Yan Lin Aung
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Lin Aung, Digital creator, Mandalay.
24/02/2026
ထရံအ်ိမ်တွေမှာ အဲယားကွန်း တပ်ဆင်လို့ရရဲ့လား? မရဘူးလား?
***အေးချက်ကတော့ ဂျပန်မှာ နှင်းမိုးရွာတာထက်တောင် ပိုဦးမယ်😁။ ***
Yan Lin Aung
ဒီနေ့ကျွန်တော်ရဲ့ အတွေ့အကြုံလေး မိတ်ဆွေတို့ကို မျှဝေပေးပါမယ်နော်။
လူတွေတော်တော်များများကလေ ရွာမှာ အဲယားကွန်း မသုံးဘူးလို့/ သုံးမရဘူးလို့ ထင်ကြတယ်ဗျ။ ဘာလို့လဲဆိုတော့ မီးမနိုင်လို့၊ ထရံအိမ်မို့လို့ စသည်ဖြင့်ပေါ့ အမျိုးမျိုးပြောကြတယ်ဗျ။
တကယ်က အဲ့တာမှားတယ်ဗျ။ သူ့ဘာသာထရံအိမ်ပဲနေ၊ သွပ်အိမ်ပဲနေနေ ၊ တိုက်အိမ်ပဲနေနေ အဲယားကွန်းတပ်လို့ရပါတယ်နော်။ အဓိက က ဘာလဲဆိုတော့ ကိုယ်တပ်မယ့် အခန်းကို လေလုံအောင်ထားရမယ်၊ ဥပမာ - ထရံအိမ်ဆိုရင် ထရံကြားထဲကနေ လေထွက်တတ်လို့ အအေးနည်းနည်းပေါ့မယ်ဗျာ အဲ့တာဆိုရင်တော့ ထရံ ကို သတင်းစာ စက္ကူနဲ့ဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် လေးလုံအောင် လုပ်နိုင်ရင် (10)ပတ်လည်အခန်းကတော့ အဲယားကွန်း (1Hp) တစ်ကောင်ဆိုရင်ကို ဖင်တုန်နေအောင် အေးပါတယ်ဗျ။ သတင်းစာ မကပ်လို့ မအေးဘူးလို့မပြောဘူးနော် မကပ်လည်းရပါတယ်။ ကိုလိုချင်တဲ့ အအေးလည်းရတယ် အဆင်ပြေတယ်ဆိုရင်တော့ မကပ်နဲ့ပေါ့ဗျာ။ အဓိက က အဲယားကွန်းက အေးဖို့လိုတာပဲ။
ဒီနေ့ဆိုရင် အောက်ကပုံထဲမှာပဲကြည့်လိုက် ငလျင်ကြောင့် အိမ်ထိထားလို့ အိမ်အသစ်ပြန်ဆောက်နေတုန်းကို ခနတာ နားခိုဖို့ ထရံအိမ်မှာ အောက်ထပ်ကို 1Hp Air-con တစ်လုံးနဲ့ အပေါ်ထပ် အိမ်ခန်းမှာ 1.5Hp Air-con ရယ် အပေါ်ထပ် ဧည့်ခန်းမှာ 1.5Hp Air-con တစ်လုံး စုစုပေါင်း(၃)လုံးတောင် တပ်ထားတာ ။ ***အေးချက်ကတော့ ဂျပန်မှာ နှင်းမိုးရွာတာထက်တောင် ပိုဦးမယ်😁။ ***
မိတ်ဆွေတို့လည်း ယခု ရောက်လာတော့ နွေရာသီကို အံတုနိုင်ဖို့ဆို တစ်ကုန်ပင်ပန်းသမျှအေးအေးချမ်းချမ်း အိမ်စက်အနိုင်ယူနိုင်ဖို့ မိမိတို့အိမ်မှာ Air-con အသစ်တပ်ချင်တာပဲဖြစ််ဖြစ်၊ မသုံးတာကြာနေတဲ့ Air-con ချေးဆေးချင်တာပဲဖြစ် လိုအပ်ရင် ဆက်သွယ်နိုင်ဖို့ အောက်မှာ ကျွန်တော့်ရဲ့ ဖုန်းနံပါတ်လေးချန်ထားပေးပါမယ်နော်။
ဒါနဲ့ မိတ်ဆွေတို့ Air-con အသစ်မဝယ်ခင် မိမိအိမ်ခန်းမှာ Air-con ဘယ်နှစ်ကောင်တပ်ရမလဲ၊ ဘယ်လိုတပ်ရမလဲဆိုတာကို သိချင်တယ်ဆိုရင်လည်း ဖုန်းဆက်ပီး တိုင်ပင်ဆွေးနွေးလို့ ရသလို အိမ်ကိုလည်း လာရောက်စစ်ဆေးပေးဖို့ ဖိတ်ခေါ်နိုင်ပါတယ်နော်။
ကျွန်တော်၏ မိတ်ဆွေ၊ ညီကို မောင်/နှမအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
09258796156 , 09444449960 (MDY)
24/02/2026
တစ်ကိုယ်တည်း တစ်ယောက်တည်း လက်စွမ်းပြတဲ့နေ့။
Yan Lin Aung
အဝတ်လျှော်စက်လေး တစ်လုံးတပ်ဆင်ဖို့ ဖုန်းလေးဆက်လာတော့ အလွယ်တကူ လက်ဆွဲတော် အုတ်ဖောက် Gun နဲ့ Tool Box လေးကို ဆိုင်ကယ်တင်ပီး ချီတက်ခဲ့လိုက်တာပေါ့။
ပထမဆုံးတွေ့ရတဲ့ အခက်ခဲက customer ပေးထားတဲ့ လိပ်စာရောက်တော့ ဖုန်းခေါ်တာ မကိုင်တော့ဘူး (၁၀)call လောက်ရှိမယ်ထင်တယ်။
ဒါနဲ့ ကိုယ်လည်း နံမည်ပြောလိုက်ရင် အိမ်နီးနားချင်းတွေ သိနိုင်မယ်ထင်တာနဲ့ မေးကြည့်တော့ ဟောတွေ့ပါပီ မျက်နှာစာ(၈)ပေရှိတဲ့အိမ်လေး😍။
ဒုတိယတွေ့ရတဲ့ ပြဿာနာက အဝတ်လျှော်စက်ကို အိမ်ရဲ့ နောက်ဆုံးက ရေချိုးခန်းနားထားဖို့ ရွှေ့ရမှာ လမ်းတစ်လျှောက်လုံးရဲ့ ဘယ်ညာမှာက ပစ္စည်းတွေ့အပြည့်ဆိုတော့ ခေါင်းကိုက်ပီဆရာရေပေါ့ဗျာ။
အဲ့တာနဲ့ အဝတ်လျှော်စက်ကို ပါကင်(ဂျပ်ဖာ) ကနေထုတ် ရှေ့နောက်/ဘေးဘယ်ညာ ပေတိုင်းကြည့်တော့ ၂၂” လက်မ အတိ။ လူသွားလမ်းတိုင်းကြည့်တော့ ၂၃”လက်မအတိဆိုတော့🥹 တော်သေးတာပေါ့ဗျာ ကပ်သီးမွတ်သီးလေး ပွတ်ဆွဲပီး အနောက်ကို မနဲသွင်းလိုက်ရတယ်။ အိမ်ရှင် အန်တီးကြီးကလည်း သဘောကောင်းရှာပါတယ် လမ်းတစ်လျှောက်မလွတ်တာတွေကို ဖယ်ပေးနေရတာနဲ့ တော်တော်လေးမောနေလောက်တယ်။
အဆင်ပြေသွားတာကတော့ ရေပိုက်ထုတ်ဖို့ အလွယ်တကူနေရာလေးရှိတာရယ် အဝတ်လျှော်စက်ထားဖို့ နေရာလေး ရှင်းထားတာရယ်ကြောင့် အဆင်ပြေပြေနဲ့ သေချာ သပ်သပ်ရပ်ရပ်လေး တပ်ဆင်ပေးခဲ့လိုက်ပါတယ်နော် ။
သုံးစွဲရ လွယ်ကူလို့ အဆင်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
အဝတ်လျှော်စက်တွေကို အသစ်တပ်ချင်တာပဲဖြစ်ဖြစ်၊ သုံးရတာ ကြာနေလို့ ဖြုတ်ဆေးချင်တာပဲဖြစ်ဖြစ် ကျွန်တော့်ဆီကို ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။
09258796156, 09444449960 (MDY)
20/02/2026
Today I’m so busy, I’m very tired but I’m happy.
I’m proud of myself for being there.
ဒီနေ့ကတော့ ညီတော်မောင်တစ်ယောက်ကနေပီး ဖုန်းဆက်လာတယ်။
"ကိုကြီးရေ အလုပ်လေးပြန်လုပ်နေပီဆို ဟုတ်လား”
"ဟုတ်တယ် ညီရေ ဒါပေမယ့် လက်သွေးနေတုန်းပါ ညီရာ”
"အဲ့တာဆို ကိုကြီး ဒီနေ့အားလားတဲ့” သူကမေးတော့ ကိုလည်း မနက်ကို site တစ်ခုပီးတော့ အားနေတာနဲ့ အသ်ိတစ်ယောက်ဆိုင်မှာ ဝင်ပြီးစကားထိုင်ပြောနေချိန်ဆိုတော့ …
"အားပါတယ်ညီ ပြောလေ ကိစ္စလေးရှိလို့လား” ပြန်မေးလိူက်တယ်။
"ဟုတ်တယ် ကိုကြီး ညီလေးဒီနေ့ အိမ်တစ်အိမ်ထဲမှာ air-con inverter type (၅)လုံး တပ်ဆင်ဖို့ရှိတယ် ကိုကြီးအားရင် ဝင်ကူပေးပါဦး” ဆိုတော့ …
ကိုယ်လည်း အဆင်သင့်ဖြစ်သွားတာပေါ့
"အေးလာမယ်လေညီ” ဆိုတော့ သူက ကျွန်တာ်လာခေါ်မယ်ဆိုတာနဲ့ စောင့်နေလိုက်တယ်။
သူတို့ site ထဲလည်းရောက် အလုပ်ကိုယ်စီ လုပ်နေကျရင်းနဲ့ စကားလေးတွေပြောရင်းနဲ့ …
အရင်တုန်းက ဒီလို (၄)ထပ်တိုက်ပဲနေနေ (၅)ထပ်တိုက်ပဲနေ လူ(၂)ယောက်ပဲ လုပ်ရတာဆိုတော့ ကိုယ့်ကိုယ်ကို အလုပ်ဝန်ပိတယ်လို့ ထင်ပီးထွက်ပြေးချင်စိတ်တွေတောင်ပေါက်တယ်။ အခုကျတော့ လက်ရည်ရေ နှလုံးရည်တွေနဲ့ ပြည့်ဝနေတဲ့ ညီီလေးတွေနဲ့ ပြန်ပီး အလုပ်တူတူတွဲလုပ်ရတော့ ပင်ပနိးတယ်လို့တောင် စိတ်မှာမပေါ်ဘူး ညမိုးချုပ်လို့ မှောင်မှပဲ အချိန်တွေကုန်သွားမှန်း သိလိုက်ရတယ်။
ဒါတောင်မနက်ဖြန် ဘိုကင်ရိုက်သွားတယ် မနက်ဖြန်လည်း (၇)လုံးတပ်ဖို့ရှိသေးတယ် ကိူကြီးတဲ့ လာခဲ့လိုက်ဦးဆိုတော့ ဒီ့နေညတော့ညအမှတ်တရတွေရေးရင်းနဲ့ မနက်ဖြန်တွက် အားမွေးရင်း အိပ်စက် အနားယူပါတော့မယ်နော်။
နောက်ရက်မှာ အဲယားကွန်းတပ်ဆင်နေရင်းနဲ့ ရခဲ့တဲ့ အတွေ့ကြုံတွေကို မျှဝေပေးသွားပါဦးမယ်ဗျ။
အော်ဒါနဲ့ (၁၀)စုနှစ် တစ်ခုတိုင် အနားယူထားတဲ့ ကိုယ့်ရဲ့ professional အလုပ်ကို ပြန်လုပ်ရင်း ကိုယ့်ရဲ့ လက်ရုံးရည်တွေ ပြန်လည်မွေးမြူရင်း ဒီနေ့ကတော့ တကယ်ကြီး air-conditioning (၇) လုံးတိတိကို တပ်ဆင်ပေးနိုင်ခဲ့ပါတယ်နော်။
19/02/2026
ဒါလေးကတော့ ဒုတိယမြောက် အိမ်မှာ တပ်ဆင်ထားတဲ့ အဝတ်လျှော်စက် ပုံလေးပါနော်။
သူလည်း Samsung Brand ပါပဲဗျ။
Samsung 7.5kg washing machine
အဝတ်လျှော်ဖို့တွက် လိုအပ်တဲ့ မီးလိုင်း၊ရေလိုင်းကို အလွယ်တကူ သုံးလို့ရအောင် အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ပါတယ်နော်။
19/02/2026
ဒီနေ့တွက် သွားရောက်တပ်ဆင်ပေးခဲ့တဲ့
ပထမအိမ်က ပုံလေးဖြစ်ပါတယ်နော်။
Washing machine Samsung 7.5kg
အဝတ်လျှော်စက် လေးကို တပ်ဆင်ပေးရင်း
မီးပလပ်လေးပါ လုပ်ပေးခဲ့လိုက်ပါတယ်ဗျ။
19/02/2026
Ariston Water Heater 100L (ရေကူစက်တပ်ဆင်ခြင်း)
Air-con installation & Maintenance
Washing Machine installation & Maintenance
Water Heater installation & maintenance
လိုအပ်တာရှိရင် ဆက်သွယ်နိုင်ပါတယ်နော်။
09258796156, 09444449960
Yan Lin Aung
"ဖြူစင်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့သူတွေ ကိုင်သင့်ပါတယ်”
Yan Lin Aung
Selfie/Photo quality စိတ်ဝင်စားသူတွေ၊ AMOLED က Display ကို နှစ်သက်တဲ့သူတွေ၊ 5G device တစ်လုံး လိုချင်သူတွေအတွက် Civi 2 သင့်တော်တဲ့ mid-range smartphone တစ်လုံးပါ။
Xiaomi Civil 2 Ram8/256Gb
Phone only (99%) အလုံးသန့်လေးပါ။
သိပ်မိုက်၊ စိတ်ကြိုက်လို့ နှစ်သက်တယ်ဆိုရင် 📲09258796156📱 (MDY) ကိုဆက်သွယ်မှာယူနိုင်ပါတယ်နော်။
#ဖုန်းရောင်းဝယ်ရေး
ကင်မရာ လောကမှာ နံမည်ကြီးတဲ့ flagship android smartphone လည်းဖြစ်တယ်။
Yan Lin Aung
Water resistant IP68 ပါဝင်တာကြောင့် မိုးရွာထဲမှာ အရေးတကြီးဖုန်းပြောချင်လား၊ premium build quality နဲ့မို့ အေးဆေးပဲ။
Loop LiquidCool cooling system တပ်ဆင်ထားပြီး gaming, video editing အလိုက်အလျောက် temperature control လည်းပါတယ်ဆိုတော့ gamers တွေလည်း သုံးသင့်တဲ့ ဖုန်းပဲဖြစ်ပါတယ်နော်။
Xiaomi 13Ultra Ram16/512Gb phone only (အာမခံပါ)
သိပ်ကြိုက်သိပ်ခိုက်လို့ ဝယ်ယူချင်တယ်ဆိုရင် 📲09258796156📱 (MDY) ကိုဆက်သွယ်မှာယူနိုင်ပါတယ်ဗျ။
#ဖုန်းရောင်းဝယ်ရေး
"First comment မှာ မရလိုက်မှာစိုးလို့တဲ့”
Yan Lin Aung
ဖုန်းဆက်ပီး ချက်ချင်းလာယူသွားပါပီနော်😍
ကျေးဇူးတင်ပါတယ် ဘောစ်ိရေ…
အရည်သွေးကောင်းတဲ့ ဖုန်းကို စျေးချိုချိုလေးနဲ့ဆိုတော့ ထိုက်သူရတာပါပဲ။ သုံးကောင်းပါစေ။
နောက်ထပ်လည်း စျေးချိုချိုလေးနဲ့ အလုံးကောင်းအလုံးသန့်တွေ ရောင်းပေးဦးမှာ Like & Following လေးလုပ်ပေးကြပါဦးနော်။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။
09258796156 (MDY)
"First Comment ကိုဦးစားပေးမယ်”
Yan Lin Aung
For show ဆရာတွေအတွက်
ရှားရှားပါးပါးလေးရောင်းပေးမယ်ဗျာ။
iPhone XR to 14Pro body change
Error လုံးဝကင်းမယ် body သန့်မယ်ဗျာ၊ စာလေးတစ်ကြောင်းတည်းပါမယ် ***No Face***
စိတ်ကြိုက်စစ်ပီးဝယ်ယူလို့ရပါတယ်။
Memory 256Gb dual sim battery 100%
***Price- 440000Ks***
စိတ်ဝင်စားရင် 09258796156 (MDY) ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ေးတေမေးမေးနေကြလို့
05/01/2026
"ကျောက်ဘောစိ ကိုကြီးက ညီလေးကောင်းရင် ပြီးတာပဲတဲ့”
Yan Lin Aung
ကိုယ်လည်း 15Promax လေးကိုပြပေးလိုက်တယ် ကြိုက်တယ်ဆိုပီး တစ်ခါတည်းငွေချေသွားတယ်။
ကျေးဇူးပါကိုကြီး ကျောက်ကောင်းကောင်းရပ်ီး အောင်ပါစေဗျာ။
256Gb dual sim (ZA/A)
ဖုန်းကောင်းဖုန်းသန့်လေးတွေကို စျေးချိုချိုသာသာနဲ့ ရောင်းပေးမှာမို့ လိုအပ်ရင် "သဘောမနောကောင်းတဲ့ ကိုရန်”ကို မမေ့ကြနဲ့နော်။
09258796156
09444449960
ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
05041