OZONE - Studio

OZONE - Studio

Share

𝗩𝗶𝘁𝗮𝗹𝗶𝘇𝗲 𝗬𝗼𝘂𝗿 𝗕𝗿𝗮𝗻𝗱.

30/08/2025

Marketing မှာ “Spray and Pray” ဆိုတဲ့ ချဉ်းကပ်ပုံ တစ်ခုရှိတယ်။

ကိုယ့် Product ကို လူတွေ အများကြီးဆီ ကြော်ငြာလိုက်တယ်။ အဲ့ထဲမှာ ကိုယ့် Customer ဖြစ်မယ့် လူနည်းစု ပါလာပါစေ ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ပေါ့…
(ဥပမာ - ကွန်ပျူတာသင်တန်းတစ်ခုဖွင့်ဖို့ Customer တွေရှိနိုင်တဲ့ ကျောင်းရှေ့မှာ “လက်ကမ်းစာစောင်”သွားဝေတယ်။ အဲ့ထဲကနေ ကိုယ့်သင်တန်းကို ဘယ်နှစ်ယောက်လာတက်မလဲ? )

Digital မှာဆိုရင်လည်း တင်ချင်တဲ့ Post တင် မြင်ချင်တဲ့သူမြင်ဆိုပြီး Target သေချာသတ်မှတ်ထားခြင်းမရှိဘဲ Post တွေတင်နေတာမျိုးက Spray and Pray ပါပဲ …

ဒါတွေက အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း၊ အားစိုက်ထုတ်သလောက် ပြန်ရတဲ့ ရလဒ်မထွက်ပါဘူး။ ROI တွေ တိုင်းတာဖို့ခက်တယ်။

ဒါကြောင့် Target သေချာလုပ်ပါ။ Target Audience တွေကို Customer အဖြစ်ပြောင်းလဲမယ့် Strategy တွေချမှတ်ပါ …

ဘယ်လိုလုပ်ရမလဲဆိုတာ ရှေ့ Post မှာသွားကြည့်လို့ရပါတယ် …
နောက်ထပ် Post တွေမှာလည်း ဆက်ပြောပြသွားပါဦးမယ်။

ဒီတော့ Spray and Pray အစား “Target and Convert” လုပ်ဖို့ မမေ့ပါနဲ့ …

လူကြီးမင်းတို့လုပ်ငန်းအတွက် လိုအပ်တဲ့ အကြံပေးဆွေးနွေးမှုတွေရယူနိုင်ဖို့ ဆက်သွယ်လိုက်ပါ။

🔹Many Love, Many Chat !

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

03/05/2025

Post တွေ နေ့တိုင်းတင်ပေးဖို့လိုလားဆိုတော့
ဘာ Post တွေ တင်မှာလဲ?
ဘာအတွက် တင်တာလဲ? ဆိုတာကို အရင်စဉ်းစားစေချင်ပါတယ်...

ရောင်းရချင်ရုံလား?
Customer အသစ်တွေလည်းရ၊ ရှိပြီးသား Customer တွေကိုပါ ထပ်ခါထပ်ခါလာဝယ်အောင် လုပ်ချင်တာလား?
လူသိများချင်ရုံလား?
ယုံကြည်ရတဲ့ Brand တစ်ခုအဖြစ် ပေါက်သွားချင်တာလား?
ဒီလိုတွေစဉ်းစားရပါတယ်...

Post တင်တာတော့ လူတိုင်းတင်တတ်တာပေါ့...
ဒါပေမဲ့ လုပ်ငန်းအလိုက် ဘယ်လို Post တွေ တင်သင့်လဲဆိုတာတော့ လူတိုင်းမသိပါဘူး။
ဒါ့ကြောင့် ကိုယ့်လုပ်ငန်းအနေနဲ့ ဘယ်လို Post တွေတင်မလဲဆိုတာကို Marketing, Branding ရှုထောင့်ပေါင်းစုံကနေ Strategy တွေ သေချာချပါ...

ဒါတွေက တန်းပြီးသိသာချင်မှ သိသာမယ်...ရေရှည်မှာ ကိုယ့်လုပ်ငန်းဟာ ရိုက်ချလို့မရအောင် ခိုင်သွားဖို့တော့ သေချာပါတယ်။

ဆိုတော့ အကြံပေးချင်တာကတော့ နေ့တိုင်းတင်ဖို့ထက် Quality Post တွေကို တစိုက်မတ်မတ် စည်းချက်မှန်မှန်တင်ပေးဖို့ကို အာရုံစိုက်ပါ...
ဒီနောက်မှာ Sale က အလိုလိုလိုက်လာပါလိမ့်မယ်။

ဒီလိုမျိုး ပြိုင်ဖက်တွေကြားမှာ ကွဲထွက်အောင် ဘာတွေတင်ရမလဲမသိရင် OZONE နဲ ဆက်သွယ်နိုင်ပါတယ်။

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

27/04/2025

2017 အရှေ့ပိုင်းတုန်းက အစားအသောက်ကို Online က မှာစားတယ်ဆိုတာ အင်မတန်ရှားပါသေးတယ်။ 2017-2018 လောက်ကနေစပြီး Online က ရေပန်းစားလာတာနဲ့အမျှ ဆိုင်အားလုံးက Online ပေါ်အပြေးအလွှားနေရာယူ သူ့ထက်ငါအပြိုင် လုံးပန်းလာကြတာပါ။

ဆိုတော့ ကိုယ့်ဆိုင်က နှစ်ပေါင်းများစွာရပ်တည်လာခဲ့တယ် နာမည်တစ်လုံးနဲ့ရပ်တည်လာတဲ့ မိတ်များစွာရှိတယ်ဆိုရင် သိပ်ကိစ္စမရှိပေမဲ့ အခုမှစရင်တော့ တိုးပေါက်ဖို့ ရင်ထဲရောက်ဖို့ Digital အားကိုးနဲ့မိုက်ရင် Branding အားကိုးနဲ့ဖိုက်စေချင်ပါတယ်။

ဒီလိုမျိုး စားသောက်ဆိုင်တွေအနေနဲ့
👉🏻Connection (စားသုံးသူ Customer တွေနဲ့ အမြဲအဆက်အသွယ်ရှိနေဖို့)
👉🏻Brand Awareness (စားသုံးသူအသစ်တွေ သတိထားမိဖို့၊ စားသုံးသူအဟောင်းတွေ အမြဲသတိရနေဖို့)
👉🏻Customer Engagement (စားသုံးသူ customer တွေကို ဆွဲဆောင်ဖို့၊ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့)
‼️တစ်လုံးတည်းပြောရရင် "ရေရှည်" ရပ်တည်အောင်မြင်နိုင်ဖို့ "Branding" မဖြစ်မနေလုပ်သင့်ပါတယ်။

ဆိုလိုတာက Branding ဆိုတာ လူတစ်ယောက်စားဖို့စဉ်းစားလိုက်ရင် ရွေးချယ်စရာတွေများနေတဲ့ထဲကမှ ကိုယ်ရောင်းတာကိုတန်းစဉ်းစားမိအောင် အခိုင်အမာတည်ဆောက်ရတာပါ။
ဥပမာ - မာလာရှမ်းကောလူတိုင်းရောင်းတယ်။ ကိုယ့်ဆိုင်က မာလာရှမ်းကောကို ရွေးအောင် ဘယ်လိုလုပ်မလဲ?

" ဆိုင်က နီးလို့လာတာ...သူငယ်ချင်းနဲ့လိုက်လာတာ...ဗိုက်ဆာလို့လာစားတာ" ဆိုတာတွေကနေ "ကိုယ့်ဆိုင်ဖြစ်နေလို့ လာစားတာ ဆိုတဲ့ ကိုယ့် Brand ကို ချစ်တဲ့လူတွေများလာစေတာ Branding ပါ ....

ဒီလိုမျိုး Branding နောက်ကနေမှ ကိုယ့်ဆိုင်ကို လူသိများ၊ လူကြိုက်များလာပြီး Sale က အော်တိုလိုက်လာတာပါ...

နောက်ပိုင်းမှာတော့ Branding ဘယ်လိုလုပ်သင့်လဲဆိုတာ မျှဝေပေးသွားပါဦးမယ် …

လူကြီးမင်းတို့လုပ်ငန်းအတွက် Digital ပေါ်မှာ Branding ခိုင်မာစွာပေါက်ရောက်ချင်ရင်တော့ Branding, Marketing, Advertising Service တွေကို One Stop Service ပေးနေတဲ့ OZONE ကို ဆက်သွယ်လိုက်ပါ …

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]
#

နောက်ရက်မှာတော့ Branding ဘယ်လိုလုပ်သင့်လဲဆိုတဲ့ Tips အချို့ကို ဆက်လက်မျှဝေပေးသွားပါဦးမယ

10/11/2024

" တင်နေရုံနဲ့ မမြင်ပါဘူး "

အခုလို Digital ခေတ်ကြီးမှာ အားလုံး Online ပေါ်ရောက်နေကြသလို ဆိုင်တိုင်းကလည်း အပြိုင်အဆိုင်ပုံတွေတင်၊ Post တွေနေ့တိုင်းတင်ပြီး Customer တွေကို ဆွဲဆောင်နေကြတာပဲမို့
👉🏻 လူကြီးမင်းတို့ရဲ့ဆိုင်က Online ပေါ်မှာ ပေါက်သင့်သလောက်ပေါက်ဖို့၊
👉🏻 Customer တွေဆီ ရောက်သင့်သလောက်ရောက်ဖို့ ပုံတွေပဲနေတိုင်းတင်ပေးနေရုံနဲ့ မလုံလောက်တော့ပါဘူး။

ဒီလိုမျိုးပုံတွေပဲတင်ပေးနေတာက အချိန်တိုင်းမှာတက်လာနေတဲ့ အမျိုးစုံလွန်းတဲ့အစားအသောက်တွေကြားမှာ မြုပ်သွားပြီး ကိုယ့်ဆိုင်က Customer တွေရဲ့ Top of Mind Awareness စာရင်းထဲကိုဝင်မှာမဟုတ်တော့ပါဘူး။

ဒါ့ကြောင့် လူကြီးမင်းတို့အနေနဲ့ စားချင်စဖွယ်ဖြစ်အောင် ပုံနဲ့ပြရုံတင်မဟုတ်ဘဲ Branding Visual တွေနဲ့ပေါင်းစပ်ပြီး သူလိုကိုယ်လိုဆိုင်တွေရဲ့ကြားကနေ ခွဲထွက်လိုက်ဖို့အကြံပေးချင်ပါတယ်။

Branding Visual ဆိုတာ Logo တွေ၊ Color တွေ၊ Visual Element တွေနဲ့ ကိုယ့် Brand ကိုလူတွေသိလာအောင်၊ သတိရအောင်၊ အမြဲမှတ်မိနေအောင် Customer ရဲ့ ရင်ထဲထိစွဲအောင်လုပ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။

ဒီလိုမျိုး ကိုယ်ပိုင်ဟန်တစ်ခုကို Consistency အားကောင်းကောင်းနဲ့သာသုံးပေးမယ်ဆိုရင် ရှိပြီးသား Customer တွေကို ထပ်ခါထပ်ခါလာဝယ်အောင် ထိန်းထားနိုင်မှာဖြစ်သလို၊ Customer အသစ်တွေကလည်း သတိထားမိလာပြီး ရေရှည်မှာ ယုံကြည်ရတဲ့ Brand တစ်ခုအဖြစ် အခိုင်အမာ ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်။

အခုလို Branding Visual တွေနဲ့ဖောက်ထွက်ဖို့စဉ်းစားနေပြီဆိုရင်တော့ OZONE ကလည်း အထိရောက်ဆုံးဗျူဟာတွေနဲ့စနစ်တကျကူညီပေးဖို့အဆင်သင့်ရှိနေပြီဆိုတဲ့အကြောင်းကိုပါ သတင်းကောင်းပါးလိုက်ပါတယ်။

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

Photos from OZONE - Studio's post 21/08/2024

"မင်းဖြစ်နေလို့ကို ချစ်တာ" ဆိုတာ Marketing လုပ်တဲ့နေရာမှာလည်း ရှိပါတယ်။

Customer တွေက ကိုယ်ဖြစ်နေလို့ ဝယ်တာဆိုတာမျိုး ဖြစ်အောင် လုပ်လို့ရတယ်။
ဒီနာမည်ကြားလိုက်တာနဲ့ ဒီ Logo လေးမြင်လိုက်တာနဲ့ ယုံကြည်မှုက အလိုလိုနောက်ကလိုက်လာတာ၊ ဒီပစ္စည်းကို ဝယ်ကိုဝယ်ရမယ်ဆိုတဲ့ စိတ်ကအော်တိုဝင်လာတာမျိုးဖြစ်ဖို့ ကိုယ့်အမှတ်တံဆိပ်က Customer တွေရဲ့ ရင်ထဲထိ ရောက်နေရပါမယ်။

ကဲ...စဉ်းစားကြည့်ရအောင်
👉🏻ကော်ဖီဘယ်မှာသောက်မလဲ?
👉🏻ဆံပင် ဘယ်ဆိုင်မှာသွားညှပ်မလဲ?
ဒီမှာပေါ်လာတဲ့ နာမည်အားလုံးက ရင်ထဲရောက်နေလို့ ဘယ်ချိန်ထမေးမေးဒီဆိုင်တွေပဲ ဖြေမိမှာပဲ...
ဒါဟာ ဆိုင်ရဲ့ Customer Service နဲ့ Customer Satisfaction ကို ကောင်းကောင်းပေးထားနိုင်မှုတွေကြောင့်လို့ပြောရင်လည်း မမှားပါဘူး။

ဒါပေမဲ့ ကိုယ့်ဝန်ဆောင်မှုက ဘယ်လောက်ကောင်းကောင်း ကိုယ့်ဆိုင်နာမည်ကိုသူတို့မမှတ်မိရင် ကိုယ့်ဆီလာပါ့မလား?
နောက်တစ်ခုက ဖြတ်ခနဲ မြင်လိုက်တာနဲ့ နာမည်ကဆွဲဆောင်လိုက်လို့၊ Logo လေးကလှလို့ ကုန်းပစ္စည်းအကြောင်းစိတ်ဝင်စားသွားတာတွေလည်း တစ်ပုံကြီးပါ။

🔹အခုလိုမျိုး Wordmark, Symbol, Combo, Abstract, Mascot စသဖြင့် Logo Type တွေအများကြီးရှိတဲ့ထဲကမှ ကိုယ့်လုပ်ငန်းရဲ့ Value, Mission, Vision စတာတွေကို ဖော်ပြနိုင်တဲ့ ကိုယ့်လုပ်ငန်းနာမည်နဲ့ အလိုက်ဖက်ဆုံး Logo ကို ရွေးချယ်ဖန်တီးရပါတယ်။

🔹Logo တွေ နာမည်တွေဆိုတာ ရိုးရှင်းလေကောင်းလေ၊ မှတ်မိလွယ်လေကောင်းလေ၊ လုပ်ငန်းကို ကိုယ်စားပြုနိုင်လေကောင်းလေပါပဲ။

🔹ဒါ့ပြင် Competitor တွေကြားမှာ ကွဲပြားထင်ပေါ်နေဖို့လည်းလိုပါသေးတယ်...

ဒီလိုမျိုး Customer က ကိုယ့်ကိုလာရှာအောင် လုပ်နိုင်တဲ့
မြင်လိုက်တာနဲ့ သိစေ၊ မှတ်မိစေမယ့် လုပ်ငန်းနာမည်တွေ၊ Logo တွေကိုလည်း OZONE-Studio Team မှ
📍Business Research
📍Industry Research
📍Competitor Research
📍လုပ်ငန်းရဲ့ Product or Service Research တွေအဆင့်ဆင့်လုပ်ပြီး ဖန်တီးပေးနေပါပြီ။

𝐕𝐢𝐭𝐚𝐥𝐢𝐳𝐞 𝐘𝐨𝐮𝐫 𝐁𝐫𝐚𝐧𝐝 𝐰𝐢𝐭𝐡 𝐎𝐙𝐎𝐍𝐄

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

Photos from OZONE - Studio's post 15/08/2024

Social Media Design တွေမှာ ကိုယ့်လုပ်ငန်းကြော်ငြာတွေကို တင်ပြကြတဲ့အခါ မပါမဖြစ်အစိတ်အပိုင်းတစ်ခုကတော့ စာလုံး Font ပါ...

