ReGen
ReGen
Share
The Less Plastic Bags we use , the better the planet will be.
26/08/2020
Parcels Pandemic....
30/07/2020
ကျနော်တို့ ရည်ရွယ်သလို အသုံးချတဲ့ costumer တွေ မြင်ရတော့ သိပ်စိတ်ချမ်းသာတာပဲ။ ဒီတညအဖို့ ကမ္ဘာမြေကို အမိှုက်ရှုပ်စေမယ့် တခါသုံးပြီးလွှင့်ပစ်မယ့် ကျွတ်ကျွတ်အိတ်တလုံးကို Parcel pandemic Tote bag လေးနဲ့ လျှော့ချခဲ့စေပြီ။
12/07/2020
Ready For Our Customers
🛵🛵🛵
11/07/2020
ပါဆယ်မိတ်ဆွေတို့ရေ
ပို့တော့မယ်နော် ........
06/07/2020
အသားငါး၀ယ်မယ်ဆိုရင်
အိမ်မှာရှိတဲ့ ဗူးအဟောင်း‌‌ေလးတွေနဲ့
ပြန်သုံးလို့ရတယ်နော်
05/07/2020
မိတ်ဆွေတို့ က ဘယ်လိုသုံးကြလဲ ??
29/06/2020
♥️
“သင်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သင့်ကိုယ်သင် စိန်ခေါ်လိုက်ပါ။”
🌿Eco-friendly living July 2020 – 31 Days Challenge🌿
(Unicode)
🌍အခု ကမ္ဘာမြေကြီးပေါ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများက အဓိက စိုးထိတ်ပူပန်စရာ ဖြစ်နေပါတယ်။ သင်တို့၊ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးဟာလည်း တစ်စ တစ်စနဲ့ သိသိသာသာ ဆုတ်ယုတ်လာပါတယ်။ လေထု၊ရေထု၊မြေထု ညစ်ညမ်းမှုတွေကလည်း ကြီးထွားလာပြီဖြစ်သည်။
ကျွန်တော်တို့ လူအဖွဲ့အစည်းအပေါ်သက်ရောက်မှုတွေလည်း များလှပါတယ်။
ဒီလိုမျိုး စိုးထိတ်စရာ၊ စိတ်ပျက်စရာပြဿနာတွေရဲ့ အခြားတစ်ဖက်မှာတော့ ကျွနု်ပ်တို့ လူသားတွေဘာလုပ်နိုင်မလဲ ? သင်ကိုယ်တိုင်ရော ဘာလုပ်နိုင်မလဲ?
🌿Eco-friendly living (alternative living) လို့ဆိုတဲ့ သဘာဝနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်း အလေ့အထတစ်ခုသို့ ပြောင်းလဲခြင်းကနေ စကြည့်ရအောင်။
Eco-friendly living ဆိုတာ သဘာဝတရားနှင့် ပြန်လည်ဆက်နွယ်ဖို့၊ ဖြုန်းတီးမိတဲ့ ထုတ်ကုန်တွေကို လျော့ချဖို့ နဲ့ သင်နေထိုင်ရာ ကမ္ဘာမြေကြီးကို မကောင်းသော သက်ရောက်မှုများ လျော့ပါးစေတဲ့ နေထိုင်မှုအလေ့အထ တစ်ခုကို ဖန်တီးဖို့ အရွေ့တစ်ခုဖြစ်တယ်။ နေထိုင်မှုအလေ့အထဆိုရင်လည်း အသုံးအဆောင်ပစ္စည်းတွေ၊ အစားအသောက်နဲ့ အမူအကျင့်တွေပါဝင်တယ်။
🌿သင့်ရဲ့နေထိုင်မှုပုံစံကို Eco-friendly livingstyle သို့ပြောင်းလဲကြည့်မယ်ဆိုရင် ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ?
🌿သင်ကိုယ်တိုင် လက်တွေ့ကျကျ သင့်ကိုယ်ပိုင်အတွေ့အကြုံအားဖြင့် သိစေဖို့ရာ Eco-friendly living July 2020 – 31 Days Challenge ကို ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်နော်။
(Zawgyi)
ဒီလိုမျိုး စိုးထိတ်စရာ၊ စိတ်ပျက်စရာပြဿနာတွေရဲ့ အခြားတစ်ဖက်မှာတော့ ကျွန်ုပ်တို့ လူသားတွေဘာလုပ်နိုင်မလဲ ? သင်ကိုယ်တိုင်ရော ဘာလုပ်နိုင်မလဲ?
Photos from ReGen's post 20/06/2020
(Unicode)
ပလတ်စတစ်အိတ်လျှော့သုံးချင်တဲ့
မိတ်ဆွေတို့ရေ
Regen ရဲ့ Product တစ်ခုဖြစ်တဲ့
Tote Bags လေးတွေနဲ့မိတ်ဆက်ပေးပါရစေ
အိတ်အရည်အသွေး‌ကိုပေးရတဲ့ဈေး 5000 ကျပ်နဲ့ တန်စေမယ့်
ကြိမ်ဖန်များစွာ‌ လျှော်ဖွပ်အသုံးပြုနိုင် ေသာ
ချည်သားအထူကိုသုံးစွဲပေးထားပါတယ်
ဒီ Tote bags လေးတွေကို မိတ်ဆွေတို့
စျေးဝယ်သွားတဲ့အခါ ယူဆောင်အသုံးပြုခြင်းဖြင့် တဖက်တလမ်းက ပလတ်စတစ်အိတ် လျော့သုံးနိုင်မှာဖြစ်လို့
သဘာဝပတ်ဝန်းကျင်အတွက်လည်းအထူးသင့်တော်ပါတယ်ခင်ဗျာ
အဲ့လိုပဲ
🍻🍻🍻 ဘီယာဘာညာ ပါဆယ်၀ယ်သောက်တတ်တဲ့ မိတ်ဆွေများအတွက်လဲ Regen tote bags လေးတွေနဲ့ လုံခြုံစိတ်ချ အထာကျပြီး ဂေါ်နေစေနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ပေးထားပါတယ်
Regen Tote Bags လေးတွေကို Designနှစ်မျိုး အရောင်နစ်မျိုး
(အနက်/ အဖြူ) နဲ့မှာယူနိုင်ပါတယ်
🛵🛵🛵 မိတ်ဆွေတို့မှာယူတဲ့နေ့ကစလို့ 5ရက်အတွင်း ရရှိနိုင်ပါတယ်
💵💵💵 စေ◌ျးနှုန်း ကတော့ 5000 ကျပ်ထဲပါခင်ဗျာ
☺️☺️☺️မှာယူလိုရင်တော့ chatbox ကနေတဆင့် မှာ
ယူနိုင်သလို
📲📲📲 09427511155
ကိုလဲဆက်သွယ်မှာယူနိုင်ပါတယ်
ပလတ်စတစ်အိတ်လျော့သုံးချင်တဲ့
လုပ်ငန်းရှင်မိတ်ဆွေများ အတွက်လဲ
မိမိတို့ရဲ့ လုပ်ငန်း အမှတ်တံဆိပ်ရိုက်နှိပ်ပြီး
လက်ဆောင် ပေးနိုင်ရန် အတွက်
Regen team မှ ဈေးနှုန်းသက်သာစွာနဲ့
၀န်ဆောင်မှုပေးနေပြီဖြစ်ပါတယ်
(Zawgyi)
မိတ်ဆွေတို့ရေ
ကြိမ်ဖန်များစွာ‌ လျှော်ဖွပ်အသုံးပြုနိုင် သော
ဈေးဝယ်သွားတဲ့အခါ ယူဆောင်အသုံးပြုခြင်းဖြင့် တဖက်တလမ်းက ပလတ်စတစ်အိတ် လျော့သုံးနိုင်မှာဖြစ်လို့
အဲ့လိုပဲ
ယူနိုင်သလို
📲📲📲 09427511155
17/06/2020
**ပူပြင်းလာသောကမ္ဘာ နဲ့ မပျက်စီးပဲကျန်နေသေးတဲ့ ပလတ်စတစ်တန်ချိန် သန်း 7800**
(unicode)
ပလတ်စတစ်ဆိုတာ လူသားတွေပြုလုပ်ထားတဲ့ဓာတုပစ္စည်းဖြစ်ပြီး သဘာ၀မှာမရှိတဲ့ပုံစံဖြစ်ပါတယ်
ဒါကြောင့် သဘာ၀အလျောက် မပျက်စီးနိုင်ပါဘူး
1930s နှစ်များကစလို့ လူသားတို့ ပလပ်စတစ်ကို စတင်အသုံးပြုခဲ့ကြတာ
ရာစုနှစ်တစ်ခုရှိပါတော့မယ်
ပလပ်စတစ်သည် လူသားတို့အဆင်‌ ပြေမှုအတွက် အထောက်အပံ့များစွာပေးနိုင်သလို (ဥပမာ ဆေးထိုးအပ်,Car, TV ,Aeroplane ) ဆိုးကျိုးများကိုလဲ ပေးလျက်ရှိပါတယ်
ပလတ်စတစ်မရှိခဲ့ရင်
ကျနော်တို့ရဲ ခေတ်မှီတိုးတက်တဲ့‌ ကမ္ဘာ ရှိလာမှာမဟုတ်သလို
ဈေးသက်သာမှု အလွယ်တကူစွန့်ပစ်မှုတွေကြောင့် ကမ္ဘာကြီး ဟာ
ပလတ်စတစ်အမှိုက်တွေရဲ့ ၀န်ကိုထမ်းနေရပါပြီ။
ထင်သာမြင်သာရှိတဲ့ ပလတ်စတစ်အမှိုက်ဖြစ်တဲ့
ကြွတ်ကြွတ်အိတ်(plastic bag)တွေကို
1965မှာစတင်ထုတ်လုပ်ခဲ့ကြပါတယ်
ဈေးသက်သာမှု သုံးရလွယ်ကူမှုတွေကြောင့်လွယ်လွယ်ကူကူအသုံးပြုလာခဲ့ကြတယ်
တကမ္ဘာလုံးအတိုင်းအတာနေနဲ့ တမိနစ်တိုင်းမှာ "အိတ်တသန်း" နှုန်းနဲ့ အသုံးပြုစွန့်ပစ်နေကြပါတယ်
နှစ်စဉ် လူတွေက ပလတ်စတစ်အမှိုက် တန်ပေါင်း 8သန်းက‌‌နေ 12သန်း အထိကို မြစ်တွေချောင်းတွေက‌နေ တဆင့်သမုဒ္ဒရာထဲသို့စွန့်ပစ်နေကြပါတယ်
အထက်ပါနှုန်းအတိုင်း သွားမယ်ဆိုပါက 2050 ပြည့်နှစ်မှာ
သမုဒ္ဒရာထဲက ငါးအရေအတွက်ထက်
ပလတ်စတစ်အပိုင်းအစ အရေအတွက်က ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်
သမုဒ္ဒရာထဲက သတ္တဝါ တသိန်းကျော်ဟာ
ပလတ်စတစ်ကြောင့်သေဆုံးနေရသလို
ပင်လယ်ငှက် 90% နှုန်းရဲ့ အစာအိမ်ထဲမှာ
မပျက်စီးနိုင်တဲ့ပလတ်စတစ်အပိုင်းအစတွေရှိနေပါတယ်။
သူတို့ဟာ အစာနဲ့ ပလတ်စတစ်တွေကိုမခွဲခြားနိုင်ခဲ့ပါဘူး။
2018 ခုန‌စ်က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေအရ
လူသားတွေရဲ့ မစင် အညစ်အကြေးစွန့်ပစ်မှုထဲမှာ
ပါ ကင်ဆာအပါအ၀င် ရောဂါမျိုးစုံ ဖြစ်စေနိုင်တဲ့ microplastic တွေကိုတွေ့ရှိခဲ့ပါတယ်
ခင်ဗျားသာ ပင်လယ်စာစားနေတဲ့လူတစ်ယောက်ဆိုရင် ပလတ်စတစ်ဓာတ်(micropl‌astics)တွေက ခင်ဗျားအစာအိမ်ထဲမှာ ‌ရှိနေဖို့များနေပါပြီ
တိူးတက်ပြီးတဲ့နိုင်ငံတွေမှာတော့
များပြားလာတဲ့ ပလတ်စတစ်အမှိုက်တွေအတွက်
အဖြေရှာဖို့ ပြန်လည်အသုံးပြုလို့ရတဲ့ recycle plastic တွေကို 1988ကစလို့ စတင်အသုံးပြုနေကြသလို
သဘာ၀ထွက်ကုန်တွေက ရတဲ့ ပျက်စီးလွယ်တဲ့ Organic plastics တွေကို အသုံးပြုဖို့ကြိုးစားနေကြပါတယ်။
ကျနော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့
ပလတ်စတစ်အသုံးတွင်ကျယ်လာတာ သိပ်မကြာသေးသလိူ
လိုအပ်ချက်တစ်ခု‌‌အနေနဲ့မဖြစ်မနေသုံးစွဲနေရပါတယ်
အသုံးပြုတာနဲ့ အညီ စနစ်တကျစွန့်ပစ်ဖို့နဲ့
မလိုအပ်ပဲ အသုံးမပြုဖို့ စတင်ပြီးတော့စဉ်းစားသင့်နေပြီလို့ ထင်မြင်မိပါတယ်။
အမြောက်အများစတင်ထုတ်လုပ်တဲ့
1955 ကနေ 2015 အတွင်း နှစ်ခြောက်ဆယ်အတွင်းထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ်တန်ချိန်
သန်း 7800 ရှိနေပါပြီ
အခုထိလဲ မပျက်စီးပဲ ကျနော် တို့နဲ့အတူ
ရှိနေသေးပါတယ် ။ပလတ်စတစ်ရေသန့်ဗူးတစ်ခု က သဘာ၀အတိုင်းပျက်စီးဖို့ဆို နှစ် 450 ကြာနိုင်သလို ပလတ်စတစ်အိတ်တလုံးပျက်စီးဖို့
ဆယ်နှစ်ကနေ နှစ်နှစ်ဆယ် ထိ ကြာနိုင်တယ် လို့ခန့်မှန်းထားကြပါတယ်။
မီးရှို့ပြီး ဖျက်စီးကြမယ်ဆိုရင်ရော ?
အဲ့လိုဖျက်စီးမယ်ဆိုရင်
ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတဲ့
ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ နှစ်ခု ဖြစ်တဲ့
Methane And Ethylene ထွက်လာမှာဖြစ်ပါတယ်
အဲ့ဒါကြောင့်
ကျနော်တို့ အနေနဲ့ ဘာလုပ်သင့်လဲ
လျှော့သုံးဖို့ စဉ်းစားသင့်ပြီလား
ဆက်ပြီး မလိုအပ်ပဲ သုံးနေကြအုံးမှာလား..
comment မှာ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်.....
(Zawgyi)
ပလတ်စတစ်ဆိုတာ လူတွေပြုလုပ်ထားတဲ့ဓာတုပစ္စည်းဖြစ်ပြီး သဘာဝမှာမရှိတဲ့ပုံစံဖြစ်ပါတယ်
ပလတ်စတစ်မရှိခဲ့ရင်
တိုးတက်ပြီးတဲ့နိုင်ငံတွေမှာတော့
ပလတ်စတစ်အသုံးတွင်ကျယ်လာတာ သိပ်မကြာသေးသလို
သန်း 7800 ရှိနေပါပြီ
အဲ့ဒါကြောင့်
Ref: History 101
A Plastic Ocean
Internet
Want your business to be the top-listed Clothing Store in Mandale?
Click here to claim your Sponsored Listing.
Telephone
Website
Address
Mandale
Opening Hours
Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00