Chef Romeo

Chef Romeo

Share

I am chef Romeo . I love to create the new idea of any dishes

26/03/2026

To HR

HR ဆိုတဲ့ Human Resource ဌါနဟာ အဖွဲ့အစည်းတစ်ခုမှာ ဝန်ထမ်းရေးရာတွေကို စီမံဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုပါ။ HR ရဲ့လုပ်ငန်းတာဝန်တွေအရ company/ အဖွဲ့အစည်းရဲ့ လိုအပ်တဲ့ ဝန်ထမ်းရှာဖွေခန့်ထားရေး Recruitment and Staffing ကစလို့ Training and Development ,Employee Relations,Compensation and Benefits,Performance Management,Compliance,Employee Welfare,Policy Development စသဖြင့်မြောက်များစွာသောတာဝန်တွေကို ယူရပါတယ်။

မြန်မာနိုင်ငံဟာ စတင်ဖွံ့ဖြိုးတ်ုးတက်လာပြီလို့ယူဆရတဲ့ အချိန်ကာလတစ်ခုကိုရောက်လာခဲ့တဲ့အချိန်တုန်းက နိုင်ငံခြားမှာ waiter / waitress / gym trainer / HR assistant စသဖြင့် HR နဲ့ဆိုင်တာရောမဆိုင်တာရော စသဖြင့်ပြည်ပမှာ လုပ်နေတဲ့သူတွေက HR နဲ့ပါတ်သတ်တဲ့ သင်တန်းတိုလေးတွေတက် certificate လေးတွေကိုင် ကာ ပြည်တော်ပြန်ပြီး ဟိုတယ်ကြီး ဟိုတယ်သေး ကုမ္ပဏီကြီး ကုမ္ပဏီသေးတွေ မှာ HR manager အနေနဲ့ ဝင်လုပ်ကြသတဲ့။ တစ်ချို့ကလည်း Assistant အနေနဲ့ပေါ့လေ။ အဲ့ကနေ နောက်တစ်နေရာပြောင်းတော့ မန်နေဂျာဖြစ်ပါလေရောပေါ့။

ဒါတွေဟာ ကိုယ်ပိုင်ခံယူချက်တွေနဲ့မို့ဘာမှ မပြောလိုပေမယ့် ပြောလိုတာ တစ်ခုတော့ရှိနေတယ်။ အဲ့ဒါက တည့်တည့်ပြောရရင် သခင်စိတ်မရှိပဲ ကျွန်စိတ်ရှိနေခြင်းသာ။ ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတ်ုးတက်လာပြီလို့ ယူဆရတဲ့ရောင်နီသမ်းခေတ်ကာလက company တွေ ဟိုတယ်ကြီးတွေ အဖွဲ့အစည်းကြီးတွေ အတော်များများမှာ GM တွေ CEO တွေ အစရှိတဲ့ Head position အတော်များများဟာ မြန်မာနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေပါ။သူတို့ဟာ မြန်မာ နိုင်ငံမှာ နေတာ နှစ်အတော်ကြာတဲ့သူရှိကြသလို အခုမှရောက်လာသူတွေလည်းရှိကြတယ်။ ဘယ်သူမှ ကိုယ့်မြေကိုယ့်ရေ မဟုတ်တဲ့နေရာမှာ လူတွင်ကျယ်မလုပ်ကြပါဘူး။ အဲ့ဒီအခါမှာ HR အတော်များများဟာ အဲ့လို နိုင်ငံခြားသားတွေကို ကိုယ့်နေရာ တည်မြဲရပ်တည်ရေးအတွက် အထက်ဖားအောက်ဖိလုပ်ကြပါလေရော။ လုပ်ပုံလုပ်နည်းသာ ကွာမယ် ခေါင်းစဉ်ကတော့အတူတူပါပဲ။ နိုင်ငံခြားသားအတော်များများဟာ တော်ရုံကိစ္စကိုလက်ရှောင်တတ်ကြတယ်။ ပြဿနာမဖြစ်လိုကြဘူး။ သူတိူ့က သူတို့နိုင်ငံမှာမဟုတ်တဲ့ တခြားနိုင်ငံမှာ ရောက်နေတာ သူတို့ကိုယ်သူတို့နားလည်တယ်။
တိုက်ဆိုင်ပြောရရင် ကျွန်တော်ဆို လက်ရှိ Germany နိုင်ငံမှာ Head Chef အနေနဲ့လုပ်နေတာပါ။ ကျွန်တော့်နိုင်ငံမဟုတ်တဲ့ တိုင်းတပါးမှာ သူတို့ local တွေကို အမြဲ သတိထားပြီး စောင့်ကြည့် ရ ခိုင်းရ motivation ပေးရနဲ့ မျှတအောင်အမြဲလုပ်ရတယ် သတိထားရတယ်။ မဟုတ်ရင်ကိုယ်ပဲကွဲမှာလေ။ ဒီသဘောတရားအတိုင်းပါပဲ။

