ZOGAM NOW

ZOGAM NOW

Share

ZOGAM NOW is holding the Policies of Truth, Justice, Freedom, Independence, & Neutrality.

05/06/2026

ZPCC/ZRA EC ၏ ကြိုးစားမှုများအပေါ် NSPNC GS-Lt.Gen. Min Naing မှ အတည်ပြုရန် နီးစပ်ပြီဖြစ်
-------------------------
တီးတိန် - ဇွန်လ ၅ရက်၊ ၂၀၂၆

Photos from ZOGAM NOW's post 05/06/2026

တီးတိန်ခရိုင်အတွင်း ကျောင်းသူ/သား (၁၂၁၃၆) ဦး ကျောင်းအပ်နှံ
-------------------------
တီးတိန် - ဇွန်လ ၅ရက်၊ ၂၀၂၆

၂၀၂၆−၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝှမ်း စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို စတင်ဖွင့်လှစ်ပြီး ကျောင်းသင်ခန်းစာများ စတင်သင်ကြားပေးလျက်ရှိသည်။

တီးတိန်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစတင်ဖွင့်လှစ်၍ စာစတင်သင်ကြားပေးနေမှုအခြေအနေကို ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောလင်းနှင့် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းတို့က ယနေ့ နံနက် ၁၀ နာရီတွင် သွားရောက် ကြည့်ရှုအားပေးပြီး နိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား ၊ ကျောင်းသူများအား ထောက်ပံ့ပေးအပ်သည်။

တီးတိန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား ၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၇၈၂၅) စုံ ၊ ဗလာစာအုပ် (၁၂၄၅၇) ဒါဇင် ၊ ဘောပင် / ခဲတံ (၃၄၇၂) ဒါဇင်နှင့် ကျောင်းသုံးပြဌာန်း စာအုပ်များအား မြို့နယ်ပညာရေးမှူးသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တီးတိန်မြို့နယ်တွင် ယနေ့အထိ KG မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူ (၁၀၄၅၇) ဦးနှင့် တွန်းဇံမြို့နယ်တွင် (၁၇၀၆) ဦး၊ တီးတိန်ခရိုင်အတွင်း စုစုပေါင်း (၁၂၁၆၃) ဦး ကျောင်းအပ်နှံ ပညာသင်ကြားလျက်ရှိကြောင်း တီးတိန်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

04/06/2026

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
-------------------------
တီးတိန် - ဇွန်လ ၄ ရက်၊ ၂၀၂၆

SNA အဖွဲ့က နေပြည်တော်ကို ရောက်ချလာပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နဲ့တွေ့ဆုံခဲ့တယ်။

​တွေ့ဆုံပွဲကို NSPNC ဘက်က ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် တို့နဲ့အတူ ကော်မတီဝင်တွေတက်ခဲ့သလို SNA ခေါ် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ဘက်ကလဲ ဒုဥက္ကဌ(၁)စဝ်စိုင်းကမ် ဦးစီးတဲ့အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်။

နှစ်ဖက်စလုံးဘက်က အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့ပွဲမို့ ဆွေးနွေးချက်တွေက မြိုင်တယ်။ NSPNC ဘက်ကတော့ SNA အနေနဲ့ တပ်မတော်နဲ့ပူးပေါင်းပြီးနယ်မြေတည်ငြိမ်ရေးလုပ်ပေးနေတာမို့ ဒေသတိုးတက်ရေးနဲ့ လုံခြုံရေးအတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လမ်းဖွင့်ပေးခဲ့တယ်။

SNA ဘက်ကတော့ အစိုးရသစ်ရဲ့ ရက် ၁၀၀ မှာ ဆွေးနွေးခွင့်ရလို့ ဝမ်းသာကြောင်း၊ ဒေသဖွံ့ဖြိုး​ရေးနဲ့ တည်ငြိမ်ရေးကို တပ်မတော်နဲ့ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာနဲ့ အဖွင့်ဆွေးနွေးခဲ့တယ်။ သူတို့ဘက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာ ရှမ်းနီ လူမျိုးတွေ ဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုကြောင်း တင်ပြသွားတယ်။

