San Win Mobile
San Win Mobile
Share
IT Knowledge
MT2-L01等_免费高速下载|百度云 网盘-分享无限制 23/07/2016
Huawei flashtool firmware All model
ဒေါင်းထားကြနော်
http://yun.baidu.com/wap/link?shareid=955142705&uk=2254225058&third=1&dir=%2Fhuawei%2FHuawei%20FlashTool%20Firmware&page=1
ခရစ်ဒစ် thawzinaung
MT2-L01等_免费高速下载|百度云 网盘-分享无限制 百度网盘为您提供文件的网络备份、同步和分享服务。空间大、速度快、安全稳固,支持教育网加速,支持手机端。现在注册即有机会享受15G的免费存储空间
20/07/2015
San Win Mobile IT Knowledge
Photos 23/05/2014
Firmware ဆိုတာ ဘာလဲ ?
Firmware ဆိုတာ Hardware ကိရိယာထဲ ထည့်သွင်းမြှုပ်နှံပါရှိတဲ့
ကွန်ပျူတာပရိုဂရမ်ကို ဆိုလိုတယ်။ ဥပမာအားဖြင့် Micro Controller
လိုအရာမျိုး။ အမည်က ရည်ညွှန်းတဲ့ အတိုင်း Firmware က Hardware နဲ့ Software
ကြားကျတဲ့ နေရာ တစ်နေရာရာမှာရှိပါတယ်။ software လိုပဲ ၎င်းဟာ Micro Processor
ဒါမှမဟုတ် Micro Controller က လည်ပတ် လုပ်ဆောင် ပေးရတဲ့ ကွန်ပျူတာ ပရိုဂရမ်
တစ်ခုဖြစ်တယ်။ ဒါပေမယ့် Hardware ပိုင်းအစနဲ့ တင်းကျပ်စွာ ချိတ်ဆက်နေတဲ့
အတွက် ပြင်ပမှာ ဘာအဓိပ္ပာယ်မျှ မရှိဘူး။
ခေတ်ပေါ် စနစ်တွေမှာ ချိတ်ဆက်တတ်ဆင်တဲ့ ကိရိယာ အများစုဟာ
သူတို့ကိုယ်နှိုက်က ကိုယ်ပိုင် Software ကို Run တဲ့ အထူးပြု ကွန်ပျူတာ တွေ
ဖြစ်တယ်။ ဒီကိရိယာထဲက တစ်ချို့ ဟာ ROM အတွင်း Software (”firmware”)
သိမ်းဆည်း ပါရှိတယ်။ ဒါပေမယ့် နှစ်တွေကြာညောင်း လာတော့ Firmware ကို
အိမ်ရှင် Host System မှ ခေါ်တင်ရခြင်းဟာ ဈေးလည်း သက်သာ၊ ပြင်လွယ်
ပြောင်းလွယ်ဖြစ်ကြောင်း ထုတ်လုပ်သူ တွေက တွေ့ရှိလာတယ်။ ရလဒ် အဖြစ် လက်ရှိ
Hardware အများစုဟာ ၎င်းလိုအပ်တဲ့ Firmware ကို Host ကွန်ပျူတာတွေထဲ
မသွင်းမချင်း အသုံးပြုနိုင်လောက်အောင် မလုပ်ဆောင်ဘူး။ ဒီလို Firmware
အလုပ်ဝန်ကို Device Driver ကကိုင်တွယ်ပေးပါတယ်..
အများအားဖြင့် Firmware တွေရဲ့ ဗားရှင်းကို ယင်း ပါဝင်တဲ့ ကိရိယာပစ္စည်းလေးများမှာ ထည့်သွင်းဖော်ပြထားတတ်ပါတယ်။
Posted by :http://www.winkabarkyaw.net/2014/05/firmware.html
Photos 26/04/2014
Memory card & Sd card တို့ရဲ့အခြေခံအလုပ်လုပ်ပုံ
Memory card & Sd card တို့တွင် memory IC တစ်လုံးသာပါဝင်ပါတယ်။အဲဒီ IC ဟာ PCB ပေါ်မှာ
ပုံနှိပ်ထားတဲ့ Press IC တွေဖြစ်ပါတယ်။
ပုံ.၁
SD Memory Card & USB Memory Card တို့ဟာ +5V , Ground ,SCL Data out,SDA Dataout…ဆိုပြီး အဆက်အသွယ် လမ်းကြောင်းလေး(၄)ခုသာ အဓိကအသုံးပြုပြီး SD Memory Card ရဲ့
အခြား Pin လမ်းကြောင်း(V+ &-V)လမ်းကြောင်းတွေဖြစ်ပြီး NC
လမ်းကြောင်းများလည်းပါဝင်တတ်ပါတယ်။ဒါကြောင့် SD Memory Card Reader များမှာ SD Cardစွပ်ပြီး ဂျက်ပေါက်မျိုးစုံပါဝင် လည်းဘဲ USB ဂျက်ပေါက်ကိုဘဲအသုံးပြုပါတယ်။SD Memory Card
အကြီးအသေးမတူပေမယ့် V+,Ground,SCL,SDA လမ်းကြောင်း PIN လေး(၄) ခုဘဲအဓိကအသုံးပြုပါတယ်။SD Memory Card Input Socket &USB Memory Stick Input Portတို့ဟာ Microprocessor IC သို့ဆက်သွယ်ဝင်ရောက်ပါတယ်။Microprocessor IC ဟာ USB , SD
Memory Card မှပေးပို့လာတဲ့ SCL,SDA Data လမ်းကြောင်းတွေကို လက်ခံပြီး Memory IC &Microprocessor IC တို့ အပြန်အလှန်ဆက်သွယ်ပီးUSB,SD Memory Card တွေမှ Dataတွေကိုဆွဲယူပြီး Input Montior အနေနဲ့ ချုံ့ထားတဲ့ Data များကို Incomatin Dataအဖြစ်အသုံးပြုကာ ဆက်လက်လုပ်ဆောင်ပါတယ်။ ခုနောက်ပိုင်းတော့ Microprosser နဲ့ DSP IC
ပေါင်းထားပါတယ်။
http://ourelectronicnote1.blogspot.com/ မှ ကူးယူ မျှဝေ ပါသည်။
Photos 25/04/2014
မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ
SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင်လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန် လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့်Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီ ဖြစ်လာပါတယ်။ပါဝင်တဲ့အစိတ်အပိုင်းများကပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်းထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီးသူ့အကန့်အသတ်နဲ့ သူရှိပါတယ်။
အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for MobileCommunications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။
SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။
H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ်
H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ်
H3 - ပိုမိုကောင်းမွန်သော ကွန်ရက်
H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ်
Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့(Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာအကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။
H4 အဆင့်ကတော့ သာမန်အရပ်သားတို့အသုံးပြုဖို့ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIMCardကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာကျဆင်းစေလို့ ဖြစ်ပါတယ်။
SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Miniနဲ့Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIMထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။
ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။
SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။
ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။
Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်းတစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTEလို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။
2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။
ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။
http://moiblehouse.blogspot.com မှ ကူးယူမျှဝေသည်။
25/04/2014
မိုဘိုင်းဖုန်းပတ်လမ်းပေါ်မှာ ဆင်းကဒ်ဘယ်လိုအလုပ်လုပ်သလဲ?
