Bits Manager
Bits Manager
Share
Ours company provide business IT solutions for all type of business.Professional IT training and ser
Photos from Bits Manager's post 26/07/2020
Smart Level Pro(SLP)
လူကြီးမင်းတို့၏စက်ရုံ၊အလုပ်ရုံများတွင်ရှိသော
(၁)စက်သုံးဆီကန်များ(ဓာတ်ဆီ၊ဒီဇယ်)
(၂)စားသုံးဆီကန်များ
(၃)ဓါတုအရည်ကန်များ
(၄)ရေကန်များ
အတွင်းရှိသော အရည်ပမာဏကို ဖုန်း၊ကွန်ပျုတာတို့ဖြင့် စောင့်ကြည့်ထိန်းချုပ်နိုင်ပါတယ်။
ဖုန်း၊ကွန်ပျုတာတို့မှတစ်ဆင့် အောက်ပါအချက်အလက်များကို အချိန်နှင့်တပြေးညီ စောင့်ကြည်နိုင်သည်။
(၁)လှောင်ကန်အတွင်းရှိ အရည်ပမာဏကို လီတာ(သို့)ဂါလန်တို့ကို သိရှိနိုင်ခြင်း
(၂)လှောင်ကန်အတွင်းရှိ အရည်နည်းလျှင် ပန့်မော်တာမောင်းခြင်း၊သတ်မှတ် အရည်အမှတ်(သို့)ပမာဏရောက်ရှိပါက ပန့်မော်တာပိတ်ပေးခြင်း သတိပေးခြင်များ ပြုလုပ်နိုင်ခြင်း
(၃)လှောင်ကန်အတွင်းရှိ အပူချိန်များသိရှိနိုင်ခြင်း
(၄)ပန့်မော်တာများ၏ ဗို့အား၊ဝန်အားများ သိရှိနိုင်ခြင်း
(၅)ပန့်မော်တာများကို အချိန်ပိုင်းအလိုက် အလှည့်ကျမောင်းနိုင်ခြင်း
(၆)ပန့်မော်တာများ၏ အလုပ်လုပ်ပြီးသော နာရီများသိရှိနိုင်ခြင်း တို့ဖြစ်ပါသည်။
ဖုန်း၊ကွန်ပျုတာတို့မှတစ်ဆင့် အောက်ပါအချက်အလက်များကို အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်သည်။
(၁)လှောင်ကန်အတွင်းရှိ အရည်နဲအမှတ်၊အရည်များ အမှတ်များ
(၂)ပန့်မော်တာများအတွက် ဗိုးအားနည်းတန်ဘိုး၊ဗို့အားများတန်ဘိုးများ
(၃)ပန့်မော်တာများအတွက် ဝန်အားများတန်ဘိုးများ၊ဝန်ပိုတဲ့အခါ ဖျက်ချရန်စောင့်ရန်အချိန်တန်ဘိုးများ
(၄)ပန့်မော်တာများအတွက် အလှည့်ကျမောင်းရန် အချိန်သတ်မှတ်ခြင်းများ
(၅)လှောင်ကန်၏ထုထည်နှင့် ပုံစံပေါ်မူတည်ပြီး လှောင်ကန်ထဲရှိအရည်ပမာဏတွက်ချက်နိုင်ရန်
လက်ကျန်ပမာဏ၊သတ်မှတ်အကွာအဝေး၊သတ်မှတ်ပမာဏတို့ကို သတ်မှတ်နိုင်ခြင်း
စတဲ့အချက်အလက်များကို အဝေးမှအသုံးပြုသူကိုယ်တိုင်စိတ်ကြိုက်သတ်မှတ်နိုင်ခြင်းထိန်းချုပ်ခြင်းကိုပြုလုပ်နိုင်ပါသည်။
Smart Level Pro (SLP) ကိုဗားရှင်းပုံစံ ၂ မျိုးဖြင့်ဝယ်ယူနိုင်သည်။
ဗားရှင်းပုံစံ(၁)
အခမဲ့ ဆာဗာအသုံးပြုချင်း(Free Server)ဖြင့်သုံးလျှင်စက်နှင့်စက်ပစ္စည်းကို (၁)နှစ်အာမခံ၊ဆားဗစ်ဝန်ဆောင်မှုကို (၃)နှစ်ပေးမှာဖြစ်ပါတယ်။
ဗားရှင်းပုံစံ(၂)
ငွေပေး ဆာဗာအသုံးပြုချင်း(Paid Server)ဖြင့်
သုံးလျှင် အလွန်သက်သာသောနှစ်စဉ်ကြေးပေးရန်သာလိုအပ်ပါသည်။လိုင်းအလွန်ကောင်းသော ဆာဗာဖြင့်အသုံးပြုသူများ အဆင်ပြေစေရန်ဝန်ဆောင်မှုပေးခြင်း။စက်နှင့်စက်ပစ္စည်းအပြင်ဆားဗစ်ဝန်ဆောင်မှုကို တစ်သက်စာအာမခံ(Lifetime Warranty)ပေးထားခြင်းဖြင့် အသုံးပြုသူများအဆင်ပြေအောင်ပြုလုပ်ပေးထားပါတယ်။
ကုန်ကြမ်းများမှလွဲ၍ အရေးကြီးသောစနစ်တစ်ခုလုံးကို ပြည်တွင်းပညာရှင်များနှင့်သာပြုလုပ်ထားသောကြောင့် ရေရှည်ဝန်ဆောင်မှုတွင် အသုံးပြုသူများစိတ်ချမ်းသာစေမှာဖြစ်ပါတယ်။
အသေးစိတ်သိလိုပါက
🏠63st, 19st, Nanshae Market Mandalay.
☎️ 092011109
Photos from Bits Manager's post 10/06/2020
Internet Of Things (IoT)
သတင်းအချက်အလက်နှင့် နည်းပညာ(IT)ခေတ်ကြီးထဲမှာ လူကြီးမင်းတို့လုပ်ငန်းများ၏ အရေးကြီးသော သတင်းအချက်အလက်(Data) များကို လူကြီးမင်းတို၏ အိမ်၊ ရုံးမှနေပြီး ဖုန်း/ကွန်ပျူတာမှတဆင့် စောင့်ကြည့်ထိန်းချုပ်လိုပါလား။ ဥပမာ လူကြီးမင်းတို့၏ ကုန်လှောင်ရုံအတွင်း ဖြစ်ပေါ်နေသော အပူချိန်၊ လေထုစိုထိုင်းဆ တို့ကို အချိန်နှင့် တပြေးညီ စောင့်ကြည့်နိုင်သည့်အပြင် ဖြစ်ပေါ်ခဲ့သော အပူချိန်၊ လေထုစိုထိုင်းဆတို့ကိုလည်း အချိန်ပိုင်းအလိုက် ပြန်လည်ကြည့်ရှု သုံးသပ်နိုင်ခြင်း။ ဆေးကုမ္ပဏီများအတွက်
ပို့လိုက်သောဆေးသေတ္တာတာ၏ အပူချိန်မှတ်တမ်းများနှင့် လက်ရှိရောက်ရှိနေသော တည်နေရာ (Location) ကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း။ ဆိုလာ(သို့) မီးစက် များဖြင့် မီးပေးနေသော ကုမ္ပဏီများအနေဖြင့် စွမ်အင်သုံးစွဲမှု၊ ဗို့အား၊ ဝန်အားများ အချိန်နှင့် တပြေးညီ သိရှိနိုင်ခြင်း၊ မှတ်တမ်း‌ဟောင်းများပြန်လည်ကြည့်ရှုနိုင်ခြင်း။ စက်သုံးဆီအရောင်းဆိုင်များလည်း ဆီလှောင်ကန်ထဲရှိ ဆီပမာဏကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း၊ မှတ်တမ်းဟောင်းများပြန်လည်ကြည့်ရှုနိုင်ခြင်း။
စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးများအတွက်လည်း စိုက်ခင်းတစ်ခုလုံး၏ အပူချိန်၊လေထုစိုထိုင်းဆ၊မြေကြီးအစိုဓာတ်စတဲ့အခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း၊ မှတ်တမ်းဟောင်းများပြန်လည်ကြည့်ရှုနိုင်ခြင်း။