ဆက်ပါမည် - အဲ့ဒီအခါမှာ ကြက်တူရွေးကတော်တော် မယ်တော်က ကဲကဲ ဆိုသလို နိုင်ငံခြားသား CEO တွေ GM တွေ အစရှိတဲ့ သူတွေကို ကိုယ့်နိုင်ငံသား အလုပ်သမားတွေ ဘက်က မရပ်တည်ပဲ သူတို့အကြိုက် ဦးအောင်ပြော စာထုတ် စသဖြင့်တွေ မြင်ရတွေ့ရတာဟာ စိတ်မချမ်းမြေ့စရာပဲ။ တချို့အဖွဲ့အစည်းတွေမှာဆို GM ကိုတောင်ကျော်ပြီး SOP ထုတ်သတဲ့။ Memorandum နဲ့ SOP တောင်မကွဲတဲ့ HR တွေ ပါတကား။

Singapore မှာ International brand 5 stars hotel ကြီးတစ်ခုမှာ Section Head ရာထူးနဲ့လုပ်ကိုင်စဉ်က အတွေ့အကြုံလေး share ပေးပါရစေ။ အဲ့တုန်းက ကိုယ့် outlet kitchen မှာ အင်မတန်မှ ရိုင်းပြီး F&B service မှန်သမျှနဲ့ ရန်ဖြစ်တဲ့ cook တစ်ယောက်ရှိခဲ့ဖူးတယ်။ မလေးလူမျိုးပါ။ တစ်ရက်တော့ ပြဿနာ အကြီးကြီးဖြစ်ပါလေရော။ ကိုယ့်ကို Executive Chef ကခေါ်ကြိမ်းတယ် အဲ့ကောင်အခုထုတ်ပစ်တဲ့။ ကိုယ်လည်း သူ့မှာ အပြစ်တွေ ရှိထားတာမို့ termination စာထုတ် ထုတ်ပစ်ရတာပေါ့။ ပြီးသွားပြီထင်ပေမယ့် HR မပြီးဘူး။ ခေါ်ပြီး မေးပါလေရော။ ပြီးတော့ အဲ့cook ပါခေါ်ပြီးမျက်နှာချင်းဆိုင်ပြောတာ ကိုယ့်မျက်နှာ ဘယ်နားသွားထားရမလဲတောင်မသိဘူး။ သူ့မှာ bad records တွေ ရှိပါတယ်ပြောတာ ဟိုကလည်းဝန်ခံတာတောင်ဘယ်မလဲ coaching notes တွေ warning letters တွေတဲ့။ သေရော သိပ်သဘောကောင်းတဲ့ Romeo ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မပေးခဲ့ဖူးဘူး။ ပါးစပ်နဲ့ပဲပြောခဲ့တာမို့ ပြစရာ recorded မရှိဘူး။ အဲ့ဒီအထဲက မှတ်သွားတာ နောက်ဆ်ုအမြဲ ဆုပေးဒါဏ်ပေးကို record နဲ့စနစ်တကျလုပ်တတ်လာလို့ ဝန်ထမ်း တွေရဲ့ ပိုပြီးယုံကြည်လေးစားမှုရလာခဲ့တယ်။ ပြောချင်တာက HR ဆိုတာ ဝန်ထမ်းတွေကိုအဲ့လိုတန်ဖိုးထားရတာပါ။ သူတို့က ခန့်ပြီးသွားရင် မကောင်းဘူးဆိုရင်တောင်ရအောင် ပြုပြင်မယ်ဆိုတဲ့ခံယူချက်မျိုးပါ။ကိုယ့် professional နဲ့ကိုယ်လုပ်နေသူတွေနဲ့ သူဌေး မျက်နှာကြည့်ပြီး သူဌေးအကြိုက်လိုက်လုပ်နေသူတွေနဲ့ကွာပါတယ်။

အခုလိုပြောနေတာ HR တိုင်းက ဖြစ်ပျက်နေတယ်လို့တော့မဆိုလိုပါ။ အခုထိခင်မင်ရတဲ့ HR မိတ်ဆွေများလည်းရှိကြသလို အတော့်ကိုအောက်တန်းကျပြီး ယုတ်တဲ့ HR တွေလည်းရှိကြလို့ အနာရှိသူသာ စပ်ကြပါစေဆိုတဲ့စေတနာလေး တစ်ခုရယ်ကြောင့်သာ ဒီစာကိုရေးရတာမို့ အနာရှိရင်စပ်ကြပါနော်။