ဆင်းကဒ်တစ်ခုဆိုတာ သုံးစွဲသူအတွက်သီးသန့်ထုတ်လုပ်ထားသောအပိုင်း ဖြစ်သည် ။ ဆင်းတစ်ခုသည် စမတ်ကဒ်တစ်ခု ဖြစ်
သည် ။ ၎င်းသည် ဆဲလ်ဖုန်းတစ်လုံးမှ အချက်အလက်ကို သိုလှောင်နိုင်သည် ။ ထိုအချက် အလက်များမှာသုံးစွဲသူရဲ့ သက်သေခံ
အချက်အလက် ၊ တည်နေရာနှင့်ဖုန်းနံပါတ် ၊ network လုပ်ပိုင်ခွင့်အချက်အလက် ၊ ကိုယ်ရေးလုံးခြုံရေးခလုတ် ၊ အဆက်အသွယ်
လုပ်ရန် ထည့်သွင်းထားသော် စာရင်း ( ဥပမာ -အမည် ၊ ဖုန်းနံပါတ် ) နှင့် သုံးစွဲသူရေးသားထားသော သတင်းစကားကို မှတ်သားထား
နိုင်သည်။ လုံခြုံရေးဆိုင်ရာဆွဲဆောင်မှုအနေ နဲ့ ပါဝင်တာက အထူးပြုလုပ်ချက်နဲ့ တိတ်တခိုးနားထောင်ခြင်းမှ တားဆီးနိုင်ရန် နဲ့ အချက်
အလက်များကို ကာကွယ်ရန်ပြုလုပ်ထားသည်။
မိုဘိုင်းဖုန်းပတ်လမ်းနှင့်အတူဆင်းကဒ်ဘယ်လိုအလုပ်လုပ်သလဲ ? ဆင်းကဒ်ရှိအချက်အလက်များကိုမိုဘိုင်းဖုန်းမှ ဘယ်လိုဖတ်သလဲ /
ဘယ်လိုရေးသလဲ ?
အထက်ပါမေးခွန်းရဲ့ အဖြေအပြည့်စုံမှာ ဆင်းကဒ် နှင့် ဆက်သွယ်နေသော ပြသာနာ ထင်မြင်ချက် နှင့်ပတ်သတ် ၍ ရလဒ်
ပြသာနာကို ကျွန်တော်တို့ ဖြေရှင်းနိုင်လျှင် ဆင်းကဒ်အကြောင်းကို ကျွန်တော် တို့ သဘောပေါက် နားလည်မည်။ ဥပမာ - ဆင်းကဒ်
ထည့်ပါ နှင့်စသဖြင့် ……..
မိုဘိုင်းဖုန်းပတ်လမ်းတစ်ခုပေါ်မှာဆင်းကဒ်ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ဒီနေရာမှာအတိုချုပ် ရှင်းရလျှင်။
ဆင်းကဒ်တစ်ခုမှာ အဆက်အသွယ် လုပ်ပေးသော အမှတ် (၆ )ခုရှိပါသည် ။ သို့သော် စုစုပေါင်း (၅) ခုသာလျှင်
အလုပ်လုပ်သည်။
1. Sim DATA - ၎င်းသည်ဆင်းမှတ်ဥာဏ် တစ်ခုအပေါ်မှာ ဒီဂျစ်တယ် အချက်အလက်တစ်ခုအနေနဲ့ သိမ်းဆည်း ပေး
သည်။
2. Sim Clock - ၎င်းသည်အလုပ်လုပ်နိုင်သည့်အချက်ပြ လှိုင်းကြိမ်နှုန်း တစ်ခုဖြစ်သည်။၎င်းသည်ဒီဂျစ် တယ်အချက်
အလက်များ ကို အချက်အလက်ပြ လှိုင်းသို့အမိန့်ပေးပြောင်းလဲပြီးဖန်တီး၍ယှဉ်တွဲလည်ပတ်စေသည်။
3. Sim Reset - ၎င်းသည် ယှဉ်တွဲလည်ပတ်နေတဲ့ဖြစ်စဉ်အားလုံးကို အပိတ်/အဖွင့်ပြုလုပ်ပေးသော အချက်ပြလှိုင်းကြိမ်
နှုန်းတစ်ခုဖြစ်သည်။
4. V Sim - ၎င်းသည် ဆင်းကဒ်တစ်ခုအလုပ်လုပ်ရန်ပေးသွင်းရမည့်အပေါင်းဗို့အားလိုင်းတစ်ခု ဖြစ်သည်။
5. Sim Ground - ၎င်းသည် အနှုတ်ဗို့အားလိုင်းတစ်ခုဖြစ်သည်။
6. NC - ၎င်းသည် ဘာနဲ့ မှ အဆက်အသွယ်မရှိပါ။
ဆင်းအတွက် ကြားခံဆက်သွယ်ပေးသောအပိုင်း ကိုဆင်းထိန်းချုပ်ပတ်လမ်းသို့ တိုက်ရိုက်ဆက်သွယ် ထားသည် ။ ဆင်းအချက်
သည် ဆင်းကို ယခုအလုပ်လုပ်ရန် အမိန့်တစ်ကြိမ်ပေးလျှင် ဆင်းနှင့်အတူ CPU ကို လုပ်ငန်းစတင်ရန် သတင်းအချက်အလက်များကို
ပို့ပေးသည် ။ ဆင်းမှတ်ဥာဏ်မှ သတင်းအချက်အလက်အားလုံး ကို CPU မှ စုဆောင်းပေးသည် ။ (လုပ်ဆောင်ရန်လိုအပ်သည့် အခြေ
အနေ မှာ သတင်းအချက်အလက်အားလုံးကို အလုပ်လုပ်စေရန် နဲ့ လုပ်ဆောင်မှုကို စတင်ပြီးပြုလုပ်ရန်)
သီးသန့်အချက်ပြ လိုင်း (၃) ခုရှိသည် ။ ၎င်းတို့ထဲက တစ်ခုသည် တယ်လီဖုန်းအလုပ်လုပ်ခြင်း ရပ်တန့်သွားသောအခါ
အချက်အလက်များကို ပို့ပေးခြင်းနှင့် လက်ခံခြင်းကိုဖြတ်တောက်ရန် အသုံးပြုခြင်းဖြင့် ဆင်းပြသာနာ ရလဒ်တစ်ခုကို ဖြေရှင်းနိုင်သည် ။
ဆင်းကဒ် ပေးသွင်းသောဗို့အားတည်ငြိမ်နေသော်လည်းအခြားတစ်ဖက်မှာဗို့အားတစ်ခုမရှိခဲ့လျှင် ဆင်းကဒ်အလုပ်လုပ်နိုင်မည်မဟုတ်ပါ။
ပုံမှာ လျှပ်စီးပတ်လမ်းကို ဂရုတစိုက်မကိုင်တွယ်ခဲ့လျှင် ကာကွယ်ရန် EMI – ESD ဖစ်တာတစ်ခုကိုပေါင်းထည့် တည်ဆောက်
ထားသည်။ (တည်ငြိမ်လျှပ်စစ်ထုတ်လွှတ်ခြင်း နှင့် လျှပ်စစ်သံလိုက် ၀င်ရောက်နှောက်ယှက်ခြင်းကိုကာကွယ်ရန်) ဒီလိုဆင်းဆက်သွယ်
မှုအမျိုးအစားသည် ဆင်းနဲ့ ဆက်သွယ် နေတဲ့ ရလဒ်ပြသာနာအတွက် မိုဘိုင်း ဖုန်းပြုပြင်သူကိုအကျိုးကျေးဇူးတစ်ခုဖြစ်စေသည်။ EMI
ဖစ်တာ ကိုထည့်သွင်းခြင်းဖြင့် ဆင်းဆက်သွယ်အပိုင်းတစ်ခုလုံးကိုကာကွယ်ပေးထားသည်။ EMI (or) ESD ဖစ်တာသည် လျှပ်စစ်စီး
ပတ်လမ်းအတွင်း ရေဒီယိုကြိမ်နှုန်း ၀င်ရောက်နှောက်ယှက်ခြင်းနဲ့လျှပ်စစ်သံလိုက်လှိုင်း ၀င်ရောက်နှောက်ယှက်ခြင်းမှ ကာကွယ်ရန်
အထူးပြုလုပ်ထားသောကိရိယာဖြစ်သည် ။ မိုဘိုင်းဖုန်း application ကိုတည်ငြိမ်လျှပ်စစ် 15kv ထိတဖြည်းဖြည်း ထုတ်လွှတ်ခြင်းဖြင့်
ပျက်စီးခြင်းမှ တားဆီးရန် ESD ကာကွယ်မှုလျှပ်စီးပတ်လမ်းမှာ ၎င်းဖစ်တာပါဝင်သည်။
Want your business to be the top-listed Furniture Store in Mu-se?
Click here to claim your Sponsored Listing.
Telephone
Website
Address
A7 , ဆင်ဖြူဈေး
Mu-Se