လူကြီးမင်းတို့၏ စက်ရုံ၊ အလုပ်ရုံ၊ အိမ်များရှိ အရေးကြီးနေရာများတွင် လူဝင်ရောက်ခြင်း၊ တံခါးများဖွင့်ခြင်းတို့ပြုလုပ်ပါက မက် ဆေ့ဖြင့် လူကြီးမင်းထံအကြောင်းကြားခြင်း၊ ဖုန်းခေါ်၍ အကြောင်းကြားခြင်းစတဲ့ အမျိုးမျိုးသောအကြောင်းအရာများအတွက် အမျိုးမျိုးသော အာရုံခံကိရိယာများမှ အရေးကြီးအချက်အလက် များကို လူကြီးမင်း၏ ဖုန်း/ကွန်ပျုတာများမှ စောင့်ကြည့်နိုင်ရန် ထိုအာရုံခံကိရိယာ များကို အင်တာနက်ဖြင့်ချိတ်ဆက်ပေးခြင်းကို Internet of Things (IoT)ဟုခေါ်ပါသည်။
လူကြီးမင်းအနေဖြင့်လည်း လုပ်ငန်းများကို (IoT) လုပ်ဆောင်ပြီး အဆင့်မြှင့်တင်လိုလျှင် မြန်မာနိုင်ငံ၌ (IoT) ပရောဂျက် များကိုအောင်မြင်စွာလုပ်ဆောင်ပေးနေသော ကျွန်တော်တို့ကုမ္ပဏီဖြင့် ဆက်သွယ်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ကုန်ကြမ်းပစ္စည်းများမှလွဲ၍ အရေးကြီးသော စနစ်ကြီးတစ်ခုလုံးကို ပြည်တွင်းပညာရှင်များဖြင့်သာပြုလုပ်နိုင်သောကြောင့် ရေရှည်ဝန်ဆောင်မှုနှင့် အာမခံမှုတို့တွင် လုပ်ငန်းရှင်များစိတ်တိုင်းကျ ကျေနပ်စေရပါမည်။
Bits Manager Co.,Ltd
၁၉ လမ်းနှင့် ၆၃ လမ်းထောင့်
နန်းတော်ရှေ့ဈေးအပေါ်ဆုံးထပ်။
မန္တလေးမြို့။
ဖုန်း ၀၉၂၀၁၁၁၀၉
(Zawgyi)
Internet Of Things (IoT)
Bits Manager Co.,Ltd
မန္တလေးမြို့။
ဖုန်း ၀၉၂၀၁၁၁၀၉
28/03/2020
Unicode
COVID - 19 ကြောင့် Work From Home ဖြင့်အလုပ်လုပ်နေသူများ လုပ်ဆောင်ရမည့် အချက်များ
Zawgyi
27/03/2020
Unicode
နေအိမ်အတွင်း ကျန်းမာ ပျော်ရွှင်စွာ နေထိုင်ခြင်းဖြင့် နိုင်ငံတော်ကို ကာကွယ်ကြပါစို့
Zawgyi
25/03/2020
Unicode
COVID - 19 ရောဂါ အမြန်ဆုံး ပျောက်ကင်းပါစေ လို့ ကျွန်တော်များ Bits Manager Co.,Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ
Zawgyi
01/01/2020
ချစ်ခင်လေးစားရသော Customer များနဲ့ မိတ်ဖက်လုပ်ငန်းရှင်များ အားလုံး နှစ်သစ်မှစ၍ စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ကြပါစေကြောင်း...
ကျွန်တော်တို့ Bits Manager Co.,Ltd မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🙏🙏
Want your business to be the top-listed Gym/sports Facility in Myaing?
Click here to claim your Sponsored Listing.
Telephone
Address
19th St, Between 63* 64 Street, Nandaw Shae Market, PH:092011108
Myaing
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00