တင်ပြချက်နဲ့ပတ်သတ်ပြီး NSPNC ဘက်ကတော့ "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ" နဲ့ပတ်သတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရဆောင်ရွက်သွားမှာဖြစ်ပြီး ခြေဥမှာ တိုင်းရင်းသားလူနည်းစုငယ်တွေအတွက် အခွင့်အရေးရှိကြောင်းပြန်လည်ရှင်းလင်းတယ်။ SNA ရဲ့ ပူပန်မှုတွေကို အချက်အလက်နဲ့ ပြန်လည်ရှင်းလင်းခဲ့တယ်လို့ယူဆတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတ ကြီးအနေနဲ့ ပြည်နယ်တစ်ခုမှာ တိုင်းရင်းသားပေါင်းစုံရှိတဲ့အတွက် လူတစ်ဦးချင်းဆီ ဖယ်ဒရယ်ရောက်ဖို့ဆိုတာ ဒေသကိုအ​ခြေခံတဲ့ ဖယ်ဒရယ် ဖြင့်သွားဖို့ လမ်းညွှန်ချက် ရှိကြောင်း ရှင်းလင်းခဲ့တယ်။ SNA ရဲ့ တောင်းဆိုချက်ကို NSPNC အနေနဲ့ ဥပဒေဘောင်အတွင်း ဆက်လက်ဆွေးနွေးဖို့အတွက် ညှိနှိုင်းပေးခဲ့တယ်လို့ သိရသည်။

နောက်ဆုံးအရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ SNA ဗဟိုအနေနဲ့ လက်​အောက်ခံအဖွဲ့တွေကို ပြည်သူလူထုအပေါ်ငွေကြေးကောက်ခံတာတွေ၊ တရားမဝင်စီးပွားရေးလုပ်တာတွေ မရှိစေရေး ကြပ်မတ်ပေးဖို့ပါ NSPNC က ဖြည့်စွက်ညှိနှိုင်းသွားတယ်လို့လဲသိရတယ်။

အနှစ်ချုပ်ရရင် ဒီနေ့ ဆွေးနွေးပွဲမှာ အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နဲ့ SNA တို့ အနေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာတွေက အကောင်းဘက်ကို ရှုမြင်နေတယ်။ NSPNC အနေနဲ့ ရှမ်းနီ အပြင် သတင်းမထုတ်ပြန်ခဲ့တဲ့ NCA လက်မှတ်ထိုးထားတဲ့ EAOs တွေ၊ လက်မှတ်မထိုးထားတဲ့ EAOs တွေနဲ့ မတူတဲ့နေရာတွေမှာInformal meeting တွေ လုပ်ခဲ့၊လုပ်နေတာတွေ ဆွေးနွေးနေတာတွေလဲကြားသိထားရသည်။

03/06/2026

ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးခင်မောင်သန်း @ Pu Khai Deih Tuang ၏ ရာဇာဂြိုလ်ဘက်စုံရေလှောင်တမံအား ပြန်လည်မွမ်းမံပေးရန် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်း
-------------------------
တီးတိန် - ဇွန်လ ၃ ရက်၊ ၂၀၂၆

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသည် ဒီကနေ့ ဇွန်လ(၃) ရက်နေ့တွင် နေပြည်တော်ရှိပြည်သူ့လွှတ်တော်ခန်းမ၌ ကျင်းပခဲ့သည်။

လွှတ်တော်အစည်းအဝေးသို့ ကြယ်ပွင့်ပြမေးခွန်းဖြင့် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်မှ ဦးခင်မောင်သန်း @ Pu Khai Deih Tuang ၏ မေးမြန်းခြင်းသည် ကလေးမြို့နယ်၊ ရာဇာဂြိုလ် ရေလှောင်တမံအား ပြန်လည်မွမ်းမံပေးရန် ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းခြင်း ဖြစ်သည်။

Pu Khai Deih Tuang @ ဦးခင်မောင်သန်း(ကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်)
ကလေးမြို့ မြောက်ပိုင်းကျေးရွာအများစုမှာလည်း ဓာတ်အားလိုင်းများ သွယ်တန်းပြီး လျှပ်စစ်မီးများ ရရှိနေပြီးဖြစ်သော်လည်း ယခုအခါ ရေအားလျှပ်စစ်စက်ပစ္စည်း (Berrim) များပျက်စီးနေခြင်း၊ ရေ‌လှောင်တမံထဲတွင် နုန်းများရှိနေခြင်းကြောင့် အသုံးမပြုနိုင်သည်မှာ နှစ်အတော်ကြာခဲ့ပြီးဖြစ်ပါသဖြင့် ယခင်စီမံကိန်းရှိသည့်အတိုင်း ကလေးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသများ မီးလင်းနိုင်ရေး၊ သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်ရရှိနိုင်ပါရန် ရာဇဂြိုလ်ဘက်စုံရေလှောင်တမံအား ပြန်လည်ပြုပြင်မွမ်းမံပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းဖြစ်သည်။

ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာအနီး နေရဥ္ဇရာချောင်းပေါ်တွင် တည်ဆောက်ခဲ့သည့် ရာဇဂြိုလ်ဘက်စုံရေလှောင်တာတမံအား ပထမအကြိမ် လွှတ်တော်ကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တိုင်းစစ်အစိုးရအဖွဲ့ဝင်များမှ ၂၆-၂-၂၀၁၆ နေ့တွင် ဖွင့်လှစ်ပါကြောင်း၊ အဆိုပါဘက်စုံရေလှောင်တမံ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များမှာ-
ကလေးဒေသရေကြီးရေလျှံခြင်းအား ကာကွယ်ပြုနိုင်ရန်၊ ကလေးမြို့နယ်မြောက်ပိုင်း လယ်မြေဧက ၈၀၀၀ ကျော်အား သီးထပ်သီးညှပ်များနှင့် စိုက်ပျိုးနိုင်ရန် ပျိုးထောင်စဉ်ရေရရှိရေး၊ အောင်ရေများအချိန်မီရရှိရန်ဘက်စုံ ရေလှောင်တာတမံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ကလေးမြို့မှာ ဓာတ်အားလိုင်းနှင့်ချိတ်ဆက်ပြီး ကလေးဒေသမီးလင်းရေး၊ ကလေးဝမြို့၊ မော်လိုက်မြို့များအထိ မီးလင်းရေး၊ ခမ်းပတ်မြို့၊ တမူးမြို့များမှာ ဓာတ်အားလိုင်းရရှိရေး၊ ချင်းပြည်နယ် ခိုင်ကမ်းမြို့မှတစ်ဆင့် တီးတိန်မြို့၊ တွန်းဇံမြို့၊ ကျီခါးမြို့များအထိ မဟာဓာတ်အားလိုင်းရရှိရေး၊ ဆည်ရေသောက်များမှတစ်ဆင့် ကျေးရွာများထိ သောက်သုံးရေရရှိရန်လျာထားတည်ဆောက်ထားသည့် ဘက်စုံရေလှောင်တမံဖြစ်သည်ကို သိရှိရပါတယ်ကြောင်း။

အဆိုပါရေလှောင်တာတမံ ပြီးစီးသည့်အချိန်တွင် ကလေးမြို့နယ်မြောက်ပိုင်း လယ်ဧက ၅၀၀၀ ခန့် ရေပေးဝေနိုင်ပြီး ရေအားလျှပ်စစ် ၄ မဂ္ဂါဝပ် ထွက်ရှိပါကြောင်း၊ ရာဇဂြိုလ်ကျေးရွာ အရှေ့ ကုန်းသာရွာ၊ အနောက် ကုန်းသာရွာ ၅၅ မိုင်၊ ၅၆ မိုင်ရွာ၊ ကျစ်ဖနစ်ရွာ၊ ကန်လှရွာ၊ သာစည်ရွာသစ်၊ ကန်သာရွာ၊ ကန်ကြီးရွာ၊ ကန်သစ်ရွာ၊ နမ်းကျင်ဆောင်ရွာနှင့် နန်းဆောင်းပုရွာများအထိ လျှပ်စစ် ဓာတ်အားများ သွယ်တန်းပြီး လျှပ်စစ်မီးများရရှိခဲ့ပါကြောင်း။

ရေလှောင်တာတမံနှင့် အနီးနားရှိ ကျေးရွာအများစုမှာလည်း ဆည်ရေသောက်မြောင်းမှတစ်ဆင့် သောက်သုံးရေများရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် ကလေးဒေသ ရေကြီးရေလျှံသည့်အခါ ရေလှောင်တာတမံအတွင်းတွင် သစ်လုံးများ၊ အမှိုက်များပြည့်နေခြင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံကျေးရွာသူ ကျေးရွာသား များ၏ အင်အားများ၊ နယ်မြေခံတပ်မတော်သားများ၏ အင်အားများနှင့် စက်ယန္တရားကြီးကို အသုံးပြု၍ ပြန်လည်ဆယ်ယူပြီး ရေလှောင်တာတမံကို အသုံးပြုခဲ့ပါကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် တမံအတွင်း နုန်းများပိတ်ဆို့နေသဖြင့် ၎င်းနုန်းများကို စုပ်ထုတ်၍ ရေစီးရေလွှာ ကောင်းအောင် လုပ်ဆောင်ပြီး အသုံးပြုနေကြောင်း၊ သို့ဖြစ်ပါ၍ ယခင်စီမံကိန်းရှိသည့်အတိုင်း ကလေးဒေသ ရေကြီးရေလျှံခြင်းမှ ကာကွယ်ရန် လယ်ယာမြေများ သီးထပ်၊ သီးညှပ်ပိုမိုစိုက်ပျိုးနိုင်ရန်နှင့် ကျေးရွာများ သောက်သုံးရေရရှိရန် ကလေးမြို့သို့ရောက်ရှိသည့် မဟာဓာတ်အားနဲ့ ရွာကျော်ရေလှောင်တာတမံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားချိတ်ဆက်ပြီး ကလေးဒေသမီးရရှိရေး၊ ကလေးဝမြို့၊ မော်လိုက်မြို့ မီးလင်းရေးနှင့် တမူးဒေသတွင် ဓာတ်အားလိုင်းရရှိရေး၊ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့မှတစ်ဆင့် တီးတိန်မြို့၊ တွန်းဇံမြို့၊ ကျီခါးမြို့တွင် ဓာတ်အားရရှိရန်အတွက် ရာဇဂြိုလ်ဘက်စုံရေလှောင်တမံအတွင်းရှိ နုန်းများနှင့်နုန်းတားဆည်အတွင်းရှိ သဲနုန်းများအား ဆည်ယူပြီး ပြန်လည်မွမ်းမံ တည်ဆောက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။

Photos from ZOGAM NOW's post 02/06/2026

ဖလမ်းမြို့ပေါ်ရှိ ဘာသာရေးအဆောက်အအုံများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
-------------------------
တီးတိန် - ဇွန်လ ၂ ရက်၊ ၂၀၂၆

ဖလမ်းမြို့ကို တပ်မတော်မှ အပြည့်အဝထိန်းချုပ်ပြီးနောက် နေရပ်ပြန်ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ဖလမ်းမြို့ သာယာလှပရေးနှင့် မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိသည်။

ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းထွန်းလင်း ဦးဆောင်သည့် ဌာနဆိုင်ရာစုပေါင်းအဖွဲ့သည် ဇွန်လ(၁)ရက်တွင် ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်ရှိ ရန်ပြေမာန်ပြေ နိုင်ငံအေး အောင်တော်မူဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော် ပရိဝုဏ်အတွင်း ရင်ပြင်တော်၊ အထက်စောင်းတန်း လမ်းဘေးဝဲယာတွင် လည်းကောင်း၊ ဇမ္ဗူထွဋ်ခေါင် ဗုဒ္ဓရုပ်ပွားတော် ရင်ပြင်တော်တွင် လည်းကောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်စာသင်တိုက် ပတ်ဝန်းကျင်တွင် လည်းကောင်း၊ ကျင်မွာလ်ရပ်ကွက်ရှိ ချင်းခရစ်ယာန်ဓမ္မတက္ကသိုလ် (Chin Christian Institute of Theology) ကျောင်းပရိဝုဏ်တွင် လည်းကောင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

အလားတူ ဇွန်လ(၂)ရက်တွင် ဗလိုင်ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းနှင့် ဆုတောင်းပြည့် အောင်ချမ်းသာထိုင်တော်မူမြတ်စွာဘုရား ဂန္ဓကုဋိတိုက်တွင် လည်းကောင်း၊ မက်သဒစ်(Methodish) ဘုရားကျောင်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် လည်းကောင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ဖလမ်းမြို့သည် ခေတ်အဆက်ဆက် ဘာသာပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြသည့်မြို့ဖြစ်ကြောင်း၊ ယခုအခါ အိန္ဒိယနယ်စပ်အပါအဝင် ကလေးမြို့၊ ဟားခါးမြို့နှင့် ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာပြည်သူများ နေ့စဉ်ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပုံစာ - ဖလမ်းသတင်း

Photos from ZOGAM NOW's post 01/06/2026

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး ကလေးမြို့ရှိ ဒေသခံစိုက်ပျိုး/မွေးမြူရေးလုပ်ငန်းတောင်သူများအား တွေ့ဆုံ
-------------------------
တီးတိန် - ဇွန်လ ၁ ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးခင်မောင်သန်း Khai Deih Tuang၊ ကလေးခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၁၀ ရက်နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ မင်္ဂလာရပ်ကွက်ရှိ ကွင်းအမှတ် ၆၆/က၊ တောင်သူ ဦးအဲလင်း စိုက်ပျိုးထားရှိသည့် ဆင်းသုခနွေစပါး ၅ ဧကအတွင်း စုပေါင်းမျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။

ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ကလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ စိုက်ပျိုးထားရှိသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ဒေသခံတောင်သူများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးသွားမည့်သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာများ စိုက်ပျိုးဧကများတိုးချဲ့ စိုက်ပျိုးသွားရေး၊ ဒေသအတွင်းရှိပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် သီးထပ်စိုက်ပျိုးသွားရေး၊ မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ပြည့်စုံလုံလောက်စွာရရှိရေးတို့အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး၊မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးများရရှိအောင် သတ်ဆိုင်ရာ ဌာနဆိုင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် မွေးမြူရေးအစာများ၊ မျိုးကောင်းမျိုးသန့်များရှိအောင် ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ပုံစာ - တိုင်းအစိုးရအဖွဲ့

Photos from ZOGAM NOW's post 31/05/2026

တွန်းဇံမြို့နယ် ဒေသခံစစ်ဘေးရှောင်ပြည်သူများ ဇွန်လ (၁) ရက်နေ့မှ စ၍ နေရပ်သို့ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်
-------------------------
တီးတိန် - မေလ ၃၁ ရက်၊ ၂၀၂၆

၂၀၂၄ မေလ ၂၃ ရက်နေ့မှ စ၍ ချင်းသောင်းကျန်းသူ (CNA/CDF)များ၏ ရက်စက်သောင်းကျန်းမှုများကြောင့် တွန်းဇံမြို့နဲ့ အနီးနားရှိ လူထုများသည် လွတ်မြောက်ရာဒေသအသီးသီးသို့ နေရပ်စွန့်ပြီး စစ်ဘေးရှောင်ခဲ့ကြသည်။

သို့သော် တွန်းဇံမြို့နဲ့အနီးတဝှက်ရှိ ကျေးရွားများသည် ချင်းသောင်းကျန်းသူများ၏ ထိန်းချုပ်မှုအောက်မှ ၂၀၂၆ မေလ ၁၉ ရက်နေ့တွင် ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ / ဇိုမီးတော်လှန်ရေးတပ်မတော် အရှေ့ပိုင်းတိုင်း (ZPCC / ZRA EC)က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

"ပြည်သူလူထု၏ မျှော်လင့်တောင်းတကြသော လွတ်လပ်စွာသွားလာနိုင်ရေး၊ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ရေးတို့အား ZPCC / ZRA EC မှ ပြန်လည်အကောင်အထည်ဖော်ဆောင်နိုင်ပြီဖြစ်သည့်အတွက် တွန်းဇံမြို့ဒေသခံလူထုနဲ့ အနီးနားရှိ ကျေးရွာနေ ပြည်သူများအား လွတ်လွတ်လပ်လပ် မိမိအိမ်၊ မိမိနေရပ်အသီးသီးသို့ '၂၀၂၆ ဇွန်လ (၁)ရက်' နေ့မှ စ၍ အကန့်အသတ်မရှိ ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း" ZRA EC စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပူဇိုထန် Pu ZoThang က ZOGAM NOW ကို ဒီကနေ့ ပြောသွားခဲ့တယ်။

"ZPCC / ZRA EC အနေဖြင့် ဇိုမီး (Zomi) ပြည်သူလူထု မျှော်လင့်တောင်းတကြသည့်အတိုင်း ZPCC / ZRA EC ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရရှိသော တွန်းဇံမြို့နယ်၊ ကျေးရွာများ နှင့် ဒေသအချို့တို့၌ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်အသက်သွင်းခြင်း၊ ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အား တစိုက်မက်မက် အရေးပြုမည်ဟု" ZPCC - CFO က ဆိုခဲ့သည်။

ပုံ - ZRA EC

29/05/2026

ချင်းပြည်နယ်၊ တွန်းဇံမြို့သို့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိ။
-------------------------
တီးတိန် - မေလ ၂၉ ရက်၊ ၂၀၂၆

Photos from ZOGAM NOW's post 28/05/2026

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း မပေးပို့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၁) ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် UEC သတ်မှတ်ကြေညာ
-------------------------
တီးတိန် - မေလ ၂၈ ရက်၊ ၂၀၂၆

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမရှိသည့် နိုင်ငံရေးပါတီ (၁၀) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၁) ဦးကို အရည်အချင်းပျက်ယွင်းသူများဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က သတ်မှတ်ကြေညာထားသည်။

ယင်းကြေညာချက်ကို ကြေညာချက်အမှတ် (၇ /၂၀၂၆)၊ ဧပြီလ ၃ ရက်နေ့ရက်စွဲဖြင့် ကြေညာထားခြင်းဖြစ်ပြီး အဆိုပါ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရသူ (၄၁) ဦးထဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က (၁၂) ဦးစီဖြင့် အများဆုံးပါဝင်နေသည်ကို တွေ့ရသည်။

ထိုနောက်တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၅) ဦး၊ ပြည်သူ့ပါတီ(PP) က (၄) ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က (၂) ဦးစီပါဝင်နေသလို တစ်သီးပုဂ္ဂလ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီတို့က (၁) ဦးစီပါဝင်ခဲ့ပါသည်။

27/05/2026

ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်သည်။
-------------------------
တီးတိန် - မေလ ၂၇ ရက်၊ ၂၀၂၆။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Address


Tedim, Zogam
Mandalay
11181