KP Insurance Services

KP Insurance Services

Share

Insurance Agent

17/04/2026
07/03/2026

EVကား မြောင်းဖုံးလေးနင်းလိုက်မိတာ Batteryလစ်သွားပီး သိန်း၂ရာလောက်ကုန်သွားတယ် ဒါတောင်ပစ္စည်းက
တလလောက်စောင့်ရအုံးမှာ

ဖြစ်စဉ်က ကိုယ့်ဆီမှာအာမခံထားထားတဲ့EVကား
မြောင်းဖုံးကိုနင်းမိပီး အောက်ပိုင်းထိ
Battery ပျက်ပီး မောင်းမရဖြစ်သွားတယ်
Customer ကို call center ဖုန်းနံပါတ်ပေးထားပေမယ့်
ရုတ်တရက်ဆိုတော့ ကိုယ့်ဆီပဲဆက်သွယ်လာတယ်
ကိုယ်ကနေမှ call center ဖုန်းနံပါတ်ပြန်ပြောပီး
သူ့procedure အရ Customer ကိုကိုယ်တိုင်report လုပ်ခိုင်းလိုက်တယ် ရှင်းရှင်းလေး လွယ်လွယ်လေး

လိုအပ်ရင် claim teamက ဖြစ်စဉ်ဖြစ်တဲ့နေရာကိုလိုက်လာမယ် မလိုအပ်ရင် မှတ်တမ်းဓါတ်ပုံပို့ပေးပီး
နောက်ရက်မှလာစစ်မယ် ပီးပီ
ပစ္စည်းလဲပီးဘောက်ချာတင်လိုက်ရင် process time တခုမှာ customer ဘဏ်အကောင့်ထဲလျော်ကြေးငွေဝင်သွားမယ်
ဒါပဲ ဘာအငြင်းပွါးစရာမှမရှိဘူး
အဲ့အတိုင်းကိုမှ အဆင်မပြေတာရှိရင်ကိုယ်ဝင်ရှင်းပေးရတယ် ကောင်းကောင်းမွန်မွန်ချိုချိုသာသာပြောရင်
နေ့လည်စာပါလိုက်ကျွေးလိုက်မယ်😁

ကားအာမခံ ၊ အိမ်အာမခံ အတွက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်
☎️ 092012727

31/12/2025

2026 နှစ်သစ်မှာလဲ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြ၍
စီးပွါးလာဘ်လာဘများတိုးတက်ကြပါစေ

23/07/2025

အစ်မတယောက်တင်ထားတာတွေ့လို့ ပြောပြချင်တာလေးနဲ့လဲတိုက်ဆိုင်လာလို့ပါ -
ကျွန်တော်အပါဝင် တော်တော်များများက ဒီလိုဝေဒနာတွေ
ကြုံရလိမ့်မယ် ဒီလိုဆေးရုံရက်ရှည်ကြီးတက်ပီး ခွဲစိတ်မှုတွေအကြိမ်ကြိမ်လုပ်ရလိမ့်မယ်လို့ ဘယ်သူမှတွေးထင်ထားကြမှာမဟုတ်ပါဘူး
ကံတရားကြောင့် ကြုံလာကြရပီဆိုရင်တော့ လူပင်ပန်း စိတ်ပင်ပန်းရတဲ့အပြင် ပိုက်ဆံတွေလဲသောက်သောက်လဲကုန်ကြရတာပါပဲ
ဒါပေမယ့် ကျန်းမာရေးအာမခံသာရှိခဲ့မယ်ဆိုရင်တော့
ကိုယ်ရှာထားတဲ့ပိုက်ဆံတွေ မကုန်သင့်တာမကုန်ရတော့ပဲ
အာမခံအကာအကွယ်ရပီး ဆေးရုံမှာစိတ်ဖြောင့်ဖြောင့်နဲ့အမြန်ဆုံးနေပြန်ကောင်းဖို့ပဲတွေးစရာရှိတော့မှာ
ကျန်းမာရေးအာမခံဝယ်ထားရင် တနှစ်မှာဆေးရုံတက်ရက် ရက်(၆၀)+ ICUရက်(၃၀) အထိcoverဖြစ်မယ်
ယူထားတဲ့ယူနစ်အလိုက် ခွဲစိတ်စရိတ်တွေလဲပြန်ရမယ်
ပီးတော့ ငွေမလောက်လို့ကိုတိုင်သွားထုတ်စရာလဲမလိုဘူး
Cashless စနစ်နဲ့ ဆေးရုံတက်ဖို့အခွင့်အရေးလဲရှိတယ်ဆိုတော့
ရောဂါဝေဒနာခံစားနေရတဲ့အချိန်မှာ ကိုယ်ရော ကိုယ့်မိသားစုရော ဆေးရုံ၊ဆေးခန်းစရိတ်ကြောင့်ပူပန်ရတဲ့ အပူပင်တခုလျော့သွားတာပေါ့

⚠️ကျန်းမာရေးအာမခံဆိုတာ ကျန်းမာနေတုန်းအချိန်မှာဝယ်ရတာပါ ရောဂါဖြစ်ပီးမကျန်းမာနေတော့မှဆို ဘယ်အာမခံcompany ကမှလက်မခံတော့ပါဘူး⚠️

ကျန်းမာရေးအာမခံအတွက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆို
ကျွန်တော့ကိုသာအချိန်မရွေးဆက်သွယ်လိုက်ပါ
📞092012727 (or) cb

09/07/2025

ဝါဆိုလပြည့် ၊ ဓမ္မစင်္ကြာအခါတော်နေ့တွင်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံကြပါစေ

21/06/2025

သိန်း၃ထောင်လောက်တန်တဲ့အိမ်ကို သိန်း၁၇၀ပဲလျော်တာလားလို့မေးကြလို့ အိမ်ရှင်ကသူ့အိမ်ပြင်ပေးမယ့် အင်ဂျင်နီယာကို
အိမ်ပြင်တာဘယ်လောက်ကုန်မှာလဲလို့တွက်ခိုင်းပီးသား အာမခံcompanyကလဲ နိုင်ငံတော်အသိမှတ်ပြု Thirdparty Adjuster ကိုငှါးပီး အိမ်ကို အသေးစိတ် တိုင်းတာတွက်ချက်ပီး ပြင်ဆင်စရိတ်ဘယ်လောက်ကုန်မယ်ဆိုပီးတွက်ချက်ပီးသား
အိမ်ရှင်နဲ့ အာမခံcompany အတိအကျထပ်တူမဟုတ်တောင် အနီးစပ်ဆုံးညှိနှိုင်းပီး လျော်ကြေးပေးတာဆိုတော့ အိမ်ရှင်လဲကျေနပ်တယ် (ကျေနပ်လားဆိုတာ ပုံထဲမှာသာကြည့်😁)

19/06/2025

ကိုယ်ပိုင်ဆိုင်ထားတဲ့တန်ဖိုးကြီးအရာတွေကို
မမျှော်လင့်ပဲဆုံးရှုံးရမှာလားဆိုတဲ့ ပူပန်စိတ်ကြီးကင်းဝေးပီး
Peace Of Mind ဆိုတဲ့ စိတ်အေးချမ်းသာစွာနေနိုင်ဖို့
တန်ဖိုးအနည်းငယ်သုံးပီး အာမခံ( Insurance ) ဝယ်ယူထားတာက
မှန်ကန်သောဆုံးဖြတ်ချက်ပါ

13/04/2025

Want your business to be the top-listed Advertising & Marketing Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay