TRI STAR
Vocational Training Center
စိတ်ချမ်းချမ်းသာသာနဲ့ ဘဝကို ဖြတ်သန်းချင် တယ်ဆိုတာ လူတိုင်းတောင့်တတဲ့ အစစ်အမှန် ချမ်းသာခြင်းပါ။ ဗုဒ္ဓအဆုံးအမတွေနဲ့အညီ စိတ် အေးချမ်းစေမယ့် "နှလုံးသွင်းနည်း ၅ သွယ်" ကို အကြံပြုပါရစေ။
၁။ ပစ္စုပ္ပန် တည့်တည့်မှာ နေပါ
စိတ်ဆင်းရဲရခြင်းရဲ့ အဓိကတရားခံဟာ အတိတ် ကို နောင်တရတာ နဲ့ အနာဂတ်ကို စိုးရိမ်တာ ပါပဲ။ လွန်ခဲ့တာတွေကို ပြန်ပြင်လို့ မရတော့သလို၊ မ ရောက်သေးတာတွေကိုလည်း ကြိုပူစရာမလိုပါ ဘူး။
လက်ရှိလုပ်နေတဲ့ အလုပ်၊ လက်ရှိရောက်နေတဲ့ နေရာမှာပဲ စိတ်ကိုထားပါ။ အခု ငါအသက်ရှူနေ တယ်၊ အခု ငါအလုပ်လုပ်နေတယ် လို့ သိနေတာ ဟာ စိတ်အေးချမ်းမှုရဲ့ အစပါပဲ။
၂။ လွှတ်ချခြင်း အတတ်ပညာကို ကျင့်သုံးပါ လောကမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။
သူတစ်ပါးရဲ့ အပြောအဆို၊ ရာသီဥတု၊ ကံကြမ္မာ အလှည့်အပြောင်း... ဒါတွေကို လိုက်ပြင်နေရင် စိတ်ပန်းရုံပဲရှိပါမယ်။
သူ့သဘော သူဆောင်တာပဲ လို့ နှလုံးသွင်းပြီး ကိုယ်နဲ့မဆိုင်တာတွေကို လွှတ်ချလိုက်ပါ။ စိတ်ထဲ မှာ ဝန်ပေါ့သွားတာကို ခံစားရပါလိမ့်မယ်။
၃။ ရသမျှနဲ့ ရောင့်ရဲခြင်း
သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာဟာ စိတ်ဆင်းရဲခြင်းကို ဖိတ်ခေါ်တာနဲ့တူပါတယ်။ မိမိမှာရှိတဲ့ အရာလေးတွေကို တန်ဖိုးထားပါ။
ငါ့မှာ ဒါလေးရှိနေတာ တော်သေးတာပဲ ဆိုတဲ့ အသိက စိတ်ကို ချက်ချင်းအေးချမ်းစေပါတယ်။ လောဘနည်းလေ၊ ပူလောင်မှု ကင်းလေပါပဲ။
၄။ မေတ္တာထားပါ
စိတ်ထဲမှာ တစ်ဦးတစ်ယောက်ကို အငြိုးထားတာ၊ မုန်းတာဟာ ကိုယ့်ရင်ဘတ်ထဲမှာ မီးခဲဆုပ်ထားတာ နဲ့ တူပါတယ်။
ညအိပ်ခါနီးတိုင်း အားလုံးကို ခွင့်လွှတ်လိုက်ပါ။ အားလုံး အဆင်ပြေကြပါစေ လို့ ဆုတောင်း ပေးလိုက်ရင် ကိုယ့်ရဲ့ စိတ်စွမ်းအင်တွေ မြင့်တက် လာပြီး အေးချမ်းတဲ့ အိပ်စက်ခြင်းကို ရရှိပါလိမ့် မယ်။
၅။ တစ်နေ့တာရဲ့ ကောင်းကွက် ကို ရှာပါ ဘယ်လောက်ပဲ ကံဆိုးတဲ့နေ့ဖြစ်ပါစေ၊ အဲဒီနေ့ထဲ မှာ ကောင်းတဲ့အချက် တစ်ခုတော့ ရှိစမြဲပါ။ ထမင်းကောင်းကောင်း စားလိုက်ရတာ၊ မိတ်ဆွေ တစ်ယောက်က ပြုံးပြတာ၊ ဘုရားစာ ရွတ်လိုက်ရ တာ စတဲ့ သေးသေးမွှားမွှား အောင်မြင်မှုလေးတွေ ကို အသိအမှတ်ပြုပါ။
ကျေးဇူးတင်တတ်တဲ့စိတ် (Gratitude) ရှိသူဟာ ဘယ်တော့မှ စိတ်မဆင်းရဲပါဘူး။
၉ နှစ်တာခရီး
Founder တယောက်ရဲ့ရင်တွင်းစကား
ယခု ဧပြီလ ကျွန်မတို့အဖွဲ့ကို တည်ထောင်ခဲ့တာ ၉ နှစ်ပြည့်ပါပြီ။
ဒီ ၉ နှစ်တာခရီးကို ပြန်ကြည့်လိုက်ရင် လွယ်ကူခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ အစမှာတော့ volunteer တွေနဲ့ပဲ စခဲ့ကြတယ်။ တချို့အလုပ်တွေကို volunteer fees လောက်ပဲ ရခဲ့ကြပေမယ့် မြေပြင်မှာ အကူအညီလိုအပ်နေတဲ့ လူတွေကို ကူညီပေးနိုင်တာနဲ့တင် ကျွန်မတို့အတွက် အဓိပ္ပာယ်ရှိခဲ့ပါတယ်။
ဒီအဖွဲ့လေးနာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ဖို့ အချိန်၊အင်အားနဲ့ စိတ်ဓာတ်တွေအများကြီးပေးပြီး ရုန်းကန်ခဲ့ရပါတယ်။ တခါတလေ အခက်အခဲတွေကြုံခဲ့ရတယ်၊ တခါတလေ မျှော်လင့်ချက်တွေ လျော့နည်းသွားတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့လူတွေဘေးမှာ ရပ်တည်ပေးချင်တဲ့စိတ် က ကျွန်မတို့ကို ရှေ့ဆက်နိုင်အောင် လှုံ့ဆော်ပေးခဲ့ပါတယ်။
နှစ်တွေကြာလာတဲ့အခါ ကျွန်မတို့ရဲ့ ကြိုးစားမှုနဲ့ စေတနာကို လူတွေ မြင်လာကြတယ်။ Donor တွေလည်း ယုံကြည်လာကြတယ်။ Project တွေရလာတယ်။ အဖွဲ့ကိုတိုးချဲ့ဖို့ ဝန်ထမ်းတွေခန့်အပ်ရတဲ့အဆင့်ကိုလည်း ရောက်လာခဲ့ပါတယ်။
ဒါပေမယ့် တခါတလေ ဝမ်းနည်းစရာတခုရှိပါတယ်။
ဒီအဖွဲ့ကို ဘာကြောင့် စတင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ကို လူတိုင်း မနားလည်နိုင်တဲ့အချိန်တွေရှိပါတယ်။
Social Work ဆိုတာ အလုပ်တစ်ခုထက်ပိုပါတယ်။
ဒါဟာ လူတွေဘဝအခက်အခဲတွေကြားမှာ မင်းတစ်ယောက်တည်းမဟုတ်ဘူး လို့ ပြောပေးနိုင်တဲ့ အလုပ်ပါ။
ဒီအဖွဲ့ကို တည်ထောင်ခဲ့တဲ့ရည်ရွယ်ချက်က ပိုက်ဆံရှာဖို့ မဟုတ်ပါဘူး။
လိုအပ်နေတဲ့ လူတွေဘေးမှာ ရပ်တည်ပေးဖို့ပါ။
၉ နှစ်ဆိုတဲ့အချိန်ဟာ ကျွန်မတို့အတွက် ဂုဏ်ယူစရာလည်းဖြစ်သလို တာဝန်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့တန်ဖိုးနဲ့ ရည်ရွယ်ချက်ကို နားလည်တဲ့သူတွေနဲ့အတူ ရှေ့ဆက်သွားချင်ပါတယ်။
ဒီခရီးမှာ ကျွန်မတို့ကို ယုံကြည်ပြီး လက်တွဲခဲ့ကြတဲ့ မိတ်ဖက်များ၊ donor များ၊ မိတ်ဆွေများနဲ့ အသိုင်းအဝိုင်းအားလုံးကို ကျေးဇူးတင်ပါတယ်။
ရှေ့ဆက်လမ်းကလည်း လွယ်ကူမယ် မဟုတ်ပေမယ့်
ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကိုမသွေဖီပဲ ဆက်လက်လျှောက်လှမ်းသွားနေဦး
မှာပါ။
27/03/2026
ငလျင်ဒဏ်ခံစားခဲ့ရတာ ၁ နှစ်ပြည့်တော့မည့်အချိန်မှာ TRI STAR အဖွဲ့အနေဖြင့်အကောင်းဆုံးကြိုးစားပြီး ငလျင်ဒဏ်ခံစားခဲ့ရသောသူများနဲ့ အတူရှိခဲ့သောအချိန်လေးများ 💓💓
ငလျင်ဒဏ်ခံစားရပြီး ၆ လ အကြာမှာမိမိတို့
TRI STAR အဖွဲ့မှ တံတားဦးမြို့နယ်အတွင်းရှိ
စကားအင်းကျေးရွာမှာနေထိုင်ကြသောအိမ်ထောင်စု စု၁၇၂စု အတွက် ဆန်၊ဆီ၊ဆား၊ ကုလားပဲ၊ ငါသေတ္တာ တို့ကို အောင်မြင်စွာကူညီပေးနိုင်ခဲ့သည့်အတွက်ဝမ်းသာပီတိဖြစ်ရပါသည်။
မိမိတို့ TRI STAR အဖွဲ့ကို ယုံကြည်စွာ ပူးပေါင်းလှူဒါန်ပေးသော မိတ်ဖက်အဖွဲ့နှင့်မိတ်ဆွေများ၊အလှူရှင်များအားလုံးလည်းထပ်တူကုသိုလ်များရရှိကြပါစေ၊အခက်ခဲမှန်သမျှကျော်လွှားနိုင်ကြပြီးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒီထပ်မကအလှူဒါနများပြုနိုင်ကြပါစေ 🙏🙏🙏
ရပ်ရွာအတွင်းမှကူညီပေးသူများ၊ အဖွဲ့အတွက်အမြဲအသင့်ရှိနေသော စေတနာဝန်ထမ်းများ၊သွာလာရေးလွယ်ကူစေရန်အမြဲအသင့်ရှိနေသောကားဆရာများ၊TRI STAR အဖွဲ.ဝင်များအားလုံးလည်း စိတ်ချမ်သာကိုယ်ကျန်းမာရှိကြပါစေ၊အများအကျိုးအတွက်လည်းဒီထပ်မကကူညီဆောင်ရွက်နိုင်ကြပါစေ
@ :ဒီလိုအမျိုးသမီးဖြစ်နေပါစေ..
1 . ဘယ်လောက်ပဲ နာကျင်ပါစေ၊ ဘယ်တော့မှ အရှုံးမပေးဘဲ အမြဲတမ်း ပြန်ထနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
2. အမြဲတမ်း မိမိကိုယ်မိမိ အခြားသူများထက် ပိုချစ်သော အမျိုးသမီးဖြစ်ပါစေ။
3.ဘယ်နှစ်ခါကျရှုံးနေပါစေ ပြန်စဖို့မကြောက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
4. အထီးကျန်မှုကြောင့်မဟုတ်ပဲ မိမိကို တန်ဖိုးထားသူနဲ့သာ အတူရှိနေရန် ရွေးချယ်သော အမျိုးသမီးဖြစ်ပါ စေ။
5.ကိုယ်မဟုတ်တဲ့အရာတွေကို ငြင်းပယ်ရဲတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာတဲ့အထိနေပါ။
6.ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်လောက်အောင် သန်မာပြီး သူတပါးကို ပွေ့ဖက်နိုင်လောက်တဲ့အထိ နူးညံ့သိမ်မွေ့ သော အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
7.အပြုံးရဲ့နောက်ကွယ်မှာ မျက်ရည်တွေကို ဘယ်လိုထိန်းထားရမလဲဆိုတာ သိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ် နေပါစေ၊
8. မိမိကိုယ်မိမိ အမြဲတိုးတက်နေစေပြီး တစ်နေရာတည်းမှာပဲရပ်မ နေပဲ မရပ်မနားတိုးတက်ဖို့ကြိုးစားနေတဲ့အမျိုးသမီးတစ်ဦးဖြစ်နေပါစေ။
9.ပြီးပြည့်စုံမှုမရှိရင်တောင်မှ ယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
10 .အပြင် အပေါ်ယံတင်မဟုတ်ပဲ အတွင်းထဲကပါ လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
11.ကိုယ့်ကိုယ်ကို ဘယ်သူနဲ့မှ မနှိုင်းယှဥ်တတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
12.မိမိတန်ဖိုးဘယ်သူကမှ တန်ဖိုးမထားရင်တောင်မှ သင်ဟာ မိမိတန်ဖိုးကိုယ်မြင်တတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာတဲ့အထိ နေပါ။
13.သင့်ခန္ဓာကိုယ်က အဖိုးတန်တာကြောင့် သင့်ကျန်းမာရေးကို ဂရုစိုက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
14.သင့်ခံစားချက်တွေကို ထိခိုက်စေတဲ့အရာတွေကို "No" လို့ပြောရဲတဲ့ အမျိုးသမီးဖြစ်လာတဲ့အထိ နေပါ။
15. ငွေရှာတော်ပြီး ငွေကြေးကို သေချာစွာ စီမံခန့်ခွဲနိုင်သော အမျိုးသမီးတစ်ဦးဖြစ်ပါစေ။
16. ကိုယ့်ရဲ့အိမ်မက်တွေခံစားချက်တွေအတွက် ရိုးသားစွာအလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါ စေ။
17.အသစ်အဆန်းတွေကို သင်ယူဖို့ မကြောက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
18.ကိုယ့်အနားမှာဘယ်သူမှမရှိလည်း တစ်ယောက်တည်း ဦးဆောင်ထားနိုင်လောက်အောင် သန်မာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
19.သင့်ရဲ့ ဟန်ဆောင်မှုကြောင့်မဟုတ်ဘဲ သင့်ရဲ့ရိုးသားမှုကြောင့် ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါစေ။
20.ခက်ခဲတဲ့နေ့ရက်တွေမှာလည်းပြုံးပြနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
21.ပိုကောင်းတဲ့ အရာတွေကို ဆုပ်ကိုင်ထားနိုင်ဖို့ အတွက် မမှန်ကန်တဲ့အရာတွေကို စွန့်လွှတ်ရဲတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
22.တခြားသူတွေအတွက်ထက် သင့်ကိုယ်သင်အတွက်ကတိတွေကို ပိုစောင့်ထိန်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေ။
13/03/2026
📣၂၀၂၅ ခုနှစ်မှာ 📣 💚 TRI STAR💚 အဖွဲ့အနေဖြင့်အကောင်းဆုံးကြိုးစားအားထုတ်မှုများမှတစ်ခု 👇👇
ငလျင်ဒဏ်ခံစားရပြီး ၆ လ အကြာမှာမိမိတို့
TRI STAR အဖွဲ့မှ တံတားဦးမြို့နယ်အတွင်းရှိ
ပန်းယျကျေးရွာမှာနေထိုင်ကြသောအိမ်ထောင်စု ၁၇၅စု အတွက် ဆန်၊ဆီ၊ဆား၊ ကုလားပဲ၊ ငါသေတ္တာ တို့ကို အောင်မြင်စွာကူညီပေးနိုင်ခဲ့သည့်အတွက်ဝမ်းသာပီတိဖြစ်ရပါသည်။
မိမိတို့ TRI STAR အဖွဲ့ကို ယုံကြည်စွာ ပူးပေါင်းလှူဒါန်ပေးသော မိတ်ဖက်အဖွဲ့နှင့်မိတ်ဆွေများ၊အလှူရှင်များအားလုံးလည်းထပ်တူကုသိုလ်များရရှိကြပါစေ၊အခက်ခဲမှန်သမျှကျော်လွှားနိုင်ကြပြီးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒီထပ်မကအလှူဒါနများပြုနိုင်ကြပါစေ 🙏🙏🙏