25/03/2026

အလုပ်ရှင်အပေါ်သစ္စာရှိခြင်းလား အလုပ်အပေါ်သစ္စာရှိခြင်းလား

ပြီးခဲ့တဲ့အပါတ်က လက်ရှိအလုပ်ကနေ resign တင်ပြီး နောက်ထပ် offer ပေးတဲ့ 5 stars hotel ကြီးကိုပြောင်းတော့မယ်ဆိုတဲ့အကြောင်း သူငယ်ချင်းတစ်ယောက်နဲ့ပြောဖြစ်တယ်။ အခုကတော့ သူဌေးကို ကိုယ့်လိုလူမျိုးရှာဖို့ ၃လ notice လုံလုံလောက်လောက်ပေးထားပြီးဆက်လုပ်နေတဲ့အချိန်ပေါ့လေ။ သူငယ်ချင်းကပြောတယ် သူက ကိုယ့်အပေါ်ဒီလောက်ကောင်းနေတာ ဘာလို့ထွက်မှာလဲပေါ့။ လက်ရှိသူဌေးဆီမှာပဲ သစ္စာရှိရှိလုပ်သင့်တယ်ပေါ့။ သူပြောတာ သူ့တကိုယ်စာ ပုဂ္ဂလိဂအမြင်ဆိုပေမယ့် ကိုယ်မြင်တာ ကိုယ်နိုင်ငံက လူတွေအတော်များများရဲ့အမြင်လို့မြင်မိတယ်။ ဒါကြောင့် ဒါဟာဒီပို့စ်ကိုရေးလိုက်ရတဲ့အကြောင်းရင်းတွေထဲက တစ်ချက်​ပေါ့လေ။

ကိုယ်ဟာ ဂျာမနီနိုင်ငံမှာ လာလုပ်နေတာ အလုပ်ကောင်းကောင်း လုပ် ပိုက်ဆံရှာ အဲ့ဒါထက်ပိုတဲ့ရည်ရွယ်ချက်တွေ အများကြီးရှိတယ်။ ငယ်ရွယ်တဲ့အချိန်ဆိုရင်တော့ ပညာလည်းသင်ရမှာမို့ နေရာတစ်နေရာမှာ အကြာကြီးလုပ်ဖြစ်မှာပါ။ ဒါပေမယ့် ဒီမှာတော့ ကိုယ်က ဦးစီးနေရတာ တနည်းအားဖြင့် ကိုယ့်ဆီက ပညာတွေကိုသာ ဒီကရကြတာ။ ကိုယ်ကပြန်မရဘူး။ ဒါကြောင့် တစ်ဆင့်ပြီးတစ်ဆင့် benefit တွေ အများကြီးကွာမယ် ဝင်ငွေတွေလည်း အဆပေါင်းများစွာသာတဲ့ offer တွေရရင်ပြောင်းမယ်။ ဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်သွားရမှာကိုး။
သစ္စာရှိတာနဲ့ပါတ်သတ်လို့ပြောရရင် ကျွန်တော်တို့က ကျွန်မဟုတ်ဘူးလေ။ Professional တွေပါ။

ဒါနဲ့ပါတ်သတ်ပြီး boss တွေ မန်နေဂျာတွေ ကို meeting ခေါ်ပြီး ပြောခဲ့တာလေး ပြန်ဝေမျှပေးမယ်။ ကျွန်တော်တို့ဆိုင်က Michelin level restaurant တစ်ခုဖြစ်တဲ့အပြင် Seasonal course menu က အရမ်းနာမည်ကြီးတယ်။ ဒါကြောင့် ရာသီပြောင်းတိုင်း အဲ့ရာသီနဲ့ ကိုက်ညီတဲ့ Course menu ကို ပြင်ဆင်ရတယ်။ ပြီးရင် အခါအားလျော်စွာ ကျင်းပလေ့ရှိိတဲ့ Christmas ၊ New Year ၊ Valentine’s Day စသဖြင့်နေ့တွေအတွက်လည်း special menu ထုတ်ပေးရတယ်။ ဒါကြောင့်ခေါင်းအရမ်းစားတယ်။ ဒီလို menu ထုတ်ပြီးရင် boss တွေရော manager တွေရော service staff တွေပါမကျန် မြည်းခိုင်းတယ်။ ပြီးရင် feedback ပေးခိုင်းတယ်။ ဒါတွေ အကုန်နားထောင်ပြီးမှ final menu ကို plan တယ်။ ပြီးရင် final food testing လုပ်ခိုင်းတယ်။ ထပ်မပြင်တော့ဘူး။ ဒါကို menu presentation လုပ်တယ်လို့ ကိုယ်ကသုံးတယ်။ ဝန်ထမ်းတွေ စားကြည့်ပြီး product knowledge ရှိအောင်လို့ပါ။ ဘာလို့လဲဆိုတော့ menu ဆွဲတဲ့အခါ ရမ်းသန်းဆွဲရတာမဟုတ်ပဲ story telling ပါပါနေလို့ပါ။ အဲ့ဒီမှာ သဘာဝ ပါတ်ဝန်းကျင်ဖြစ်နေတဲ့အလှအပလေးတွေ ရာသီပေါ်သီးနှံ အသားငါး စသဖြင့်တွေ ပါအောင် chef ရဲ့စိတ်ကူးစိတ်သန်းတွေဖြန့်ကျက်ပြီး ဆွဲထားတာမို့ ဒါတွေကို customer တွေကို ရှင်းပြနိုင်စေဖို့ပါ။ menu တစ်ခုဆိုတာထက် ကဗျာလေးတစ်ပုဒ်လို နူးညံ့သိမ်မွေ့ပါတယ်။ ဒါကို customer တွေကလည်း အရမ်းသဘောကျကြတယ်။ ဒါကြောင့် တစ်ယောက်ကို €120 ကနေ €180 လောက်အထိပေးစားကြတာပါ။

ဒါပေမယ့် တစ်ရက်မှာ အသစ်ရောက်တဲ့ မန်နေဂျာက စကားမှားသွားတယ်။ menu presentation ကို menu resubmit လုပ်ပါတဲ့။ ကိုယ်က presentation လုပ်ပြတာကို သူတို့ကို အကဲဖြတ်ခိုင်း approval တောင်းနေတယ်ထင်ပုံရတယ်ထင်ပါတယ်။ အဲ့မတိုင်ခင်ကလည်း ကိုယ့် ဟင်းပွဲတွေကို ဟိုဟာရွှေ့ဒီဟာရွှေ့နဲ့ ဟိုဟိုဒီဒီဝေဖန်နေတာကို တင်းနေတာ။ ဒါနှလုံးသားနဲ့ခံစားပြီး ဖန်တီးထားတဲ့အနုပညာတစ်ရပ်ဆိုလည်းမမှားဘူး။ လူကထောင်းကနဲ ဒေါသထွက်သွားပြီး message ပို့လိုက်တယ်။ ပြီးတော့ meeting ခန်းထဲ မှာဆုံကြပြီး ကြုံးတော့တာပဲ။ မင်းတို့အထင်မှားနေတာရှိလိမ့်မယ် ငါက professional chef တစ်ယောက်ပါ။ ငါက မင်းတို့နဲ့ အတူတူ အလုပ်လုပ်ကြတာ မင်းတို့ကို ဒီ menu တွေ တင်ပြပြီး ခွင့်ပြုပေးဖို့ approval တောင်းနေတာမဟုတ်ဘူး။ ငါဟာ ဂျာမန်မဟုတ်ဘူး ဂျပန်လည်းမဟုတ်ဘူး ဒါပေမယ့် ဟင်းချက်တဲ့နည်းပညာ ငါတတ်တယ် ဒါကြောင့် ငါဖန်တီးထားတဲ့ ဟာတွေက ဂျာမန်တွေ စားနိုင်ပါ့မလား ဂျပန်တွေ လက်ခံနိုင်မလား ဒါကြောင့် မြည်းခိုင်းတာ။ ငါ့ဟင်းပွဲကို ဟိုဟိုဒီဒီတွေ ဝေဖန်တာ မလုပ်ပါနဲ့ မကြိုက်ဘူး။ ယုတ်ဆွအဆုံး protein နေရာ veggie နေရာ starch နေရာတောင်မရွှေ့ပါနဲ့ လို့ပြောပစ်ရော။ နေပါဦးမင်းတို့က ငါ့ဟင်းပွဲကို ဝေဖန်ရအောင် Gastronomy life မှာ မင်းဘယ်နှစ်နှစ်လုပ်ပြီး ဘယ်လောက်အမြင့်ဆုံး ရာထူးနဲ့လုပ်ခဲ့ဖူးလဲဆိုပြီးဖြဲတော့မှ အားလုံးကတောင်းပန်ကြတယ်။ Boss တွေလည်းပါတယ်။ ကိုယ်လည်း သူတို့နားလည်ရင်ရပြီဆိုပြီးစိတ်လျှော့လိုက်တယ်။ အဲ့ မတိုင်ခင်ရက်က Arsenal ရှုံးလို့တင်းနေတာပါ ပါသွားတယ် 😁

ထားတော့ ဒါကြောင့် chef အငယ်တွေကိုပြောချင်တာ ငယ်ရွယ်စဉ်အချိန်မှာ ပညာ ရတဲ့နေရာမှာ ရသလိုသင်ယူပါ။ ကိုယ်က နောင်တစ်ချိန်် leading လုပ်ရမယ့်အရွယ်ရောက်ရင် တန်ရာတန်ကြေးပိုပေးတဲ့ဆီကိုသွားပါ။ သစ္စာရှိရအောင် ကျွန်တွေမဟုတ်ဘူး။ တို့တွေဟာ professional တွေ။ ဘောလုံးသမားတွေဆိုကြည့်ပါ။ တစ်နေရာတည်းမှာ အကြာကြီးလုပ်တာ ပညာရရင်ရ မဟုတ်ရင်ထိုက်သင့်တဲ့ လစာ benefit ရပါစေ။ အချိန်တွေ ကုန်သွားမှ နောင်တတွေရတာမျိုးမဖြစ်ကြပါစေနဲ့။ ဒါပေမယ့် မိမိလုပ်နေတဲ့ အလုပ်အပေါ်မှာတော့ သစ္စာရှိပါ။ မလေလွင့်အောင်ဂရုစိုက်ပါ။ အလုပ်ရှင်ဝင်ငွေတိုးအောင်စီစဉ်ပေးပါ။

ဟိုနေ့က လုပ်ထားတဲ့ sunomono လေး တင်ပေးလိုက်တယ်။ သာမန်ထက်ထူးခြားတာက ဂျပန်စာကို လက်ရှိ Spring ရာသီမှာ ဂျာမန်ဒေသထွက် Bürlauk အရွက်လေးကို cucumber ကိုဆားနဲ့ ကြွပ်ကြွပ်လေး ဖြစ်အောင် လုပ်ထားတာနဲ့ တွဲဖက်ပြီး blanching လုပ်ပြီးထည့်ထားတယ်။ wakame လေးကတော့ ပင်လယ်ကြီး ကိုကိုယ်စားပြု ပြီး Hokkaido scallop ကို salt curing method ( Shiojime ) နဲ့ cure လုပ်ပြီး tataki ပုံစံ လုပ်ပြီးမှ ပြန်လှီးပေးထားလို့ နဂိုက freshness နဲ့ အချိုဓါတ်ကိုပါအားဖြည့်ပေးထားတယ်။ scallop အပေါ်မှာ Tozasu gel လေးကိုတုန်တုန်လေးဖြစ်အောင်လုပ်ထားပြီး ဇွန်းနဲ့ ခပ်ကြမ်းကြမ်းခေါက်ထားတာလေးတင်ပေးလိုက်တော့ acidity ကိုပိုပြီးထောက်ပံ့ပေးထားတယ်။ အဲ့ဒီအပေါ်မှာ salmon roe လေးတင်ပြီး ဂျပန် edible flower ဖြစ်တဲ့ hana hojiso လေးတင်ပေးထားလိုက်တယ်။ Main course မတိုင်ခင် ထွက်ပေးမယ့် course လေးပေါ့။

Chef Romeo

23/03/2026

A mother of Caviar နှင့်တွေ့ဆုံခြင်း

Störe ( Sturgeon fish ).

22/03/2026

အလုပ်အင်တာဗျူးမယ့် chef အငယ်လေးတွေကို မှာချင်တယ်။ ပွဲမဝင်ခင် အပြင်မှာအရင်ကျင်းပရတယ်ဆိုတဲ့စကားရှိတယ်။ ဆိုလိုတာက ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ။

ဒီနေ့ ဂျပန် chef တစ်ယောက် အင်တာလာဗျူးတယ်။ ဂျပန်လူမျိုး ဂျပန်chef ကို မြန်မာ လူမျိုး head chef က အင်တာဗျူးရတာ ရယ်စရာတော့အကောင်းသားပဲ။ သူဌေးက အစောကတည်းက သူ့ CV ကိုပို့ထားလို့ သူ့အကြောင်းအတော်အသင့်သိနေတယ်။ မြူးနစ်မှာတင် နေတာ ၁၀ စုနှစ်မကတော့တဲ့အပြင် ဂျာမန်စကားလည်းမွှတ်ထွတ်နေတာပဲ။ ကိုယ်သာ ဂျာမန်လိုလည်းမရ ဂျပန်လိုလည်း စုတ်ပြတ် 😖

အဲ့ဒီတော့ ဒီနေ့ Food testing လာလုပ်ခိုင်းလိုက်တယ်။ သေချာ ပြင်ဆင်မလာတော့ အိုးနင်းခွက်နင်းနဲ့ ဖြစ်ရော။ ပြောချင်တာကတော့ ကွာ experience တစ်ခုရလာပြီဆိုရင်အလုပ်နေရာပြောင်းတဲ့အခါ နေရာသစ်က ကိုယ့်ကို food testing လုပ်ခိုင်းမှာပဲ။ အဲ့ဒီအတွက် ကြိုတင်ပြင်ကိုပြင်ဆင်ထားရမယ်။ ဟိုကျရင် လုပ်ရင်လုပ်ခိုင်းမယ် မလုပ်ရင်လည်းမလုပ်ခိုင်းဘူး။ Germany နဲ့ Europe မှာက kitchen က position ကိုလျှောက်ရင် တစ်ရက် Trial လာလုပ်ခိုင်းတယ်။ သူ့kitchen နဲ့ ကိုယ်က အဆင်ပြေမပြေ သူ့ဘက်ကလည်း ပြန်ကြည့်တယ် ကိုယ်က သူတို့နဲ့ လုပ်လို့အဆင်ပြေမပြေအကဲခတ်ပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ မကြိုက်ဘူး အဲ့လို trial သွားဆင်းရတာ။ ဒါကြောင့် အင်တာဗျူးကတည်းက HR ကိုကြိုပြောထားတာ။ HR က တစ်ရက်လာဆင်းကြည့်ပါပြောရင် မဆင်းနိုင်ဘူး။ ငါ food testing လာလုပ်မယ်။ ငါပဲ ဦးဆောင်မယ်။ ငါချက်တာ စားကြည့်ပါ။ ကြိုက်ရင်ရှေ့ဆက်စကားပြောမယ်။ မြန်မာထဲမှာ နည်းနည်းလူပါးဝ တယ်ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် မတတ်နိုင်။ စဉ်းစားကြည့်လေ။ ကိုယ်မသိတဲ့နေရာမှာ ကိုယ်မသိတဲ့လူတွေ နဲ့ သူတို့ခိုင်းတာကို ဟိုဟာလုပ်ဒီဟာလုပ်ဆိုတာ အစစအရာရာ လိုက်မေးနေဖို့က အောက်တယ်လေ။ ဒါကြောင့် ကြိုပြောပြီးသား။ ကိုယ်ပဲ ဦးဆောင်မယ်။ သတ်မှတ်တဲ့အချိန်ရောက်ရင် လာစားကြ။ ရှင်းပြမယ်။ ကြိုက်ရင် ရှေ့ဆက်မယ်။ ဒီနည်းနဲ့ပဲ အဆင်ပြေပြေဖြတ်သန်းလာတာခုထိပဲ။ 😁

ဒါကြောင့် Knife kit set ကို ဓါးမျိုးစုံကအစ အခွံခွါတဲ့ peeler က အဆုံးအကုန် ဖြည့်ထားတယ်။ hand blander အသေးစားရော weight machine အသေးစားပါပါတယ်။ ဆော့စ်တွေဆို ညှစ်လို့ရတဲ့ squeeze bottle အ​သေးစသဖြင့်အစုံပါပြီးသား။ chef အငယ်တွေကို ကိုယ်ပိုင် course by course menu ၃ စုံလောက် လုပ်ထားစေချင်တယ်။ သို့မဟုတ် options 3 မျိုးလောက် စီစဉ်ထားပါ။ အရေးကြုံရင် အသုံးချပါ။ လုပ်ပြပါ။

By the way အခုလတ်တလော အကျပ်အတည်းကြောင့် Middle East နဲ့ နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ Gastronomy လောက က ညီအကိုမောင်နှမများ Europe ကို လာကြပါ။ ဂျပန်တွေ ဒီမှာ ၁၀ စုနှစ်ပေါင်းများစွာအခြေချနေထိုင်းကြတာ သာလို့ပါ။ မသာရင်မနေပါဘူး။ ဒီလိုပြောလို့ ကျွန်တော့် ကို CV တွေပို့ အလုပ်တွေ လာမလျှောက်ကြနဲ့နော်။ ကျွန်တော်က ပွဲစားလည်းမဟုတ်ဘူး။ စေတနာနဲ့ ပြောပြတာ။

အားလုံး အဆင်ပြေအောင်မြင်ကြပါစေ။
Romeo

20/10/2025

On this International Chefs Day,

let’s celebrate the creativity, passion, and hard work of chefs around the world including Myanmar Chefs.

May their talents continue to inspire us all, creating delicious meals while also working towards a world where no one goes hungry.

To the young chefs of tomorrow, may you bring even more innovation and heart to your craft, shaping a future filled with flavorful, sustainable, and safe food for all.

Here’s to a brighter future, fueled by culinary excellence!

Chef Romeo

05/04/2025

01/02/2025

ဓါးအသွားတစ်ဖက်တည်းထားတာက။ ဓါးထက်အောင်အချိန်ခနလေးလုပ်လို့ရတာရယ်၊ အသွားက လိမ်နေတာမျိုးမဖြစ်စေပါဘူး။

28/01/2025

ကျွန်တော့် message box က young chefs တွေရဲ့ အကြံဥာဏ်တောင်းခံတာတွေ အမြဲ ရလေ့ရှိလို့ အချိန်ရခဲ့ရင် သေချာ စာပြန်ပေးလေ့ရှိပါတယ်။ message တိုင်းက ကိုယ့် Chat Box စီကိုတိုက်ရိုက်မဝင်နေပဲ request message box မှာ စုပြုံနေတော့ တစ်ချို့ဆိုရင် ကြာနေရော။ မနက်ကမှ စာအရှည်ကြီးရေးထားတဲ့ ကလေးတစ်ယောက်ရဲ့ message လေးတွေ့ရလို့ ဒီပို့စ်လေးကို ရေးပေးလိုက်ပါတယ်။

သူရေးထားတဲ့လိုရင်းက သူ့chef ထွက်သွားလို့ လက်ရှိဟိုတယ်မှာ Experience သိပ်မရှိသေးတဲ့ သူတို့ထဲက chef တစ်ယောက်ကိုဆွဲခန့်လိုက်တယ်။ စျေးမှာတာက အစ ကမောက်ကမဖြစ်နေတယ်။ ကျွန်တော့်စိတ်ထင် ဟိုတယ် အသေးတစ်လုံးမှာလို့ ထင်ပါတယ်။ အကြံဥာဏ်တောင်းခံတဲ့ ခလေးက သူလည်း တိုးတက်ရာအတွက် ထွက်ချင်ပေမယ့် လက်ရှိအလုပ်ကို ထားမသွားရက်ဘူးဖြစ်နေလို့ ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံဉာဏ်တောင်းခံ ထားတဲ့ စာပါ။

ဒီလိုကိစ္စတွေ နဲ့ပါတ်သတ်ပြီး ပြောရမယ်ဆိုရင် ဒါဟာ ဖြစ်လေ့ရှိတဲ့ကိစ္စပါပဲ။ အလုပ်တွေက experience ရှိတဲ့သူတွေနေရာမှာ အဆင်ပြေတဲ့သူတွေနဲ့ အစားထိုးမိတတ်ကြတယ်။ အဲ့လိုအခါမှာ အခုလိုပဲ ခနတာ ကမောက်ကမ ဖြစ်တတ်ကြတယ်။ အစားထိုးခံရတဲ့ သူရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး အဲ့ဒီကာလက ကြာရင်လည်းကြာတတ်တယ်။ အဲ့ဒီနောက် နောက်ထပ်ဝန်ထမ်းတွေလည်း ထပ်ထွက်တတ်ကြတယ်။

ပြောရမယ်ဆိုရင်ဗျာ စွမ်းဆောင်ရည်ရှိပြီး အတွေ့အကြုံရှိသော Chef တွေ သို့မဟုတ် ဝန်ထမ်းတွေဟာ တစ်ချိန်မှာ သူတို့ရဲ့တိုးတက်ရာတိုးတက်ကြောင်းကြောင့်ထွက်သွားတာပဲဖြစ်ဖြစ်တခြား အကြောင်းအရာများကြောင့် ကိုယ့်အလုပ်ထဲကနေ ထွက်သွားတာကြောင့် အလုပ်ခွင်မှာ ဆုံးရှုံးရတတ်ပါတယ်။ ဒီလိုအချိန်မှာ လက်ကျန်နေရာမှာ အသစ်ခန့်ထားရသော ဝန်ထမ်းများသည် အတွေ့အကြုံနည်းပါးသည့်အတွက် ရော စီမံခန့်ခွဲမှုနှင့် အရည်အသွေးအပေါ်မှာ အောက်ခြေဝန်ထမ်းတွေက လက်မခဲသေးတာတွေ ရှိတတ််ပါတယ်။ ဒါဟာလည်း ဖြစ်လေ့ရှိကြတဲ့သဘောပါ။

တစ်ချိို့တွေ မြင်ဖူးတယ်။ အလုပ်ထဲလည်း အဆင်မပြေဘူး။ စိန်ခေါ်မှုတွေကြုံရမှာစိုးလို့ အလုပ်သစ်လည်း မလျှောက်ရဲဘူး။ အဆင်မပြေလည်း သည်းခံနေနေရတယ်နှစ်တွေကိုဆွေးရော။ လူငယ်တွေကိုပြောချင်တယ်။ ငယ်တဲ့အချိန်မှာ အလုပ်ကို တဆင့်ချင်းဆီတိုးတက်ဖို့ အလုပ် ပြောင်းဖို့ ကို လုံးဝမကြောက်ပါနဲ့။ စိန်ခေါ်မှုတွေ အခက်အခဲတွေကို လည်းမကြောက်ပါနဲ့။ ငယ်တဲ့အခါမှာ ကတည်းက နောက်လိုက်ကောင်းဖြစ်ခဲ့အောင် ကြိုးစားပါ။ အတွေ့အကြုံနဲ့ အရည်အချင်းရှိတဲ့ ဆရာတွေဆီမှာ ဆည်းပူးပါ။

ကိုယ်က ရည်မှန်းချက်မြင့်မြင့်ထားထားရင် ဒီထက်မြင့်တဲ့နေရာမှာ ရအောင်လျှောက်ကိုလျှောက်ရမှာပါ။ ဒုက္ခရောက်နေချိန်မှာ ထားခဲ့သလိုဖြစ်လားဆိုတော့ မဖြစ်ပါဘူး။ အဲ့ဒီအတွက်နောက်ဆံမတင်းပါနဲ့။ ကိုယ်ကသာprofessional ဆန်ဆန် notice ပေးပြီးထွက်ပါ။ နောက်ဆုံးအချိန်အထိ သေသေချာချာလုပ်ပေးပါ။

တစ်ဆင့်ချင်းစီပြောရရင်

ရည်မှန်းချက် မြင့်မြင့်ထားပါ။ ကိုယ့် ရဲ ရည်မှန်းချက်နှင့် ကိုက်ညီသော နောက်ထပ်အလုပ်သစ်အတွက် CV သို့မဟုတ် Resume ကိုပြင်ဆင်ထားပါ။ ပြီးရင် ကိုယ်မှန်းထားတဲ့ဦးစားပေးနေရာတွေကို လျှောက်ပါ။ ဥပမာ LinkedIn၊ စတဲ့ Professional Platforms တွင် Profile ပြည့်စုံအောင် ပြင်ဆင်ပြီး, မိမိရဲ့ လုပ်နိုင်စွမ်းများကို အကောင်းဆုံး ရှင်းလင်းတင်ထားပါ။

မိမိနေရာမှာ နေရာယူနိုင်မယ့် သူတွေကို လေ့ကျင့်ပေးပါ။ မိမိထွက်သွားလည်း အလုပ်မှာ အခြေမပြတ်ဆက် run နိုင်ဖို့အတွက်စေတနာထား လုပ်ပေးပါ။ အခက်အခဲကြုံလည်းပဲ ခွင့်လွှတ် သည်းခံ တတ်သောမိမိစိတ်ထားကို ပြသပါ။ Teamwork ကို ပိုပြီး ရှိပါစေ။

အရည်အချင်းရှိသော အတွေးအခေါ် လို့ခေါ်တဲ့ Key Takeaways ရှိနေပါစေ။ ဒီသုံးချက်ကို မမေ့ပါနဲ့။

၁) Notice ပေးပြီးမှ ထွက်ပါ။ HR သို့မဟုတ် အလုပ်ရှင်က မိမိနေရာအစားထိုးဖို့ လုံလောက်တဲ့အချိန်လိုပါတယ်။

၂) မိမိရဲ့ professionalism ကိုအလုပ်ရဲ့နောက်ဆုံးအချိန်အထိ ထိန်းသိမ်းထားပါ။ လုံးဝ No Show လို့ခေါ်တဲ့ ရုတ်တရက်အလုပ်ထွက်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်ရဲ့ Resume မှာပါ No Show နဲ့ထွက်ခဲ့တဲ့ အလုပ်အတွေ့အကြုံ မရေးရဲလောက်တဲ့အထိ သိမ်ငယ်သွားလိမ့်မယ်။

၃) မိမိအလုပ်ထွက်တဲ့အပေါ်ကို တခြားသူတွေက အထင်တကြီးရှိနေပါစေ။ အားကျနေကြပါစေ။ သိပ်အရေးကြီးပါတယ်။

ဘဝအနာဂတ်သည် အတိတ်ထက် အလင်းရှိနေပါတယ်။ အနာဂတ်အတွက်ကောင်းသောအခွင့်အလမ်းတွေက
လက်ရှိ မိမိရဲ့ပစ္ဆုပန်လုပ်ဆောင်ချက်တွေ အပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာ မမေ့
ပါနှင့်။

Chef Romeo

12/01/2025

ဓါးသွေးနည်းတောင်းဆိုထားလို့တင်ပေးလိုက်ပါတယ်

05/01/2025

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Address

Mandalay