Retro Guys
We created our busking band to make beautiful and peaceful moments for everyone who loves music 🥰❤️
သီတင်းကျွတ်လပြည့်ည အမှတ်တရလေးပါ ၊ page က မတင်တာကြာပြီမို့ ၊ #သီတင်းကျွတ်လပြည့် #မန်းလေး #မဂ်လာပါ
မတွေ့တာကြာပြီဗျာ အလွမ်းပြေ လာတင်တာ #မောင့်ဆေးကျောင်းသူ #ခင်မောင်ထူး #
14/10/2024
Tomorrow ဒီမှာ ရှိပါမယ်ဗျ ❤️
3:30 PM - 6:30 PM ထိပါနော်
Home equipment လေးတွေရော Furniture လေးတွေရော
IKEA Products လေးတွေရော စုံစုံလင်လင် ရှိတာမို့ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ
17/08/2024
Hello အားလုံးပဲ နေကောင်းကြလားခင်ဗျ
ကျွန်တော်တို့ Retro Guys band လေးလည်း
August 2ရက်နေ့က နှစ် နှစ်ပြည့်သွားခဲ့ပါပြီ
အရင်က အမှတ်တရလေးတွေ သတိရလွမ်းဆွတ်မိလို့
စာလေး နည်းနည်း ရေးပါရစေနော်
2020 လောက်ကတည်းက Band ထောင်ဖို့ စိတ်ကူးကရှိခဲ့တာ
ဒါပေမယ့် Covid နဲ့မို့ အကောင်ထည် မဖော်ရဲခဲ့ဘူး
2022 မှာ Omegle app စခေတ်စားတော့ ပထမဆုံး စသုံးကြည့်တဲ့နေ့ website ကနေ ဝင်ကြည့်တော့ အံမယ် အကုန်လုံးက ငါ့ မြင်တာနဲ့
တန်း skip ကြတာ ၊ တယောက်မှ အဖတ်မလုပ်ကြဘူး
ခဏနေတော့ Guitar နဲ့ လူတယောက် ပေါ်လာပါလေရော ( Sai Sai Naing Thant )
အံမယ် သူက ထူးထူးဆန်းဆန်း မskip ပဲ သီချင်းပါ ဆိုပြသေးတာ 😁
ဪ ငါ့တော့ အဖက်လုပ်တဲ့သူ ရှိသေးသားပေါ့ 😅
နောက်မှ သူပြောပြမှ သိရတာ လက်ထဲ ဂစ်တာ ကိုင်ထားတော့ skip နှိပ်ဖို့ရလက် မအားနေလို့ အားနာပါးနာနဲ့ တစ်ပုဒ်ဆိုပြလိုက်တာတဲ့ 😅😂
ခဏနေ သီချင်းတပုဒ်လည်း ပြီးရော ဆရာသမားက skip သွားရော
ဒါနဲ့ ဘယ်ရမလဲ ပေါ်သမျှလူ အကုန်ပြန် skip တာ ၊ ခဏနေတော့
ဆရာသမားနဲ့ နောက်တခေါက် ထပ် ဆုံပြန်ရော ၊ အဲ့မှာတင် ရေစက်လား ဘာလား မသိဘူး ၊ ဇွတ်တွေ မိတ်ဆက်ပြီး ညီလေးက ဘယ်ကလဲ အကို Band ထောင်မလို့ join မလားနဲ့ မေးပြီး ဖုန်းနံပါတ်တွေ ၊ acc တွေ အပြန်အလှန်ပေးပြီး မသိရင် စော် တစ်ယောက် ရသလိုပဲ ငါ့နှယ် 😅
နောက်နေ့ နိုင်သန့်က သူ့သူငယ်ချင်းတယောက် ( ရဲနောင် ) ရှ်ိတယ် ၊ join မယ် ပြောတယ်ဆိုပြီး သီချင်းတိုက်ဖို့ မိန်းထဲမှာ နေရာချိန်းပါတော့တယ် ၊ ဒါနဲ့ပဲ လူ ၃ယောက်နဲ့ ဒီ band လေး စဖြစ်ခဲ့ကြတာ
Band လေး စထောင်စဥ်တုန်းက ရှိစုမဲ့စုလေးနဲ့ ဝယ်ခြမ်းပြီး
ကျွန်တော် အပါဝင် Homalin သားလေးတွေ ဖြစ်ကြတဲ့
ညီလေး Sai Sai Naing Thant ရယ် ၊ ရဲနောင်ရယ်
ညီအစ်ကို သုံးယောက် မတတ်တစ်ခေါက်ပညာလေးတွေနဲ့ ဝါသနာပါတဲ့
သီချင်းဆိုတဲ့ အရာလေး ကို စလုပ်ခဲ့ကြတာပေါ့
မှတ်မှတ်ရရ Mingalar Mandalay Event Area မှာ စခဲ့ကြတာပါ
စလုပ်ကတည်းက ဝါသနာပါလို့ သီချင်းဆိုနေရရင် ပြီးရော tips ဘယ်လောက်ရရ စိတ်ထဲ ဘယ်လိုမှ မနေဘူး အရမ်းပျော်ခဲ့တာ
မှတ်မိသလောက် ပထမဆုံးရက်က 16000 ks ရတာ 😜
ဆီဖိုးရရင် တော်ရော ကျန်တာ အမြတ်ပဲလေ 😁
ပထမဆုံး Motivation အကြီးကြီးရခဲ့တဲ့ နေရာလေးက 63st×24st ထောင့်က Snow Mart ဆိုတဲ့ ဆိုင်လေးပေါ့ ၊ ကျွန်တော်တို့ အဖွဲ့လာရင် ဘယ်အချိန်နေနေ မီးလာလာ မလာလာ Solar နဲ့ပါ ၊ မီး အဆင်ပြေရအောင်
ကူညီပေးခဲ့တဲ့ဆိုင်လေးပေါ့ ၊ အဲ့မှာ စဆိုတဲ့နေ့က ကားပေါ်ကနေပိုက်ဆံ 5000 တန်တွေ အထပ်လိုက် ဆုချပေးသွားတာ 🥰
ကြွားပြောရရင် မန်းလေးမြို့မှာ လမ်းပေါ်တွေမှာ ပထမဆုံး busking ဆိုပြီး ပထမဆုံး လူသိများလာခဲ့တဲ့ band လေးပေါ့ ၊ အဲ့ကနေ Shopping Center တွေ လမ်းဆုံလူစည်ကားတဲ့နေရာတွေ လိုက်ဆိုရင် အတွေ့ကြုံတွေ ယူရင်းတဖြည်းဖြည်း အားပေးမှုလေးတွေ ရလာခဲ့တာ
ယောက်ျားလေးတွေချည်းဆိုပေမယ့် တယောက် တလှည့်စီ စိတ်ဆိုးကြတာ
အဲ့တုန်းက တယောက်နဲ့ တယောက် အဆင်မပြေရင် စိတ်ကောက်လို့ အဖွဲ့ထဲကို မလာလိုက် ပြန်လိုက် ထွက်လိုက် ဝင်လိုက် နဲ့ လုပ်ခဲ့ကြတာ 😅
အခုတော့ တယောက်တနေရာစီ အလုပ်ကိုယ်စီနဲ့ ပြန်တွေးကြည့်ရင် မေ့မရတဲ့အမှတ်တရလေးတွေပါပဲ ၊ ဝေးနေပေမယ့်လည်း ဝါသနာတူ ညီအစ်ကိုတွေ ဆိုတော့ ဘယ်မေ့ရမလဲဗျာ ၊ အရင်က Video လေးတွေ ပြန်ကြည့်မိရင် လွမ်းမိတာပေါ့
မင်းတို့တော့ မသိဘူး ငါတော့ အရမ်းသတိရတာပဲကွာ 🥺
Andrew
#17.8.2024
စာကြွင်း- အရင်က ကျွန်တော်တို့ 3ယောက် စဆိုခဲ့စဉ်က Video လေးတွေ အမှတ်တရ ပြန်တင်ချင်လို့ အမှားတွေ ပါရင် နားလည်ပေးကြပါအုံးခင်ဗျ 🥰
အရမ်းပျော်ခဲ့ရတဲ့ အမှတ်တရပွဲလေး
MPL Private School က ကလေးတွေကို ဆရာဖိုးလုံးနဲ့ မာမီတို့ရဲ့ ဖိတ်ကြားမှုကြောင့် ဒုတိယအကြိမ်
သွားရောက်ဖျော်ဖြေပေးခဲ့တုန်းကပါ 🥰
အမြဲတမ်း သတိတရနဲ့ တကူးတကဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ
Long time no see နော် ချစ်တို့
မေ့သွားကြပြီလား မသိ 🥹
ခရီးထွက်လိုက် ပြန်လာရင်အလုပ်တွေ လုပ်လိုက်နဲ့မို့လို့ ရိုက်ထားပြီးဘာမှ မတင်ဖြစ်တာပါ ၊ Video လေးတွေ နည်းနည်းချင်း ပြန်တင်ပေးမယ်နော် ❤️
From ❤️
13/05/2024
မပိုပိုရဲ့ မွေးနေ့မှာ ပါဝင်ကူညီခွင့်ရတဲ့အတွက် အထူးဝမ်းသာပီတိဖြစ်မိပါတယ်ခင်ဗျ ❤️❤️
အိပ်မက်ရဲ့အသက် ( Cover ) / Retro Guys
Aim Institute Of Management ရဲ့ Fresher Welcome ပွဲ
Thanks a lot for inviting us to participate in this beautiful moment ❤️🥰
#အိပ်မက်ရဲ့အသက်
06/02/2024
AIM Institute of Management - AIM ရဲ့
Fresher Welcome & Fun Fair မှာ Retro Guys
ပါဝင်ဖျော်ဖြေပေးခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေပါ 🥰❤️
ပွဲ ဖျော်ဖြေဖို့ ဖိတ်ကြားပေးတဲ့ Aim ရဲ့ Founder ဖြစ်သူ
Teacher Myat Mon ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ
The Big Brother Liquor ဆိုင် ဖွင့်ပွဲလေးမှာပါ 🥰
အခုလို ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ ❤️
#ဖိုးကာ #တိုးတိုးလေးပြောပါ
သူရဲကောင်း ( Cover )
Thanks to Drummer Ko Khant
#သူရဲကောင်း #ရေမွန်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Myaing