August Chit Thu
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from August Chit Thu, Digital creator, Myaing.
15/05/2023
သတိထားကြပါ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်
30/04/2023
Heat Stroke ဖြစ်လျှင် ဂရုစိုက်ရန်တင်ပေးရခြင်းပါ
#ခါးနာ_နေတယ်
#ကျောက_အောင့်_နေတယ်
#ကျောက်ကပ်ရောဂါလား_မသိဘူး
😰😰😰
#ခါး ဆိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက ကိုယ်ခန္ဓာ အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဆက်ထားပေးတဲ့အစိတ်အပိုင်းဖြစ်တဲ့အတွက် 👉 ရှေ့ကုန်း နောက်ကော့ ဘေးစောင်း ကြိုက်သလို လှုပ်ရှားနိုင်ပြီး 😀 လှုပ်ရှားမှု တော်တော်များတဲ့ အစိတ်အပိုင်းဖြစ်သလို
#ကျောကုန်း ကလည်းကျွန်တော်တို့ မတ်တပ်ရပ်ရင် မတ်မတ်ရပ်နေဖို့ ကျွန်တော်တို့ သတိတောင် မထားမိပဲ သူ့မှာရှိတဲ့ ကြွက်သားတွေကို အချိုးညီညီ လှုပ်ရှားပေးနေရတာပါ
အဲ့ဒါကြောင့်
လူငယ်လူရွယ်တွေ တခြားလက္ခဏာမရှိပဲ
👉 ခါး နာတယ်၊ ကျော နာတယ် ဆိုရင် အဖြစ်နိုင် ဆုံးက ကြွက်သားဒဏ်ဖြစ်တာပါ
အိမ်ထဲမှာပဲနေရတဲ့ အခုအချိန်ဆိုရင် အဖြစ်နိုင်ဆုံးပါပဲ
- အချိန်အကြာကြီးအိပ်ကြတယ် 🛏️
- လျော့တိလျော့ရဲထိုင်ပြီး 📺 ရုပ်ရှင်ကြည့်မယ်၊ဖုန်း 📱သုံးမယ်၊ Game ဆော့မယ်
- အိမ်က ခိုင်းလို့ မလုပ်ချင်လုပ်ချင်နဲ့ ရေသန့်ဘူးတွေ၊ ရေပုံးတွေ မမယ်၊ ဆန်အိတ်၊မီးသွေးအိတ်တွေဆက်ကနဲ "မ" မယ်။
- ကလေးတွေ အချိန်ကြာကြာ ချီထားရင်
အဲ့လိုတွေ လုပ်နေရင် ကြွက်သားမှာ ဒဏ်ဖြစ်ပြီး နာတတ်ပါတယ်။
နာတာ သက်သာအောင် ဘယ်လိုလုပ်မလဲ ?
အနေအထား ပုံစံ မှန်မှန် နဲ့ ထိုင်မယ်၊ အိပ်မယ်
ရေနွေးအိတ် ကပ်ပေးမယ်၊
Voltex လိုဆေးမျိုး လိမ်းမယ်
နာတာသက်သာအောင် Paracetamol ကို တစ်နေ့ (၃) ကြိမ်သောက်ပေးရင် တစ်ပတ်အတွင်း သက်သာပါလိမ့်မယ်။
မသက်သာတော့ မှ တခြားရောဂါတွေ စဉ်းစားရပါမယ်
{{{*ခါးဆစ်ရိုးနုကျွံတာတော့ဖြစ်နိုင်ပေမယ့် ရှားပါတယ်
*တခြား အဆစ်ရောင်ရောဂါတွေလည်း ရှိပါတယ်
*လူကြီးတွေမှာတော့ အရိုးပွတာဖြစ်နိုင်ပါတယ်
*ခါးရိုး TB လည်းရှိပါသေးတယ်}}}
ဒါပေမယ့် အဲ့ဒါတွေဖြစ်ဖို့ဆိုရင် ခါး/ကျောနာတာ အပြင်
- ဖျားတာ
- ခြေထောက်ထုံ/ကျဉ်တာ၊ စအိုပတ်လည်ထုံနေတာ
- မနက်မိုးလင်းတာနဲ့ ခါးကြီးတောင့်နေတာ
- အဝတ်ကြီးပတ်ထားသလို နာနေတာ
- ဆီးချုပ်၊ဝမ်းချုပ်ဖြစ်တာ
- ကိုယ်အလေးချိန်ကျသွားတာ
စတာတွေလည်း ဖြစ်ရပါမယ်။
ခါး/ကျော နာတာ ဆေးသောက်၊အနေအထိုင်ဆင်ခြင်ပြီး တစ်ပတ်ကြာတာတောင် မသက်သာတဲ့ အပြင် တခြားအချက်တွေပါရှိနေရင်တော့ 😰
*** တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် နဲ့ ပြသ ကုသမှုခံယူပါ ***
(အဲ့အချိန်ကျမှ ဟိုလူ့မေး၊ ဒီလူ့မေး နဲ့ အချိန်ကုန်မခံပါနဲ့)
👉👉👉
ခါး/ကျော နာရင် ဘာလို့ ကျောက်ကပ် ကိုစိတ်ပူကြလဲ မသိဘူး။
ကျောက်ကပ်ရောဂါက ခါးနာတာနဲ့ လာတတ်ပေမယ့်
တခြား လက္ခဏာတွေလည်းရှိပါသေးတယ်
- ဆီးပူ၊ဆီးကျဉ်မယ်
- ဆီးထဲ အမြှုပ်များမယ်
- ဆီးထဲသွေးပါမယ်
- ဖျားမယ်
နာတဲ့နေရာကလည်း များသောအားဖြင့် ခါး/ကျော အလယ်ခေါင်ဖြစ်ခဲပါတယ်
ဘယ် ဒါမှမဟုတ် ညာ နံရိုးအဆုံးနားက နာတတ်တာပါ
တခါတစ်လေ ခါးနာတာကနေ ပေါင်ခြံဆီထိ ကိုနာရင်တော့ ကျောက်ကပ်/ဆီးလမ်းကြောင်းနဲ့ ဆိုင်တာ
ဖြစ်ဖို့များပါတယ်
👉👉👉
ခါးပတ်ရေယုန် ပေါက်လည်း ၊ အရေကြည်ဖုလေးတွေ မထွက်ခင် ပူပြီးနာနေတတ်ပါတယ်၊
>>>>>>>>
#ချွေးထွက်များတယ်_ရာသီဥတု_ပူပူ_အေးအေး_ထွက်နေရော
#ချွေးထွက်များတော့_ချွေးနံ့ထွက်တာက_ဆိုးနေတာ
( #ချွေးထွက်များခြင်း )
ကျွန်တော်တို့ဟာ Warm Blooded Animal (သွေးနွေးသတ္တဝါ) ဖြစ်တာကြောင့် ခန္ဓာကိုယ် အပူချိန်ဟာ တသတ်မှတ်တည်း ရှိအောင် ထိန်းထားရပါတယ်။
- အက်စကီးမိုးတွေရဲ့ ကိုယ်ခန္ဓာအပူချိန် နဲ့
- ကန္တာရထဲက လူတွေရဲ့ ကိုယ်အပူချိန်က မကွာပါဘူး။
ဘယ်လိုထိန်းပေးလဲ ဆိုတော့ ကျွန်တော်တို့ ဦးနှောက်မှာ Thermoregulatory Center ဆိုတဲ့ ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးတဲ့ နေရာရှိပါတယ်။
သူ့မှာ 37°C (98.6 °F) ကို Set Point အဖြစ် အသေမှတ်ထားပါတယ်
အဲ့ဒီအပူချိန်ရှိလား မရှိဘူးလား သူက ဘယ်လိုသိတာလဲ ဆိုတော့ သူ့ဆီရောက်လာတဲ့
- သွေးရဲ့ အပူချိန်ကို အာရုံခံပါတယ်
- အရေပြား နဲ့ ကျောရိုးက အာရုံကြောမကြီး ဆီက သတင်းပို့ပေးတာတွေနဲ့ သိရှိပါတယ်
အကြမ်းအားဖြင့်တော့
👉 အပြင်က ပူနေရင် ချွေးတွေထွက်ပြီး ခန္ဓာကိုယ်ကို အေးသွားအောင်လုပ်ပေးပါတယ်။
👉 အပြင်က အေးနေရင် Shivering ကြွက်သားတွေကို တုန်စေပြီး အပူထုတ်ပါတယ်။
ဒါက ပုံမှန်ဖြစ်စဉ်ပါ။
---------
ချွေးထွက်တယ် ဆိုတာ ပတ်ဝန်းကျင်က ပူနေတဲ့အတွက် ခန္ဓာကိုယ်ကြီး အေးနေရအောင် ပြုလုပ်တာ ဖြစ်ပေမယ့်
တချို့မှာ ရာသီဥတု ပူမနေပဲ ချွေးထွက်တာတွေရှိပါတယ်။
👉 အစပ် 🌶️ စားတဲ့ အခါ မျက်နှာ နဲ့ လည်ပင်း တဝိုက်ချွေးထွက်ပါတယ်
👉 စိတ်ဖိစီးမှုများတဲ့ အခါ မျက်နှာနှင့်လည်ပင်းတဝိုက် ချွေးထွက်တတ်ပြီး လက်ဖဝါးခြေဖဝါးတွေပါ ချွေးတွေနဲ့ စိုနေတတ်ပါတယ် (ကြောက်ချွေးပျံတာပေါ့ 😁 - ပုံမှန်ဖြစ်စဉ်ပါပဲ)
👉 လေ့ကျင့်ခန်း 🏃♂️ လုပ်တဲ့အခါ
အခန်းရဲ့ အပူချိန်က အေးနေပေမယ့် ခန္ဓာကိုယ်က ကြွက်သားတွေ လှုပ်ရှားတဲ့အခါ အပူထွက်လာလို့ ခန္ဓာကိုယ်ကြီး အေးအောင် ပြန်လုပ်ပေးရတာပေါ့။
👉 အလေ့အကျင့် နေထိုင်ပုံအရလည်း ချွေးထွက်တတ်ပါတယ်။ ❄️
အိမ်မှာ/အလုပ်မှာ Aircon နဲ့ပဲ နေတယ်
ကားမောင်းလည်း Aircon နဲ့ပဲ နေတဲ့ သူတွေက အပြင်က သာမန်အပူချိန်မှာ တခြားသူတွေ နဲ့ မတူပဲ ချွေးပိုထွက်ပါတယ်။
👉 ကျွန်တော့လို ခန္ဓာကိုယ်ကြီးတဲ့ ကိုယ်အလေးချိန်များတဲ့သူတွေ ကလည်း ချွေးထွက်များပါတယ်
- ခန္ဓာကိုယ်က ကြီးတော့ Cells တွေ များတဲ့အတွက် ပုံမှန်အသက်ရှင်ဖို့ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်တွေ (Basal Metabolism) လုပ်ဖို့ စွမ်းအင်လိုအပ်ပြီး
- အဲ့ဒီ Basal Metabolism တွေက ဘေးထွက်အနေနဲ့ အပူထွက်တဲ့အတွက် လူကောင်ကြီးရင် ချွေးထွက်များရတာပါ။
အခုထိပြောသွားတာတွေကတော့ အကြောင်းရင်းတစ်ခုခုကြောင့် ချွေးပိုထွက်ရတာတွေပါ။
အပေါ်ကပြောသလို အကြောင်းရင်း တစ်ခုမှမရှိပါပဲ (ရာသီဥတုကလည်း အေးနေပါရဲ့ နဲ့) ချွေးထွက်များတာကိုတော့ Primary Hyperhidrosis လို့ခေါ်ပါတယ် - ရောဂါမဟုတ်ပါဘူး
#အခြေအနေတစ်ခုပဲ ဖြစ်ပါတယ် (စိတ်ပူစရာမရှိပါဘူး)
မျိုးရိုးလိုက်တတ်ပါတယ်။
--------
နောက်ထပ် ချွေးထွက်များစေတာက ဆေးတွေ နဲ့ ရောဂါတချို့ပါ။
💊 စိတ်ကျရောဂါမှ သောက်ရတဲ့ တချို့ဆေးတွေက ချွေးထွက်များစေပါတယ်။
- Hyperthyroid (လည်ပင်းအဆိပ်ထွက်ခြင်း)
- Tuberculosis (တီဘီရောဂါ) အစရှိတဲ့ ရောဂါတွေမှာလည်း ချွေးထွက်များပါတယ်။
ဒီအထိ ဖတ်ပြီးကြရင်တော့ ချွေးထွက်များတိုင်း #ရောဂါမဟုတ်မှန်း (စိတ်ပူစရာ မလိုမှန်း) သိကြမယ် ထင်ပါတယ်
❓ ရောဂါလို့ ဘယ်အချိန်စိတ်ပူရမလဲ ❓
❓ ဆရာဝန် ပြဖို့ လိုမလဲ ❓
1. ချွေးထွက်များခြင်း အပြင် ကိုယ်အလေးချိန်ကျဆင်းလာခြင်း
2. ညဘက်/အိပ်ပျော်နေသည့် အချိန်တွင်သာ ချွေးထွက်များခြင်း
3. ချွေးထွက်များခြင်း အပြင် ဖျားခြင်း၊ ရင်ပတ်နာခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်မြန်ခြင်း/မမှန်ခြင်း
4. ချွေးတွေထွက်ရုံမက ရင်ပတ်အောင့်ပြီး ရင်ပတ်ကြီးစုပ်ဆွဲထားသလိုဖြစ်က ပျို့/အန်ခြင်း
အထက်ပါ (၄ - ချက်) ရှိပါက #ဆရာဝန်_နှင့်_ပြသ စမ်းသပ်စစ်ဆေး ရောဂါရှာဖွေကြပါ။
အထက်ပါ (၄ - ချက်) မရှိသော်လည်း ချွေးထွက်များခြင်းက နေ့စဉ်ဘဝ ကို အနှောင့်အယှက်ဖြစ်ရလောက်အောင် ဖြစ်နေလျှင်လည်း #ဆရာဝန်_နှင့်_ပြသ အကြံဉာဏ်ရယူပါ။
ဆေး ဆိုလို့ ကိုယ်ခံအားကောင်းတယ် ဆိုပြီး သောက်နေကြတဲ့ အားဆေးတွေမှာ Zinc ပမာဏ များများပါလဲ ချွေးထွက်များစေနိုင်ပါတယ် နော် 😁
ကျွန်တော်အကြံပေးနိုင်တာကတော့
✔️ ချိုင်း လို နေရာမျိုး အထွက်များတဲ့ သူတွေကတော့ Roll on သုံးကြပေါ့ဗျာ (တို့ မြန်မာ ကျောက်ချဉ် ကလည်း အသုံးဝင်ပါတယ်)
✔️ ရေပုံမှန်ချိုးခြင်းဖြင့် အရေပြားက ပိုးတွေပွားမလာတော့ ချွေးနံ့ မပြင်းတော့ဘူးပေါ့
✔️ ချွေးနံ့ဆိုးစေတဲ့ အစာတွေလည်း ရှောင်ပေါ့ဗျာ အထူးသဖြင့် ဒညင်းသီးပေါ့
✔️ Shoe နဲ့ ခြေအိတ်ဝတ်ရတဲ့ သူတွေကတော့ နေ့တိုင်းအသစ်လဲပေါ့
✔️ အကောင်းဆုံးကတော့ ခြေညှပ်ဖိနပ်စီးတာ ပေါ့
✳️ ရေများများ ပြန်သောက်ပေး ရပါမယ်
✳️ ချွေးထွက်များလွန်းရင်တော့ ဓာတ်ဆားရည်ပါ သောက်ပေးသင့်ပါတယ်ဗျာ။
ဒီလောက်ဆိုရင် ချွေးထွက်များတာ စိတ်ပူစရာချည်း မဟုတ်ကြောင်း သိကြမယ်လို့ ယူဆပါတယ်။
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
05/08/2022
ရေသောက်သင့်တဲ့အချိန်များကို ဖော်ပြပေးလိုက်ပါတယ်
👶ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ်
👉မိုးရာသီ လည်းရောက်ပြီဆိုတော့ ကလေးတွေမှာ အဖြစ်များတဲ့ ခြင်ကိုက်ခြင်းမှ ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို Dr Polar က ပြောပြပေးသွားပါမယ်။
📌သွေးလွန်တုပ်ကွေးရောဂါဟာ Flavi Virus ကို သယ်ဆောင်လာတဲ့ Aedesခြင်ကိုက်စက်ခြင်း ကနေတစ်ဆင့်ကူးစက်ဖြစ်ပွားခြင်းဖြစ်ပါတယ်။ခြင်ပေါက်ဖွားမှုများတဲ့ မိုးရာသီ မှာ ကလေးတွေမှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလေ့ရှိပါတယ်။
📌ရောဂါအစပျိုးသည့်ကာလ(Incubation Period)သည် ၃ရက်မှ ၁၄ ရက်အထိ ကြာမြင့်တတ်ပြီး အများအားဖြင့် ၄ရက်မှ ၇ရက် ကြာတတ်ပါတယ်။
📌WHO Severity Grading အရ သွေးလွန်တုပ်ကွေး ရဲ့ရောဂါ ပြင်းထန်မှုကို အဆင့်(၄)ဆင့် ခွဲထားပါတယ်။
အဆင့်(၁) - သာမန်တုပ်ကွေး အဖျားပုံစံမျိုးတွေ့ရတတ်ပါတယ်။ ဖျားမယ်၊ ကိုယ်လက်ကိုက်ခဲမယ် ၊ ခေါင်းမူးမယ် ၊အော့အန်မယ်။ အရေပြားမှာ အနီရောင် အဖု အပိန့်တွေထွက်မယ်။
အဆင့်(၂) - အဖျားပိုကြီးလာပြီး နှာခေါင်းသွေးယို ၊ သွားဖုံးသွေးယိုတာ တွေ၊ ပို ဆိုးလာရင် ကော်ဖီရောင် များ အန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်းတို့ဖြစ်တတ်ပါတယ်။
⚠️အဆင့်(၃) - သွေးလန့်ခြင်းအဆင့်
***အရေးကြီးတဲ့ သွေးလန့် ခြင်းမဖြစ်မှီတွင် အဖျားကျသွားတတ်သည်ကို နေကောင်းသွားပြီထင်ပြီး မှားယွင်းစွာယူဆတတ်ကြသည်။တကယ်တော့ အဖျားကျ သွားတာက သွေးလန့်ခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲလက္ခဏာတစ်ခုပါပဲ။
👉ဒီအဆင့်မှာ - ကလေးရုတ်တရက် အဖျားကျမယ် ၊ လက်ဖျားခြေဖျားတွေ အေးစက်လာမယ်၊ မှိန်းလာမယ် ၊ဂဏာမငြိမ် ဂျီကျလာမယ်။ အဲ့ လက္ခဏာတွေ တွေ့နေပြီဆိုရင်တော့ မကြာခင်Shock (သွေးလန့်ခြင်း) ဖြစ်တော့မှာပါ။ ဆေးရုံ အမြန်သွားသင့်ပါပြီ။
🚨အဆင့်(၄) - ကလေး သွေးပေါင်ချိန်တိုင်းမရ ၊ သွေးခုန်နှုန်း တိုင်းမရတော့ဘဲ သတိလစ်တဲ့ အဆင့် Dengue Shock အဆင့်ရောက်ပြီး အသက်အန္တရာယ် အရမ်းစိုးရိမ်ရပါတယ်။
👉အကယ်၍ မိမိကလေးမှာ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများ ရှိနေပါက အချိန်မနှောင်းခင် ကလေးအထူးကုဆရာဝန် နှင့် ပြသသင့်ပါကြောင်း အသိပေးပါရစေ။
📢 မိမိကလေးများ နာမကျန်း တစ်ခုခုဖြစ်ပါက
အောင်စေတနာ ဆေးခန်းမှာ ကလေးအထူးကုဆရာဝန်နှင့် ပြသနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။🙏
☎️ကျန်းမာရေးဝန်ဆောင်မှုရယူလိုသူများအနေဖြင့် Cb တွင်လာရောက်မေးမြန်းနိုင်သလို 09-978533654 သို့
Viber-09755001054မှတစ်ဆင့် ဆေးခန်းဖွင့်ချိန်
( မနက် ၈:၀၀ မှ ည ၈:၀၀ )အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
🏥ဆေးခန်းလိပ်စာ - လမ်း၉၀ ၊ ၃၁x၃၂ကြား ၊ ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့
☎️ဆက်သွယ်ရန်ဖုန်း - 09 978533654
👉မန္တလေးမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ဆိုရင် အောင်စေတနာ ဆေးခန်း ကို သတိရလိုက်ပါ။ 😉
04/08/2022
ရာသီတုပ်ကွေး ကာကွယ်ဆေးများလဲ ထိုးနှံနိုင်ပြီနော်
Click here to claim your Sponsored Listing.
Category
Website
Address
Myaing