SPEED Auto Detailing Service

SPEED Auto Detailing Service

Share

CarWashing, Polishing, Paint Correction, Ceramic Coating, Interior Cleaning, Engine Detail Cleaning

တောက်ပြောင်သန့်ရှင်းရမည်။
၀န်ဆောင်မှု့ကောင်းရမည်။
တိကျမြန်ဆန်ရမည်။
စိတ်တိုင်းကျစေရမည်။
ဈေးနှုန်းမှန်ကန်ရမည်။
အရည်အသွေးကောင်းမွန်သော ပစ္စည်းများကိုသာ အသုံးပြထားပါသည်။

Photos from SPEED Auto Detailing Service's post 17/01/2024

ဘာကြောင့်ကားအတွင်းခန်းလျော်သင့်ပါသလဲ?

အပြင်လေထုက အညစ်ကြေးများ/ကားထဲတွင် အစားသောက် စားခြင်းများ/ဈေးဝယ်ခြင်းများ တင်ခြင်း/ကလေးငယ် လေးများစီးလေ့ရှိခြင်း/ Animals လေးများ တင်ဆောင် ခြင်းအစရှိသော ဖြစ်ရပ် များကြောင့်ကားအတွင်းခန်းအား ခြောက်လ တကြိမ် ခန့်လျော် သင့်ပါတယ်။ ကား အတွင်းခန်း ကိုပုံမှန် လျှော်ခြင်း ဖုန်စုပ် သန့်ရှင်းရေး လုပ်ပေးခြင်းကလည်း ကားစီးနေစဉ် ကျန်းမာရေး အတွက်ပါ အထောက်ကူပြုပါတယ်။ ကား အတွင်းခန်း ညစ်ပတ်နေခြင်းကြောင့် ဘတ်တီးရီးယားများ ပေါက်ဖွားမှု့ရှိသလို လူရဲ့အရေပြားကိုလည်း ချွေးမှတဆင့် ဘတ်တီးရီးယား ကပ်နိုင်ခြင်း ဘတ်တီးရီးယားများ ကားအဲကွန်းမှတဆင့် Recycle လည်ပတ် နေခြင်းကြောင့် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်တက်ပီး ကျန်းမာရေး ထိခိုက်နိင်ပါတယ်။ သန့်ရှင်းမှု့မရှိသော ညစ်ပေနေသော ကား များ အတွင်း ကလေးငယ်များ စီးနှင်းတဲ့အခါ ဘတ်တီးရီးယား များကြောင့် ကျန်းမာရေး ထိခိုက်နိင်ပါသည် ။ သို့ပါသောကြောင့် ကားအတွင်းခန်းကို ခြောက်လ တကြိမ်ပုံမှန် လျော်ပေးသင့်ပါတယ်။



092028236

Photos from SPEED Auto Detailing Service's post 15/01/2024

ဘာကြောင့် ကားကို COATING တင်သင့်သလဲ?

ကားတစီး ကို Coating ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ နိုင်ငံ၏ လမ်းများ အခြေအနေ/ရာသီဥတု အခြေအနေ/လေထုထဲတွင် ရှိသော ခဲစများ/ဖုန်များ/သဲများ/Polish တိုက်ရုံဖြင့် ကာကွယ်မှု့ မပေးနိုင်သော အခြေအနေများ/ ရေဆေး ရာတွင် နည်းစနစ် မမှန် ခြင်း စသည် တို့ကြောင့် ကား ၏ ဆေးသား ပေါ်တွင် ဖြစ်ပေါ်တက်သော Paint Scratch -Holograms - Swirl Marks တို့မှ ကာကွယ် ရန် ဖြစ်ပါသည်။ စက်ရုံမှထုတ်လုပ်သော ကားများသည် အပေါ်ယံ လိုက်ကာသာပါ ပါသည်။ ထို လိုက်ကာ အား မပါးအောင် ထိခိုက်မှု့ ကာကွယ်ရန် Coating တင်ခြင်းဖြစ်ပြီး Polish တိုက်သည်ဆိုတာကတော့ ထိုဆေးသားကို နူးညံ့ပြီး အိနေအောင် စိုပြေတောက်ပအောင် အပူဒဏ် ကာကွယ် အောင် ဆေးသွင်းခြင်းဖြစ်ပါသည်။ (ဥပမာ-လူတယောက်၏ ဦးခေါင်း နှင့် ဆံပင်အား မလျော် သန့်စင်ပဲ ဆီမလိမ်းပဲ ထားသည့်အခါ ခြောက်သွေ့ခြင်း ဖွာလာခြင်း ပြတ်ထွက်ခြင်း ကျွတ်ကြေခြင်း များဖြစ်ပေါ်လာ သောကြာင့် Shampoo နှင့် ခေါင်းလျော်၍ Conditioner ပျော့ဆေးသုံးခြင်း Treament ဆေးများဖြင့် ပေါင်းတင်ခြင်း စတဲ့ နည်းလမ်းများဖြင့် ထိန်းသိမ်း ကာကွယ်ခြင်းသို့ပင် ဖြစ်သည်။ )လူကြီးမင်း ၏ ကားကို Coating တင်ထားခြင်းဖြင့် ကား Polish ခဏခဏ တိုက်စရာ မလိုတော့ခြင်း/ဆေးသား လိုက်ကာကို အပေါ်ယံ အလွှာ တခုနေဖြင့် ဖုံးအုပ်ကာ ကွယ်ထားခြင်း ကြောင့် အစင်းရာ ခြစ်ရာများ/နေလောင် ဒဏ်များ/သစ်စေး/ငှက်ချေး များ ဆေးသားထဲ စိမ့်ဝင်သွားခြင်း များကို ကာကွယ်မှု့ပေးပါသည်။ သစ်စေး/ဌက်ချေး များတင်ကျန်မှု့အတွက် အချိန် ကြာမြင့် သွားပါက ဖျောက်ဖျက်ရန်မလွယ်ကူတော့ပါ။ Coating တင်ထား ပါက သိသိခြင်း ရေဆေးချပေးယုံဖြင့် ဆေးသားလိုက်ကာထဲ စိမ့်ဝင်သွားမှု့ ကို ကာကွယ် ပေးပြီး ပြန်လည် တောက်ပြောင် စိုပြေ လာခြင်းတို့ကို စွမ်းဆောင် ပေးပါသည်။



092028236

Photos from SPEED Auto Detailing Service's post 14/01/2024

ဘာကြောင့် ကား ကို ပေါလစ်တိုက်သင့်ပါလည်း?

Polish တိုက်ခြင်း ဆိုသည်မှာ ကားကိုလှဖို့ထက် လူကြီးမင်းတို့၏တန်ဖိုးကြီးလှသော ကား၏ မူလ ဆေးသားအရည်သွေး ကိုကြာရှည်ခံအောင် တန်ဖိုး မကျအောင် ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ 50/50 ပါပဲ လှဖို့ကားဆေးသား ကြံခိုင်ဖို့ပါ။

စနစ်တကျ ကား ပေါလစ် တိုက်ခြင်းရဲ့အကျိုးကျေးဇူးများ

၁.ရေဆေးယုံ ဖြင့်မပျောက်နိုင်သော အပြစ်အနာများ အား ပျောက်စေခြင်း

၂.ကားဆေးသားအား အမြဲပြောင်လက်နေခြင်း ၃.ကားဆေးသားအား အမြဲချောမွတ်နေခြင်း

၄.ဆေးသား အရောင်မကျအောင်ထိန်းသိမ်းပေးခြင်း

၅.နေရောင်ခြည်ဒဏ်၊မိုးရေ(အက်ဆစ်) ဒဏ်ကို ၄၀ ရာခိုင်နှုန်း(ကားကိုအမြဲဂရုစိုက်ပြီးပုံမှန်ထိန်းသိမ်းရင်+၂၀%) စုစုပေါင်း၆၀%ရာခိုင်နှုန်းကာကွယ်ပေးပါတယ်။

၆.ကားဆေးသားအား ခြောက်သွေ့/အက်ကွဲ/အရောင်ကျ ခြင်းစတာတွေမှ ကာကွယ် ပေးခြင်း။ (မှတ်ချက်: ခိုချေး ၊ ဌက်ချေး ၊ သစ်ပင် အစေးဒဏ် ကို တော့ ကာကွယ်မပေးနိုင်ပါဘူး။) ကားဆေးသား လိုက်ကာ ထိသွားတဲ့ အစင်းရာ လုံးဝမပျောက်ပါ။အပေါ်ယံ အစင်းရာ ပျောက်ပါတယ် (ဥပမာ.ခွေး/ကြောင် စတဲ့ တိရစ္ဆာန်လေးတွေ တက်ခြင်းကြောင့်.အဝတ်ကြောင့် ဖြစ်ပေါ်သော အစင်းရာများ/ပြင်ပတွင် ကား ရပ်ထားသော ကြောင့် ဖြစ်ပေါ်တက်သော အစင်းရာများ)



092028236



092028236

Photos from SPEED Auto Detailing Service's post 13/01/2024

Clear coat ပေါ်တွင်ဖြစ်ပေါ်တက်သောအစင်းရာများ

၁. "ပြန်ဆေးပေါ်ကအစင်းရာ" ဆေးမှုတ်ပြီး ပြည့်ပြည့်ဝဝမခြောက်သေးခင်မှာ ဖုန် တတ်လာတာကို အဝတ်ဖြင့် သုတ်လိုက်သောကြောင့်ပေါ်လာသောအစင်းရာ ကို သဘာဝအလင်းရောင်မှာ မှာသုတ်သည့်အခါမမြင်ရပဲ မီးဆလိုက်များအောက်တွင် သုတ်မှာသာမြင်နိင်ပါသည် ။ ထိုအစင်းရာသည် ကောင်းစွာမခြောက်သေးသော ဆေးသား/လိုက်ကာ ပေါ်ကို တံဆိပ်နိပ့်လိုက်သကဲ့သို့ ပေါ်လာသောအစင်းရာဖြစ်ပြီး ပျောက်ဖို့အတွက်ကို မျက်နှာပြင်တခုလုံး ကော်ပတ်ဖြင့် စားချပြီးညှိလိုက်မှသာ ပျောက်သွားနိုင်သည့် အစင်းရာပါ။ ပြန်ဆေးဖြစ်နေသည့်အတွက် မည်မျှအတိုင်းတာ ထုထည်မှုတ်ထားလဲဆိုတာ ဆေးမှုတ်ထားသည့် ပညာရှင်ကိုယ်တိုင်သာသိနိုင်ပြီး ဆေးမှုတ်ပြီးတာနဲ့ တခါတည်းပြုလုပ်ပေးရမည်သာဖြစ်ပါသည်။ ကားပေါလစ်တိုက်သူက ကိုယ်စားဝင်လုပ်ပေးရသည့်အခါ ပေါလစ်တိုက်သည့်သူအတွက် အန္တရယ်ရှိပြီး အလျော်စားရှိတဲ့ အစင်းရာပါ..

၂. "ကားရေဆေးသည့်အခါ ဖြစ်ပေါ်လာသောအစင်းရာ" ရေဆေးသည့် အဝတ်သို့မဟုတ် ရေသုတ်သည့် အဝတ်ညစ်ပေနေခြင်း သဲပါနေခြင်းကြောင့် ကားမျက်နှာပြင်ကို သုတ်သည့်အခါ အစင်းရာဖြစ်ခြင်း ကိုလည်း သဘာဝအလင်းရောင်အောက်တွင် မတွေ့ရှိရပဲ မီးရောင်တွေအောက်တွင်သာ တွေ့နိင်ပါသည် ။ ဒီလိုအစင်းရာမျိုးကိုတော့ Compoundဖြင့် ပေါလစ်တိုက် စားချလို့ ရပါသည် ပေါလစ်တိုက်သည့်အခါ အစင်းရာဖျောက်ခြင်တဲ့စိတ်တခုထဲနဲ့ပြုလုပ်လို့မရပါဘူး.. စက်တိုက်သည့်အရှိန် /ဖိအားအောက်ခံ အသုံးပြုမည့် Pad ကို ဂရုစိုက် သိရှိနားလည်ရန်လိုအပ်ပြီး နည်းစနစ်ကျကျသက်မှတ်အတိုင်း Compound တိုက်ရန်လိုအပ်ပါသည် ။

၃. "လေထုထဲတွင် အရှိန်ဖြင့်မောင်းနှင်သည့်အခါ ကားမျက်နှာပြင်ကို ရိုက်ခက်လာသော ကြောင့်ဖြစ်ပေါ်လာ သော Hologreams / Swirls များ" မီးရောင်အောက်တွင် ရှုပ်ထွေးနေသော ပင့်ကူမျှင်များကဲသို့ အကွင်းလိုက်ဖြစ်ပေါ်နေတာကို Holograms ဟုခေါ်ဆိုပြီး အများပြားရှိပြီး အရောင်မှိုင်းသွားပြီး အနုစိတ်ဖြစ်သွားတာကိုတော့ Swirls ဟုခေါ်ပါသည် ဒီလိုအခြေနေမျိုးကိုတော့ ဖျောက်ရလွယ်ကူပါတယ်ဒါပေမယ့် ဒီဟာကိုလည်း အသုံးပြုမည့်ဆေး Pad /speed ကိုလည်း သိရှိဖို့လိုပါတယ်။ Compound ဖြင့်ဂျီးချွတ်သည့်အခါ Pad ညစ်ပေနေခြင်း /ဆေးတွေ Pad ထဲ များပြားနေခြင်း /Speed မနိင်သည့်အခါတွင်လည်း ကိုကိုယ်တိုင် ပေါ်လစ်တိုက်နေရင်း Holograms /Swril တို့ကိူ ကိုယ်တိုင်ပြုလုပ်နေခြင်းများ ဖြစ်တတ်ပါတယ်။ ဆေး၏ အာနိသင်နှင့် အသုံးဝင်ပုံ စနစ်တကျအသုံးပြုပုံတို့ကို သေချာသိရှိနားလည်မှသာပျောက်နိင်ပါသည် ။

၄. "Compound/ Polish/ Glaze/ Wax တဆင့်ခြင်းပေါ်လစ်တိုက့်ပီးတိုင်းအဝတ်ဖြင့် ပြန်သုတ်သည့်အခါဖြစ် ပေါ်လာသော အစင်းရာများ"
ကျနော်တို့ ပထမဆုံး Compound တိုက်ပြီး ပေါလစ်မတိုက်ခင် ဂျီးများဆေးများကို အဝတ်ဖြင့်ပြန်သုတ်ရပါ တယ်. ပြန်သုတ်သည့်အခါအဝတ် မသန့်ခြင်း (ဆေးပေါင်းစုံရှိနေသော အဝတ် /သဲမှုန်ပါဝင်မှု့ရှိနေသော အဝတ်) ကြောင့်လည်း ကားမျက်နှာပြင်ပေါ်ကို ပြန်ပြီး အစင်းရာဖြစ်ပေါ်စေပါတယ်။ အဝတ်တိုက်သည့် နည်းစနစ် ကောင်းမှသာ အစင်းရာပြန်မဖြစ်ပေါ်မှာပါ ဒါ့ကြောင့်လုံးဝမဖိပဲ ဆေးတွေ ကို ပေါ့ပေါ့ပါးပါးသန့်ရှင်းရေးပြန်လုပ်ရပါမယ်..အထူးသတိထားရမှာ တော့ နောက်ဆုံး Finishing ပိုင်းတခုဖြစ်သော Wax ကိုAnti- Holograms Pad ဖြင့် တိုက်ပြီးသောအခါ ဆေး ထည့်တာများရင် လည်း မျက်နှာပြင်ပေါ် အဆီဝေ့ ပြီးပြန်သုတ်သည့် အခါ ခက်ခဲပြီး အစင်းရာဖြစ်တတ်ပါတယ်။

၅. "တမင်တကာချွန်ထက်သောအရာဖြင့် ခြစ်ခံရသောအစင်ရာ" လက်သဲလေးနဲ့ ထစ်ကြည့်တဲ့အခါ ထစ်နေပြီဆိုရင်ဒီအစင်းရာကို ဖျောက်လို့မရတော့ပါ အပေါ်ယံ Clear Coat ခေါ် လိုက်ကာလည်း ပါသွားနိုင်သလို အောက်ခံဆေးသားလည်း ပါသွားနိုင်ပါတယ် ဖျောက်ပြစ်လို့ မရပါ ဆေးပြန်မှု့တ်မှသာ ရနိင်ပါတယ်။

ကားကို ပေါလစ်တိုက်တဲ့သူ ဘယ်လောက် ကောင်းကောင်း ကားပိုင်ရှင်အနေနဲ့ကလည်း ဂရုတစိုက် ထိန်းသိမ်း ပေးမှသာ ကားပေါလစ် ခဏခဏ တိုက်စရာမလိုပဲ အမြဲသစ်လွင်တောက်ပတဲ့ ကားတစီးဖြစ်စေမှာပါရေဆေးသည့်အခါ Car Shampooဖြင့် ရေဆေးခြင်း ရေဆေး ပြီးတိုင်း Wax & Sealant သုတ်ပေးခြင်းတို့ကိုမှန်မှန်လေးပြုလုပ် ထိန်းသိမ်းသွားရင်လည်း ကားပေါ လစ် ခဏခဏတိုက်ရခြင်းမှ ကင်းဝေးပြီး အမြဲဆေးသားလိုက်ကာကြံ့ခိုင်မှု့ကောင်းပြီး လှပနေမှာပါ။

092028236

12/10/2022

🙇မိတ်ဟောင်း၊ မိတ်သစ်များ အားလုံးကို အားနာစွာဖြင့် အကြောင်းကြားအပ်ပါသည်။

👷ဆိုင်ခန်း အပြောင်းအရွှေ့ ပြုလုပ်နေသောကြောင့်
ကား/ဆိုင်ကယ် ရေးဆေးခြင်းများကို ခေတ္တယာယီ ရပ်နားထားပါသည်။

🤩လူကြီးမင်းတို့၏ ကားများကို အစဉ်အမြဲ သန့်ရှင်းတောက်ပြောင်စေဖို့ Polish, Coating and Detailing များကို OnCall စနစ်ဖြင့် လက္ခံဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။🤩

ဆက်သွယ်ရန် 🤙092028236 - 09752828236

Photos from SPEED Auto Detailing Service's post 10/10/2022

092028236

ယုံကြည်စိတ်ချစွာ ခေါ်ယူအားပေးသော လူကြီးမင်းတို့ကို ​‌ကျေးဇူးအထူးတင်ပါတယ်။ လူကြီးမင်းတို့၏ လုပ်ငန်းများ တိုးတက်ကြီးပွားပါစေ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်၀ပါ‌စေ။

Photos from SPEED Auto Detailing Service's post 13/05/2022

ယုံကြည်စိတ်ချစွာ လာရောက်အားပေးသော လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ လူကြီးမင်း၏ လုပ်ငန်းများလည်း အဆင်ပြေချောမွေ့ အောင်မြင်ပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်၀ကြပါစေ။
092028236

Photos from SPEED Auto Detailing Service's post 02/05/2022

092028236

ယုံကြည်စိတ်ချစွာ ခေါ်ယူအားပေးသော လူကြီးမင်းတို့ကို ​‌ကျေးဇူးအထူးတင်ပါတယ်။ လူကြီးမင်းတို့၏ လုပ်ငန်းများ တိုးတက်ကြီးပွားပါစေ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်၀ပါ‌စေ။

Photos from SPEED Auto Detailing Service's post 29/04/2022

ယုံကြည်စိတ်ချစွာ လာရောက်အားပေးသော လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ လူကြီးမင်း၏ လုပ်ငန်းများလည်း အဆင်ပြေချောမွေ့ အောင်မြင်ပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်၀ကြပါစေ။
092028236

Photos from SPEED Auto Detailing Service's post 28/04/2022

092028236

ယုံကြည်စိတ်ချစွာ ခေါ်ယူအားပေးသော လူကြီးမင်းတို့ကို ​‌ကျေးဇူးအထူးတင်ပါတယ်။ လူကြီးမင်းတို့၏ လုပ်ငန်းများ တိုးတက်ကြီးပွားပါစေ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်၀ပါ‌စေ။

Want your business to be the top-listed Autos & Automotive Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00