Soe Moe - Notes
Learn and study
04/01/2024
ယနေ့ မျက်မမြင်ကျောင်းအလှူ 🙏🙏🙏
အယောက် ၆၀ ကျော် တနပ်စာ
နံနက် ၃၀၀၀၀ ကျပ်...
နေ့လည် ၆၀၀၀၀ ကျပ်
ညနေ ၆၀၀၀၀ ကျပ်
တရက်စာ ၁၅၀၀၀၀ ကျပ်
အဆင်ပြေသလိုလှူဒါန်းလို့ရပါသည်..
=============
ကျနော်က တဆင့်လှူမယ်ဆိုရင်
09770200099 viber or Chat Box ကနေ တဆင့်ဆက်သွယ်နိုင်ပါသည်..လှူမယ့် ပမာဏထက် ပိုလွှဲစရာမလိုပါ
ဂုဏ်ပြုလက်မှတ်.. အလှူခံဖြတ်ပိုင်းနှင့် အလှူနေ့မှတ်တမ်းဓာတ်ပုံများ Cb or Viber ကတဆင့် ပြန်လည်ပေးပို့ပေးပါမည်..
=============
တိုက်ရိုက်ဆက်သွယ်လှုဒါန်းလိုလျှင်
မိတ္ထီလာ ရှမ်းတဲလေတပ် အနီး..
09.402527094
09.785785323..
==============
မီးမှောင်ရင်တောင် မနေတတ်ဘူးမလား
ဘဝတခုလုံး အလင်းရောင်မဲ့နေသူတွေကို တတ်နိုင်သလောက် ကူညီပေးကြပါ 🙏🙏🙏
လွတ်လပ်စွာ share ပေးနိုင်ပါသည်..🙏🙏🙏
အိမ်ပုံစံဒီဇိုင်းရေးဆွဲနည်း
အိမ်ဒီဇိုင်းဆွဲချင်သူများ အတွက်ပါ စာမျက်နာ ၂၄၃ပါပါတယ်.. မြန်မာလိုရေးထားတဲ့ လွယ်ကူရှင်းလင်းပါတယ်.. တကယ်စိတ်ပါတယ် ဆွဲကြည့်ချင်တယ်ဆိုရင် download လုပ်ထားပါ
======================================
သန်းထိုက်-ရွှေရိပ်
https://drive.google.com/file/d/18ZZUvfVJiYRHkNJO-QrFN5cideV-8feB/view?usp=drivesdk
Telegram channel link
https://t.me/ocpl2018
Admin Tint Tint Maw
Online Civil Pdf Library
ဒီနေ့မနက် ဆိုင်ကယ်ပေါ်တက်ခွပြီး သော့ဖွင့်ချိန် သူ့ကိုသတိရသွားတယ်.. ဒါနဲ့ မဖြစ်ပါဘူးလေ သူ့ဆီအမြန်ဆုံးရောက်အောင်သွားမယ် ဆုံးဖြတ်လိုက်တယ်.. အစစအရာရာ နောက်ကျခဲ့တဲ့ငါ... ဒီတခါ နောက်ကျလို့ မဖြစ်ပါဘူးဆိုတဲ့ အတွေးနဲ့ပေါ့..
လမ်းမှာလည်း ဆိုင်ကယ်စီးရင် မျော်လင့်ချက်တွေအပြည့် တချက်တချက်ရင်ခုန်သံတောင် မြန်သလိုပဲ အတွေးထဲမှာလည်း ပျော်နေတာပေါ့..
ကိုယ်ဟာ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိသလို.. အတားအစီးတွေကိုလည်း ဂရုမစိုက်မိဘူး..အမြန်ဆုံးရောက်ဖို့ပဲ စိတ်ကလောနေတယ်..
မကြာမှီ
သူ့ဆီလည်းရောက်ရော...
ဆိုင်ကယ်ကိုရပ်ပြီး ကိုယ်အစွမ်းကုန်ပြုံးနေလိုက်တယ်..
အဝေးကနေပြီး မိန်းခလေးတယေုက်..တချက်လှည့်ကြည့်လိုက်တယ်..
အပိုင်း(၂)
ဇာတ်သိမ်းပိုင်း
မိန်းခလေးဟာ ပြန်ပြုံးမပြသလို
အေးတိအေးစက်အကြည့်တွေနဲ့..ကြည့်ရင်း
ကိုယ့်ကို့ လက်ခါပြလိုက်တယ်
(မျော်လင့်ချက်တွေ အကုန်ရိုက်ချိုးခံရသလိုပဲ)
ကိုယ်တို့ကြားမှာ ဘာသာစကားတွေပြောစရာမလိုအပ်ဘူး.. တယောက်အနေအထားတယောက် ကောင်းကောင်းသိတယ်..
ကိုယ်တွေဝေနေတုန်းမှာပဲ
အသံ တသံထပ်ကြားလိုက်ရတယ်.
(အရာအားလုံး သေချာသွားစေမယ့်အသံ)
ဒီနေ့ဆီ မရောင်းဘူးအကို..
ရောင်းစရာမရှိလို့တဲ့....
အေးပါကွာ
02/09/2023
------------------------------------------------
စံပယ်ပွင့်ချိန်
မထွေးနိုင် မအံနိုင်..ကိုယ့်မှာ-
တဖြည်းဖြည်းရုန်းကြွလာနေတဲ့
မီးပုံးပျံတစ်လုံးရှိတယ်
ကမ္ဘာမြေနဲ့ ဝေးရာ....ဝေးရာ.....ဆီသို့။
ဆွံ့ ဆွံ့ အအ..ကိုယ့်မှာ-
ဇစ်(zip) ဖွင့်ပြဖို့တောင် အတော်ခက်နေတဲ့
အ---အ အိပ်မက်တခုရှိတယ်
တိမ်ပြာသော နေ့တွေ.......နေ့တွေ......ဆီသို့။
ပုန်းလျှိုးကွယ်လျှိုးကိုယ့်မှာ-
လူတကာ လှောင်ပြောင် နှပ်ပစ်ခံရနိင်တဲ့
မိုးမလုံ လေမလုံ ဆန္ဒ အိမ်လေးတခုရှိတယ်
စိုးထိတ်မှုတွေ စိုလို့ .......ရွှဲလို့.။
တိမ်မယောင်နဲ့ နက်တဲ့
အလင်းနှစ်......
မင်းအချစ်......
စကားထာတပုဒ်ဆိုစေဦး......
ကဗျာတပုဒ်ဆိုစေဦး.....
၀ိုးတဝါးအတွေးထဲမှာတော့
( အကန်း ) တစ်ယောက်အတွက်
စံပယ်ရုံလေးတခုပေါ့။
အိမ်မက်ရနံ့တွေ
တိမ်းဆွတ်....
ယိမ်းညွတ်....။
အဆင်းအရောင် မသိရသေးပေမဲ့
ရင်ထဲမှာတော့
ဖွေးလို့....
ဖြူလို့.....။
ငွေစံပယ်တစ်ရုံလုံး ဘယ်တော့ပွင့်မှာလဲ။...?
မောင်းဆွဲထားတဲ့ ရင်ထဲကမြားတစ်စင်း
ချွန်းအုပ်အုပ်ထားရင်....ညှို့အတင်း...
မသိစိတ်၀ယ်....
သိစိတ်၀ယ်....
လက်လွတ်စပယ် ဖြစ်ခဲ့တယ်....။
----------------------------------------------------------------
25/08/2023
ကြံဖန်ဂုဏ်ယူရတာပေါ့.....
မြန်မာနိုင်ငံမှာလူဖြစ်ရတာအင်မတန်ကံကောင်းတယ်
ဦးဏှောက် ခြောက်မှာဆိုးရင် မဖတ်ပါနဲ့
တချိန်ကဖတ်ခဲ့ဘူးတဲ့ ပုဂံရာဇဝင်စာအုပ်တအုပ်မှာ..ကျန်စစ်သားက စောလူမင်းကိုကယ်ဖို့အတွက် ပုဂံကနေ အောင်သာအရပ်ကို မြင်းစစ်သည်တော်တွေနဲ့ တရက်ထဲနဲ့ အသွားအပြန်လုပ်ခဲ့တယ်
မှတ်ချက်..မူရင်းစာရေးသူက အောင်သာအရပ်ရဲ့တည်နေရာကို အတိအကျ ထည့်သွင်းရေးသားခဲ့ခြင်းမရှိပါ...
လွန်ခဲ့တဲ့နှစ်အနည်းငယ်က အောင်သာအရပ်ကို မထင်မှတ်ပဲတွေ့ခဲ့တယ်..အနီးစပ်ဆုံးပြောရရင်
ဝမ်းတွင်း နဲ့ ကူမဲ ကြားလောက်မှာရှိပါတယ်
တကယ်လို့ အဲ့နေရာသာ အစစ်အမှန်သွားခဲ့တဲ့နေရာဆိုရင် အခုချိန် ကားနဲ့သွားမယ် ဆိုရင် 80ကီလိုအထက် ကတ္တရာလမ်းအတိုင်း မောင်းရင် အသွားအပြန် ၁၃ နာရီ အနည်းဆုံးကြာမယ်...
ပုဂံနားတဝိုက်မှာ အောင်သာအရပ်ဆိုတာရှိခဲ့ရင်တော့ မပြောတတ်ဘူး
ဝမ်းတွင်းနဲ့ ကူမဲကြားက အောင်သာ ဆိုရင် သူတို့မြင်းတွေနဲ့ ဘယ်လမ်းကနေ ဘယ်လိုသွားခဲ့တာလဲ
# # # # # # # # # # # # # # # # # # # # # # # # # # # # #
နောက်တခုက
တရက်က ဝမ်းတွင်းဘက်က ဘုန်းကြီးကျောင်းတခုကို မြေလှူဖို့သွားရင် ဘုရားစု ရွာကိုရောက်ခဲ့တယ် အဲ့မှာ မြေတူးရင် အညာ အခေါ် ကျောက်ရောမြေ/ဂျင်းမြေ...ရန်ကုန် အခေါ် အာလူးကျောက်/မြစ်ကျောက်တွေ အများကြီးကို တွေ့မိတယ်..
ဆိုလိုချင်တာက အဲ့နေရာမှာ မြစ်တခု သို့မဟုတ် တော်တော်ကြီးတဲ့ ချောင်းတခုရှိခဲ့လိုသာ အဲ့ကျောက်တွေကိုတွေ့နိုင်တာပါ
အဲဒိ ချောင်း/မြစ် ကကော ဘယ်ခေတ်မှာ တိမ်ကောခဲ့တာလဲ....
ဘာလဲ
ဘာလဲ
ဘာတွေလဲ
ပျင်းလို့တွေးမိတွေးရာလျောက်ရေးမိတာပါ 😁
နောက်တခါပျင်းရင် သာစည် ညောင်ရမ်းက.. ညောင်ရမ်းမင်းသားကြီး ရဲ့ နန်းတော် အကြောင်းနဲ့ သာစည်မှာ တည်ရှိတဲ့ ပုဂံက ရွှေစည်းခုံ ပုံတူ ဘုရားအကြောင်း ရေးပါဦးမယ်
အငိုမျက်လုံး အပြုံးမျက်နာ
(၃.၇.၂၀၁၀) စနေနေ့မှာ ကျနော်နေထိုင်ရာ အိမ်လေးကို
ဖိတ်စာ လေးတစ်စောင်ရောက်လာပါတယ်
(၄.၇.၂၀၁၀) တနင်္ဂနွေ တဲ့
သတို့သားလောင်းကို မသိပေမဲ့
သတို့သမီးလောင်းကတော့ တချိန်ကရင်ခုန်သံခြင်းတူဖူးတဲ့လူပဲလနင်နေနိုင်သွားပီကိုး...နင်ဂတိတွေဆိုတာဘာလဲ...
နင်ချစ်တယ်ဆိုတာရောဘာလဲ...
ဖြေမဲ့သူနင်ငါ့နားမှာမရှိပေမဲ့လည်း...မေးခွန်းတွေကိုယ့်ဟာကိုယ်မေးနေမိတယ်...
ငါဘာတွေဆက်လုပ်ရမလဲ...ငါသွားသင့်သလား...
တွေးရင်း..တွေးရင်း...ငါ့မျက်ရည်တွေဝဲလာတယ်ဟာ...
ဖိတ်စာကြီးကိုင်ပီးငါအိမ်ထဲကို ပတ်သွားနေမိတယ်
အိမ်လေးကမကျယ်ပေမဲ့...ငါ့မှာလမ်းတွေမဆုံးနိုင်ဘူး...
ဆုံးရှုံးသွားပီဖြစ်တဲ့...
နင့်အပြုံးတွေ...နင့်စကားတွေ....နင့်ရယ်သံတွေ.....
ငါတယုတယနမ်းရှိုက်ဖူးတဲ့....နင့်ဆံနွယ်တွေ
အားလုံး.....အားလုံးဟာပြန်မရနိုင်ဘူးဆိုတဲ့အသိနဲ့အတူ...
ငါ့မျက်ဝန်းတစုံဟာ ...မရည်ရွယ်ပဲနဲ့...မျက်ရည်တွေစီးဆင်းလာတယ်ငါငိုချင်းတွေရှည်နေမိတယ်
ဘာလို့နင်ထားခဲ့တာလဲ
နင်မရှိရင်ငါမနေနိုင်ဘူးဆိုတာ...နင်မသိဘူးလားး
နင်ချစ်တယ်ဆိုတာရော ...ဘာလဲ။
ဒီစကားတွေကို မျက်နှာချင်းဆိုင်ပြောချင်ပေမဲ့....
ငါ့မှာအခွင့်အရေးမရှိတော့ဘူး...
တချိန်ကငါလုပ်ခဲ့တဲ့ကိစ္စသေးသေးလေးတွေကိုတောင်..
ငါဇြေရှင်းခဲ့တဲ့ပြသနာသေးသေးလေးတွေကိုတောင်...
သူရဲကောင်းတယောက်ကိုကြည့်သလိုကြည့်ပီး...
ဂုဏ်ယူခဲ့တဲ့...နင်...အခုတော့လည်းဟာ...
ငါလေခုချိန်မှာ...နင့်ကိုတကိုယ်ကောင်းဆန်တယ်လို့မပြောရက်ပါဘူး..နောက်ဆုံးစိတ်အေးအေးထားပီးတွေးလိုက်တော့
ငါညံ့လို့ပေးဆပ်လိုက်ရတာပေါ့
၄.၇.၂၀၁၀......တနင်္ဂနွေ
စည်ကားလှတယ်...ခမ်းနားလှတယ်...သတို့သမီးဆိုတဲ့နင်လည်းလှတယ်....ငါ့ကိုတော့မနင်ပြုံးပြတယ်ဟုတ်ခဲ့ဘူး...(နင့်ဘေးကကောင်ကို)
တချိန်တုန်းက..ကျောင်းလမ်းလေးမှာ...ငါလည်းအဲလိုအပြုံးမျိုးရဖူးခဲ့တယ်...ရင်ထဲမှာစို့နင်လာတယ်...
မျက်ရည်ထိန်းတဲ့သဘောနဲ့...ငါရေတခွက်ကိုသောက်လိုက်မိတယ်...အားးးးးးးးအရာအားလုံးဟာ..လက်တကမ်းမှာတင်...မိုင်ထောင်ချီဝေးသွားပီ...
ငါမနေနိုင်တော့ဘူး...ငါပြန်တော့မယ်
နင်ကိုရည်စူးပီး....ငါစိတ်ထဲကနှုတ်ဆက်လိုက်တယ်
အဲဒီအချိန်မှာနင်ငါ့ကိုမြင်သွားတယ်
နင့်မျက်နှာကအပြုံးတခု...ငါ့အတွက်သက်ဆင်းတယ်
ဘယ်လိုအပြုံးမျိုးလဲဆိုတော့
အငိုနဲ့ရောနေတဲ့အပြုံးလေ...
ကြုံဘူးတဲ့လူတော့...သိမှာပါ
ကျနော်ကတော့ အဲလိုပဲသတ်မှတ်လိုက်တယ်
ငါနားလည်ပါတယ်ဆိုတဲ့သဘောနဲ့
သူ့ကိုခေါင်းလေးညိမ့်ပြပီး....ကျနော်ထွက်လာတယ်
အရင်တုန်းကနင့်အိမ်ရှေ့ပြန်တိုင်း
ငါ့နောက်ကျောလေးများကြည့်နေမလားဆိုတဲ့
အတွေးတွေကိုဖယ်ထုတ်ရင်း....
ကောင်မလေးရယ်...
နင့်တို့ရဲ့ကျက်သရေရှိလှပါတယ်ဆိုတဲ့.....မင်္ဂလာဆိုင်းဝိုင်းသံတွေက.........
ငါ့အတွက်တော့.........
ဈပနာတခုရဲ့ဥသြဆွဲသံလောက်တောင်
မချိုမြိန်ခဲ့ပါဘူး...
လွန်ပါစေ...အလွမ်းညတွေ...လွန်ပါစေ....လွန်ပါစေ....
Click here to claim your Sponsored Listing.
Telephone
Website
Address
Meiktila