Hummer Auto Repair
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hummer Auto Repair, Automotive repair centre, 63rd Street, Mandalay.
14/10/2024
ဝန်ထမ်း အလိုရှိသည်
Hummer Auto Repair(Mandalay)
၁။အောက်ပိုင်းဖြုတ်တပ် အင်ဂျင်အစိတ်အပိုင်း ဖြုတ်တပ် ကျွမ်းကျင်(၄)ဦး
လစာညှိနှိုင်း နေစားငြိမ်း
ဆက်သွယ်ရန်-095101196
22/10/2023
ဝန်ထမ်း အလိုရှိသည်
Hummer Auto Repair (Mandalay)
၁။Scanner စက်ကိုင် မော်တော်ယာဉ် စက်ပြင် ခေါင်းဆောင် (၂) ဦး
(က)မော်ဒယ်မြင့်ကား ပြစ်ချက်များကို ကျွမ်းကျင်စွာ စစ်ဆေးပြုပြင်နိုင်ရမည်။
အခြေခံလစာ ၅ သိန်း++++ နေစားငြိမ်း
၂။အောက်ပိုင်းဖြုတ်တပ် အင်ဂျင်အစိတ်အပိုင်း ဖြုတ်တပ် ကျွမ်းကျင်(၇)ဦး
လစာညှိနှိုင်း နေစားငြိမ်း
ဆက်သွယ်ရန်-095101196
19/08/2021
ဖြစ်လေ့ဖြစ်ထရှိတဲ့ ကားသော့ပြဿနာအခက်အခဲကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ . . .
========================
ကားသော့အုံ (ခေါ်) Ignition Switch သည် ကားတစ်စီးလုံး၏ အချုပ်ဖြစ်သည်။ ကားတစ်စီးလုံး၏ လုံခြုံမှုအတွက်လည်းအဓိကကျသည်။ မီးပေးစနစ် (Ignition System)၊ ဆီပို့စနစ် (Fuel System)၊ ချာဂျင်အားသွင်းစနစ်နှင့် ကားတစ်စီးလုံး၏ အထွေထွေ လျှပ်စစ်သုံးပစ္စည်းကိရိယာများကို လျှပ်စစ်ပါဝါ ထောက် ပံ့ပေးသော Master Switch လည်းဖြစ်သည်။ အင်ဂျင်စက်စတင်နှိုးရန် Starter Motor အတွက် လျှပ်စစ်စီးကြောင်း Current စီးဆင်းရာအစခလုတ်လည်းဖြစ် သည်။
ကားသော့အုံယူနစ်တွင် Key Cylinder နှင့် Multi-contact Point များပါသော Electrical Switch တို့ကိုပေါင်းစပ်ထားခြင်းဖြစ်သည်။ Key Cylinder သော့ အိမ်ထဲသို့ ကားသော့ Key ကိုထိုးသွင်းလိုက်ပါက Key တွင်ရှိသောအသွား
ဘုထစ်Lock Pin ကလေးများကိုတွန်းပို့လိုက်သည်။ Lock Pin လိုင်းများမှန်မှန်
ကန်ကန်တည့်သွားပါက Key ဆလင်ဒါအုံကိုကားသော့တံ Key ဖြင့် ဘယ်/ညာ
လှည့်၍ ရသွားသည်။ စတီယာရင် Lock ပါပွင့်သွားသည်။ ကားသော့အုံတွင်
Key Position (၄)နေရာပါ ရှိသည်-
⏩ “OFF” - ကားသော့ပိတ်ထားသော“Off’ Position အနေအထားတွင် အင်ဂျင်နှင့် အခြားလျှပ်စစ် Accessoriesများကို ပါဝါပိတ်ထားသည်။ ဘက်ထရီမှ လျှပ်စစ်ပါဝါမရသဖြင့် လျှပ်စစ်ပစ္စည်းများအလုပ် မလုပ်နိုင်သေးပါ။
⏩ “ACC” - ကားသော့တံ (Key)ထည့်ပြီးပထမတစ်ဆင့်လှည့်လိုက်လျှင် Acc Position ဖြစ်ပါ သည်။ ကားAccessories လျှပ်စစ်ကိရိယာများသို့ ပါဝါရောက်ပါသည်။ ရေဒီယိုနှင့် CD Player များအလုပ်လုပ် ပါသည်။
⏩ “RUN” – On position အနေအထားဖြစ် သည်။ အင်ဂျင်နှင့် Electrical Accessories များသို့ ပါဝါ ရောက်သောအခြေအနေဖြစ်သည်။ အင်ဂျင်လည်ပတ် ရန်နှင့် ကားမောင်းယူသွားနိုင်သောခလုပ်ပွင့် ‘on’အနေအထားဖြစ်သည်။ ကားဒတ်ခ်ျဘုတ်မှ မီးများလင်းလာမည်။ မီတာဒိုင်ခွက်များ၊ Gauge များစတင်အလုပ် လုပ်သည်။
⏩ “START”အင်ဂျင်စက်နှိုးရန်အတွက် ကားသော့တံကိုဆက်လှည့်လျှင် ‘Start’ အနေအထား၌စက်နှိုးမော်တာအလုပ်လုပ်သည်။ အင်ဂျင်စက်နိုးသွားပါက
လက်လွှတ်လိုက်လျှင် ကားသော့သည် ‘Run’ Position အနေအထားသို့ အလိုအလျောက်ပြန်ရောက် သွားမည်။
ကားသော့တံ နှင့် သောအုံ(lgnition Switch)သည် နေ့စဉ်နေ့တိုင်းသော့တံ
လှုပ်ရှားကစားပေးရသဖြင့် မကြာခဏ ချွတ်ယွင်းမှုပြဿနာများ ကြုံရတတ်သည်။ ကားဟောင်းများမဆိုထားနှင့် ကားသစ်များ ၌ပင် Ignition Switch ပြဿနာများ
ပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူရသောRecallသတင်းများကို (၂၀၁၄)ခုနှစ် ၌ အကြိမ်ကြိမ်ကြားခဲ့ရသည်။ အမေရိကန်ကားများတွင် အများဆုံး
ပြဿနာတတ်ခဲ့သည်။ General Motor မှ ကားများ (၂၀၁၄) ခုနှစ်တွင် (၃)ကြိမ်
ထက်မနည်း Ignition Switch ချွတ်ယွင်းမှုများကားစီးရေသန်းချီ၍ ဖြစ်ပေါ်ခဲ့သည်။ အဆိုးဆုံးမှာကားမောင်းနေစဉ် ရုတ်တရက်ကားအင်ဂျင်စက်ထိုးရပ်သွားပြီး
လျှပ်စစ်ပါဝါစတီယာရင်ပါ အလုပ်မလုပ်တော့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ Ignition Switchသည် ကားတစ်စီးလုံး၏ အရေးအကြီး
ဆုံးသောပင်မအချုပ်အချာဖြစ်သည်။ ကားမောင်းနေစဉ် ဘေးကင်းလုံခြုံမှုရှိရေး (safety) အတွက်လည်းအဓိကကျသည်။ Ignition Switch များ ဖြစ်လေ့ဖြစ်ထ
ရှိသော ချွတ်ယွင်းမှုပြဿနာပုံစံများကိုသိရှိလေ့လာထားသင့်ပါသည်။
▶️ (က) ကားသော့ (key) သွင်း၍ သော့အုံလှည့် မရခြင်း။
ကားသော့အုံတွင် စတီယာကော်လံ Lock ပါရှိသည်။ ကားသော့တံ Key ထိုးမထားဘဲစတီယာရင် Wheel ကွေကိုလှည့်လိုက်ပါက Lock ကျသွားမည်။ ကားရပ်နားစဉ်ကရှေဘီးအစွန်းသည် ပလက်ဖောင်းဘောင်နှုတ်ခမ်းသားအစွန်းနှင့် ဖိမိနေလျှင် စတီယာရင် Lock ကျပြီးကျပ်နေမည်။ ကားသော့တံသွင်းသော် လည်းစတီယာရင် Wheel လှုပ်မရ၍ Key ဆလင်ဒါ မလည်နိုင်ခြင်းဖြစ်သည်။ ဤသို့ ခက်ခဲနေလျှင် စတီယာရင် Wheel ကိုအားစိုက်ကစားပေးပြီးကားသော့တံ Key ကိုကစားပေးပါကစတီယာရင် Lock ပြန်ပွင့်သွားတတ်သည်။
ကားသော့ (Key) တံကို ကြေးဝါသတ္တုဖြင့် ပြုလုပ် ထားသည်။ သော့တံရှိ
အထစ်ဘုသွားများသည် အကြိမ်ရေများစွာအသုံးပြုပါကကြေးသတ္တုများပွန်းစားပြီး
ကားသော့ (Key) လှည့်ရာတွင် ခက်ခဲနေတတ်သည်။ ထိုပြဿနာမှာသော့အုံ
ကြောင့်မဟုတ်ဘဲ သော့တံ Key စားသွား၍ ဖြစ်သည်။ သင့်ထံတွင် ကားသော့
အပိုတစ် ချောင်းမရှိပါကကားသော့မိတ္တူတစ်ချောင်းပြုလုပ်ရမည်။ ကားသော့
ပြုပြင်ပေးသာ Key Master ကျွမ်းကျင်သူကိုသင့်ကားသော့စား၍ တိုဝင်နေ
ကြောင်း ပြောပြပါ။ သော့ မိတ္တူပြန်ကူးရာတွင် Key မြှင့်၍ ကူးယူနိုင်ပါသည်။
တစ်ခါတစ်ရံကားသော့အုံအတွင်း ၌ ဖုန်မှုန့်နှင့် အညစ်အကြေးများဝင်၍ Key Clinder ကျပ်နေတတ် သည်။ ကားသော့အုံကိုဖြုတ်၍ ဆေးကြောသန့်ရှင်းနိုင် သည်။ သော့အုံတွင် ကားသော့တံ Key အလွယ်တကူချောမွေ့စွာ ၀င်ထွက်ကစား
နိုင်ရန် ချောဆီထည့်ပေးရသည်။ လျှပ်စစ်မစီးနိုင်သောချောဆီထည့်ရမည်။ Dielectric ဆီလီကွန် (သို့မဟုတ်) Aerosol Electronic Cleaner ကဲ့သို့ ချောဆီတစ်မျိုးမျိုးထည့်ပေးလျှင် ဂျမ်းဖြစ်နေသောသော့အုံချောင်သွားမည်။ နောက်ဆုံးမည်သို့မျှပြင်၍ မရလျှင် Key Cylinder နှင့် ကားသော့ (Key) အစုံလိုက် (one set) အစားထိုးလဲလှယ်လိုက် လျှင် ထိုအခက်အခဲများပြေလည်သွားမည်။
▶️ (ခ) ကားသော့လှည့်၍ ရသော်လည်းအင်ဂျင်စက်မလည်ခြင်း။
သော့အုံထဲသို့ ကားသော့တံ (Key) ထည့်ပြီးလှည့်၍ရသည်။ သို့သော်လည်း
စက်နှိုးမော်တာမလည်သောအခြေအနေမျိုးဖြစ်ပါသည်။ Ignition Switch (သော့အုံခလုတ်) မကောင်း၍လား၊ စက်နှိုးမော် တာဆားကတ် (Starting Circuit) မှာအပြစ်အမှားတစ် ခုခုရှိနေ၍လားစဉ်းစားစရာနည်းလမ်းနှစ်မျိုးဖြင့် ချွတ်ယွင်းချက်
ကိုရွာပါ။
ကားသော့ဖွင့်လိုက်လျှင် ဒတ်ခ်ျဘုတ်မီးများလင်းလာရမည်။ ကားသော့ ‘On’ Position အနေအထားတွင် မည်သည့်အချက်ပြသတိပေးမီးများမလင်းပါက
ဘက်ထရီခေါင်းအဆက်ချောင်းနေသလား၊ လွတ်နေသလား၊ ဘက်ထရီလုံးဝ အားမရှိဘဲDownသွားပြီလားသေချာအောင် မီးကြီးဖွင့်ကြည့်ပါ။ မီးလုံးဝမလင်း၊ ကားဟွန်းသံလည်းမမြည်ခဲ့လျှင် ကားဘက်ထရီ၍ ပြဿနာရှိနေသည်မှာ
သေချာသည်။
ကားမီးကြီးလည်းလင်းသည်။ ဟွန်းလည်းမြင် သည်။ ဝိုင်ဘာလည်း အလုပ်လုပ်
သည်ဆိုလျှင် ဘက်ထရီကြောင့်မဟုတ်ပါ။ Ignition Switch ဆားကတ်မှာ Fuse ပြတ်နေသလား။ Relay ဘူးမကောင်းတာလား။ Starting System မှာ ဝါယာရိန်း
အပြစ်ရှိသလား အဖြေရှာကြည့်ပါ။ ကားသော့ကို “START” Position သို့ လှည့်
လိုက်တိုင်း Relay ဘူးကစားနေသောအသံတစ် တောက်တောက်နှင့် ကြားရ
သည်ဆိုလျှင် Igniton Switch ကောင်းသည်။ မော်တာပိုင်းသာအမှားတစ်ခုခု
ရှိနေသည်။
▶️ (ဂ) ကားသော့လှည့်သည်၊ စက်နှိုးမော်တာလည်သည်။ သို့သော် စက်မနိုးပါ။
ဤအခြေအနေသည် စက်နှိုးမော်တာနှင့် ကားသော့အုံတွင် အပြစ်လုံးဝမရှိတော့ပါ။ Anti-theft စနစ်၊ ဆီပို့စနစ်၊ မီးပေးစနစ်၊ အင်ဂျင်ကွန်ပျူတာတို့တွင် အမှားတစ်ခုခု
ရှိနေ၍ စက်မနိုးနိုင်ခြင်းဖြစ်သည်။ ကားအင်ဂျင် စက်နှိုးရန် ဆီစနစ်၊ မီးစနစ်များ
မှန်နေရမည်။ ခေတ် ဟောင်းကားများတွင် ဆီပျောက်၊ မီးပျောက်ရှာရလွယ် သည်။ ခေတ်ပေါ်ကားများတွင် နည်းပညာမြင့်၍ ရှုပ်ထွေးသည်။ ကားနည်းပညာအခြေခံ
မရှိလျှင် ခေတ်ပေါ်ကားများ၏ အလုပ်လုပ်ပုံကိုနားလည်သဘောပေါက်ရန်
အခက်အခဲဖြစ်နိုင်ပါသည်။
ခေတ်ပေါ်ကားများတွင် ကားသော့သည် Smart Key ဖြစ်သည်။ Smart Key တွင် ကားလုံခြုံရေးအတွက်ပရိုဂရမ် Code ထည့်သွင်းထားသည်။ ၄င်း Code ကို Anti-theft Code ဟုခေါ်သည်။ Ignition Switch တွင်ရှိသော Receiver က Smart Key ကိုဖတ်သည်။ Smark Key နှင့် Receiver ကြားတွင် မမြင်ရသော Signal လှိုင်းများရှိသည်။ Smart Key မကောင်းလျှင်လည်းကွန်ပျူတာအလုပ်မလုပ်ပါ။ ကားတစ်စီးလုံး၏ ဆီစနစ်၊ မီးစနစ်အားလုံးကို PCM (Powertrain Control Module) ခေါ် ကွန်ပျူတာကထိန်းချုပ် သည်။ ကွန်ပျူတာသည် အင်ဂျင်ဆင်ဆာ (Sensor) မျိုးစုံမှ လက်ခံရရှိသောသတင်းအချက်အလက်များကို အ ခြေခံ၍ အင်ဂျင်ကိုထိန်းချုပ်အမိန့်ပေးခြင်းဆောင်ရွက် သည်။
ဆီတိုင်ကီထဲတွင် ဆီရှိကြောင်းဆီဂိတ်တွင် ပြ သည်။ ကားသော့ဖွင့်လိုက်လျှင် Fuel Pump လည်သော ‘buzz’ မြည်သံကြားရသည်။ Fuel Pump လည်သော
အသံမကြားရပါက Injector ဆီလိုင်းများသို့ လောင်စာဆီမရောက်ပါ။ Fuel Pump မလည်ခြင်းမှာ ဝါယာရိန်း ကြောင့်လား၊ Fuse ပြတ်နေသလား၊ Pump မော်တာ
မကောင်း၍လားစစ်ဆေးရမည်။ Fuel Pump လည်လျှင် Injector ဆီလိုင်းများသို့ ဆီရောက်လာမည်။ အင်ဂျင် စတင်လည်ရန် Crankshaft Position Sensor နှင့် Ignition Control Module တို့ ကောင်းရမည်။ သို့မှသာအင်ဂျင်တိုင်မင်ကိုက် မီးပေးနိုင်မည်။
▶️ (ဃ) အင်ဂျင်စက်နှိုး၍ ရသည်။ ပုံမှန်လည် သည်။ သို့သော် ကားမောင်းနေစဉ်
ရုတ်တရက်စက်သေသွားသည်။
ဤကဲ့သို့ ချွတ်ယွင်းချက်လက္ခဏာသည် Igniton Switchမကောင်းသည့် လက္ခဏာဖြစ်သည်။ လမ်းအဆောင့်ဒဏ်တုန်ခါမှုကြောင့် Ignition Switch အတွင်းပိုင်းထိတွေ့နေရာများသည် တိုတောင်းသောအချိန်အတွင်းလွတ်သွားတတ်
သည်။ ထိုအခါ Ignition Switch မှ ပါဝါဖြတ်တောက်သွားပြီးစက်သေသွားခြင်း ဖြစ်သည်။ အသုံးပြုချိန်ကြာသောကားအိုကားဟောင်းများတွင် အများဆုံးဖြစ်
တတ်သည်။ ကားသစ်များတွင် လည်း ဖြစ်တတ်သည်။ သာဓကအနေဖြင့် (၂၀၁၄) ခုနှစ် အတွင်းအမေရိကန် GM ကားများ Ignition Switch ပြဿနာပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူ၍ ပြုပြင်ပေးခဲ့ရသည်။
▶️ (င) ကားသော့တံ (Key) ကျိုး၍ ကျန်နေခြင်း၊ သောတံနှုတ်၍ မရခြင်း
ကားသော့အုံတွင် စတီယာရင် Column Lock Cylinder အတွင်း၌ Pin ချောင်း
ကလေးများညှပ်နေပါကကော်လံ Locking Mechanism ပျက်စီးသွားတတ် သည်။ ထိုအခါမျိုးတွင် ကားသော့ (Key) ကိုသော့အုံမှ ဆွဲထုတ်၍ မရဖြစ်တတ်သည်။
ကားသော့ကျိုးကျန်ခဲ့ပါကကားသော့ပြင်ဆိုင် Key Master တစ်ဦး၏ အကူအညီ
ဖြင့် ကျိုးကျန်ခဲ့သောကားသော့ကို ပြန်ဆွဲထုတ်နိုင်ရန် ကြိုးစားပါ။ ကားသော့ အုံ
မကောင်းပါကကားသော့နှင့် သော့အုံအစုံလိုက်လဲလှယ်ပါ။ ကားသော့တစ်ချောင်း
သည် ကားတစ်စီးအတွက် အဓိကကျပြီးအရေးကြီးသောအရာလည်း ဖြစ် သည်။ ကားသော့တစ်ချောင်းအရန်ရှိထားသင့်သည်။ ဆောင့်ထားသင့်သည်။ ခေတ်ပေါ် Smart Key ဖြစ်လျှင် လည်းကွန်ပျူတာဖြင့် ပရိုဂရမ်ပြန်လည်ရေးသားပြီးSmart Key အရန်တစ်ချောင်းဆောင်ထားသင့်သည်။
{ပြန်လည်မျှဝေခြင်းသာ}
Credit >>>
carjournal
ဆရာမာစတာ(စက်မှု)
ဖြစ်လေ့ဖြစ်ထရှိတဲ့ ကားသော့ပြဿနာအခက်အခဲကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ . . .
========================
ကားသော့အုံ (ခေါ်) Ignition Switch သည် ကားတစ်စီးလုံး၏ အချုပ်ဖြစ်သည်။ ကားတစ်စီးလုံး၏ လုံခြုံမှုအတွက်လည်းအဓိကကျသည်။ မီးပေးစနစ် (Ignition System)၊ ဆီပို့စနစ် (Fuel System)၊ ချာဂျင်အားသွင်းစနစ်နှင့် ကားတစ်စီးလုံး၏ အထွေထွေ လျှပ်စစ်သုံးပစ္စည်းကိရိယာများကို လျှပ်စစ်ပါဝါ ထောက် ပံ့ပေးသော Master Switch လည်းဖြစ်သည်။ အင်ဂျင်စက်စတင်နှိုးရန် Starter Motor အတွက် လျှပ်စစ်စီးကြောင်း Current စီးဆင်းရာအစခလုတ်လည်းဖြစ် သည်။
ကားသော့အုံယူနစ်တွင် Key Cylinder နှင့် Multi-contact Point များပါသော Electrical Switch တို့ကိုပေါင်းစပ်ထားခြင်းဖြစ်သည်။ Key Cylinder သော့ အိမ်ထဲသို့ ကားသော့ Key ကိုထိုးသွင်းလိုက်ပါက Key တွင်ရှိသောအသွား
ဘုထစ်Lock Pin ကလေးများကိုတွန်းပို့လိုက်သည်။ Lock Pin လိုင်းများမှန်မှန်
ကန်ကန်တည့်သွားပါက Key ဆလင်ဒါအုံကိုကားသော့တံ Key ဖြင့် ဘယ်/ညာ
လှည့်၍ ရသွားသည်။ စတီယာရင် Lock ပါပွင့်သွားသည်။ ကားသော့အုံတွင်
Key Position (၄)နေရာပါ ရှိသည်-
⏩ “OFF” - ကားသော့ပိတ်ထားသော“Off’ Position အနေအထားတွင် အင်ဂျင်နှင့် အခြားလျှပ်စစ် Accessoriesများကို ပါဝါပိတ်ထားသည်။ ဘက်ထရီမှ လျှပ်စစ်ပါဝါမရသဖြင့် လျှပ်စစ်ပစ္စည်းများအလုပ် မလုပ်နိုင်သေးပါ။
⏩ “ACC” - ကားသော့တံ (Key)ထည့်ပြီးပထမတစ်ဆင့်လှည့်လိုက်လျှင် Acc Position ဖြစ်ပါ သည်။ ကားAccessories လျှပ်စစ်ကိရိယာများသို့ ပါဝါရောက်ပါသည်။ ရေဒီယိုနှင့် CD Player များအလုပ်လုပ် ပါသည်။
⏩ “RUN” – On position အနေအထားဖြစ် သည်။ အင်ဂျင်နှင့် Electrical Accessories များသို့ ပါဝါ ရောက်သောအခြေအနေဖြစ်သည်။ အင်ဂျင်လည်ပတ် ရန်နှင့် ကားမောင်းယူသွားနိုင်သောခလုပ်ပွင့် ‘on’အနေအထားဖြစ်သည်။ ကားဒတ်ခ်ျဘုတ်မှ မီးများလင်းလာမည်။ မီတာဒိုင်ခွက်များ၊ Gauge များစတင်အလုပ် လုပ်သည်။
⏩ “START”အင်ဂျင်စက်နှိုးရန်အတွက် ကားသော့တံကိုဆက်လှည့်လျှင် ‘Start’ အနေအထား၌စက်နှိုးမော်တာအလုပ်လုပ်သည်။ အင်ဂျင်စက်နိုးသွားပါက
လက်လွှတ်လိုက်လျှင် ကားသော့သည် ‘Run’ Position အနေအထားသို့ အလိုအလျောက်ပြန်ရောက် သွားမည်။
ကားသော့တံ နှင့် သောအုံ(lgnition Switch)သည် နေ့စဉ်နေ့တိုင်းသော့တံ
လှုပ်ရှားကစားပေးရသဖြင့် မကြာခဏ ချွတ်ယွင်းမှုပြဿနာများ ကြုံရတတ်သည်။ ကားဟောင်းများမဆိုထားနှင့် ကားသစ်များ ၌ပင် Ignition Switch ပြဿနာများ
ပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူရသောRecallသတင်းများကို (၂၀၁၄)ခုနှစ် ၌ အကြိမ်ကြိမ်ကြားခဲ့ရသည်။ အမေရိကန်ကားများတွင် အများဆုံး
ပြဿနာတတ်ခဲ့သည်။ General Motor မှ ကားများ (၂၀၁၄) ခုနှစ်တွင် (၃)ကြိမ်
ထက်မနည်း Ignition Switch ချွတ်ယွင်းမှုများကားစီးရေသန်းချီ၍ ဖြစ်ပေါ်ခဲ့သည်။ အဆိုးဆုံးမှာကားမောင်းနေစဉ် ရုတ်တရက်ကားအင်ဂျင်စက်ထိုးရပ်သွားပြီး
လျှပ်စစ်ပါဝါစတီယာရင်ပါ အလုပ်မလုပ်တော့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ Ignition Switchသည် ကားတစ်စီးလုံး၏ အရေးအကြီး
ဆုံးသောပင်မအချုပ်အချာဖြစ်သည်။ ကားမောင်းနေစဉ် ဘေးကင်းလုံခြုံမှုရှိရေး (safety) အတွက်လည်းအဓိကကျသည်။ Ignition Switch များ ဖြစ်လေ့ဖြစ်ထ
ရှိသော ချွတ်ယွင်းမှုပြဿနာပုံစံများကိုသိရှိလေ့လာထားသင့်ပါသည်။
▶️ (က) ကားသော့ (key) သွင်း၍ သော့အုံလှည့် မရခြင်း။
ကားသော့အုံတွင် စတီယာကော်လံ Lock ပါရှိသည်။ ကားသော့တံ Key ထိုးမထားဘဲစတီယာရင် Wheel ကွေကိုလှည့်လိုက်ပါက Lock ကျသွားမည်။ ကားရပ်နားစဉ်ကရှေဘီးအစွန်းသည် ပလက်ဖောင်းဘောင်နှုတ်ခမ်းသားအစွန်းနှင့် ဖိမိနေလျှင် စတီယာရင် Lock ကျပြီးကျပ်နေမည်။ ကားသော့တံသွင်းသော် လည်းစတီယာရင် Wheel လှုပ်မရ၍ Key ဆလင်ဒါ မလည်နိုင်ခြင်းဖြစ်သည်။ ဤသို့ ခက်ခဲနေလျှင် စတီယာရင် Wheel ကိုအားစိုက်ကစားပေးပြီးကားသော့တံ Key ကိုကစားပေးပါကစတီယာရင် Lock ပြန်ပွင့်သွားတတ်သည်။
ကားသော့ (Key) တံကို ကြေးဝါသတ္တုဖြင့် ပြုလုပ် ထားသည်။ သော့တံရှိ
အထစ်ဘုသွားများသည် အကြိမ်ရေများစွာအသုံးပြုပါကကြေးသတ္တုများပွန်းစားပြီး
ကားသော့ (Key) လှည့်ရာတွင် ခက်ခဲနေတတ်သည်။ ထိုပြဿနာမှာသော့အုံ
ကြောင့်မဟုတ်ဘဲ သော့တံ Key စားသွား၍ ဖြစ်သည်။ သင့်ထံတွင် ကားသော့
အပိုတစ် ချောင်းမရှိပါကကားသော့မိတ္တူတစ်ချောင်းပြုလုပ်ရမည်။ ကားသော့
ပြုပြင်ပေးသာ Key Master ကျွမ်းကျင်သူကိုသင့်ကားသော့စား၍ တိုဝင်နေ
ကြောင်း ပြောပြပါ။ သော့ မိတ္တူပြန်ကူးရာတွင် Key မြှင့်၍ ကူးယူနိုင်ပါသည်။
တစ်ခါတစ်ရံကားသော့အုံအတွင်း ၌ ဖုန်မှုန့်နှင့် အညစ်အကြေးများဝင်၍ Key Clinder ကျပ်နေတတ် သည်။ ကားသော့အုံကိုဖြုတ်၍ ဆေးကြောသန့်ရှင်းနိုင် သည်။ သော့အုံတွင် ကားသော့တံ Key အလွယ်တကူချောမွေ့စွာ ဝင်ထွက်ကစား
နိုင်ရန် ချောဆီထည့်ပေးရသည်။ လျှပ်စစ်မစီးနိုင်သောချောဆီထည့်ရမည်။ Dielectric ဆီလီကွန် (သို့မဟုတ်) Aerosol Electronic Cleaner ကဲ့သို့ ချောဆီတစ်မျိုးမျိုးထည့်ပေးလျှင် ဂျမ်းဖြစ်နေသောသော့အုံချောင်သွားမည်။ နောက်ဆုံးမည်သို့မျှပြင်၍ မရလျှင် Key Cylinder နှင့် ကားသော့ (Key) အစုံလိုက် (one set) အစားထိုးလဲလှယ်လိုက် လျှင် ထိုအခက်အခဲများပြေလည်သွားမည်။
▶️ (ခ) ကားသော့လှည့်၍ ရသော်လည်းအင်ဂျင်စက်မလည်ခြင်း။
သော့အုံထဲသို့ ကားသော့တံ (Key) ထည့်ပြီးလှည့်၍ရသည်။ သို့သော်လည်း
စက်နှိုးမော်တာမလည်သောအခြေအနေမျိုးဖြစ်ပါသည်။ Ignition Switch (သော့အုံခလုတ်) မကောင်း၍လား၊ စက်နှိုးမော် တာဆားကတ် (Starting Circuit) မှာအပြစ်အမှားတစ် ခုခုရှိနေ၍လားစဉ်းစားစရာနည်းလမ်းနှစ်မျိုးဖြင့် ချွတ်ယွင်းချက်
ကိုရှာပါ။
ကားသော့ဖွင့်လိုက်လျှင် ဒတ်ခ်ျဘုတ်မီးများလင်းလာရမည်။ ကားသော့ ‘On’ Position အနေအထားတွင် မည်သည့်အချက်ပြသတိပေးမီးများမလင်းပါက
ဘက်ထရီခေါင်းအဆက်ချောင်းနေသလား၊ လွတ်နေသလား၊ ဘက်ထရီလုံးဝ အားမရှိဘဲDownသွားပြီလားသေချာအောင် မီးကြီးဖွင့်ကြည့်ပါ။ မီးလုံးဝမလင်း၊ ကားဟွန်းသံလည်းမမြည်ခဲ့လျှင် ကားဘက်ထရီ၍ ပြဿနာရှိနေသည်မှာ
သေချာသည်။
ကားမီးကြီးလည်းလင်းသည်။ ဟွန်းလည်းမြင် သည်။ ဝိုင်ဘာလည်း အလုပ်လုပ်
သည်ဆိုလျှင် ဘက်ထရီကြောင့်မဟုတ်ပါ။ Ignition Switch ဆားကတ်မှာ Fuse ပြတ်နေသလား။ Relay ဘူးမကောင်းတာလား။ Starting System မှာ ဝါယာရိန်း
အပြစ်ရှိသလား အဖြေရှာကြည့်ပါ။ ကားသော့ကို “START” Position သို့ လှည့်
လိုက်တိုင်း Relay ဘူးကစားနေသောအသံတစ် တောက်တောက်နှင့် ကြားရ
သည်ဆိုလျှင် Igniton Switch ကောင်းသည်။ မော်တာပိုင်းသာအမှားတစ်ခုခု
ရှိနေသည်။
▶️ (ဂ) ကားသော့လှည့်သည်၊ စက်နှိုးမော်တာလည်သည်။ သို့သော် စက်မနိုးပါ။
ဤအခြေအနေသည် စက်နှိုးမော်တာနှင့် ကားသော့အုံတွင် အပြစ်လုံးဝမရှိတော့ပါ။ Anti-theft စနစ်၊ ဆီပို့စနစ်၊ မီးပေးစနစ်၊ အင်ဂျင်ကွန်ပျူတာတို့တွင် အမှားတစ်ခုခု
ရှိနေ၍ စက်မနိုးနိုင်ခြင်းဖြစ်သည်။ ကားအင်ဂျင် စက်နှိုးရန် ဆီစနစ်၊ မီးစနစ်များ
မှန်နေရမည်။ ခေတ် ဟောင်းကားများတွင် ဆီပျောက်၊ မီးပျောက်ရှာရလွယ် သည်။ ခေတ်ပေါ်ကားများတွင် နည်းပညာမြင့်၍ ရှုပ်ထွေးသည်။ ကားနည်းပညာအခြေခံ
မရှိလျှင် ခေတ်ပေါ်ကားများ၏ အလုပ်လုပ်ပုံကိုနားလည်သဘောပေါက်ရန်
အခက်အခဲဖြစ်နိုင်ပါသည်။
ခေတ်ပေါ်ကားများတွင် ကားသော့သည် Smart Key ဖြစ်သည်။ Smart Key တွင် ကားလုံခြုံရေးအတွက်ပရိုဂရမ် Code ထည့်သွင်းထားသည်။ ၎င်း Code ကို Anti-theft Code ဟုခေါ်သည်။ Ignition Switch တွင်ရှိသော Receiver က Smart Key ကိုဖတ်သည်။ Smark Key နှင့် Receiver ကြားတွင် မမြင်ရသော Signal လှိုင်းများရှိသည်။ Smart Key မကောင်းလျှင်လည်းကွန်ပျူတာအလုပ်မလုပ်ပါ။ ကားတစ်စီးလုံး၏ ဆီစနစ်၊ မီးစနစ်အားလုံးကို PCM (Powertrain Control Module) ခေါ် ကွန်ပျူတာကထိန်းချုပ် သည်။ ကွန်ပျူတာသည် အင်ဂျင်ဆင်ဆာ (Sensor) မျိုးစုံမှ လက်ခံရရှိသောသတင်းအချက်အလက်များကို အ ခြေခံ၍ အင်ဂျင်ကိုထိန်းချုပ်အမိန့်ပေးခြင်းဆောင်ရွက် သည်။
ဆီတိုင်ကီထဲတွင် ဆီရှိကြောင်းဆီဂိတ်တွင် ပြ သည်။ ကားသော့ဖွင့်လိုက်လျှင် Fuel Pump လည်သော ‘buzz’ မြည်သံကြားရသည်။ Fuel Pump လည်သော
အသံမကြားရပါက Injector ဆီလိုင်းများသို့ လောင်စာဆီမရောက်ပါ။ Fuel Pump မလည်ခြင်းမှာ ဝါယာရိန်း ကြောင့်လား၊ Fuse ပြတ်နေသလား၊ Pump မော်တာ
မကောင်း၍လားစစ်ဆေးရမည်။ Fuel Pump လည်လျှင် Injector ဆီလိုင်းများသို့ ဆီရောက်လာမည်။ အင်ဂျင် စတင်လည်ရန် Crankshaft Position Sensor နှင့် Ignition Control Module တို့ ကောင်းရမည်။ သို့မှသာအင်ဂျင်တိုင်မင်ကိုက် မီးပေးနိုင်မည်။
▶️ (ဃ) အင်ဂျင်စက်နှိုး၍ ရသည်။ ပုံမှန်လည် သည်။ သို့သော် ကားမောင်းနေစဉ်
ရုတ်တရက်စက်သေသွားသည်။
ဤကဲ့သို့ ချွတ်ယွင်းချက်လက္ခဏာသည် Igniton Switchမကောင်းသည့် လက္ခဏာဖြစ်သည်။ လမ်းအဆောင့်ဒဏ်တုန်ခါမှုကြောင့် Ignition Switch အတွင်းပိုင်းထိတွေ့နေရာများသည် တိုတောင်းသောအချိန်အတွင်းလွတ်သွားတတ်
သည်။ ထိုအခါ Ignition Switch မှ ပါဝါဖြတ်တောက်သွားပြီးစက်သေသွားခြင်း ဖြစ်သည်။ အသုံးပြုချိန်ကြာသောကားအိုကားဟောင်းများတွင် အများဆုံးဖြစ်
တတ်သည်။ ကားသစ်များတွင် လည်း ဖြစ်တတ်သည်။ သာဓကအနေဖြင့် (၂၀၁၄) ခုနှစ် အတွင်းအမေရိကန် GM ကားများ Ignition Switch ပြဿနာပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူ၍ ပြုပြင်ပေးခဲ့ရသည်။
▶️ (င) ကားသော့တံ (Key) ကျိုး၍ ကျန်နေခြင်း၊ သောတံနှုတ်၍ မရခြင်း
ကားသော့အုံတွင် စတီယာရင် Column Lock Cylinder အတွင်း၌ Pin ချောင်း
ကလေးများညှပ်နေပါကကော်လံ Locking Mechanism ပျက်စီးသွားတတ် သည်။ ထိုအခါမျိုးတွင် ကားသော့ (Key) ကိုသော့အုံမှ ဆွဲထုတ်၍ မရဖြစ်တတ်သည်။
ကားသော့ကျိုးကျန်ခဲ့ပါကကားသော့ပြင်ဆိုင် Key Master တစ်ဦး၏ အကူအညီ
ဖြင့် ကျိုးကျန်ခဲ့သောကားသော့ကို ပြန်ဆွဲထုတ်နိုင်ရန် ကြိုးစားပါ။ ကားသော့ အုံ
မကောင်းပါကကားသော့နှင့် သော့အုံအစုံလိုက်လဲလှယ်ပါ။ ကားသော့တစ်ချောင်း
သည် ကားတစ်စီးအတွက် အဓိကကျပြီးအရေးကြီးသောအရာလည်း ဖြစ် သည်။ ကားသော့တစ်ချောင်းအရန်ရှိထားသင့်သည်။ ဆောင့်ထားသင့်သည်။ ခေတ်ပေါ် Smart Key ဖြစ်လျှင် လည်းကွန်ပျူတာဖြင့် ပရိုဂရမ်ပြန်လည်ရေးသားပြီးSmart Key အရန်တစ်ချောင်းဆောင်ထားသင့်သည်။
{ပြန်လည်မျှဝေခြင်းသာ}
Credit >>>
19/12/2020
သာဓုသာဓုသာဓုပါ🙏🙏🙏
ပျော်ရွှင်စရာတွေအပြည့်စောင့်ကြိုနေတဲ့ ၂၀၂၁ ခုနှစ်ကို ကြိုဆိုသောအားဖြင့် နှစ်သစ်ကူး နှစ်ဉီးအကြို လူမှုရေးရန်ပုံငွေပွဲလေးတစ်ခုကို ဂုဏ်ရှိန်မြန်မာရဲ့ မိတ်ဆွေများနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်။
သက်တမ်းကြာလာပြီဖြစ်တဲ့ ကိုဗစ်ဟာ ကျွန်တော်တို့အားလုံးရဲ့ အခက်အခဲပါ။ သူ့ကိုနိုင်ဖို့ ကာကွယ်ဆေးလိုအပ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို လျင်မြန်စွာ ဝယ်ယူဖြန့်ဖြူးပေးနိုင်ဖို့ ဂုဏ်ရှိန်မြန်မာမှ အုတ်တချပ်သဲတပွင့်အဖြစ် ပါဝင်ချင်ပါတယ်။
ဂုဏ်ရှိန်မြန်မာရဲ့ ရုံးချုပ်မှာ ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေ ဆိုပြီး အလှူခံပုံးလေးတစ်ခု ထားပါမယ်။ မနက်ဖြန် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးအတွက် အလှူခံပါမယ်။ အလှူခံတဲ့အခါ အလှူရှင်တိုင်း တတ်နိုင်တဲ့ ပမာဏဖြစ်ဖို့ရယ်၊ အလှူရှင်တွေအတွက် အကျိုးရှိဖို့ရယ် ရည်ရွယ်ပြီး စီစဉ်ထားပါတယ်။
"GSM2000 လက်တွဲအလှူ" လို့နာမည်ပေးထားတဲ့ အစီအစဉ်အသေးစိတ်ကတော့…
မြန်မာပြည်ရဲ့ ဘယ်ဒေသ၊ ဘယ်မြို့မှာမဆို ဂုဏ်ရှိန်မြန်မာမှ တင်သွင်းရောင်းချနေတဲ့ Bosch Fully Synthetic SAE 0W20 ၊ SAE 5W30 ၊ SAE 5W40 ၊ Bosch Semi Synthetic SAE 10W40 ၊ SAE 10W30 အင်ဂျင်ဝိုင် ၄ လီတာတစ်ဗူး (သို့) Bosch ဒီဇယ်အင်ဂျင်ဝိုင် SAE10W30 အင်ဂျင်ဝိုင် ၅ လီတာ တစ်ဗူး ဝယ်ယူလိုက်တိုင်း ဝယ်သူရဲ့ ငွေထဲမှ ကျပ် တစ်ထောင်ကို သီးခြားဖယ်ပြီး ဂုဏ်ရှိန်မြန်မာရုံးချုပ်က ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေထဲ ထည့်ပါမယ်၊ ဝယ်သူရဲ့ ငွေကျပ် ၁၀၀၀ ဝင်လာတိုင်း ဂုဏ်ရှိန်မြန်မာကုမ္ပဏီဘက်မှ ငွေကျပ် ၁၀၀၀ ကို ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေထဲ ထပ်ထည့်ပေးပါမယ်။
ဒါဆို Bosch အင်ဂျင်ဝိုင် ၄ လီတာ (ဒီဇယ်ဆိုရင်တော့ ၅ လီတာ) တစ်ဗူးဝယ်လိုက်တိုင်း ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေထဲမှာ ဝယ်သူရဲ့ ငွေကျပ် ၁၀၀၀ + ဂုဏ်ရှိန်မြန်မာရဲ့ လှူဒါန်းငွေ ၁၀၀၀ စုစုပေါင်း ကျပ် ၂၀၀၀ စီ ဝင်နေမှာပဲ ဖြစ်ပါတယ်။ အလှူခံကာလပြည့်သွားတဲ့အခါ ရရှိတဲ့ လှူဒါန်းငွေတွေကို စုပေါင်းပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို “ဂုဏ်ရှိန်မြန်မာမိသားစုနှင့် Customer ပြည်သူအများ” ၏ အလှူအဖြစ် လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။
အင်ဂျင်ဝိုင်လဲတိုင်း ကုသိုလ်တွေ ရနေဖို့ Bosch အင်ဂျင်ဝိုင်လဲပြီး ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေအတွက် အတူတူလှူဒါန်းလိုက်ကြရအောင်…
💢💢💢Gone Shein Myanmar
www.gonesheinmyanmar.com
☎️☎️☎️Mandalay Office - 09777778716
☎️☎️☎️Yangon Office - 09777778704, 09777778706
18/12/2020
19.12.2020 မှစ၍ ပုံမှန်ပြန်ဖွင့်ပါပြီ ကျွန်တော်တို့မိတ်ဟောင်းမိတ်သစ်များကိုလဲ promotion များနဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျာ
18/12/2020
Mandalay 63လမ်း 40&41ကြားတွင် HUMMER Auto(2) ဆိုင်သစ်ဖွင့်ရန်အောက်ပါဝန်ထမ်းများအလိုရှိသည်
❇️အင်ဂျင်ပိုင်း/အောက်ပိုင်း-အလိုင်းမင့်/ECUပိုင်း (ပြစ်ချက်များကျွမ်းကျင်စွာရှာဖွေနိုင်ပြီး ဦးဆောင်နိုင်သူ)
❇️europe ကားmechatronicsပိုင်းများပြုပြင်နိုင်သူ
❇️အောက်ပိုင်းဖြုတ်/တပ် ကျွမ်းကျင်
❇️ပညာသင်များလဲခေါ်ပါတယ်
☎️09797922400,095182311(viber မှတဆင့် cvဖောင်ပို့ပြီးလျှောက်ထားနိုင်ပါတယ်)
Hummer Auto Repair (Mandalay)
တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း အလိုရှိသည်။
၁။အောက်ပိုင်းကျွမ်းကျင် အလိုင်းမင်းဆရာ(၂)ဦး
(က)အောက်ပိုင်းဆိုင်ရာ ပြစ်ချက်များကို ကျွမ်းကျင်စွာ ရှာဖွေပြုပြင်နိုင်ရမည်။
အခြေခံလစာ ၃သိန်း++++ နေစားငြိမ်း
၂။အောက်ပိုင်းဖြုတ်တပ် အင်ဂျင်အစိတ်အပိုင်း ဖြုတ်တပ် ကျွမ်းကျင်(၃)ဦး
လစာညှိနှိုင်း နေစားငြိမ်း
ဆက်သွယ်ရန်-095101196
19/05/2020
ဆိုင်ပြန်ဖွင့်ကြောင်းအသိပေးခြင်း…...🎉
ကျွန်တော်တို့ Hummer Auto Repair မှလူကြီးမင်းတို့ရဲ့ကားများကို အရင်အတိုင်း အကောင်းဆုံးဝန်ဆောင်မှုများနဲ့ ပြန်လည်ပြုပြင်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။🤗
05/05/2020
ကဆုန်လပြည့်နေ့တွင် "ဗျာ ဖွား ပွင့် စံ" တော်မူခဲ့သော မြတ်စွာဘုရားရှင်ကိုပူဇော်သည့်အနေဖြင့် ကျင်းပသော ယနေ့ညောင်ရေသွန်းပွဲတော်မှာ အိမ်မှာနေရင်း ကုသိုလ်ပွားများအားထုတ်နိုင်ပါစေကြောင်း မေတ္တာပို့သအပ်ပါတယ်ခင်ဗျာ....🙏🙏🙏
01/05/2020
အလုပ်သမားတို့ရဲ့ အသက်၊ ချွေး၊သွေး များနဲ့အတူ ရင်းနီးပေးဆပ်ပြီး ဖြစ်ပေါ်လာသော
သမိုင်းဝင်နေ့တစ်နေ့ဖြစ်တဲ့ အလုပ်သမားနေ့
(မေဒေးကို) ကြိုဆိုရင်း အလုပ်သမားတွေကို
ဂုဏ်ပြုလိုက်ပါတယ်....
#အလုပ်သမားနေ့
11/04/2020
မြန်မာတို့ရဲ့ အပျော်ရွှင်ရဆုံး အချိန်တစ်ခု (သို့) မဟာသင်္ကြန်....
ဒီနှစ် သင်္ကြန်... ကျွန်တော်တို့ မျှော်လင့်သလိုမဖြစ်လာခဲ့ဘူး.....☹
ဘယ်လိုအခက်အခဲတွေ ရှိနေပါစေ ... ကျွန်တော်တို့ရဲ့ နှစ်သစ်ကိုတော့
ဘယ်အရာမှ ညစ်နွမ်းအောင်မလုပ်နိုင်တာမို့ ဖြူစင်သန့်ရှင်းခြင်းတွေအပြည့်နဲ့ နှစ်သစ်မှာ
ပြန်ဆုံကြဖို့ အိမ်မှာပဲနေပြီး နှစ်သစ်ကိုကြိုဆိုကြပါနော်.... 🙏🏻
ဘာပဲဖြစ်ဖြစ် အားလုံးပဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့
ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ Hummer Auto Repair မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🏻
#မြန်မာ့နှစ်သစ်ကူး
01/04/2020
လက်ရှိ Covid 19 ကူးစက်မှု မြင့်မားလာသည်နှင့် ကျွန်တော်တို့၏ မိဘပြည်သူများ လုံခြုံဘေးကင်းစေရေးအတွက်❗️
ယနေ့မှစပြီး ဘေးအန္တရာယ်များ ကင်းရှင်းချိန်အထိ ဆိုင်ပိတ်သွားမည်ဖြစ်ပါကြောင်း လေးစားချစ်ခင်စွာဖြင့် အသိပေးအပ်ပါသည် ခင်ဗျာ📣
ဆိုင်ပြန်ဖွင့်မည့်ရက်ကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
မိဘပြည်သူများအားလုံး ကျန်းမာဘေးကင်းတဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ပါစေဗျာ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
63rd Street
Mandalay