👉လုပ်ငန်းကြီးတွေကိုလိုက်ကြည့်ကြည့်မယ်ဆိုရင် Font ပုံစံကို တစ်သမတ်တည်းထားသုံးကြတာကို တွေ့ရပါလိမ့်မယ်...
(အချိန်ခဏလောက်ပေးပြီး ကိုယ်အရင်ဆုံးမှတ်မိတဲ့ လုပ်ငန်းကြီးတွေရဲ့ Page တွေမှာ ဝင်ကြည့်ကြည့်ပါ)
ဘာလို့လဲဆိုတော့ လူတွေရဲ့ အမြင်မှာစွဲနေဖို့ ဘက်ပေါင်းစုံကနေ Branding တည်ဆောက်ထားကြရတာမို့ပါ..
English စာ Font ဆို ဘယ်လိုပုံစံ၊ Myanmar Font ဆို ဘယ်လိုသုံးမယ်ဆိုတာတွေကို သေချာသတ်မှတ်ထားခြင်းမရှိဘဲ ကြုံရာသုံးနေတာတွေက Customer တွေကို မျက်စိရှုပ်စေပြီး ကိုယ့်လုပ်ငန်းကိုမှတ်မိဖို့ခက်စေနိုင်ပါတယ်...

ဒါ့ပြင် စကားလုံးတွေမှာတင် အဓိပ္ပာယ်ရှိတာမျိုးမဟုတ်ဘဲ စာလုံးပုံစံတွေမှာလည်း သူ့အဓိပ္ပာယ်နဲ့သူရှိပါတယ်...
👉ပျော်ရွှင်မှုကို ကိုယ်စားပြုမှာလား?
👉လေးနက်မှုကိုလား?
👉ကိုယ့် Audience က လူငယ်တွေလား၊ လူကြီးတွေလား?
မိန်းကလေးတွေလား ယောက်ျားလေးတွေလား?
ဒါတွေအကုန်လုံးကိုထည့်သွင်းစဉ်းစားရပါတယ်
ပြီးရင်တော့ Font Psychology, Trend, Competitor Analysis တွေပါသေချာလုပ်ပြီး Font Research လုပ်ငန်းစဉ်ကို စတင်ရပါတယ်...

ဒီကနေ စကာတင် Font ပုံစံတွေကို ဆွဲထုတ်ပြီး အရင်ဆုံး Brand Specialist အပါအဝင် Team တစ်ခုလုံးနဲ့ Test လုပ်ပြီးရွေးချယ်ရပါတယ်...

စသဖြင့် Test အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးနောက်မှသာ ကိုယ့်လုပ်ငန်းနဲ့ အလိုက်ဖက်ဆုံး၊ အသင့်တော်ဆုံး Font ကို ရရှိတာဖြစ်ပါတယ်🎯

အခုလို Font Research အပါအဝင် လုပ်ငန်းရေရှည်ရပ်တည်ဖို့ အဓိကလိုအပ်တဲ့ Brand Guideline တွေနဲ့ Image ခိုင်အောင်လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ OZONE- Studio ကို ဆက်သွယ်နိုင်ပါတယ်။

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

Photos from OZONE - Studio's post 13/08/2024

ကိုယ့်လုပ်ငန်းတစ်ခုလုံးကို ကိုယ်စားပြုမယ့် Color တွေကို
ကိုယ်ကြိုက်တဲ့အရောင်ရွေးခဲ့တာလား?
နေ့နာမ်တွေနဲ့ တွက်ချက်ပြီး ရွေးကြတာလား?
ဘယ်လိုပဲရွေးခဲ့ရွေးခဲ့ အရောင်အရွေးမှားခဲ့လို့ မြုပ်နေတဲ့ လုပ်ငန်းတော့မဖြစ်စေချင်ပါဘူး။

👉သေချာတာက အနီရောင်မြင်တာနဲ့ Coca Cola
👉အပြာရောင်ဆို Pepsi လို့တန်းသိအောင် ဒီ Brand ကြီးတွေကတော့ ဗေဒင်ဆရာနဲ့ အရောင်ရွေးခဲ့တာမဟုတ်ပါဘူးတဲ့...

ဒီလိုမျိုးလုပ်ငန်းရဲ့ Color ဆိုတဲ့ နေရာမှာ Logo ကိုပဲ ပြေးမြင်လို့မရပါဘူး။
ပါကင်ပစ္စည်းတွေ၊ Vinyl တွေ၊ ဆိုင်းဘုတ်တွေ၊ Social Media Design တွေအားလုံးမှာ Color တွေနဲ့ပဲ ဖော်ပြကြရပါတယ်...

ဝယ်သူတွေကကုန်ပစ္စည်းတွေကိုတစ်ခါဝယ်ယူပြီးနောက်မှာ နာမည်ကိုမမှတ်မိရင်နေ အရောင်ကိုတော့မှတ်ထားတတ်ကြပါတယ်...
ဥပမာ-အနီရောင်မုန့်ထုပ်
အဝါရောင်ဆိုင်းဘုတ်နဲ့ဆိုင် စသဖြင့်ပေါ့
ဒါကိုကြည့်ခြင်းအားဖြင့်လည်း Color က ဘယ်လောက်ထိအရေးကြီးလဲဆိုတာ မြင်သာနေပါတယ်...

ဒါ့ကြောင့် Color ရွေးချယ်တဲ့အခါ နေရာတိုင်းမှာပေါ်လွင်ပေါက်ရောက်နေဖို့ ကိုယ့်လုပ်ငန်းနဲ့
▪️ကိုယ့် Brand ကဘာလဲ?
▪️Audience တွေက ဘယ်သူတွေလဲ?
▪️ဘယ်လို Message နဲ့ ခံစားမှုမျိုးပေးချင်တာလဲ?
စတဲ့အချက်တွေအားလုံးကို ထည့်သွင်းစဉ်းစားရပါတယ်..

Brand Color တွေကို စတင် Research လုပ်တဲ့အခါမှာလည်း ကိုယ့် Brand ရဲ့ ရပ်တည်မှုကို သေချာသိရသလို Color Psychology လို့ခေါ်တဲ့ Color တွေရဲ့ အဓိပ္ပာယ်နဲ့ Culture တွေကိုလည်း နားလည်ထားရပါတယ်။

ဒါ့ပြင် Primary Color , Secondary Color စသဖြင့် အခြေအနေအရပ်အရပ်အလိုက်သုံးလို့ရမယ့် Color Palette တွေကိုပါ တစ်ခါတည်းဖန်တီးပေးရသလို
ရွေးချယ်ထားတဲ့အရောင်တွေက လက်တွေ့မှာတကယ်သုံးလို့အဆင်ပြေမပြေကိုလည်း Testing အမျိုးမျိုးနဲ့ ထပ်မံစစ်ဆေးရပါသေးတယ်။

🎯ဒါမှသာ ကိုယ့် Brand နဲ့ အလိုက်ဖက်ဆုံး၊ အကိုက်ညီဆုံး Color ကို ရမှာဖြစ်ပါတယ်...

ဒီတော့ အခုလက်ရှိကိုယ့်လုပ်ငန်းရဲ့ Color တွေကရော မှန်ရဲ့လား ရေရှည်ရပ်တည်ဖို့ တန်ရဲ့လားဆိုတာကို သေချာပြန်စမ်းစစ်ကြည့်ပါ။

ကိုယ်တိုင်ခေါင်းစားမခံနိုင်ရင်တော့ ဒီလိုမျိုး Color Research လုပ်ငန်းစဉ်ကိုအဆင့်ဆင့်လုပ်ဆောင်ပြီး လုပ်ငန်းတစ်ခုလုံးကိုကိုယ်စားပြုတဲ့ Color ကို ရွေးချယ်နိုင်ဖို့ OZONE ကို ဆက်သွယ်လိုက်ပါ...

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

27/07/2024

ပုံတွေ စာတွေပါနေတိုင်း ကြော်ငြာလို့ပြောလို့မရပါဘူး။

အခုလို ဘယ်နေရာကြည့်ကြည့် ကြော်ငြာတွေနဲ့ အပြိုင်အဆိုင်ရောင်းနေကြတဲ့ခေတ်မှာ လူတွေက ကြော်ငြာတွေကို ထုံလာပြီး ရိုးရိုးကြော်ငြာလောက်ဆို ကျော်ပစ်လိုက်ကြတာများပါတယ်...

ဒါ့ကြောင့် ကြော်ငြာတွေလုပ်တဲ့အခါ နည်းလမ်းမှန်ဖို့ပိုလိုလာပြီး
ရွေးချယ်စရာတွေအများကြီးထဲမှာ Customer တွေ ရွေးချယ်လိုက်တာ သင့်လုပ်ငန်းဖြစ်နေဖို့ လုံလောက်တဲ့ အကြောင်းပြချက်လိုပါတယ်...

