတယ် ရှင့်

သွားပိုးပေါက်ရှိမရှိ ကိုယ်တိုင်ဘယ်လိုစစ်ဆေးရမလဲ?
♦️အိမ်မှာ လက်နိပ်ဓာတ်မီးဖြင့် မှန်မှာကြည့်ပြီးမိမိသွားကိုစစ်ဆေးနိုင်ပါတယ်
♦️သွား ရဲ့မျက်နှာပြင် မဲနေခြင်း၊ အပေါက်များဖြစ်နေရင် ၊
♦️အစားစားသောအခါ သွားကြားညှပ် သည်ကို သတိပြုမိခြင်း၊
♦️သွားပဲ့သွားခြင်းကို သတိပြုမိလျှင် အမြန်ဆုံး သွားဆေးခန်းပြဖို့တိုက်တွန်းချင်ပါတယ်

သွားပိုးစားခြင်းရှိမရှိ ဆေးခန်းတွင်လည်း ၃ လ တစ်ကြိမ် ၊ ၆ လ တစ်ကြိမ် check up လာလုပ်ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်ရှင့်

04/08/2023

သွားစိုက်ဖို့ စဉ်းစားနေပြီလား? 🤔🤔🤔

💁🏻‍♀️သွားအသေစိုက် ဖို့ စဉ်းစားနေရင် ဒီ အချက်လေးတွေ နဲ့ စဉ်းစားပေးပါနော်

၁။ သွားဘယ်နှစ်ချောင်း နှုတ်ထားရတာလဲ?

✅သွားနှုတ်ထားတာ ၁ ချောင်း၊ ၂ ချောင်းလောက် ဆိုရင် အသေစိုက်ဖို့ စဉ်းစားလို့ရပါတယ် ရှင့်

၂။ စိုက်မယ့် သွားအနောက် မှာ သွားတွေ ရှိသေးလား?

✅နှုတ်ထားတဲ့ နေရာဘေးမှာ သွား တွေ ရှိနေမှ အသေစိုက်လို့ရမှာပါ နော်

၃။ သွားနှုတ်ထားတာ ဘယ်လောက် ကြာပြီလဲ?

✅သွားနှုတ်ထားပြီးရင် အကြာကြီးမထားသင့်ပါဘူး ၊ ကြာသွားရင် သွားတွေ ယိုင်လာပြီး ပြန်စိုက်ရတာ ခက်ခဲလာနိုင်ပါတယ်

သွားအသေစိုက် ဖို့ စဉ်းစားနေတယ် ဆိုရင် ဒီ အချက် (၃) ချက်နဲ့ စဉ်းစားပေးပါနော်

✅မိမိမှာ သွား ၁ ချောင်းဘဲ နှုတ်ထားတာ မကြာသေးဘူး ဘေးမှာ သွားတွေလည်း ရှိသေးတယ်ဆိုရင်တော့ အသေစိုက်ဖို့ အတွက် သင့်တော်ပါတယ် ရှင့်

ကိုယ့် သွားအခြေနေ လေး ကို အသေးစိတ် စုံစမ်းမေးမြန်းလိုရင်
Pyone Pan Wai ရဲ့ messenger တွင်သော်လည်းကောင်း၊ ဖုန်းဆက်၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်

04/08/2023

Want your business to be the top-listed Beauty Salon in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myeik
Myeik
8322