Potato Myanmar

Potato Myanmar

Share

We stands out as a prominent retailer brand of mobile phone accessories in Myanmar.

Specializing in a wide array of high-quality products such as premium phone cases,screen protectors,charger &etc.With a commitment to customer Statifaction and innovation.

Photos from Potato Myanmar's post 21/04/2026

New Arrival 📦
Luxury style phone case အသစ်ရောက်ပါပြီ ✨

လက်ထဲကိုင်လိုက်တာနဲ့ premium feeling ကို ခံစားရမယ့် design 💫
Simple ဖြစ်ပေမယ့် classy ဖြစ်တဲ့ look ကြောင့် ဘယ်နေရာမှာမဆို confident ဖြစ်စေပါတယ်။

✔️ Soft & comfortable grip – ကိုင်ရတာအရမ်းအဆင်ပြေ
✔️ Shockproof protection – ဖုန်းကိုလုံခြုံစေတယ်
✔️ Camera protection – Lens မထိခိုက်အောင်ကာကွယ်
✔️ Trendy color options – လှပပြီး modern look
✔️ Slim fit design – ဖုန်းအလှမပျက်ဘူး

🎨 Trendy Colors – Black | Blue | Grey | Orange | N**e
သင့် style နဲ့ match ဖြစ်‌စေမယ့် color တစ်ခုတော့ လာရွေးလိုက် တော့နော်

💬 “Simple but Premium” ကိုရှာနေသူတွေ အတွက်တော့ ဒီ Case က Must-have အဖြစ်ဆုံးဖြစ်မှာပါ

Model iPhone 13~17PM
Price – 18000Ks 💸

ကြိုက်တဲ့အရောင်မလက်လွတ်ခင် အမြန်ဆုံးမှာယူလိုက်တော့နော် 📩

17/04/2026

နှစ်ဆန်း(၁)ရက်နေ့🪷

ယနေ့ကျရောက်သော မြန်မာနှစ်ဆန်း(၁)ရက်နေ့မှစ၍ "Potato Myanmar" ရဲ့ မိတ်ဟောင်း၊ မိတ်သစ် Customer များနဲ့တကွ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကာ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျာ🙏🙏🙏


#နှစ်သစ်ဆုတောင်း
#နှစ်ဆန်းတစ်ရက်နေ့

08/04/2026

‎💦 နှစ်သစ်ကူးရုံးပိတ်ရက်ကြေညာခြင်း ..
‎
‎မင်္ဂလာပါခင်ဗျာ..
‎ရန်ကုန်မြို့နဲ့မန္တလေးမြို့ရှိ "Potato Myanmar" ဆိုင်ခွဲများအား (၁၂.၄.၂၀၂၆)ရက်နေ့မှ (၁၈.၄.၂၀၂၆)ရက်နေ့အထိ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ခေတ္တပိတ်ထားမည်ဖြစ်ပြီး...
‎
‎(၁၉.၄.၂၀၂၆)ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မိတ်ဟောင်းမိတ်သစ် Customer များအားလုံးကို ယုံကြည်လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါတယ်ခင်ဗျာ💦✨
‎
‎
‎ #နှစ်သစ်ကူးရုံးပိတ်ရက်
‎ #သင်္ကြန်
‎ #ရန်ကုန် #မန္တလေး
‎

06/04/2026

💦သင်္ကြန်မှာ စိတ်ချလက်ချကဲဖို့ လိုအပ်တာတွေပြင်ဆင်ပြီးပြီလား..
‎
‎မကြာခင်ရောက်ရှိလာတော့မယ့် အတာနှစ်ကူး နွေဦးသင်္ကြန်မှာ ပျော်ပျော်ပါးပါး ရေကစားဖို့ စီစဉ်နေတာတော့ဟုတ်ပါပြီ...
‎
‎ကိုယ့်ရဲ့ အဖိုးတန်ဖုန်းလေးအတွက်ရော လုံခြုံမှုရှိအောင် ပြင်ဆင်ပြီးပြီလား ?
‎
‎သင်္ကြန်ပွဲ‌တော်မှာ ရေကစားထွက်ရင်း ဖုန်းလေး ရုတ်တရက် ရေစိုသွားတာ၊ လူအုပ်ကြားထဲမှာ လွတ်ကျပြီး ဖုန်း Screen ကွဲသွားတာမျိုးတွေက သင်္ကြန်ပျော်ရွှင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ဖုန်းအတွက် ရာနှုန်းပြည့်စိတ်ချလက်ချဖြစ်နေဖို့ "Potato Myanmar" ရဲ့ Accessories လေးတွေနဲ့အတူ အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်!!
‎
‎📍Magsafe Ultra-Thin PC Covers: ဖုန်းကို အထူကြီးဖြစ်မသွားစေဘဲ အထိအခိုက်ပွန်းပဲ့ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်မယ့်အပြင် ဖုန်းအရောင်လေးကိုပါ ပေါ်လွင်စေပါတယ်။
‎
‎📍Premium Screen Protectors: လူအုပ်ကြားထဲမှာ တိုက်မိခိုက်မိလို့ Screen ကွဲမယ့်အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။
‎
‎📍 Waterproof Mobile Bags: ရေပက်ခံရုံတင်မကဘဲ ရေထဲနှစ်လိုက်ရင်တောင် ဖုန်းထဲရေမဝင်အောင် သေချာပေါက် ကာကွယ်ပေးနိုင်တဲ့ အဆင့်မြင့် ရေစိုခံအိတ်ဖြစ်လို့ ကိုယ့်ဖုန်းလေးအတွက် လုံခြုံစိတ်ချရပါတယ်။

‎ကြိုတင်ပြင်ဆင်ဖို့ Ready ဖြစ်ပြီလား...
‎
‎ဒါနဲ့တစ်ခုပြောရဦးမယ်...
‎
‎မတ်လ(၁၇)ရက်နေ့ကနေ ဧပြီလ(၁၀)ရက်နေ့အတွင်း ကျွန်တော်တို့ရဲ့ "Potato Myanmar"ကနေ ဖုန်း Accessories တွေကို ရွေးချယ်ဝယ်ယူရုံနဲ့ အဆင့်မြင့် ရေစိုခံအိတ်လှလှလေးတွေကိုရရှိနိုင်မယ့် အစီအစဉ်လေးလည်း ပြုလုပ်ထားပါသေးတယ်ခင်ဗျာ🥳
‎
‎ဒါဆိုရင် သင်္ကြန်ရောက်ဖို့ အချိန်သိပ်မလိုတော့တာမို့ "Potato Myanmar" က Accessories လေးတွေဝယ်ယူပြီး အမြန်ဆုံးပြင်ဆင်လိုက်ကြပါစို့ခင်ဗျာ.....🤩
‎
‎
‎ #သင်္ကြန်ပွဲတော် #ရစိုခံအိတ်
‎ #ရန်ကုန်မြို့

06/04/2026

စျေးကြီးကြီး ဖုန်းတွေအတွက် စိတ်ချရတဲ့ > တွေ ရှိနေပြီ 💦

——————
ရေထဲတောင် စိမ်လို့ရတဲ့ . တွေ ရှိနေပြီနော်
ကဲ~ Testing Vdo တွေကို ကြည့်လိုက်ရအောင်
Retail Price 28000ks

#ရေစိုခံအိတ် #ရေစိမ်ခံအိတ်

04/04/2026

‎🎈အမြင်ဆန်းဆန်းနဲ့ အပီအပြင်လန်းလို့ရမယ့် iPad Book Cover တွေ လာပြီဗျို့🫨
‎
‎ဘော်ဒါတို့အနေနဲ့ ကိုယ့်မှာ iPad တစ်လုံးပိုင်ဆိုင်ထားတယ်ဆိုရင် ကိုယ့်ရဲ့ iPad လေး ဘေးကင်းလုံခြုံစိတ်ချရဖို့အတွက် Case ကောင်းကောင်းလေးတစ်ခုကလည်း မရှိမဖြစ်လိုအပ်ပါတယ်...
‎
‎အထူးသဖြင့် စာလုပ်တာ၊ အလုပ်လုပ်တာတွေအပြင် အနားယူတဲ့အချိန် Netflix ကြည့်တာ၊ ဂိမ်းဆော့တာတွေမှာ အနေအထားအမျိုးမျိုး ပြောင်းလဲအသုံးပြုလို့ရတဲ့ Case မျိုးဆိုရင်တော့ နေ့စဉ်ဘဝအတွက် ပိုမိုလွယ်ကူအဆင်ပြေစေမှာပါ💻
‎
‎ဒီလိုမျိုးလူငယ်တွေရဲ့ နေ့စဉ် Lifestyle နဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် "Potato Myanmar" ကနေ ဘယ်လို iPad Cover လေးတွေကို ထုတ်လုပ်ထားလဲဆိုတာ ကြည့်လိုက်ကြရအောင်ခင်ဗျာ...
‎
‎📍စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ ထောင့်ချိုး
‎စာရိုက်မယ်၊ Note မှတ်မယ်ဆိုရင် ကိုယ်နဲ့သက်သောင့်သက်သာရှိတဲ့ အနေအထားကို ပြောင်းလဲနိုင်သလို၊ ရုပ်ရှင်ကြည့်မယ်ဆိုရင်လည်း မျက်စိနဲ့တစ်တန်းတည်းဖြစ်အောင် ဒေါင်လိုက်ရော၊ အလျားလိုက်ရော အဆင်ပြေပြေ ထောင်ထားလို့ရပါတယ်။
‎
‎📍ပရီမီယံဆန်တဲ့ အလှအပ
‎ကိုင်လိုက်တာနဲ့တင် စမတ်ကျနေစေမယ့် အရောင်လေးတွေနဲ့ အမြင်အေးစေတဲ့ ကာလာ Tone တွေကို အသုံးပြုထားပါတယ်။ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး အလုပ်လုပ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ အပြင်သွားတဲ့အခါပဲဖြစ်ဖြစ် ကိုယ့်ရဲ့ iPad လေးကို ပိုပြီးတော့ ကြည့်ကောင်းနေစေမယ့် အသွင်ဒီဇိုင်းနဲ့ဖြစ်ပါတယ်။
‎
‎📍စုံလင်တဲ့ ကာကွယ်မှုစနစ်
‎Case ရဲ့ ဘေးပတ်ပတ်လည်ကို သေချာထုတ်လုပ်ထားလို့ စိတ်ချလက်ချ အသုံးပြုနိုင်သလို၊ Apple Pencil ထည့်ဖို့ သီးသန့် Slot လေးလည်း ပါဝင်တာကြောင့် Pencil ပျောက်လို့ လိုက်ရှာရတဲ့ ဒုက္ခတွေကနေ ကင်းဝေးသွားမှာပါ။
‎
‎စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် အခုပဲ ကိုယ့်ရဲ့ iPad မော်ဒယ်လ်လေးတွေအတွက် Case ဒီဇိုင်းအသစ်လေးတွေကို အမြန်ဆုံး ရွေးချယ်လိုက်တော့နော်..🙋🏻
‎
‎
‎
‎ #ရန်ကုန်မြို့ #အရည်အသွေးစိတ်ချရမှု
‎

Photos from Potato Myanmar's post 02/04/2026

AR+AF Glass – ပိုကြည်၊ ပိုတောက်၊ ပိုချောတဲ့ မှန်မကွဲ
⸝
ဖုန်းမှန်မကွဲတစ်ချပ်ဆိုတာ
ဖုန်းမှန်ကာကွယ်ဖို့တင်မကဘူး—
အသုံးပြုသူတွေရဲ့ ခံစားမူတွေကိုပါ ပြောင်းလဲပေးနိုင်ရမယ်

AR+AF Glass ကတော့
ပုံမှန်မှန်မကွဲတွေထက်
ပိုကြည်လင်တဲ့ မြင်ကွင်းအရည်အသွေး (Clarity) + ပိုချောမွေ့တဲ့ ထိတွေ့အသုံးပြုမှု (Touch Performance)
ကိုပေးနိုင်ပါတယ် 👇

✨ ပိုကြည်
နေရောင်အောက်မှာတောင်
သာမန်မှန်မကွဲတွေထက် ပိုမိုကြည်လင်ပြတ်သားစွာ မြင်နိုင်တယ်

✨ ပိုတောက်
Display ရဲ့ မူလအရောင်တွေကို ပိုမိုတောက်ပပြီး
ပို vivid ဖြစ်စေတယ်

✨ ပိုချော
Anti-Fingerprint coating ကြောင့်
ထိတွေ့အသုံးပြုရာမှာ ပိုချောမွေ့ပြီး
သုံးရတာ ပိုအဆင်ပြေတယ်

✨ ပိုသန့်ရှင်းလွယ်
လက်ရာ၊ ဆီစွန်း၊ အညစ်အကြေးတွေကို
လွယ်ကူစွာ ဖယ်ရှားနိုင်တယ်

⸝

📱 ဒါကြောင့်…
မှန်မကွဲတစ်ချပ်တင်မဟုတ်ဘဲ
ပိုကြည်လင်တဲ့ မြင်ကွင်းအရည်အသွေး + ပိုချောမွေ့တဲ့ ထိတွေ့အသုံးပြုမှု
ကို ရချင်ရင်
Potato က အသစ်ထွက်ရှိထားတဲ့
👉 AR+AF Glass ကအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်

⸝
Avaliable Phone Model:
iPhone : X~16 Promax
Retail Price : 20000ks

Photos from Potato Myanmar's post 31/03/2026

‎💦 ဖုန်းလှလှလေးတွေနဲ့အတူ သင်္ကြန်ပွဲတော်ကို အပြည့်အဝပျော်ရွှင်ဖို့ အဆင်သင့်ဖြစ်ပြီလား ?
‎
‎နွေဦးရဲ့ အလှပဆုံးအချိန်အခါနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာ သင်္ကြန်ပွဲတော်ကြီးကလည်း တဖြည်းဖြည်းနီးကပ်လာပါပြီ ‌မိတ်ဆွေတို့ရေ..
‎
‎ဒီလိုပျော်စရာကောင်းတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့အဖိုးတန်ဖုန်းလေးကို ပိုမိုလှပကျော့ရှင်းစေပြီး အမှတ်တရပုံရိပ်တွေ စိတ်ချလက်ချ ရိုက်ကူးနိုင်ဖို့ ဖုန်း Accessories လှလှလေးတွေက မရှိမဖြစ်လိုအပ်တယ်မဟုတ်လားခင်ဗျာ...
‎
‎ဒါ‌ကြောင့် ချစ်ရတဲ့ Customer များအတွက် Phone Accessories လေးတွေလည်းဝယ်ယူရင်း လက်ဆောင်ရယူနိုင်မယ့် အထူးအစီအစဉ်လေးတစ်ခုကို ပြုလုပ်ပေးထားပါတယ်🙋🏻
‎
‎အစီအစဉ်လေးဟာဆိုရင်တော့ ကျွန်တော်တို့ရဲ့ "Potato Myanmar"ကနေ ဖုန်း Accessories တွေကို ရွေးချယ်ဝယ်ယူရုံနဲ့ ရေပက်ခံထွက်တဲ့အခါ ဖုန်းလေးကို စိတ်ချလက်ချ ထည့်သွားနိုင်မယ့် အဆင့်မြင့် ရေစိုခံအိတ်လှလှလေးတွေကို လက်ဆောင်အဖြစ် အမြန်ဆုံး ရယူနိုင်မှာပဲဖြစ်ပါတယ်💦🎁
‎
‎ယခုအစီအစဉ်လေးကို -
‎
‎📌မတ်လ(၁၇)ရက်နေ့ကနေ ဧပြီလ(၁၀)ရက်နေ့အထိပဲ ပြုလုပ်ပေးသွားမှာဖြစ်လို့ အချိန်မီ အမြန်ဆုံး လာရောက်ဝယ်ယူပြီး ရေစိုခံအိတ်လှလှလေးတွေ လက်ဆောင်ရယူလိုက်ကြပါစို့ခင်ဗျာ🥳
‎
‎
‎ #သင်္ကြန်ပွဲတော် #ရစိုခံအိတ်
‎ #ရန်ကုန်မြို့
‎

29/03/2026

‎"Potato" ရဲ့ လူကြိုက်အများဆုံး Magsafe Cover လေး ထပ်မံထွက်ရှိလာပါပြီဗျို့📣
‎
‎လူငယ်တွေရဲ့ နေ့စဉ်ဘဝမှာ အဆင်ပြေလွယ်ကူ ချောမွေ့စေဖို့ ရာနှုန်းပြည့် အထောက်အကူဖြစ်စေမယ့် "Potato Myanmar" ရဲ့ Clear Magsafe Cover တွေ ထပ်မံထွက်ရှိလာပါပြီခင်ဗျာ...
‎
‎Clear Magsafe Cover ဟာဆိုရင် iPhone User လူငယ်တွေကြားမှာ လူကြိုက်အများဆုံး Case တစ်ခုလည်းဖြစ်သလို ပေါ့ပါးကျစ်လျစ်မှုနဲ့အတူ အရည်အသွေးမြင့် Material တွေကို အသုံးပြုထားလို့ ကြည်လင်တောက်ပမှုမှာ နှစ်ခါပြန်ပြောစရာတောင်မလိုပါဘူး✨
‎
Clear MagSafe Cover ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ ?
‎
‎🔹ဖုန်းရဲ့ မူလအရောင်နဲ့ ဒီဇိုင်းကို ဖုံးကွယ်မသွားဘဲ အမြဲတမ်း အသစ်အတိုင်း ဝင်းပနေစေတယ်။ Premium ဖြစ်တဲ့ ကြည်လင်မှုကြောင့် ဘယ်လို Outfit နဲ့မဆို လိုက်ဖက်ညီစေတယ်။
‎
‎🔹MagSafe စနစ်ကို အပြည့်အဝ Support ပေးတာကြောင့် Wireless Charging အသုံးပြုတဲ့အခါဖြစ်စေ၊ MagSafe Accessories တွေနဲ့ တွဲဖက်သုံးတဲ့အခါမှာဖြစ်စေ သံလိုက်အား ကောင်းကောင်းနဲ့ မြဲမြံစွာ ကပ်နေစေပါတယ်။
‎
‎🔹ပါးပါးလျလျနဲ့ စတိုင်ကျရုံတင်မကဘဲ ဖုန်းရဲ့ ဘေးဘောင်နဲ့ အနားသတ်တွေကို ထိခိုက်ပွန်းပဲ့မှုဒဏ်ကနေ စိတ်ချလက်ချ ကာကွယ်ပေးနိုင်ပါတယ်။
‎
‎🔹Clear case တွေမှာ အတွေ့များတဲ့ ဝါသွားတာမျိုး မဖြစ်အောင် အထူးပြုလုပ်ထားလို့ ကြာရှည်အသုံးပြုနိုင်ပါတယ်။
‎
‎🔹လက်ထဲမှာကိုင်ထားတဲ့အခါ ချောထွက်သွားတာမျိုးမရှိဘဲ တကယ့်ကို အိအိလေးနဲ့ သက်သောင့်သက်သာရှိတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်‌စေပါတယ်။
‎
‎ဖုန်းလေးကို အကာအကွယ်လည်းပေးချင်တယ်။ လှလည်းလှနေစေချင်တယ်ဆိုရင် အခုပဲ Clear Magsafe Cover ကို ရွေးချယ်ဝယ်ယူလိုက်ပါခင်ဗျာ..✌️
‎
‎အခုပြောပြပေးသွားတဲ့ Clear Magsafe Phone Cover လေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ "Potato Myanmar" ရဲ့ Page Messenger ကနေပဲဖြစ်ဖြစ်၊ Potato Myanmar ရဲ့ ဆိုင်ခွဲတွေမှာပဲဖြစ်ဖြစ် သွားရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ✨
‎
‎
‎
‎ #ရန်ကုန်မြို့
‎

22/03/2026

Potato Myanmar Mobile Phone Accessories (Mandalay) ရုံးတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ နေရာ များတွင်
ဝင်ရောက်လုပ်ကိုင်ရန်လျောက်ထားနိုင်ပါပြီ

🍀🍀🍀

မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်ရန်

1. Sales အရောင်း 4 ဦး ကျား/မ

✅သတ်မှတ်ချက်:
-လက်လီဆိုင်အတွက်
-အသက် 18~28 ကြား ဖြစ်သူ
-ပညာအရည်ချင်း အထက်တန်းအောင်
-ရိုးသား ကြိုးစားသူ
-ကျောင်းကိစ္စ ကင်းရှင်းသူ
-အသင်း အဖွဲ့ နှင့် လုပ်ကိုင်နိုင်သူ
-အလုပ်ချိန် မနက် ၉-ည ၆:၃၀
-နားရက် ၃ ရက်

2. Store 2 ဦး ကျား/မ

✅သတ်မှတ်ချက်:
-Order ပစ္စည်းများ အဝင်/အထွက် ထုတ်ရန် စစ်ရန်/ Packing ထုတ်ရန်
-အသက် 18~25ကြား ဖြစ်သူ
-ပညာအရည်ချင်း အထက်တန်းအောင်
-ရိုးသား ကြိုးစားသူ
-ကျောင်းကိစ္စ ကင်းရှင်းသူ
-အသင်း အဖွဲ့ နှင့် လုပ်ကိုင်နိုင်သူ
-အလုပ်ချိန် မနက် ၉- ညနေ ၅:၃၀
-နားရက် ၃ ရက်

-CV နှင့်တကွ 35*74*75 Potato Myanmar Branch(3) Mandalay တွင်လာ ရောက်လျှာက်ထားနိုင်ပါပြီ

✅ခံစားခွင့်
-လစာ + Bonus + ရက်မှန်ကြေး + နေ့လယ်စာပါပြီး
အတွေ့ကြုံရှိလျှင် ညှိနိုင်းလစာ

Photos from Potato Myanmar's post 20/03/2026

‎✨ပါးလွှာမှုအပြည့်နဲ့ ‌ထွက်ရှိလာတဲ့ "Potato" ရဲ့ Phone Cover အသစ်📣
‎
‎မင်္ဂလာပါ ဘော်ဒါတို့ရေ..
‎Phone Accessories နဲ့ပတ်သက်ပြီး လူငယ်တွေအတွက် အမြဲဖန်တီးတီထွင် ထုတ်လုပ်ပေးနေတဲ့ "Potato Myanmar" ဟာဆိုရင် အခုအခေါက်မှာလည်း နေ့စဉ်အသုံးပြုနေတဲ့ ဖုန်းတစ်လုံးအတွက် ကာကွယ်မှုအပြည့်ပေးနိုင်မယ့် 𝐔𝐥𝐭𝐫𝐚 𝐓𝐡𝐢𝐧 𝐏𝐂 𝐌𝐚𝐠𝐬𝐚𝐟𝐞 ဆိုတဲ့ ဖုန်းကာဗာအသစ်လေးတစ်ခုကို ထပ်မံဖန်တီးထုတ်လုပ်ပေးလိုက်ပါတယ်ခင်ဗျာ ..🤩
‎
‎သူဟာဆိုရင် ဖုန်းမှာ တပ်ထားမှန်းတောင် မသိသာလောက်အောင် ပါးလွှာပြီး ဖုန်းရဲ့ Original အလှကို အပြည့်အဝ ခံစားချင်သူတွေအတွက် အထူးသင့်တော်ပါတယ်✔︎
‎
‎ခိုင်ခံ့မှုအပိုင်းမှာဆိုရင်လည်း PC (Polycarbonate) Material အကောင်းစားကို အသုံးပြုထားလို့ တာရှည်ခံသလို ဖုန်းကိုလက်ကမချနိုင်လောက်အောင် အသုံးပြုရသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Magsafe စနစ်တစ်ခုလည်း ပါဝင်ပါတယ် ✔︎
‎
‎ဒါ့အပြင် ဘေးဘောင်တွေနဲ့ ခလုတ်နေရာတွေကအစ အတိအကျ ဖြတ်တောက်ထားလို့ အသုံးပြုရတာ အလွန်ချောမွေ့စေမှာဖြစ်သလို ရိုးရှင်းတဲ့ဒီဇိုင်း၊ ပရီမီယံဆန်တဲ့ အသွင်အပြင်ကြောင့် လူငယ်တွေအကြိုက်ဖြစ်စေမှာ အမှန်ပါပဲခင်ဗျာ ✔︎
‎
‎📍Available Model - iPhone & Samsung
‎📍Price -18000ks
‎
‎အခုပြောပြပေးသွားတဲ့ 𝐔𝐥𝐭𝐫𝐚 𝐓𝐡𝐢𝐧 𝐏𝐂 𝐌𝐚𝐠𝐬𝐚𝐟𝐞 Phone Cover လေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ "Potato Myanmar" ရဲ့ Page Messenger ကနေပဲဖြစ်ဖြစ်၊ Potato Myanmar ရဲ့ ဆိုင်ခွဲတွေမှာပဲဖြစ်ဖြစ် သွားရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ✨
‎
‎🛍 ဆိုင်လိပ်စာများ
‎
‎▪️ Branch (1) - ၈၁ လမ်း x ၃၃ လမ်းထောင့်
‎ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎☎️ Hotline - 09968937360, 09964495320
‎
‎▪️ Branch (2) - ၇၃ လမ်း၊ ၃၈ x ၃၉ ကြား
‎မန္တလေးမြို့။
‎☎️ Hotline - 09954448868
‎
‎▪️ Branch (3) - ၃၅ လမ်း၊ ၇၄ x ၇၅ ကြား
‎ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
‎☎️ Hotline - 09954448828
‎
‎ဆိုင်ဖွင့်ချိန်
‎🕘 နံနက် 9 နာရီမှ ညနေ 6:30 နာရီအထိ
‎နေ့စဉ်ပိတ်ရက်မရှိဆိုင်ဖွင့်ပါသည်။
‎
‎▪️ Yangon Branch (4) - ဗိုလ်ချုပ်စျေးသစ်၊ No.8
‎ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
‎☎️ Hotline - 09777404040, 09774606080
‎ဆိုင်ဖွင့်ချိန်
‎🕘 နံနက် 9 နာရီမှ ညနေ 5 နာရီအထိ
‎(တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်။)🍀
‎
‎
‎ #ဖုန်းကာဗာ #မန္တလေး #ရန်ကုန် #ဆိုင်ခွဲ

Photos from Potato Myanmar's post 17/03/2026

‎✨ကိုယ့်ရဲ့ဖုန်းကို အလှပဆုံးဖန်တီးပေးမယ့် 2in1 3D Design Phone Cover 🤩
‎
‎ဘော်ဒါတို့အနေနဲ့ ကိုယ့်ရဲ့ဖုန်းအတွက် အရည်အသွေးကောင်းပြီး စတိုင်ကျမယ့် ဖုန်းကာဗာတစ်ခုကို အသုံးပြုချင်ပါသလား..
‎
‎ကိုယ့်အတွက်လည်း စတိုင်ကျစေရမယ်..
‎ဖုန်းကိုလည်း လုံခြုံမှုပေးနိုင်ရမယ်..
‎
‎ဒီလိုဖုန်းကာဗာအတွက် "Potato Myanmar" ကနေ 3D ဒီဇိုင်းနဲ့လှပပြီး Stand အဖြစ်ပါ သုံးလို့ရတဲ့ 2in1 ဖုန်းကာဗာတစ်ခုကို ထုတ်လုပ်ပေးထားပါတယ်ခင်ဗျာ...
‎
‎ဖုန်းကို Simple Protector အနေနဲ့ သုံးတာမဟုတ်ဘဲ ထူးခြားတဲ့ Style နဲ့ ကိုယ့်ဖုန်းကို Premium Look နဲ့ ဖြစ်စေချင်တယ်ဆိုရင် ဒီ 3D Design Phone Cover လေးက ဘော်ဒါတို့အတွက်ပါပဲ⚡

အားသာချက်အပိုင်းမှာဆိုရင် ဖုန်းကာဗာကို တပ်ဆင်ထားတဲ့အခါ လေးလံမှုမရှိစေဘဲ ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ဖန်တီးထားတဲ့အပြင် ကျောဘက်မှာ Stand တစ်ခုလည်း ပါဝင်တဲ့အတွက် Video, TikTok , YouTube, Online Class စတာတွေကို ချောမွေ့လွယ်ကူစွာ အသုံးပြုကြည့်ရှုနိုင်ပါတယ်⚡

သဘောကျလို့ ဝယ်ယူအသုံးပြုချင်သူ‌တွေအနေနဲ့ Stock အရေအတွက်က အကုန်မြန်တာမို့ အမြန်ဝယ်ထားမှ စိတ်ချရမယ်နော် ဘော်ဒါတို့ရေ🤩

အခုပြောပြပေးသွားတဲ့ 2in1 3D Design Phone Cover လေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ "Potato Myanmar" ရဲ့ Page Messenger ကနေပဲဖြစ်ဖြစ်၊ Potato Myanmar ရဲ့ ဆိုင်ခွဲတွေမှာပဲဖြစ်ဖြစ် သွားရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ✨
‎
‎
‎ #ဖုန်းကာဗာ #မန္တလေး #ရန်ကုန် #ဆိုင်ခွဲ

Want your establishment to be the top-listed Bar/pub in Myaing?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myaing

Opening Hours

Monday 09:00 - 20:30
Tuesday 09:00 - 20:30
Wednesday 09:00 - 20:30
Thursday 09:00 - 20:30
Friday 09:00 - 20:30
Saturday 09:00 - 20:30
Sunday 09:00 - 20:30