ကြော်ငြာဆိုတဲ့နေရာမှာ အရင်ခေတ်ကတော့ TV ကြော်ငြာတွေကိုပြေးမြင်ကြပြီး အခုခေတ်မှာတော့ Social Media Post တွေ၊ Flyer တွေ၊ Vinyl တွေ၊ Billboard တွေ၊ နောက်ဆုံး Product Packaging တွေထိ ကျယ်ပြန်လာပါပြီ။

👉Packaging လေးလှလို့ Product ကိုသုံးကြည့်မိသွားတာ
👉လိုင်းပေါ်ကပုံလေးတွေ့လို့ လာဝယ်တာ စသဖြင့် လူတွေကိုယ့်စီရောက်လာတဲ့အကြောင်းအရင်းက ဖြတ်ခနဲကြည့်လိုက်တာနဲ့ ...ဒက်ခနဲသူတို့ရဲ့အာရုံကို အပြည့်အဝဖမ်းစားပစ်လိုက်ထိမိနေတဲ့ဒီဇိုင်းတွေကကြောင့်လို့ ပြောလို့ရပါတယ်

ဒါ့ကြောင့် ကြော်ငြာတွေလုပ်နေရဲ့သားနဲ့ မရောင်းရဘူးဆိုတာ ရိုးရိုးပဲပြမိနေသေးလို့ပါ။
ရိုးအီနေတဲ့ ကြော်ငြာဒီဇိုင်းတွေကနေ ရုန်းထွက်ပြီး OZONE နဲ့ ပြောင်းပြကြည့်ပါ...
ဒီလိုမျိုး ပြောင်းလဲချင်တဲ့လုပ်ငန်းရှင်တွေကတော့ Design နဲ့ ပတ်သတ်တဲ့ Service တွေအားလုံး One-stop ရနိုင်တဲ့ OZONE-Designing ကို ဆက်သွယ်နိုင်ပါပြီ။

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

23/07/2024

Customer တွေက ဝယ်ဖို့စဉ်းစားကြတဲ့အခါ ပထမဆုံးအဆင့်ကတော့ အမြင်နဲ့ အရင်ဆုံးဖြတ်လိုက်ကြတာပိုများပါတယ်🤔

ဘယ်သူကမှ ကိုယ့်ပစ္စည်းဘယ်လောက်ကောင်းလဲ အရင်မသိနိုင်ပါဘူး။ ရွေးချယ်စရာတွေအများကြီးမှာ သူတို့ ရဲ့ အမြင်အာရုံကို ဖမ်းစားလိုက်တဲ့အရာကိုပဲ စိတ်ဝင်စားပြီး ဆက်လက်ရှာဖွေဝယ်ယူဖို့ ဆုံးဖြတ်တတ်ကြပါတယ်...❗

အရင်က ကုန်ပစ္စည်းသာကောင်းပါစေ Social Media ပေါ်တင်ထားရုံနဲ့ ရောင်းရတယ်ဆိုပေမဲ့ အခုလို လုပ်ငန်းတိုင်းက အပြိုင်အဆိုင်ထိုးဖောက်နေကြတဲ့အချိန်မှာတော့ ကိုယ့်ပစ္စည်းကို လူတွေရပ်ကြည့်ဖို့ ကွဲပြားတဲ့ပုံစံတစ်ခုချမပြနိုင်ရင် Customer တွေနဲ့ လွဲနေဦးမှာအသေအချာပါပဲ...❗

ဒါ့ကြောင့် First Impression က အရမ်းအရေးကြီးတယ်လို့‌ ပြောနေရတာပေါ့...

ဒီအတွက်လည်း မပူပါနဲ့တော့...

တစ်ချက်ကြည့်လိုက်တာနဲ့ Scroll ဆက်လှိမ့်ဖို့ မေ့သွားလောက်တဲ့ထိ
▫️ကိုယ့် Product နဲ့ Service တွေကို တင်ပြတဲ့ပုံစံက ဆွဲဆောင်မှုရှိနေဖို့
▫️အမြင်နဲ့ ဆုံးဖြတ်တဲ့အခါ အမြဲသာနေဖို့
ဘယ်နေရာကနေပဲ ကြော်ငြာကြော်ငြာ အများကြားမှာ ပြိုင်စံရှားဖြစ်နေဖို့ OZONE-Designing နဲ့ အခုပဲ ချိတ်ဆက်လိုက်ပါ...
>>>>

☎️Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

22/07/2024

ဒီအိပ်မက်တွေက အခန်းငယ်လေးကနေစခဲ့တယ်...ဒီဇိုင်းတွေဆွဲနေရရင် ပျော်နေတတ်တဲ့ လူငယ်လေးတစ်ယောက်ကနေ စခဲ့တယ်...

ငယ်ငယ်ကတော့ "ပါဝါရိန်းဂျားအနီကောင်လုပ်ပြီး ကမ္ဘာကြီးကိုကယ်တင်မယ်" ပေါ့
အရွယ်ရောက်လာတော့ ပါဝါရိန်းဂျားမဖြစ်နိုင်မှန်းသိသွားတာနဲ့အတူ ပါဝါရိန်းဂျားဖြစ်ချင်တဲ့ အိပ်မက်ကတော့ Fail ဖြစ်သွားခဲ့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်းသိလာတာက ကမ္ဘာကြီးကို တကယ်လက်တွေ့ ကယ်တင်နေတာက အိုဇုန်းလွှာရှိမယ်။ ဒါပေမဲ့ အိုဇုန်းလွှာမဖြစ်နိုင်မှန်းလည်း သိတယ်။

ဒီတော့ အိပ်မက်ကို ဝါသနာနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အချိန်မှာတော့ အိုဇုန်းလွှာလို ခံယူချက်နဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ စတင်တော့တာပါပဲ။

လူတိုင်းကိုကယ်တင်မှာမျိုးတော့မဟုတ်ပါဘူး.....

ကိုယ်ရူးသွပ်တဲ့ Graphic Design ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လုပ်ငန်းတွေကိုပေါက်ရောက်ဖြစ်ထွန်းအောင် ကူညီပေးချင်တယ်။
ဝါသနာတူ လူငယ်တွေကို မျှဝေပေးချင်တယ်။

ဒီရည်ရွယ်ချက်တွေကနေ "OZONE" ဆိုတဲ့ နာမည်ဖြစ်လာခဲ့ပြီး "Vitalize your Brand with Designs!" ဆိုတဲ့ Mission Statement ပေါ်ထွက်လာခဲ့တာပါ...

တစ်ဖက်မှာ Graphic Design နဲ့ပတ်သတ်တဲ့ Free Class လေးတွေဖွင့်ပေးရင်း ခြေလှမ်းအသစ်တစ်ခုအနေနဲ့ ဒီ OZONE - Studio ကိုစတင်နိုင်ခဲ့ပါပြီ။

OZONE - Studio က အိုဇုန်းလွှာဖြစ်ပြီး OZONE ဝိုင်းတော်သားတွေကတော့ Creativity ဆိုတဲ့ Space ထဲမှာ မျောနေတဲ့ ဥက္ကာခဲလေးတွေပေါ့...
အကန့်အသတ်မရှိ၊ အတိုင်းအဆမရှိစီးမျောဖန်တီးကြမယ့် လူတွေ OZONE မှာ ရှိနေပါတယ်...

ဒီလို OZONE ကသာမန်ဒီဇိုင်းတွေကို‌ ဖန်တီးမှာမဟုတ်ပါဘူး။
Graphic Design ရယ် Marketing ရယ် Branding ရယ် ပေါင်းစပ်ပြီး ဘယ်လိုအရာတွေကို ချပြသွားမလဲဆိုတာကိုတော့ OZONE - Studio page လေးကနေ ဆက်လက်စောင့်ကြည့်နိုင်ပါတယ်...

Contact us
09 7990 999 04
09 97612 70 70
Mandalay
[email protected]

19/07/2024

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှစ​၍
ကောင်းမှုကုသိုလ်များ ဆထက်ထမ်းပိုးပြုနိုင်ပြီး ဘေးဘယာအပေါင်းကင်းကွာကြပါစေကြောင်း Ozone - Studio မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...

Want your business to be the top-listed Advertising & Marketing Company in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay