TOP for Kiddy

TOP for Kiddy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TOP for Kiddy, Baby Goods/Kids Goods, Myaing.

18/05/2022

စမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ရေစိုခံ(ရေစက်ကျ မှင်မပျံ့)လေးပြန်လာပါပြီဏော်။ တစ်ကဒ်ကို ၂၀၀၀ ကျပ်ပါ။ ပါကင်လှလှလေးက ခုမှဆွဲမို့ 😁

04/12/2020
31/10/2020

အခုအချိန်ဟာ ကိုဗစ်ကို အရမ်းသတိထားရမယ့်အချိန်ပါ။ ဘယ်လိုသတိထားရမလဲ သေချာပြောပြပါမယ်။
အဲ့ပိုးဟာ လေထဲကနေတဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေသူရဲ့ စကားပြော၊ ချောင်းဆိုး၊ နှာချေရင်တွက်လာတဲ့ ရေမှုန်လေးတွေကနေလေထဲကို ပျံ့ထွက်လာပါတယ်။ အဲ့ရေမှုန်လေးတွေဟာ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကနေတဆင့် မိမိခန္ဓာကိုယ်ထဲကို ၀င်ရောက်သွားမှာပါ။ ဒါဆို ဘာကြောင့်လက်ဆေးရတာလဲ။ ခင်ဗျားတို့လက်ဟာ မျက်နှာကို တစ်ရက် ဘယ်နှခါထိမိသလဲ သတိထားမိကြရဲ့လား။ အဲ့ ခဏ ခဏ မျက်နှာကိုထိမိတဲ့လက်မှာ ရောဂါပိုးပါတဲ့ ရေမှုန်လေးတွေကပ်နေမယ်လို့ တွေးကြည့်လိုက်ပါ။ သေချာတယ် ခင်ဗျား positive ဖြစ်ပါပီ။ ကဲ.....ဘယ်လိုကာကွယ်ကြမလဲ။ မျက်စိ၊ နှာခေါင်း။ ပါးစပ် ကအစ မျက်နှာတစ်ခုလုံးကို အကာအကွယ်တပ်ထားပါ။ အိမ်အပြင်မှာ အဲ့ဒီအကာအကွယ်တွေချွတ်ပီး ဖုန်းပြောတာ၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ၊ အစားစားတာ။ ရေသောက်တာကအစ မလုပ်မိအောင်သတိထားပါ။ နာရီပိုင်း၊ မိနစ်ပိုင်းလောက် ရေငတ်လို့မသေနိုင်ပါ။ ဘာလို့ဒီလောက်ကြောက်သင့်တာလဲဆိုတော့ အခုကူးစက်မှုနှုန်းတွေ၊ သေဆုံးမှုနှုန်းတွေ အရမ်းမြင့်တက်လာလို့ပါပဲ။ ဒီရောဂါကူးပီးမသေနိုင်ပါဘူးကွာလို့ ပြောရင် ဟုတ်ပါတယ်။ မသေနိုင်ပေမယ့် နောက်ဆက်တွဲရောဂါတွေ ဘယ်လောက်အထိဖြစ်မှာလဲ။ အဲ့နောက်ထပ်ဖြစ်မယ့်ရောဂါတွေကပြင်းထန်မှာလား ဘယ်သူမှ တစ်ထစ်ချမပြောနိုင်သေးပါဘူး။ သေချာတာကတော့ ကိုဗစ်ဖြစ်ပီးမသေရင်တောင် နောက်ဆက်တွဲရောဂါတွေ ခံစားရမှာသေချာပါတယ်။ အဲ့ဒါကြောင့် သတိထားကြပါ။ အရမ်းကြောက်နေဖို့မလိုပါဘူး။ သတိထားကာကွယ်လို့ရပါတယ်။ ဒီရောဂါမဖြစ်အောင်ဂရုစိုက်ကာကွယ်ပီးနေထိုင်သွားကြပါလို့ အကြံပြုအပ်ပါတယ်ခင်ဗျာ။

Photos from TOP for Kiddy's post 22/10/2020
21/10/2020

Board game

Photos from TOP for Kiddy's post 22/09/2020

စာအုပ်နာမည်မစဉ်းစားရသေးတဲ့ စာအုပ်ကလေးရဲ့
REVIEW
ဒီတစ်ခါတော့ ဈေးပေါပီး အရည်အသွေကောင်းတာလုပ်ဖို့ စဉ်းစားထားပါတယ်။ လူတိုင်းအတွက်လည်းအသုံးဝင်မယ့်ဟာမျိုးပေါ့။ အဲ့ဒီစာအုပ်တန်ဖိုးနဲ့ပို့ခက မတိမ်းမယိမ်းဖြစ်နေလို့ အရောင်းကိုယ်စားလှယ်တွေထားပီးရောင်းဖို့ စီစဉ်နေပါတယ်။
ဒီစာအုပ်ထုတ်ဖို့ ကိုယ်တိုင်ကလေးယောက်လိုခံစားကြည့်လိုက်တယ်။ စာမျက်နှာနံပါတ်တွေသာကြည့်။ ကလေးလက်ရေးတွေ 😅 ကလေးတွေက စာသင်ဖို့ထက် ကစားဖို့ကို ပိုအလေးသာတာ ကလေးမိဘတိုင်းသိကြမှာပါ။ ဒါကြောင့် ဖုန်းဂိမ်းတွေဟာ ကလေးငြိမ်ဆေးဖြစ်နေတာပေါ့။ အဲ့လို ဖုန်းဂိမ်းတွေစွဲတာဟာ ကလေးအနာဂတ်ပညာရေးကို အများကြီးထိခိုက်စေပါတယ်နော်။ ဒါ့ကြောင့် ကလေးတွေနာရီပေါင်းများစွာ ဆော့လို့ရအောင် ဒီစာအုပ်ကို ဖန်တီးပေးထားပါတယ်။ အခုတောင်မှ စာမျက်နှာ ၆၀ ကျော်ရှိပီ။ puzzles 85 ခု။ နောက်ဘယ်နှစ်ခုလောက်ထပ်ဆွဲမိမလဲမပြောတတ်သေးဘူး။ စာသင်တဲ့ သင်ခန်းစာတွေကိုလည်း သင်ရိုးညွှန်းတမ်းပါများသာ ထည့်ပေးထားပါတယ်။
စာရွက်သားထူရမယ်။ ဈေးသက်သာရမယ်။ colorful ဖြစ်ရမယ်။ ပီးရေစိုခံရမယ်။ whiteboard marker နဲ့ သုံးပီး ပြန်ဖျက်လို့ ရ ရမယ်။ ဒီ Test တွေကို လုပ်ဖို့ အချိန်အတော်ယူခဲ့ရပါတယ်။ ခုလို ကိုဗစ်ကာလဆိုးကြီးမှာ။ ကံကောင်းချက်ကတော့ 120gsm အထူရှိတဲ့ စာရွက်မျိုးက စမ်းသပ်ချက်အောင်မြင်သွားပါတယ်။
အခုတော့ ကိုယ်စိတ်ကြိုက် puzzle တွေအကုန်ထည့်ပီး မြန်မြန်စာအုပ်ဖြစ်အောင်ကြိုးစားနေရင်း ဒီစာကိုရေးလိုက်ပါတယ်ခင်ဗျာ။

21/09/2020

စာမျက်နှာ ၆၀ အထိပီးပါပီ။
သိပ်မကြာခင်မှာ ထွက်ရှိလာပါတော့မယ်ခင်ဗျာ...

ကစ်ဒီလေးများ ဖုန်းဂိမ်းဆော့ခြင်းကိုတားဆီးပေးမယ့်စာအုပ်လေးပါ။ ဒါတင်ပဲလားဆို မဟုတ်ပါဘူး။ သင့်ကလေးကျောင်းတက်တဲ့အခါမှာ ထိထိရောက်ရောက်အထောက်အကူဖြစ်စေမယ့် သင်ခန်းစာများလည်း ပါဝင်ပါသေးတယ်။

သင့်ကလေးကို ဖုန်းဂိမ်းမဆော့ပဲ စာလုပ်စေချင်ပါသလား?
မကြာမီ....
လာမည်....
🤓

21/09/2020

ဘာပုံလေးဖြစ်သွားမလဲ 🤓

Photos from TOP for Kiddy's post 11/09/2020

မကြာမီ လူကြီးမင်းတို့ထံ ရောက်ရှိလာပါတော့မြီ 🤓

Want your business to be the top-listed Clothing Store in Myaing?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myaing