ရပ်ရွာအတွင်းမှကူညီပေးသူများ၊ အဖွဲ့အတွက်အမြဲအသင့်ရှိနေသော စေတနာဝန်ထမ်းများ၊သွာလာရေးလွယ်ကူစေရန်အမြဲအသင့်ရှိနေသောကားဆရာများ၊TRI STAR အဖွဲ.ဝင်များအားလုံးလည်း စိတ်ချမ်သာကိုယ်ကျန်းမာရှိကြပါစေ၊အများအကျိုးအတွက်လည်းဒီထပ်မကကူညီဆောင်ရွက်နိုင်ကြပါစေ
11/03/2026
🗓 📝2025 ခုနှစ်ရဲ့လုပ်ဆောင်ချက်များမှ📝 🗓❤❤
ငလျင်ဒဏ်ခံစားရပြီး ၆ လ အကြာမှာမိမိတို့
TRI STAR အဖွဲ့မှ တံတားဦးမြို့နယ်အတွင်းရှိ
ဥတည်အုပ်စုကျေးရွာတွင်ရှိသော ကျေးရွာအုပ်စု (၁၀)စုမှာနေထိုင်ကြသောအိမ်ထောင်စု ၂၇၅ စု အတွက်
ဆန်၊ဆီ၊ဆား၊ ကုလားပဲ၊ ငါသေတ္တာ တို့ကို အောင်မြင်စွာကူညီပေးနိုင်ခဲ့သည့်အတွက်ဝမ်းသာပီတိဖြစ်ရပါသည်။
မိမိတို့ TRI STAR အဖွဲ့ကို ယုံကြည်စွာ ပူးပေါင်းလှူဒါန်ပေးသော မိတ်ဖက်အဖွဲ့နှင့်မိတ်ဆွေများ၊အလှူရှင်များအားလုံးလည်းထပ်တူကုသိုလ်များရရှိကြပါစေ၊အခက်ခဲမှန်သမျှကျော်လွှားနိုင်ကြပြီးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒီထပ်မကအလှူဒါနများပြုနိုင်ကြပါစေ 🙏🙏🙏
💛💛💛ရပ်ရွာအတွင်းမှကူညီပေးသူများ၊ အဖွဲ့အတွက်အမြဲအသင့်ရှိနေသော စေတနာဝန်ထမ်းများ၊သွာလာရေးလွယ်ကူစေရန်အမြဲအသင့်ရှိနေသောကားဆရာများ၊TRI STAR အဖွဲ.ဝင်များအားလုံးလည်း စိတ်ချမ်သာကိုယ်ကျန်းမာရှိကြပါစေ၊အများအကျိုးအတွက်လည်းဒီထပ်မကကူညီဆောင်ရွက်နိုင်ကြပါစေ💛💛💛
07/06/2025
🌂☂🌂☂🌂☂ မိုးရာသီအတွက်လူတိုင်း၊အိမ်
တိုင်းအလိုအပ်ဆုံးအရာ🌂☂🌂☂🌂☂
💞💙 " မိတ်ဆွေတို့နဲ့အတူရှိနေတယ်နော် " 💙💕
အမြဲအတူရှိနေသော ❣❣ TRI STAR ❣❣
07/06/2025
ချမ်းအေးသာစံ၊ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၁၄၀) စု အတွက်ကူညီပေးဖြစ်တာလေးတွေ
၁။ ဆန်
၂။ ဆီ
၃။ ခေါက်ဆွဲခြောက်
၄။ ကိုယ်တိုက်ဆပ်ပြာခဲ
၅။ ဆပ်ပြာမှုန့်
၆။ ထီး
၇။ ပလတ်စတစ်ပုံး အကြီး
၈။ ဖျာ
၉။ လက်ဖက် + ပဲကြော်
၁၀။ ငါးလေးခြောက်
၁၁။ စတီးဇလုံ
၁၂။ ဇွန်း
စသည့်ပစ္စည်းလေးများကို ကူညီထောက်ပံပေးခဲ့ပါသည်။
☂☂ ထီးလေးမှာ ရေးထားတဲ့အတိုင်း ☂☂
💖💖 " မိတ်ဆွေတို့နဲ့အတူရှိနေတယ်နော် " 💖💖
ဆိုတဲ့စာသားလေးအတိုင်း TRI STAR အဖွဲ့သားအားလုံးဟာလည်း မိတ်ဆွေတွေနဲ့အမြဲတမ်းအတူရှိနေပါတယ် 💗💗💗
👉👉 ကျန်ရှိနေသောနေ့ရက်တွေမှာ အခက်ခဲအားလုံးကိုအကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။👈👈
💛💛💛 အလှူရှင်များအားလုံးလည်းစိတ်ချမ်းသာ၊ကိုယ်ကျန်းမာရှိကြပါစေ လို့ဆုတောင်းမေတ္တာပို့သပါတယ်၊စိတ်နှလုံးအေးချမ်းကြပါစေ 💛💛💛
13/05/2025
ချမ်းေအးသာစံမြို့နယ်ဒေးဝန်းအနောက်
(ထင်းဝင်းရပ်ကွက်) ရှိငလျင်ဘေးသင့်အိမ်ထောင်စု (၄၃)စုအတွက်
၁။ဆန်
၂။ဆီ
၃။ကုလားပဲ
၄။ခြင်ဆေး
၅။လက်ဖက် + ပဲကြော်
၆။သီးစုံဓာတ်ဆား
၇။ကိုယ်တိုက်ဆပ်ပြာခဲ
၈။ဆပ်ပြာမှုန့်
၉။ ခေါက်ဆွဲခြောက်
၁၀။အသင့်စားငပိဘူး
၁၁။ဖော့ဖျာ
တို့ကိုအလှူရှင်များကိုယ်စားသွားရောက်လှူဒါန်းပေးခဲ့ပါသည်။
💛💛💛အလှူရှင်များလည်းထပ်တူဝမ်းသာပီတိဖြစ်နိုင်ကြပါစေ💛💛💛
💚💚💚ဒီထပ်မကလှူဒါန်မှုများပြုလုပ်နိုင်ပါစေ၊စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေလို့ဆုမွန်ကောင်းများတောင်းဆုပြုပါတယ်💚💚💚
11/05/2025
မန္တလေး ( ၇ ) မြို့နယ် အတွင်း မှာ နေထိုင်ကြသော ငလျင်ဘေးသင့် အိမ်ထောင်စု (၁၈၂)စု အတွက်
၁။ ဆန်
၂။ဆီ
၃။ကုလားပဲ
၄။ခေါက်ဆွဲခြောက်
၅။လက်ဖက် + ပဲကြော်
၆။ကိုယ်တိုက်ဆပ်ပြာခဲ
၇။ဆပ်ပြာမှုန့်
၈။သီးစုံဓာတ်ဆား
၉။အမျိုးသမီးလစဥ်သုံး
၁၀။အသင့်စားငပိဘူး
၁၁။ခြင်ဆေး တို့ကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်ခဲ့ပါသည်။
နေရာအစုံမှလူများကို အနီးဆုံးနေရာ၊နေထိုင်နေ
သည့်အိမ်ရှေ့သို့သွားရောက်ခဲ့ရသည့်အတွက် မတူညီေသာအခက်ခဲမျိုးစုံကို ကိုယ်တိုင်မျက်မြင်တွေကြုံခဲ့ရသည့်အတွက်လည်းထပ်တူစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
💗💗💗 အမြဲတမ်းထပ်တူခံစားပေးပြီးအတူတူရှိနေတယ်ဆိုတဲ့စိတ်ခံစားချက်လေးတွေရရှိစေရန်ရည်ရွယ်ပြီး TRI STAR အဖွဲ့သားများမှစီစဥ်ဆောင်ရွက်ခဲ့သည်မှာလည်းအစီစဥ်ကောင်းတစ်ခုဖြစ်ခဲ့သည့်အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်💗💗
💕💕💕အလှူရှင်များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီထပ်မကတိုးပွားလှူဒါန်းနိုင်ပါစေ၊စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်💕💕💕
01/05/2025
1.5.2025 ယနေ့ အလှူ (စစ်ကိုင်း)
စစ်ကိုင်းမြို့တွင်းရှိ (စိန်ကုန်း+ပိုးတန်း+မိုးဇာ+မြို့သစ်အနောက်ပိုင်း) တွင် ငလျင်ဘေးသင့်ပြီးအိုးအိမ်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု (၃၀)အတွက်
၁။ဆန်
၂။ဆီ
၃။ကုလားပဲ
၄။လက်ဖက်+ပဲကြော်
၅။ခေါက်ဆွဲခြောက်
၆။ဓာတ်ဆား
၇။ကိုယ်တိုက်ဆပ်ပြာခဲ
တို့ကိုအလှူရှင်များကိုယ်စားသွားရောက်လှူဒါန်ခဲ့ပါသည်။
✅✅ အမှန်တကယ်ပျက်စီးဆုံးရှုံးသွားသောအိမ်ထောင်စုများကို TRI STAR မိသားစုမှအလှူရှင်များကိုယ်စားလှူဒါန်းခွင့်ရသည့်အတွက်လည်းထပ်တူဝမ်းသာပီတိဖြစ်ရပါတယ်။✅✅
💗 အလှူရှင်များလည်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ၊စီးပွားဥစ္စာများတိုးပွားကြပါစေ💗💗
28/04/2025
28.3.2025 to 28.4.2025
7.7 အဆင့်ရှိပြင်းထန်ငလျင်ကြီးလှုပ်ခဲ့တာတစ်လတိတိပြည့်ခဲ့ပြီမနေ့တနေ့ကလိုပါပဲအားလုံးဒုက္ခတွေနဲ့ အတူနေထိုင်ရဆဲ
ဒီလိုကာလကြီးမှာမိမိတို့အဖွဲ့နှင့်ချိတ်ဆက်ကာကိုယ်ချင်းစာတရားအပြည့်နဲ့ကူညီဖေးမခဲ့ကြသူများကိုမှတ်တမ်းတင်ပါရစေ
1.ဦးအောင် 50000
2.မမိုင်နှင့်သူငယ်ချင်းများ 195,000
3.CEDO မှ ထမင်းဗူး 500၊ဖော့ဖျာ15၊အမျိုးသမီးသုံးပစ္စည်း 2
ဆွဲ၊ခြင်ဆေးခွေ30ဗူး၊ဆေးပစ္စည်း၊
4.ကိုချစ်+Polly မှ 500,000
5.မဇင်မာလင်းတို့အဖွဲ့မှ 120,000
6.Myan Crypto community မှ ထမင်းဗူး 500
7.မစုရွှေစင်ထွန်းမှ 500,000
8.မဇင်မာနှင့်မိတ်ဆွေများ မှ ဆန် ၂ပြည့်အိတ် (၆၀)အိတ်
9. မိတ်ဆွေများစုပေါင်းအလှူ (လက်ဖက်+ပဲကြော်) အိမ်ထောင်စု (၁၅၀)စု
10.မအေးသီရိနှင့်သူငယ်ချင်းများမှ 1,650,000
11.မမေရတနာစံနှင့်သူငယ်ချင်းများမှ 400,000
12.မိတ်ဘက်အဖွဲ့အစည်း KYDO မှ 2,000,000
13.Polly's sister မှ 1,285,000
14.စုပုံချစ်တို့အဖွဲ့(ကလေးငယ်များအဖွဲ့) မှ 86,000
15.မသက်ထားဆွေမှ 200,000
16.Inkhum Lone Lung မှ 500000
17.မယဥ်ယဥ်အောင်နှင့်မိတ်ဆွေများ 100000
18.Kachin in Sweden အဖွဲ့မှ 2,200,000
19.အလှူရှင်အဖွဲ့ကြီးတခုမှ 238,320,000
20.မိတ်ဘက်အဖွဲ့အစည်းတခုမှ 19,736,500(လှူဒါန်းရန် ပြင်ဆင်နေဆဲ)
တို့မှ အသီးသီးစေတနာထက်သန်စွာ ယုံကြည်မှုအပြည့်ဖြင့် အပ်နှံလှူဒါန်းပေးခဲ့ကြပါသည်။
မိမိတို့ အဖွဲ့မှလည်း အလှူရှင်များ၏ယုံကြည်မှုကိုလေးစားစွာဖြင့် တကျပ်တပြားအလွဲအမှားမရှိစေရေးအလေးထားကာ
ဘောက်ချာများ၊ မှတ်တမ်းများဖြင့် စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆောင်ရွက်လျက်ရှိပါသည်။
ဆောင်ရွက်ပေးရန်များလည်းရှိပါသေးသည်။
မိမိတို့အဖွဲ့ချိတ်ဆက်၍ စစ်ကိုင်း၊တံတားဦး၊အင်းဝ၊ အမရပူရ၊ မဟာအောင်မြေ ရှိငလျင်ဘေးသင့်၍လိုအပ်နေသူများထံအရောက်သွားကူညီပေးနိုင်ခဲ့ပါသည်။ အလှူရှင်များနှင့်တကွ မြင်သူ ကြားသူအပေါင်း ဝမ်းမြောက်နိုင်ကြပါစေ ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay