Insight Learning Hub

Insight Learning Hub

Share

ဒီကမ္ဘာကို ကျွန်မတို့တစ်ခေါက်ပဲလာခွင့်ရတာဆိုရင်ရော အခုရောက်တုန်းလေး ကြိုးစားကြမယ်မဟုတ်လား?

ကြိုးစားကြမယ်၊ ရလဒ်ကောင်းတွေယူကြမယ်။ 🫶

10/09/2026
10/09/2026

Introducing the future ACCA Qualification: keeping you ahead in a changed world. Find out more about the changes: https://bit.ly/4dnzoo0

Photos from Insight Learning Hub 's post 07/09/2026

ACCA Foundation (RQF level3)အတန်းလေးစဖို့ ၂ရက်ပဲလိုပါတော့တယ်ရှင်

ဘယ်သူတွေတက်လို့ရလဲ ?

ACCA foundation (RQF level2) ပြီးထားတဲ့ ဘယ်သူမဆို join လို့ပါတယ်။

LCCI level 2 ပြီးထားရင်လဲ Insight Learning Hub ရဲ့ ACCA foundation (RQF level 2) video class လေးကို Free of charges ဝင် join ပြီး FA2 MA2 ကို တက်လို့ရပါတယ်ရှင်

သင်တန်းကြေးနဲ့ အသေးစိတ်အချက်လက်များကို page messenger ကနေမေးမြန်းလို့ရပါတယ်ရှင်

03/09/2026

စာရင်းကိုင်ကို ဘယ်ကနေစရမလဲ။

Photos from Insight Learning Hub 's post 02/09/2026

🎉 Big Congratulations to Our Scholarship Winners! 🎉

Insight Learning Hub ရဲ့ ACCA Foundation RQF Level 3 (MA2) အတန်းအတွက် Scholarship ရရှိသွားကြတဲ့ ကျောင်းသူ ၂ ဦးစလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 👏✨

✨ Scholarship Winners ✨

* 🏆 Aye Mya Mya Lwin – 100% Scholarship Winner

* 🥈 Khin Myo Htwe – 50% Scholarship Winner

ကြိုးစားအားထုတ်မှုနဲ့အတူ ထူးချွန်စွာနဲ့ ပညာသင်ဆုများ ရရှိသွားကြတဲ့အတွက် Insight Learning Hub မိသားစုမှ အထူးပင် ဂုဏ်ယူမိပါတယ်။

ရှေ့ဆက်ရမည့် ACCA ခရီးစဉ်မှာလည်း အောင်မြင်မှုပေါင်းများစွာနဲ့အတူ ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photos from Insight Learning Hub 's post 02/09/2026

ACCA Part One
Diploma in Accounting and Business (RQF Level 4) အကြောင်း ပြောပြပေးပါမယ်ရှင် 😉

ACCA foundation RQF Level 2, Level 3 တွေ မဖြေခဲ့ရင်လည်း RQF Level 4 ဖြစ်တဲ့ part one ဘာသာရပ်တွေကို တိုက်ရိုက် တက်ရောက်ဖြေဆိုလို့ ရပါတယ်နော်။

RQF Level 4 မှာ ပါဝင်တဲ့ ဘာသာရပ်တွေကတော့ -

* FFA Foundations in Financial Accounting
* FMA Foundations in Management Accounting
* FBT Foundations in Business and Technology

* FiP Foundations in Professionalism module

(Level 2 ဒါမှမဟုတ် Level 3 တုန်းက FiP module ဖြေဆိုထားပြီးသားဆိုရင် Level 4 ရောက်မှ FiP ကို ထပ်မဖြေရတော့ပါဘူးနော် 🔅)

၂၀၂၇ July သင်ရိုးသစ် ပြောင်းလဲချိန်မှာ Level 4 ဘာသာရပ်တွေ ဘာဖြစ်သွားမလဲ? 🌼

သင်ရိုးအသစ်မှာ Knowledge Level အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပြီး Higher Diploma in Accounting and Business (RQF Level 4) အမည်နဲ့ ရရှိတော့မှာပါ။

၂၀၂၇ July မတိုင်မီ Level 4 ဘာသာရပ်အချို့ ဖြေဆိုထားသူတွေအတွက် ကင်းလွတ်ခွင့် (Credit) တွေ ဘယ်လို ရမလဲဆိုရင် 👇

* FFA အောင်ထားသူများ:
သင်ရိုးသစ်
F1 (Accounts Preparation) ရော
K1 (Financial Accounting) ဘာသာရပ် ၂ ခုလုံးအတွက် Credit ရပါမယ် 🤩

* FMA အောင်ထားသူများ:
သင်ရိုးသစ် F2, F3 နဲ့
K2 (Management Accounting) ဘာသာရပ် ၃ ခုလုံးအတွက် Credit ရပါမယ် 🤩

* FBT အောင်ထားသူများ: သင်ရိုးသစ် Employability Module အတွက် တိုက်ရိုက် Credit ရပါမယ်။

📌 အထူးသတိပြုရမည့် အရေးကြီးအချက် ၂ ချက်

အချိန်ရသေးရင် FBT နဲ့ FiP ကို ၂၀၂၇ မတိုင်မီ အပြီးလုပ်ထားသင့်ပါတယ်။

FBT မဖြေရသေးရင် သင်ရိုးသစ်ရဲ့ ကြေးငွေ ပေးသွင်းရမည့် Employability Module ကို ပြန်ဖြေရပါမယ်။

FiP က လက်ရှိမှာ အခမဲ့ (Free) ဖြစ်လို့ အခုတည်းက အချိန်ရသေးရင် အပြီးဖြေထားတာ အမြတ်ဆုံးပါပဲနော်။

K3 Business Law ဘာသာရပ်သစ် ပါဝင်လာခြင်း

သင်ရိုးသစ်၏ Higher Diploma ရယူရန် သို့မဟုတ် Part two (Expertise Level) သို့ ဆက်လက်တက်ရောက်ရန်အတွက် K3 Business Law စာမေးပွဲကို ထည့်သွင်းဖြေဆိုရမှာ ဖြစ်ပါတယ်။
Foundation ဘာသာရပ်တွေအတွက် link 👇

https://m.facebook.com/story.php?story_fbid=122331885608213448&id=61556403450777&mibextid=wwXIfr

ကဲ... ဒါဆိုရင် ACCA Foundation & Knowledge Level တွေရဲ့ ၂၀၂၇ သင်ရိုးအပြောင်းအလဲအကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြပြီ ထင်ပါတယ်ရှင် ✨

FFA=FA
FMA=MA
FBT=BT

သိချင်တာ ဒါမှမဟုတ် မရှင်းတာများရှိရင် Comment မှာ မေးခွန်းလေးတွေ ချန်ခဲ့လို့ရပါ
တယ်နော် 📥

Photos from Insight Learning Hub 's post 02/09/2026

FIP module အကြောင်းပြောခင် ~

ACCA Foundation ဘယ်နှဆင့်ရှိလဲ ဘာDiploma တွေရမှာလဲ အရင်ကြည့်ရအောင်…

ACCA စတက်မယ့် ကျောင်းသားတိုင်း ပထမဆုံး ရမယ့် Diploma 👇

1️⃣ ACCA Diploma in Financial and Management Accounting (RQF Level 2)

ဖြေဆိုရမည့် ဘာသာရပ်များ:
FA1: Recording Financial Transactions
MA1: Management Information

ပညာအရည်အချင်း ညီမျှမှု: UK GCSE Standard

လုပ်ကိုင်နိုင်မည့် ရာထူးများ: SME ကုမ္ပဏီများတွင် Junior Accounts Clerk / Junior Bookkeeper ရာထူး

သို့မဟုတ်

ကုမ္ပဏီကြီးများ၏ စာရင်းကိုင်ဌာနတွင် Junior Accounting Administration အဆင့်များ။

2️⃣ ACCA Diploma in Financial and Management Accounting (RQF Level 3)

ဖြေဆိုရမည့် ဘာသာရပ်များ:
FA2: Maintaining Financial Records
MA2: Managing Costs and Finance

ပညာအရည်အချင်း ညီမျှမှု: UK 'A' Level Standard

လုပ်ကိုင်နိုင်မည့် ရာထူးများ: ကုမ္ပဏီ/အဖွဲ့အစည်းအမျိုးမျိုးတွင် Accounting Administration ရာထူးများ

သို့မဟုတ်

စာရင်းကိုင်ဌာန/Financial Shared Services (GBS) များတွင် Financial / Cost and Management Accounting ဆိုင်ရာ ရာထူးများ။

3️⃣ ACCA Diploma in Accounting and Business (RQF Level 4)

ဖြေဆိုရမည့် ဘာသာရပ်များ:
FBT: Business and Technology
FFA: Financial Accounting
FMA: Management Accounting

ပညာအရည်အချင်း ညီမျှမှု: တက္ကသိုလ်ပထမနှစ် (First Year Degree)

သို့မဟုတ်

HND Level Standard

လုပ်ကိုင်နိုင်မည့် ရာထူးများ: Trainee Accountant, Basic Bookkeeper

သို့မဟုတ်

Public Sector များတွင် Accounts Clerk ရာထူးများ။

📌 အဲ့တော့ သက်ဆိုင်ရာ levelမှာ ဖြေဆိုရမယ့် ဘာသာရပ်တွေဖြေပြီးရင် Diploma ရဖို့ 👉(Foundations in Professionalism Module)

မည်သည့် Diploma ဘွဲ့လက်မှတ်မဆို တရားဝင် ရရှိရန်အတွက် Foundations in Professionalism (FiP) ဆိုသည့် စာရင်းကိုင် ကျင့်ဝတ်ဆိုင်ရာ Free Online Module လေးကို အွန်လိုင်းမှ ဖြေဆိုအောင်မြင်ထားရန် လိုအပ်ပါတယ်။

ACCA Foundations in Accountancy (FIA) တက်ရောက်နေသည့် ကျောင်းသူ/သားများ အားလုံး မဖြစ်မနေ ပြုလုပ်ရသည့် (Online Module) တစ်ခု ဖြစ်ပါတယ်။

လုပ်ငန်းခွင်တွင် မရှိမဖြစ် လိုအပ်သော ကျင့်ဝတ်ဆိုင်ရာ မူများနှင့် မူဝါဒများကို နားလည်စေရန် ရည်ရွယ်၍ စီစဉ်ထားခြင်းလည်း ဖြစ်ပါတယ်။

အဓိက ပါဝင်သည့် အချက်အလက်များ

ဘယ်လို လေ့လာရမလဲ:

အွန်လိုင်းမှတစ်ဆင့် မိမိစိတ်ကြိုက် အချိန်ယူ၍ Interactive စနစ်ဖြင့် လေ့လာနိုင်ပါသည်။ အချိန်ကန့်သတ်ချက် (Time limit) မရှိပါ။

ဘယ်အချိန် ဖြေဆိုရမလဲ:

FIA စာမေးပွဲ မဖြေဆိုမီ သို့မဟုတ် ဖြေဆိုပြီးမှ ဖြစ်စေ ကြိုက်နှစ်သက်သည့် အချိန်တွင် ဖြေဆိုနိုင်ပါတယ်။

FIA သင်ရိုးတစ်ခုလုံးအတွက် တစ်ကြိမ်သာ ပြုလုပ်ရန် လိုအပ်တာပါ။

ပါဝင်သော သင်ရိုးအပိုင်းများ (Learning Units):

1. Ethics and professionalism (ကျင့်ဝတ်နှင့် ပရော်ဖက်ရှင်နယ် ဆန်မှု)

2. Personal effectiveness (တစ်ဦးချင်း စွမ်းဆောင်ရည် မြှင့်တင်မှု)

3. Communication and interpersonal skills (ဆက်ဆံရေးနှင့် ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှု)

အကဲဖြတ်စစ်ဆေးခြင်းနှင့် အကျိုးကျေးဇူးများ

စစ်ဆေးပုံ စနစ်:

သင်ခန်းစာတစ်ခုစီတွင် Quizzes နှင့် Activities များ ပါဝင်ပြီး သင်ရိုးအဆုံးတွင် End of Module Assessment ကို ဖြေဆိုရပါမယ်။

အောင်မှတ် သတ်မှတ်ချက်:

အောင်မှတ်မှာ ၅၀% ဖြစ်ပြီး မအောင်မြင်ပါက အောင်မြင်သည်အထိ အကြိမ်ကြိမ် ပြန်လည်ဖြေဆိုနိုင်ပါတယ်။

EPSM Exemptions:

၁၇ ဇူလိုင် ၂၀၂၃ နောက်ပိုင်း FiP အောင်မြင်ထားသူများသည် ACCA Qualification (part two)သို့ ဆက်လက်တက်ရောက်ပါက EPSM (Ethics and Professional Skills Module) ၏ ပထမ သင်ရိုး ၃ ခုမှ ကင်းလွတ်ခွင့် (Exemption) ရရှိမည် ဖြစ်ပါတယ်။

FIA ဘွဲ့လက်မှတ်များ (Diplomas) တရားဝင် ထုတ်ယူနိုင်ရန်အတွက် စာမေးပွဲများ အောင်မြင်ရုံသာမက ဒီ FiP Module ကိုပါ ဖြေဆိုဖို့ လိုအပ်ပါတယ်ရှင်။

Photos from Insight Learning Hub 's post 02/09/2026

ACCA စတက်မယ်ဆိုဘယ်လိုစတက်ရမှာလဲ?

ACCA က ၂၀၂၇ July မှာ structure ပြောင်းတော့မယ်ဆို​တာ တော်တော်များများ သိပြီးလောက်ပြီ ဖြစ်မှာပါ။

အခုမှ ACCA ကို စjoin မယ်လို့စဉ်းစားထားတဲ့သူတွေအတွက်ရော …. 🌟

အခု ACCA foundation တက်နေပြီး 2027 မှာ ဘယ်လိုဖြစ်မှာလဲ သိချင်တဲ့ သူတွေအတွက်ရော 🌟

2027 July မှ ACCA စလုပ်မယ့်သူတွေအတွက်ရော 🌟

Foundation level အ​ကြောင်း ပြောပြပေးသွားပါမယ်ရှင် 😉

အခု ACCA စတက်မယ့် ကျောင်းသားတွေအနေနဲ့ သိထားရမှာက ACCA foundation level 2ခုရှိပါတယ်။

ACCA Diploma in Financial and Management Accounting (RQF Level 2)

MA1 Management Information
FA1 Recording Financial Transactions
Foundations in Professionalism module (FiP)

ACCA မှာ foundation diploma တွေရဖို့အတွက် FiP module လေးဖြေရပါတယ်။ 🔅

အဲ့တော့ RQF Level2 Diploma ရဖို့အတွက်
FA1 MA1 အပြင် free of charges နဲ့ဖြေရတဲ့ online ethic FIP module လေးတစ်ခု ရော ဖြေဆိုရမှာပါ။

ဒါကတော့ level 2 ....

နောက်ထပ် RQF Level3

အဓိကသိရမှာက👇
(RQF Level 2 ကို မ​ဖြေထားလဲ RQF level 3 တက်လို့ရပါတယ်)

ACCA Diploma in Financial and Management Accounting (RQF Level 3)

MA2 Managing Costs and Finance
FA2 Managing Financial Transactions
Foundations in Professionalism module (FiP)

အဲ့တော့ RQF Level3မှာလဲ Diploma ရဖို့အတွက် လည်း
FA2 MA2 အပြင် free of charges နဲ့ဖြေရတဲ့ online ethic FiP module လေးတစ်ခု ရော ဖြေဆိုရဦးမှာပါ။

နောက်တစ်ခုသိထားရမှာက👇

(RQF Level2 မှာ FiP module ဖြေခဲ့ရင်RQF Level3 မှာ​ထပ်ဖြေစရာမလိုတော့ပါဘူး)

ဒါကတော့ Level 3 ပေါ့ ~

Foundation level 2ဆင့်တက်ပြီးရင်တော့ အားလုံးသိကြတဲ့ACCA part one ကိုရောက်သွားတာပေါ့နော်

(Foundation level တွေမှာ UK exam တွေမဖြေခဲ့ရင်လဲ part one ကိုတက်လို့ရပါတယ်။)

Part one အကြောင်းကိုနောက် post တစ်ခုမှာ ရေးထားပါတယ်ရှင်👇

https://m.facebook.com/story.php?story_fbid=122331896720213448&id=61556403450777&mibextid=wwXIfr

ကဲ အသစ်ပြောင်းပါပြီရှင်~~~ 🌼🌼🌼

၂၀၂၇ July လ ကနေ စပြီးတော့ ACCA က structure ပြောင်းသွားပြီဆိုတော့...

ACCA ရဲ့ Qualification ကို ဝင်ရောက်မယ့် လမ်းကြောင်းမှာ Foundations level တစ်ခုတည်းအဖြစ် ပိုမိုကျစ်လစ်အောင် ပြင်ဆင်
လိုက်တဲ့အတွက် အခု ဒီပလိုမာ (RQF Level 2) အတွက် တိုက်ရိုက်ညီမျှသော level ဟာ သင်ရိုးအသစ်မှာ ရှိတော့မှာ မဟုတ်ဘူးနော် 😌

သင်ရိုးသစ်မှာတော့ Foundations level ပြီးစီးပါက ပထမဆုံးရရှိမည့် ဒီပလိုမာကတော့ Diploma in Accounting and Business (Level 3) ဖြစ်ပါတယ်။

၂၀၂၇ မှာ ACCA Diploma in Financial and Management Accounting (RQF Level 2) ကို ရုပ်သိမ်းလိုက်သော်လည်း၊

မပြောင်းလဲမီ ရရှိထားပြီးသား ဒီပလိုမာတွေရဲ့ အသိအမှတ်ပြုမှုနဲ့ အတည်ဖြစ်မှုတို့အပေါ် လုံးဝ ထိခိုက်မှုမရှိပါဘူးနော်🤩

အဲ့တော့ 2027 မတိုင်ခင် foundation ဘာသာရပ်အချို့ ဖြေဆိုခဲ့ပြီးရင်ရော new structure ပြောင်းသွားရင်ဘယ်လိုဖြစ်မလဲ သိချင်တဲ့ သူတွေအတွက် ဆက်ပြောပြပေးပါမယ်။

(အောင်ပြီးသား ဘာသာရပ်များအတွက် အကဲဖြတ် ကင်းလွတ်ခွင့် Exemption / Credit ပြန်ရပါမယ်။)

ကင်းလွတ်ခွင့် ရရှိနိုင်မှုကိုတော့ ပုံထဲမှာ ဖော်ပြထားပါတယ်။

နောက်ထပ်သိထားရမယ့် တစ်ခုက

Foundations in Professionalism (FiP) moduleဟာ အခမဲ့ (Free) ဖြစ်ပါတယ်။

အသေးစိတ်ရေးပေးထားတဲ့ link👇

https://www.facebook.com/share/p/1CMe5HYXvs/?mibextid=wwXIfr

သင်ရိုးသစ်တွင် အစားထိုးလာမည့် Enterprise and Entrepreneurship Essential Employability Module မှာ နာရီ ၄၀ ခန့် ကြာမြင့်မည်ဖြစ်ပြီး ကြေးငွေပေးသွင်းရမည် ဖြစ်ပါတယ်။ (ဈေးနှုန်းကို ၂၀၂၇ January မှာ ACCA ဘက်က အတည်ပြုပေးမှာပါ။)

အဲ့တော့ foundation level တက်မယ့် သူတွေလည်း သေချာသိသွားမယ်ထင်ပါတယ်။

မေးချင်တာရှိရင်လဲ မေးခွန်းလေးတွေcomment မှာ ချန်ထားခဲ့လို့ရပါတယ်ရှင်။

02/09/2026

ACCA Foundation level ထဲကတစ်ခုဖြစ်တဲ့ ( RQF level 2) FOC class လေးကို join ရင်း နောက်တစ်ဆင့်ကို တက်လှမ်းကြသူများထဲမှ RQF level 3 ရဲ့ FA2 ဘာသာရပ်ကို 50% Scholarship ရရှိခဲ့ကြပါတယ်ရှင်

Congratulations to our ACCA Foundation (RQF Level3) FA2 Scholarship Winners! 🏆

We're so proud to announce the top performers from our recent FA1 to FA2 level advancement test.

These students have shown exceptional commitment and skill!

A huge round of applause to our 50% Scholarship winners:

🏆 Thae Thae
🏆 Zin May Aung
🏆 Aye Mya Mya Lwin

Congratulations on your achievement!

We can't wait to see your continued success as you move to the FA2 level. Keep up the amazing work!

📍 For any queries regarding class registration, please send us a message.

Category

Address


33rd Street Between 74th And 75th
Mandalay
05024

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Insight Learning Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.