Kabakyaw Rice Shop

Kabakyaw Rice Shop

Share

Kabakyaw rice shop was started in 1997. It provide for retailers and wholesalers.

There are different sort of rice � which are arranged from low prices to high price depending on quality.

11/09/2024

ထုပ်ပိုးခ မပေးရ ❌❌

အိတ်ဖိုးပဲပေးပါ 🤗🤝

✨ ၁ ပြည် အိတ် နှင့် လှူဒါန်းလိုသော အလှူရှင်များအားဈေးနှန်းထား မှန်ကန်စွာ နဲ့ ရောင်းချပေးနေပါပြီ ခင်ဗျာ ✨🙏

လိပ်စာ 🏡 - အမှတ် ၁၁၀,၁၁၁/ ကြည့်မြင်တိုင်အထက်လမ်းမပေါ် , ညဈေးမှတ်တိုင်အနီး, စမ်းချောင်းသံတံတားလမ်း မျက်နှာချင်းဆိုင်။

ဖုန်း ☎️ - 09777423534

Photos from Kabakyaw Rice Shop's post 15/08/2024

Urgent order လုပ်ဆောင်နေသော KBK team 💪🏻
🌾🍚 3 ပြည် အိတ် ၁၅၀ ကို နေတပိုင်းအတွင်းအမှီ လုပ်ဆောင်ပြီးပို့ပေးခဲ့ရသော order လေးပါ ..🌾🍚
လှူဒါန်းလိုသော အလှူရှင်များ အတွက် အသက်သာဆုံးနှုန်းထားနဲ့ လှူဒါန်းနိုင်ဖို့ ကမ္ဘာကျော်ဆန်ဆိုင် ကို သတိရလိုက်ပါတော့ရှင် ...

ကြည့်မြင်တိုင် , အလုံ , စမ်းချောင်း အနီး တစ်ဝိုက် Delivert Free ဖြင့်ပို့ဆောင်ပေးပါတယ်

လက်လီ/လက်ကား များကိုလဲ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေပါပြီ

ကမ္ဘာကျော်ဆန်ဆိုင်
🏡 No.(111), ကြည့်မြင်တိုင်အထက်လမ်းမပေါ်, ညဈေးမှတ်တိုင်အနီး ။
📞 09777423534

12/08/2024

ဆန်ထဲက ပိုးမွှားများကို ဖယ်ရှားနည်း

၁..ခွက်တလုံးထဲ ရှာလကာရည်ထည့်ပါ ပြီးရင် ပုံထဲကအတိုင်းဆန်ပေါ်တင်ထားလိုက်ပါ ၅မိနစ်ကနေ ၁၀မိနစ်အတွင်း ပိုးမွှားများထွက်ပြေးလိမ့်မယ်

၂..ရှောက်နူရွက်(သို့)ရှောက်နူသီးကို ဆန်ပေါ်တင်ထားလိုက်ပါ ရှောက်ရွက်အနံ့က ပိုးမွှားတွေထွက်ပြေးစေတယ်

၃..ငရုတ်သီးက ညှော်နံ့ဆူးပြီး ပူစပ်တဲ့အတွက် ဆန်ထဲမှာ ၅ မိနစ်လောက်ထားတာနဲ့ ပိုးမွှားတွေ ပြေးစေတယ်

၄..မိုးမွှားတွေက နေပူ/အပူကြောက်တဲ့အတွက် ဆန်ကိုနေပူထဲ လှန်းလိုက်ရင် ပိုးမွှားတွေထွက်ပြေးစေသည် နာရီပိုင်းလောက်တော့ လှန်းရပါလိမ့်မယ်

၅...စတီးဇွန်းကို ဆန်ထဲ စိုက်ထည့်ပါက ပိုးမွှားတွေ ထွက်ပြေးစေတယ်

Ann
မူရင်း ရေးသားသူအား Credit ပေးပါတယ်ရှင့်

Photos from Kabakyaw Rice Shop's post 04/04/2024

🍚🌾နှစ်စဉ်နှစ်တိုင်း သင်္ကြန်အလှူအတွက် ကမ္ဘာကျော်ဆန်ဆိုင်ရဲ့ ဖောက်သည်ကြီး ဇီယာ ၅ ပြည်အိတ်
အိတ်ပေါင်း ၂၇၀၀ ပို့ဆောင်မှုပါရှင် 🍚🌾

🚛order မှာယူပြီး ၃ ရက်မှ ၅ ရက်အတွင်း အမြန်လုပ်ဆောင်ပေးနေပါပြီရှင် 🚛

သင်္ကြန်အမှီ ဆန် အလှူရှင်များ order မှာယူလိုပါက
📲09768047288 သို့ ဖုန်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

Address📍 : အမှတ် ၁၁၁, ကြည့်မြင်တိုင်အထက်လမ်းမပေါ်, ညဈေး bus ကားမှတ်တိုင် အနီး, ရန်ကုန် .

Photos from Kabakyaw Rice Shop's post 11/09/2023

ယနေ့ ကမ္ဘာကျော်ဆန်ဆိုင် မှာ ရှယ်ပဲကြာဇံချက် စတုဒိသာကျွေးမွေး ပါတယ်ရှင့် ။🙏🏻🩵💙

လာစားကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင့် 🫶🏻🥰

လိပ်စာ 🏡 - အထက်ကြည့်မြင်တိုင်လမ်းမပေါ် ၊ ညစျေးမှတ်တိုင်အနီး ၊ ကမ္ဘာကျော်ဆန်ဆိုင်

Ph 📞 - 01 525306, 09773498981, 09777423534

20/04/2023

၂၀၂၃ မီးအရမ်းပျက် ထမင်းအိုးတည်နည်း

၁။ မီးလာလောက်မည့်အချိန်ကိုခန့်မှန်း၍
ဆန်ကိုကြိုတင်၍ ရေစိမ်ထားပါ
တနာရီ ၂နာရီလောက် ကြိုစိမ်ထားလည်း ရပါတယ်။

၂။ ဗြုန်းခနဲ မီးလာပါက ရေကိုသွန်လိုက်ပြီး
ရေမပါဘဲ ပေါင်းအိုးထဲထည့်ပြီး ခလုပ်ဖွင့်လိုက်ပါ (အိုးဖင်ပူနေစေရန်)

၃။ တစ်ပြိုင်နက်ထဲမှာပဲ ၃မိနစ်ရေနွေးအိုးကို အမြန်တည်ပါ

၄။ ရေနွေးအိုးဆူလျှင် ပေါင်းအိုးထဲသို့ထည့်ပါ

( ပေါင်းအိုးမှ ထမင်းအိုးဆူရန်လုံလောက်သောအပူစွမ်းအင်ယူရန်
ကြာမြင့်ချိန် နည်းသွားပါသည်)

ဤနည်းအတိုင်းချက်ပါက မိနစ်၂၀ကျော် မီးလာရုံဖြင့်
ထမင်းအိုးကျက်ပါသည်။

သူများနိုင်ငံတွေ ဒုံးပျံစီးပြီး အာကာသထွက်လေ့လာချိန်တွင်
မြန်မာနိုင်ငံအတွက် ထမင်းအမြန်တည်နည်းကို
သေချာစွာ လေ့လာပြုစုပြီးမှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

Full credit to original post and photo

17/08/2022

ဆန်ပိုးထိုးရခြင်းနှင့် ကာကွယ်နှိမ်နင်းနည်းလမ်းများ

ဆန်ရဲ့ သဘာဝအရ ကြာရှည်သိုလှောင်ထားရင် ပိုးတက်လေ့ရှိပါတယ်။ ကြိတ်သားပေါ်မှာလည်း မူတည်ပြီးတော့လည်း စက်ရုံကထွက်လာတဲ့ ကြိတ်သားကောင်းရင်ကောင်းသလို (၃) လအထိ အထားခံတာမျိုးလည်းရှိပါတယ်။ ကြိတ်သား သိပ်မကောင်းတဲ့ဆန်မျိုးကျတော့ (၁) လလောက်အထိပဲ အထားခံတာမျိုးလည်း ရှိတတ်ပါတယ်။

ဆန်ပိုးတက်ပြီဆိုရင် ပထမအဆင့်မှာ ဆန်ပိုးအမတွေက ဆန်စေ့တွေကိုဖောက်ပြီး ဥဥပါတယ်။ ဆန်ပိုးတစ်ကောင်ရဲ့ သက်တမ်းက ပျမ်းမျှ ၂၇ ရက်မို့ ဆန်ပိုးအမတစ်ကောင်ဟာ သူ့သက်တမ်းအတွင်း အကြမ်းဖျဉ်းအားဖြင့် ဥပေါင်း ၃၀၀ ကျော် ဥပါတယ်။ ဥကတစ်ဆင့် ဆန်ပိုးတွေ ပေါက်ဖွားလာပါတယ်။

ဒုတိယအဆင့်မှာ ဆန်ပိုးအကောင်တွေ ပိုကြီးလာပြီး ပေါက်ပွားနှုန်းလည်း ပိုမြန်လာပါတယ်။ ဒီအဆင့်အထိ ဆန်ပိုးတွေကို ဖယ်ရှားပြီး ဆန်အကောင်းကို ပြန်ရွေးလို့ရနိုင်ပါသေးတယ်။

တတိယအဆင့်ရောက်သွားရင်တော့ ဆန်တွေက လက်နဲ့ဖြစ်လိုက်ရင်ကို ကြေမွသွားတာမျိုး၊ ဘယ်လိုမှကို ချက်လို့မရတော့တာမျိုး ဖြစ်သွားပြီး လွှင့်ပစ်လိုက်ရတော့တာပါပဲ။

ဆန်ပိုးမတက်စေရန်ကာကွယ်နည်း

ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမယ်ဆိုရင် ဆန်ပိုးမတက်ခင် အိတ်သားအရင်တက်လေ့ရှိပါတယ်။ အိတ်သားတက်တယ်ဆိုတာ ဆန်က မဖွေးတော့ဘဲ ညိုညစ်ညစ်ဖြစ်လာတာမျိုးပေါ့။ ဒါကြောင့် ဆန်ကို အိတ်အစား လေလုံတဲ့ ဆန်အိုး၊ ဆန်ပုံးတို့နဲ့ သိုလှောင်သင့်ပါတယ်။ ကြက်သွန်နီ၊ ငြုပ်သီးခြောက်၊ မီးသွေးတို့ကို ဆန်အိုးထဲရောထည့်ထားရင်လည်း ဆန်ပိုးတက်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဆန်ပိုးမတက်အောင် နည်းမျိုးစုံနဲ့ ကာကွယ်နေတဲ့ကြားက ဆန်ပိုးတက်လာပြီဆိုရင်တော့ အောက်ပါ နည်း (၅) နည်းနဲ့လည်း ဖြေရှင်းနိုင်ပါသေးတယ်။

(၁) ဆန်ကိုနေပူပူထဲမှာ ၁၅ မိနစ်လောက် ပြထားလိုက်ပါ။ ပြီးရင် စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင် အလယ်မှာ ဆန်ပိုးတွေ စုလာပါလိမ့်မယ်။

(၂) ဆန်ထည့်ထားတဲ့ အိတ်၊ အိုး၊ ပုံးတို့ကို ဖွင့်ပြီးတော့ ဆန်ပေါ်မှာ အဝတ်စအဖြူလေး အုပ်ပေးထားလိုက်ပါ။ ခဏကြာရင် အဝတ်စပေါ်ကို ဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။ အဝတ်ကို ရေမစိုအောင်တော့ သတိပြုဖို့လိုပါတယ်။

(၃) ဆန်ကို ရေခဲသေတ္တာထဲ သုံးရက်ထည့်ထားလိုက်မယ်ဆိုရင်လည်း ဆန်ပိုးတွေကို နှိမ်နင်းပြီးသား ဖြစ်ပါလိမ့်မယ်။

(၄) အကြာကြီး သိမ်းဆည်းမထားပါနဲ့။ ဆန်တွေကို နှစ်ရှည်လများစွာ သိမ်းဆည်းစားသုံးခြင်းကလည်း ပိုးထိုးတတ်ပါတယ်။

(၅) သစ်သားပုံးတွေထဲမှာ ဆန်များကို ထည့်သွင်း မသိုလှောင်ထားပါနဲ့။ သစ်သားပုံးတွေထဲမှာ ဆန်များ ထည့်သွင်းထားပါက ပိုးထိုးမြန်စေပါတယ်။

တကယ်လို့ ဆန်ထဲက ပိုးကောင်တွေကို ရှင်းထုတ်ချင်ပါက ဆန်ထဲသို့ ငြုပ်သီးအခြောက်တောင့်များ ထည့်သွင်းထားလိုက်ပါက ဆန်ပိုးများ ကင်းရှင်းသွားပါလိမ့်မည်။ တကယ်လို့ ရေရှည်သိမ်းဆည်းပြီးစားသုံးချင်ပါက ကရဝေးရွက်များကို ဆန်အတွင်းသို့ ရောနှော၍ထည့်ထားလိုက်ပါက ပိုးထိုးခြင်းရန်မှ ကင်းဝေးစေပါတယ်။

Source - Whitesone
All Credit to Htet's Recipes

Photos from Kabakyaw Rice Shop's post 29/11/2020

28.11.20 ရက်နေ့တွင်ကမ္ဘာကျော်မိသားစုမှကထိန်သင်္ကန်းကိုဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Photos from Kabakyaw Rice Shop's post 25/11/2020

ကမ္ဘာကျော်ဆန်စက်နှင့်ဆန်ပွဲရုံမှဆန်အရည်အသွေးကောင်းမွန်မှုနင့်စျေးနှုန်းမှန်ကန်မှုကိုသာဦးစားပေးဆောင်ရွက်ထားပါသည်။

ဖုန်းခေါ်လိုက်ရုံဖြင့်လက်လီ/လက်ကားဆိုင်များကုန်စည်ဒိုင်ပေါက်စျေးအတိုင်ရရှိနိုင်ပြီးအရောက်ပို့ဝင်ဆောင်မှုပေးပါသည်။

Branch(1) - No(111), အထက်ကြည့်မြင်တိုင်လမ်း, ညစျေးမှတ်တိုင်ရှေ့, Ph- 09766690223, Ph- 09262438902, Ph- 01525306

Branch(2) - No(403), ဘုရင့်နောင်လမ်း, ထန်းခြောက်ပင်, ပတ္တမြားစျေးအနီး, ရွှေပြည်သာမြို့, Ph- 09450010187, Ph- 09781953879

Branch(3)- No(294), ဗိုလ်အောင်ကျော်လမ်း, ပင်လုံစျေးအနီး, လှိုင်သာယာမြို့, Ph- 09250023909, Ph- 09250081595

Branch(4)- No(24), ဘုရင့်နှောင်လမ်း, နဝရတ်စျေးအနီး, ရွှေပြည်သာမြို့, Ph-09252066098, Ph- 09450198127

Want your business to be the top-listed Shop in Mogaung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mogaung

Opening Hours

Monday 06:00 - 19:00
Tuesday 06:00 - 19:00
Wednesday 06:00 - 19:00
Thursday 06:00 - 19:00
Friday 06:00 - 19:00
Saturday 06:00 - 19:00
Sunday 06:00 - 19:00