General Knowledge

General Knowledge

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from General Knowledge, Blogger, Mandalay.

08/03/2025

ရှယ်ထားပါ
ဖြည်းဖြည်းဖတ်ရအောင်
**********************

အရိမေတ္တေယျမြတ်စွာဘုရား ဗုဒ္ဓဝင်အကြောင်း
*******************************************
ဖတ်ကြည့်နော်

ဂေါတမ မြတ်စွာဘုရားရှင်က ကပိလဝတ်ပြည်
နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန်
အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက် အရ
အရဟတ္တဖိုလ်စျာန်သမာပတ် ဝင်စားပြီး အဇိတ
ရဟန်း နောင်အနာဂတ်ကာလမှာ
အရိမေတ္တေယျ ဘုရား ဖြစ်တော်မူမည့်အကြောင်းကို
ဟောကြားတော်မူပါတယ်။

အရိမေတ္တေယျဘုရားလောင်းက တစ်ဆယ့််ခြောက်သင်္ချေနှင့်
ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး
တုသိတာနတ်ပြည်မှာ ရှိနေမယ်။
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး
ပဋိသန္ဓေနေဖို့ရာအတွက်
ဘုရားလောင်းတို့ရဲ့ထုံးတမ်း အစဉ်အလာ ဓမ္မတာအရ
ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းကြီးငါးပါးနဲ့
အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ ရှိကြပါတယ်။

ကြည့်ခြင်းကြီးငါးပါးဖြင့် ကြည့်တော်မူခြင်းက
**********************************
၁။ဘုရားဖြစ်မည့်ခေတ်အခါကာလကား
အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ
(တစ်သိန်းနှင့် တစ်သိန်းအောက်- ၁ဝဝအထက်)

၂။ဘုရားဖြစ်ရာကျွန်းကားဇမ္ဗူဒိပ်ကျွန်း။

၃။ဘုရားပွင့်ရာဒေသကားမဇ္စျိမဒေသ။

၄။ဘုရားလောင်းဖြစ်ရာ အမျိုးကားမင်းမျိုး ပုဏ္ဏားမျိုး။

၅။မယ်တော်၏ အသက်အပိုင်းအခြားကား
ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာ နေရခြင်း။

ပဋိသန္ဓေယူခြင်း
*****************
ကေတုမတီပြည် သင်္ခစင်္ကြဝတေးမင်းနှင့်
တိုင်ပင်ကြံစည်ဘက်
ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကို သိမြင်
နိုင်ပြီး ပစ္စုပ္ပန်သံသရာအစီးအပွားကို ဆုံးမတတ်သော
သုဗွဟ်မပုဏ်ဏားကွီး၏
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ဆယ်လပြည့်တဲ့အခါ
မှာ ဣသိပတနမိဂဒါဝုန်တောမှာ
မယ်တော် ဗြဟ္မဏဝတီသည် ထိုင်လျက်လည်းမဟုတ်။
အိပ်လျက်လည်း မဟုတ်ပဲ ရပ်လျက်သာလျှင်
သစ်ပင်၏ အကိုင်းအခက်ကို ကိုင်လျက် မေတ္တေယျကို
ဖွားတော်မူလိမ့်မည်။
ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့
ဖွားဘက်တော်( ၁၈ )ကုဋေအားလုံး အမတ်တွေချည်း ဖြစ်မယ်။
အဇိတဟူသော အမည်ကိုသာ ပေးလိမ့်မယ်။

ဘုရားလောင်းအဇိတမင်းသားဟာ ဖွားလျှင်ဖွားချင်း
ခုနစ်ဖဝါးလှမ်းပြီး
ခြေတော် ချတိုင်း ချတိုင်း ကြာပွင့်တွေ ပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး
ယခုဘဝကားငါ့အဖို့ နောက်ဆုံးဘဝတည်း။
နောက်ထပ်ဘဝ မရှိတော့ပြီ။
အာသဝေါကင်းသည် ဖြစ်သောကြောင့် ငြိမ်းအေး
လတ်ံတ့ ဟူသော စကားကို
အရပ်လေးမျက်နှာကို ကြည့်ပြီး ပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင် ပေါ်လာခြင်း
*************************
အဇိတမင်းသား လောကစည်းစိမ်ခံစားဖို့ရာ နေမင်း၏
ရောင်ခြည်ကဲ့သို့
လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့
အရောင်တလက်လက်ဖြင့် ရတနာအရောင်
ထွန်းလင်းပြောင်တဲ့
တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်

ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂ
အသုံးအဆောင် အပြည့်အစုံပါတဲ့ တိုက်ခန်းက
ခုနစ်ထောင်စီ။
တစ်ဖက် တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသော
နဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ။
ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော ထီးဖြူ ခုနစ်ထောင်စီ။
ခုတင်ညောင်စောင်း ခုနစ်ထောင်စီ။

ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့
ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း(၂၈ဝဝဝ )ရှိမယ်။

ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးက
တစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာ ကျယ်မယ်။
ရွှေအိုး၏အမောက်ကားမြေကြီးနဲ့အမျှ အောက်မြေကြီး
အဆုံးထိ သုံးလို့မကုန်ဘူး။

ဒါတင်မကသေးဘူး။

ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ
ပေါက်လိမ့်မယ်။
ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်း
ခုနစ်ထောင်။
လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရ
သော ရထားခုနစ်ရာ။
မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က
ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ
ကချေသည် အမျိုးသမီးခုနစ်ထောင်တို့ဖြင့် ဖျော်ဖြေ
ကြလိမ့်မည်။

အဇိတမင်းသား အိမ်ထောင်ပြုခြင်း
**************************
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုခီအမျိုးသမီးနဲ့
အိမ်ထောင်ပြုလိမ့်မည်။
စန္ဒမုခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှ
အလွန်လှပပြီး
သူ့ရဲ့ ခန္ဓာကိုယ် အနံ့ကားစန္ဒကူးသရက္ခန်အနံ့လို
မွှေးကြိုင်နေမယ်။
ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။
ခန္ဓာကိုယ်အရောင်ကဆယ့်နှစ်တောင်အတွင်း
မီးမထွန်းပဲ အရောင်တဝင်းဝင်း ထိန်နေမယ်။

အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်လောက်ဘုန်းကြီး
လိုက်သလဲဆိုရင်
ရှင်ဘုရင်မဟုတ်ပဲနဲ့ အဇိတမင်းသားဘဝလောက်
ရှိတာတောင်မှ သင်္ခစင်္ကြဝတေးမင်းနှင့်တကွ မြို့ပေါင်း
ရှစ်သောင်းလေးထောင်က
ရှင်ဘုရင်တွေ နတ်သားတွေက ဝေယျာဝစ္စလုပ်ပေးချင်လို့
ပြုလုပ်ခွင့်ပေးဖို့ လာပြီး တောင်းပန်ကြတယ်တဲ့။

အဇိတမင်းသားက အကြှနျုပျမှာ ဖွားဘက်တော်( ၁၈ )
ကုဋေ အမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေရှိပါတယ်။
အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော် ဖွားမြင်ခြင်း
*****************
အဇိတမင်းသားဟာ ပြာသာဒ်လေးဆောင်မှာ
လောကီစည်းစိမ်ခံစားနေစဉ်မှာ
အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ
ဆိုတဲ့ သားယောကျာ်းလေး မွေးဖွားလိမ့်မယ်။

နိမိတ်လေးပါး မြင်ခြင်း
*****************
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့ အခါ
ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ
ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း
နိမိတ်ကြီးလေးပါး တွေ့မြင်ရရင်
သံဝေဂတရားတွေ ရလာပြီးတော့ တောထွက်မည့်
အကြံဖြစ်ပေါ်လာလိမ့်မည်။

အဇိတမင်းသား တောထွက်မယ့် စိတ်အကြံကို
သင်္ခစင်္ကြဝတေးမင်းက သိတဲ့အခါ
အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်း
လေးထောင်သော ကချေသည်တွေ
မြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသား မင်းမြေး သူဌေး
သူကြွယ်စသော လူအပေါင်းတို့က
ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။
နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန်
ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့်
ဘုရားလောင်းကို ပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်
အလျှံ ခြံရံခစားနေကြလိမ့်မယ်။

လူ့ဘဝ ကာမဂုဏ်ထဲမှာ ပျော်အောင် ဖြေဖျော်နေကြတာ။

အဇိတမင်းသား တောထွက်တော်မူခြင်း
*****************************
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံ
ကို သင်္ခစင်္ကြဝတေးမင်းနှင့်တကွ
တိုင်းသူပြည်သား လူတွေအားလုံး သိသွားကြတဲ့အခါမှာ
ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း
တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံး
သိသွားကြတော့
နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ
တောရွာဇနပုဒ်က လူတွေ
မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်း
များစွာနှင့်တကွ
စန္ဒမုခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေး
ကချေသည်တွေရော
အဇိတမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင် လိုက်ဖို့ရာ
အတွက် ပြည့်လျှံပြီးတော့ နေမယ်။

တောထွက်မည့်အချိန်လည်း ရောက်ရော လူပေါင်း
များစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ
ဘုရားလောင်း တန်ခိုးတော်ကြောင့်လည်းကောင်း
စင်္ကြဝတေးမင်း အာဏာကြောင့်လည်းကောင်း
နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း
ဟင်္သာမင်းပျံသကဲ့သို့
ကောင်းကင်ယံသို့ ပျံတက်ပြီး ကံ့ကော်ပင် ရှိရာအရပ်သို့
ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။

နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း
*********************
ကောင်းကင်ယံ ဟင်္သာပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်း
က သုံးယူဇနာရှိသော ထီးကို ကိုင်ပြီး လိုက်မယ်။
သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော
လက်ယာရစ် ခရုသင်းကို ကိုင်လျက် သာဓု သုံးကြိမ်
ခေါ်ပြီး လိုက်မယ်။
သုတဝံနတ်သားက သားမြီးယပ်ကို ကိုင်ပြီး လိုက်မယ်။
တုသိတာနတ်သားက ပတ္တမြားယပ်ကို ကိုင်ပြီးလိုက်မယ်။
ပဉ္စသိင်္ခနတ်သားက စောင်းကို ကိုင်မယ်။
လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။
နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူး စစ်သည်တွေက
လက်နက်ကိုယ်စီ ကိုင်မယ်။
နတ်သမီးတွေက ရတနာပုဋောင်းကို ကိုင်မယ်။
အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏
တံခွန်ကို ကိုင်မယ်။
နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကို ကိုင်မယ်။
ဂဠုန်တို့က စောင်းတီး လိုက်မယ်။
ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီး လိုက်မယ်။

ဟင်္သာပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့
လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။

ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့
ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့
ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။

အရိမေတ္တေယျဘုရားရှင်ဟာကံ့ကော်ပင်အောက်မှာ
ပွင့်မှာပါ။
ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက
ကံ့ကော်ပင်အောက်မှာ ဒုက္ကရစရိယာကို ကျင့်တော်မူ
ပါမယ်။
အဇိတမင်းသားဟာ ဒုက္ကရစရိယာကို ခြောက်ရက်
ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။

စန္ဒမုခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့
ပြည့်စုံတဲ့ နွားနို့ဆွမ်း လှူလိမ့်မယ်။

သဗ္ဗညုတဉာဏ်ရသည့် အချိန်
************************
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့
မနီးမဝေး ရတနာခုနစ်ပါးနဲ့ ပြည့်စုံတဲ့ အမြင့်( ၆၄ )
တောင်ရှိတဲ့ ရွှေပလ္လင် ပေါ်ပေါက်လာလိမ့်မယ်။
ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေ
တော်မူလျက်
အရှေ့လောကဓာတ်ကို ကြည့်ပြီး နတ်ပရိသတ်နဲ့
လူပရိသတ်တွေ ခြံရံလျက်
မာရ်နတ်ရဲ့ရန်ကို အောင်မြင်လိမ့်မယ်။
ညဉ့်ဦးယာမ်မှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရမယ်။
သန်းခေါင်ယာမ်အချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကို ရမယ်။
မိုးသောက်ယာမ်အချိန် အာသဝက္ခယဉာဏ်တွေ
ရပြီးတော့
နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျရင် သစ္စာလေးပါး
ကို သိပြီး သဗ္ဗညုတဉာဏ်ကို ရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့လုံးပတ်က အဲဒီခေတ်အခါမှာ
လူတွေရဲ့အတောင်နဲ့ အတောင်ခုနစ်ဆယ် ရှိမယ်။
အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ ခေါ်တယ်။
ကံ့ကော်ပင်ရဲ့အနံ့တွေက လေအောက်ကို
ဆယ်ယူဇနာ
လေအထက်ကို ဆယ်ယူဇနာ မွှေးမယ်။
ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက် ကြီးမယ်။
ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေ
ဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။
အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။
ဖြတ်ကျော် မပျံဝံ့ကြဘူး။
ကံ့ကော်ပင်နားရောက်တဲ့ ငှက်တိုင်း သတ္တဝါတိုင်း
ကံ့ကော်ပင်ကို လက်ယာရစ် သုံးပတ်ပတ်ပြီးမှ
သွားကြလိမ့်မယ်။

ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း
*********************************
အဲဒီကံ့ကော်ပင်ရဲ့အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန်
လေးဆယ့်ကိုးရက် ကျော်လွန်တဲ့အခါ
ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်း
အစဉ်အလာအရ
ဗြဟ္မာမင်းကြီးရဲ့ လောကဂရုကို ခံယူမယ်။

ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက
ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ဓမ္မတာဖြစ်လို့
ဟောရတာ။

ဘုရားမပွင့်မီ ဗာဟိရကာလမှာ လူဝတ်ကြောင်များ
ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေ
ကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။

တစ်လောကလုံးက အလေးအမြတ်ပြုသော
ဗြဟ္မာကြီးက
မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်း
လာလျှင်
တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြု
ညွှတ်တွား ကိုင်းရှိုင်းလာလိမ့်မယ်။

အဲဒါကို လောကဂရု ယူလိုက်တာလို့ ခေါ်ပါတယ်။

ဓမ္မစင်္ကြာတရားဟော ကြွခြင်း
**********************
ဗြဟ္မာမင်းထံမှ တရားဟောရန် ဝန်ခံပြီးပြီဆိုလျှင်ပဲ
ဣသိပတနဥယျာဉ်တောသို့ ဓမ္မစင်္ကြာတရားဟောဖို့
ရန် ကြွလိမ့်မယ်။
ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကို
ခွင်းပြီး အတောင်( ၃ဝ )ရှိတဲ့ ကြာပွင့်ကြီး။
(၂၄ )တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်
ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။

လူပရိသတ် ရှစ်ယူဇနာ။
နတ်ပရိသတ် စင်္ကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်
အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို
ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော်
ခြောက်ပါးလွှတ်ပြီး ဓမ္မစင်္ကြာတရားဟောတဲ့အခါမှာ
လူပုဂ္ဂိုလ် ကုဋေတစ်သိန်း
နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြ
လိမ့်မယ်။

ဘုရားရှင်၏ တန်ခိုးတော်
********************
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်း
ဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက်
ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်း
တဲ့ ဗိတာန်မျက်နှာကျက်သည်
ဓမ္မစင်္ကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံ
သည့်တိုင်အောင်
နေ့ညအမြဲပင် လိုက်ပါပြီး မျက်နှာကျက်အဖြစ်
မိုးကာပြီး နေမယ်။
အရိမေတ္တေယျဘုရား နေသန့်စင်သော အခါ နေဖို့ရာအတွက်
မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့် ပြည့်စုံသော
( ၁၂ )ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီး ပေါ်ပေါက်လိမ့်မယ်။
ဘုရားရှင်တန်ခိုးတော်ကြောင့် ဗိတာန် ပန်းဆိုင်း
တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း
ရတနာမဏ္ဍပ်ကြီးဟာ
ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ
အိမ်မှာ ဟောမယ်ဆိုရင် အိမ်ပေါက်ဝ။
ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ။
မြို့မှာဟောမယ်ဆိုရင် မြို့မှာ။
တောမှာဟောမယ် ဆိုရင် တောမှာ စတဲ့ ဟောတဲ့
နေရာတိုင်းမှာ
ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ
လိုက်ပါနေမှာ။

ရုပ်မြင်သံကြား မေတ္တေယျဘုရား
*************************
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့
ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်
အိမ်ကပဲ ဟောဟော
စင်္ကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့တရားဟော
အသံကို ကြားနေရမယ်။
ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်း မြင်နေရမယ်။
ရုပ်လည်းမြင်ရမယ်။
အသံလည်း ကြားရမယ်။
မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။

မကြားချင်လို့ နားပိတ်ထားလည်း မရဘူး။
ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်( ၃၁ )ဘုံ အကာအရံ
မရှိ ဖီလာ ထုတ်ချင်းပေါက် မြင်ကြရမှာ။
အပေါ်ကြည့်ရင်နတ်သား နတ်သမီး ဗြဟ္မာတွေ
မြင်ရမယ်။
အောက်ငုံ့ကြည့်ရင်ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခ
မျိုးစုံကို မြင်ရတော့ငရဲရောက်အောင် အကုသိုလ်တွေ
ပြုရဲဖို့ မရှိတော့ဘူး။
အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့်
ယောကျာ်းဆိုရင်နတ်သားလို။
မိန်းမဆိုရင်နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ
ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှ မရှိ။
အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ
လုံးဝမရှိ။

အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား
အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။
ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ။
ပြဿနာမရှိ။ကွဲကွာသွားခြင်းလည်း မရှိ။
အမြဲ အဆင်ပြေမယ်။
ရာသက်ပန် ပေါင်းသင်းရမယ်။
အမျိုးသမီးတိုင်းမှာ ပတ္တမြားနားဋောင်း လက်စွပ်
လက်ကောက် ခြေကျင်း စသည်တို့ဟာ
ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်
ကြမှာ။
ရွှေမဝတ်နိုင်တဲ့သူ မရှိဘူးတဲ့။
စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်
ယူစားလို့ ရတယ်။
ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း
ဘာရောဂါမှကို မရှိဘူး။

နေ့ ည ခွဲမရ
***************
အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်
ကမ္ဘာလောကကြီးဟာ
နေ့အခါ ညအခါရယ်လို့ မရှိ။
နေ့ရော ညပါ အမြဲတမ်း လင်းထိန်ပြီးတော့
မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း
ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ ည
ခွဲယူရလိမ့်မယ်။

ပရိနိဗ္ဗာန်စံမည့် အရွယ်
******************
မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး
ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင်
အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန် စံဝင်လိမ့်မယ်။
ဒါပေမဲ့ သာသနာတော်က
အနှစ်နှစ်သိန်း ခြောက်သောင်း ပြည့်တဲ့အခါ
ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး
ကမ္ဘာတစ်သိန်းကာလပတ်လုံး ဘုရားမပွင့်တော့ဘူးတဲ့။

ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ
မဏ္ဍကမ္ဘာဖြစ်ပြီးတော့
ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရား ဖြစ်လိမ့်မယ်။
ပေဿနဒီကောသလမင်းက ဓမ္မရာဇာဘုရား ဖြစ်လိမ့်မယ်။

အဲဒီ မဏ္ဍကမ္ဘာမှာ ဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွား
တဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး
အဘိဘူဘုရားတစ်ဆူသာ ပွင့်လိမ့်မယ်။

သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်း ဘုရားမပွင့်ပဲ
နေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ
ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ
ဒီဃသောနိအသူရိန်နတ်သား
စန္ဒနီပုဏ္ဏား၊
သုဘလုလင်
တောဒေယျပုဏ္ဏား။
နာဠာဂီရိဆင်မင်း။
ပလလေယျဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။

အရိမေတ္တေယျဘုရား ဖူးမြော်ရန် ပြုလုပ်ရမည့် ကုသိုလ်
****************************************
ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား
သာသနာကာလအတွင်းမှာ
ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်
ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်။

မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို
ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်။

မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေ
မဟုတ်ပဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်။

သရဏဂုံသီလ မပြတ် ဆောက်တည်သောပုဂ္ဂိုလ်။

ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ
ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်။

အသစ်ဆောက်လုပ်လှူဒါန်းတဲ့ပုဂ္ဂိုလ်။

ဗောဓိညောင်ပင် စိုက်ပျိုးသောပုဂ္ဂိုလ်။

ညောင်ရေ သွန်းလောင်းသောပုဂ္ဂိုလ်။

ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ်
တံတားပြုပြင်သောပုဂ္ဂိုလ်။

အာရုဏ်ဆွမ်း နေ့ဆွမ်း မပြတ် လောင်းလှူသောပုဂ္ဂိုလ်။

ရဟန်းတို့အား ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့
လှူဒါန်းသောပုဂ္ဂိုလ်။

ကမ္မဋ္ဌာန်းဘာဝနာ ပွားများ အားထုတ်သောပုဂ္ဂိုလ်။

အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီး
လက်ခတ်မလွဲ
အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး
နိဗ္ဗာန်ကို ရမယ်။

အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင် ပြောပြခဲ့တဲ့
ကုသိုလ်တွေ ဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်း ပြောပြခဲ့တဲ့
ကုသိုလ်တွေကတော့
မဟာဝေဿန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်
နာကြားကြသောသူတို့သည်
ကြှနျုပျဘုရားမဖွဈမီအကွား သံသရာ၌ ကျင်လည်
လေသမျှမှာလည်း
စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း
စည်းစိမ်ကောင်းကို ခံစားရပြီး
ကြှနျုပျ ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍
ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို
မချွတ်မလွဲ ရနိုင်ပါလိမ့်မယ်လို့
ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျ
မြတ်စွာဘုရားအလောင်းက ပြောပြတော် မူခဲ့ပါတယ်။

***************************************
အရိမေတ္တေယျမြတ်စွာဘုရားကိုဖူးမြော်ပြီး နိဗ္ဗာန်ကို
ရချင်တဲ့သူများဟာ

၁။ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ
ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်၀တ်ပြီး
သာသနာပြုတဲ့ပုဂ္ဂိုလ်။

၂။မိမိရင်မှဖြစ်တဲ့သား၊သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေ
ကို ရဟန်းခံပေးခြင်း၊ရှင်ပြုပေးခြင်းပြုတဲပုဂ္ဂိုလ်။

၃။မိခင်ဖခင်တို့ကို ၀တျကြတေနျးကြမေဟုတျပဲ
စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။

၄။သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဂိုလ်။

၅။ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ပုထိုး၊
စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်၊
အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်။

၆။ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဂိုလ်
ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်။

၇။ရတှေငျး ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ်
တံတား ပြုပြင်သောပုဂ္ဂိုလ်။
အာရုဏ်ဆွမ်း နေ့ဆွမ်း လောင်းလှူသော ပုဂ္ဂိုလ်။

၈။ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံံ့သော ပုဂ္ဂိုလ်။

၉။ကမ္မဋ္ဌာန်းဘာ၀နာ ပွားများအားထုတ်သော ပုဂ္ဂိုလ်။

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊
အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဗာန်ကို
ရမယ်ဟု ဆိုပါသည်။

သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပက် ကမ္ဘာတည်ပါစေ
အမုန်းမထား အပြုံးပွား နှလုံးသားဖြင့် ချစ်ခင်နိူင်ကြပါစေ။

28/11/2024

( #ပထမံ_ဘိုးဘိုးအောင်_ရွတ်ဆိုခဲ့သော_မူလဘူတ_သမ္ဗုဒ္ဓေဂါထာတော်ကြီး)


ယ္ခုတင်ပြမည့်အကြောင်းအရာသည် နတ်ပေးတဲ့ ဂါထာ နတ်ဝှက်တဲ့ ဂါထာလို့ ပြောမယ်ဆိုရင် မှားမည်မထင် ဤဂါထာသည်ကား သထုံပြည်ကြီး ကောင်းစားနေတဲ့ အခါကာလကပေါ့ ဤမူလဘူတ သမ္ဗုဒ္ဓေဂါထာတော်ကြီးကို သူသူငါငါ ရွတ်ဖတ်သရဇ္ဈာယ်ကြလို့ ဂါထာဝိဇ္ဇာဓိုရ်တွေ အဖြစ်များကြသတဲ့ နောက်တော့ ပုဂံသာသနာခေတ် သာသနာအတွက် ရှင်အရဟံဟာ လူတွေဟာ ဒီဂါထာကိုသာ ရွတ်ပွားနေကြမယ်ဆိုရင် ဘုရားရှင်အလိုတော်နဲ့ ဆန့်ကျင်ဘက်ဖြစ်လာနိုင်တာမို့ ဝိဇ္ဇာဖြစ်စေနိုင်သော နှစ်ပါဒကို ဖျောက်ခါ ဂါထာကို စီစဥ်ပေးလိုက်ပါတယ် ကဲ ရှေ့ဆက်ကြစို့ရဲ့......

ပထမဦးစွာ တွေ့ရှိရသော ဂါထာတော်မြတ်မှာ ရှေးအကျဆုံးပင် ယူဆရပါသည် ထိုဂါထာတော်မြတ်အား ပဌမံ ဦးအောင် ရွတ်ဆိုခဲ့သည်ဟု အမှတ်အသားများ တွေ့ရှိခဲ့ရသည်။

သက္ကရာဇ်(၁၁၄၇-ခုနှစ်တွင်)ရတနာပုံ အင်းဝနေပြည်တော်ကို အုပ်စိုးသော ဘုရင်ကား အလောင်းဘုရား၏ စတုတ္ထ သားတော် ဦးဝိုင်း ဖြစ်ပါတယ်။

ဘိုးတော်ဦးဝိုင်း လက်ထက်မှာ တောင်တွင်းကြီးမြို့အနီး လက်ပံရှည်ရွားသား ဦးအောင်-ရဲ့ ကျော်ဇောသတင်းဟာ ပြန့်လို့နေပါသတဲ့

ဦးအောင်-ဟာ ငယ်စဥ်ကလေးဘဝကပင် ဗုဒ္ဓါနုဿတိ ဘာဝနာကို အခါခပ်သိမ်း ပွားများခဲ့ပါသတဲ့

ဦးအောင် ကလေးဘဝက ကြေးနီကျောင်း ဆရာတော် ဦးသုဇာတထံ မိဘများက အပ်နှံခဲ့ရာတွင် ဦးအောင်ဟာ ညစဥ် ညတိုင်း သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုပြီးမှ အိပ်စက်ပါသတဲ့

တရံရောအခါမှာ လင်းအားကြီးအချိန် အိပ်မက်မြင်မက်ပါသတဲ့ မောင်အောင် မင်းရွတ်နေတာက သမ္ဗုဒ္ဓေဂါထာက ၂ ဂါထာ-သာ ရှိတယ် မင်းအကြံအထမမြောက်သေးပဲ ရှိနေတယ် ၃ ဂါထာဖြစ်ပါမှ မင်းလိုချင်တဲ့ သိဒ္ဓိလမ်းကို ပေါက်မြောက်ပေလိမ့်မယ်လို့ အိပ်မက်ပေးသွားခဲ့ပါသတဲ့

ထိုအိပ်မက်အကြောင်းကို ဆရာတော်အား လျှောက်ထားရာ ဆရာတော်က အေးဟုတ်ပေသားပဲဟု မိန့်ကာ အပ္ပကံ ဝါဠုကံ ဂင်္ဂ အနန္တံ နိဗ္ဗုတံ ဇိနံ-ဟု ဖြည့်ပေးပါတယ် ယင်းသို့ ဆရာတော်ပြင်ပေးသော ဂါထာကို ရွတ်ဆို၍ ဘုရားရှိခိုး၍ နေပါတယ်

အဲ့ဒါ မဟုတ်သေးဘူးဟု အိပ်မက်က ပြန်မက်ရာ ဆရာတော်ကို မိမိမက်သော အိပ်မက်ကို လျှောက်ထားရာ ဒါဆိုလည်း ပြင်ပေးရတာပေါ့ကွာလို့ မိန့်ပါသတဲ့

ဂင်္ဂယံ ဝါဠုက စုဏ္ဏေ ပရာဇေတွာ ဗဟုဖုလ္လေ ၃ ဂါထာ ပြည့်အောင် ပြင်ပေးလိုက်ပါတယ်

ထိုအခါ သမ္ဗုဒ္ဓေဂါထာတော်မြတ်ဟာ ၃ ဂါထာ ပြည့်မြောက်သွားပါတယ်....

( #သမ္ဗုဒ္ဓေဂါထာ_ပါဠိတော်)
( #ကျမ်းပြုသူ_အရှင်သုသုက)
( ၁ )သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿ ကေ။
ပဉ္စ သတ သဟဿာနိ၊
ဂင်္ဂါယံ ဝါဠုက စုဏ္ဏေ။

( ၂ )ပရာဇေတွာ ဗဟု ဖုလ္လေ၊
နမာမိ သိရသာ မဟံ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာ ဒရနေ နမာ မဟံ။

( ၃ )နမက္ကာရာ နု ဘာဝနေ၊
ဟိတွာ သဗ္ဗေ ဥပ ဒ္ဒဝေ။
အနေကာ အန္တရာယာ ပိ၊
ဝိ နဿန္တု အ သေသတော။

( #ပါဠိ_မြန်မာ_အနက်)

(၁-၂)အဋ္ဌဝီသံနှစ်ကျိုပ်ရှစ်ဆူကုန် သမ္ဗုဒ္ဓေစသစ္စာဉေယ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းကိုသိမြင်တော်မူသော ဘုရားရှင်တို့ကိုလည်းကောင်း ဒွါဒသဉ္စ၊သဟဿကေ တသောင်း နှစ်ထောင်ကုန်သော သမ္ဗုဒ္ဓေစ နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း ပဉ္စသတသဟဿာနိ ငါးသိန်းအတိုင်းအရှည် ရှိကုန်သော သမ္ဗုဒ္ဓေစလရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းကောင်တို့ကိုလည်းကောင်း ဂင်္ဂါယံဂင်္ဂါမြစ်၌ ဝါဠုက-စုဏ္ဏေသဲလုံးတို့ကို ပရာဇေတွာရှုံးစေပြီး၍ ဗဟုဖုလ္လေဂင်္ဂါသဲလုံးထက် အလွန်များစွာပွင့်တော်မူကြကုန်သော သမ္ဗုဒ္ဓေစနေရောင်လရောင် တန်ဆောင်တောက်လင်း ပြိုင်ဘက်ကင်းအောင် ထွန်းလင်းပြောင်သော ဘုရားရှင်တို့ကိုလည်းကောင်း အာဒဒေနရိုသေစွာ အဟံတပည့်တော်သည် သိရသာဥက္ခောင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိလက်စုံချီမိုး ရှိခိုးပါ၏ အရှင်ဘုရား။
. တေသံထို ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိုပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့၏ ဓမ္မဉ္စ တရားတော်မြတ်ကိုလည်းကောင်း သံဃဉ္စရှစ်ယောက်သော အရိယာသံဃာတော်မြတ်ကိုလည်းကောင်း အဟံတပည့်တော်သည် နမာမိ သဒ္ဓါရိုကြိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။

( ၃ )နမက္ကာရာနုဘာဝေနလက်စုံချီမိုး ရှိခိုးပူဇော် ကောင်းမှုကံ စေတနာကြောင့် သဗ္ဗေခပ်သိမ်းကုန်သော ဥပဒ္ဒဝေဥပဒ္ဒဝေါတို့ကို ဟိတွာစွန့်ပင်ပယ်ဖျောက်ပြီး၍ သဗ္ဗေအလုံးစုံကုန်သော အန္တရာယာပိအန္တရာယ်အပေါင်းတို့သည်လည်း အ-သေသတောအကြွင်းအကျန်မရှိသောအားဖြင့် ဝိနဿန္တုပြောက်ပျက်ပါစေကုန်သတည်း။

ဤကဲ့သို့ ဆရာတော်ပြင်ပေးလိုက်သည့် ဂါထာအတိုင်း ညစဥ်ရွတ်ဆို၍ ဘုရားရှိခိုးပါတယ်

အဲ့ဒါမှ အမှန်ဖြစ်ပါတယ် သထုံပြည် ကောင်းစားစဥ်က အဲ့ဒါတွေ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ကျင့်ကြံကြလို့ ဝိဇ္ဇာဖြစ်တာကွလို့ အိပ်မက်ထဲမှာ မောင်အောင်ကို ပြောသွားပါသတဲ့

(ပဒေသာ)ကျွန်တော့အနေနဲ့ ဤကျမ်းစာကို ဝတ္ထုအသွားအလာ စကားရပ်ကို အဓိကမထား သမ္ဗုဒ္ဓေဂါထာ ပါဠိတော်နဲ့ အနက်အဓိပ္ပါယ်ကိုသာ အလေးထားပြီး ရေးသားခြင်းဖြစ်တာမို့ ဝတ္ထုအသွားအလာက စာအုပ်နဲ့ တထပ်တည်းမကျနိုင်ပါ သဘောချင်းတူတယ် မိမိအဆင်ပြေသလို ရေးသားပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

အမျိုးသား အမျိုးသမီးတွေ ဝိဇ္ဇာလမ်းကို တကယ်လိုက်စားကြသူများ ဤသမ္ဗုဒ္ဓေဂါထာတော်ကြီးဖြင့် ပေါက်မြောက်အောင်မြင်နိုင်ကြပါစေကုန်သတည်း။

( #ပဒေသာ_ထံမှပြန်လည်မျှဝေပါသည်)

24/11/2024

☯အပုပ်နံ့ နံလျှင် သရဲ

☯အညှီနံ့ နံလျှင် စုန်း

☯စိမ်းရွှေရွှေနံ့ နံလျှင် အစိမ်း

☯နနွင်းနံ့ နံလျှင် မီးနေသည်အစိမ်း

☯ရေမွှေးနံ့ နံလျှင် နတ်

☯မိုင်းကိုင်စက္ကူ မီးရှို့နံ့ နံလျှင် အဖဘက်ရိုးရာ

☯ကရမက်နံ့ နံလျှင် အမိဘက်က ရိုးရာ

☯တောင်နံကတိုးနံ့ မွှေး၍ အပုပ်နံ့နံလျှင် တောင်အောက်သရဲ

☯စကားဝါ စကားဖြူ စကားစိမ်းနံ့ တစ်ခုခုမွေးလျှင် မြင်းဖြူရှင်

☯️ရေမွှေးနံ့မွှေး၍ အရက်နံ့ နံလျှင် မင်းကလေး ကိုမင်းကျော်နတ်

☯ပန်းနံ့မွေး၍ အစိမ်းစော်နံလျှင် ဥစ္စာစောင့်

☯မစင်ကျင်ငယ်နံ့ နံ၍ ညှီရင် ချီးစားစုန်း

☯ကောက်ညှင်း လက်ဖက် ထန်းလျှက် နံ့နံလျှင် ဦးရှင်ကြီး

☯ပေါင်ဒါသနပ်ခါးနံ့မွှေးလျှင် မင်းမဟာဂီရိ

☯အင်္ဂတေနံ့ နံလျှင် ဘုရားတိုက်

☯မြေပုပ် ရွှံပုပ်နံ့ နံလျှင် မြေဘုတ်ဘီလူး

☯အဝတ်မီးလောင်နံ့နံလျှင် လူနာအဝတ်စနှင့် နတ်စင်တိုက်

☯သွေးညှီနံ့ နံလျှင် ရာသီသွေးနဲ့နတ်စင်တိုက်

☯️အိုးမီးသွေးနံ့နံလျှင် အင်းတိုက်
မှတ်ချက်-Covid ဖြစ်လို့ အနံ့ပျောက်နေရင်တော့ ဘယ်ပုဂ္ဂိုလ်မှ အနံ့ပေးလို့ရမည်မဟုတ်ပါကြောင်း

24/11/2024

အိုင်းစတိုင်းက
ကျောက်သင်ပုန်းမှာ အခုလိုမျိုး ရေးခဲ့တယ်။

9x1 = 9
9x2 = 18
9x3 = 27
9x4 = 36
9x5 = 45
9x6 = 54
9x7 = 63
9x8 = 72
9x9 = 81
9x10 = 91

ဒါကို ကျောင်းသားတွေ ထရယ်ကြပါလေရော

သူ့လိုလူတစ်ယောက်က သင်္ချာမှာ မှားရေးမိတာကိုး
9 နဲ့ 10 နဲ့မြှောက်ရင် 90 ပဲ ဖြစ်ရမယ့်နေရာမှာ
အိုင်းစတိုင်းက 91 လို့ ရေးထားတယ်

အိုင်းစတိုင်းကလည်း ရယ်နေတဲ့ ကလေးတွေ ရပ်သွားတဲ့အထိ စောင့်လိုက်ပြီးမှ စကားဆက်ပြောတယ်

စာ (၁၀) ကြောင်း ရေးထားတယ်
ပထမ (၉) ကြောင်းက မှန်ပေမယ့် ဘယ်သူမှ
ငါ့ကို ဂုဏ်မပြုကြဘူး

ဒါပေမဲ့ အမှားတစ်ကြောင်းအတွက်
ငါ့ကို လှောင်ပြောင်ကြတယ်

ဒါဟာ ဘာကိုရည်ညွှန်းသလဲဆိုရင်

လူတွေဟာ ကျွန်တော်တို့ရဲ့
အမှန်တရားနဲ့ အားသာချက်ကို မြင်တာထက်

အားနည်းချက်နဲ့ အမှားအတွက်ကိုပဲ
ရွေးမြင်တတ်ကြလို့ပါပဲ

Photos from General Knowledge 's post 21/11/2024

" အလောင်းတော်ကဿဖ လှိုဏ်ဂူအတွင်းသို့ ဝင်နိုင်ခဲ့သော
ဒုတိယမြောက်လူသားတစ်ဦး
( သို့) ကေလာသဆရာတော်အရှင်အရိယဓမ္မသိဒ္ဓိ၊
ဆရာအောင် "
( ဂုဏ်တော်ကိုးဆင့် ပုတီးစိတ်နည်း )
ဂုဏ်တော်ကိုးဆင့် ပုတီးစိတ်နည်း
အပြည့်အစုံအား တွဲ၍ ဖော်ပြပေးထားပါသည်။

ကျော်အောင်စံထားဘုန်းဘုရားကြီး ပြီးလျှင်
ဒုတိယမြောက် လူသားစင်စစ် ဝင်ရောက်နိုင်ခဲ့သူ။

ပါရမီစခန်း အလုပ်စခန်းတွေအဆက်မပြတ်
လုပ်ခဲ့သူ ။
လူဝတ်ကြောင်မှ ရသေ့ဘဝ ။
၄င်းမှ ရဟန်းအဖြစ် ခံယူကာသာသနာလမ်း
လျှောက်လှမ်းခဲ့သူ ။

ရသေ့ဘဝတွင်သမထ အားထုတ်အောင်မြင်ခဲ့သောအခါ ""အောင်ဝရသိဒ္ဓိ အောင်"" ဆို တဲ့ ဘွဲ့ ရ ရှိ ခဲ့ပြီး။ ရဟန်းဘဝတွင် အရှင်အရိယာ ဓမ္မ သိဒ္ဓိ ဟူ သောဘွဲ့ဖြင့် ကေလာသ တောင်တော်မြတ်တွင် သီတင်းသုံးနေထိုင်ရင်းသာသနာပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့လေသည်။
ဂူ အတွင်းသို့မဝင်မှီ အလုပ်စခန်း
""ကျွန်ုပ်အားအမြဲတစေ ဘေးနားမှ သွန်သင်ဆုံးမ လမ်းပြတော် မူ သောဆရာအရှင်ဗားမဲ့ဆရာတော် ဘုရားကြီးမှ မဟာမြိုင်တောသို့ခေါ် သွားခဲ့၏ ။
တောအတွင်း၌ သီတင်သုံးနေထိုင်တော်မူသော မဟာမြိုင်ဆရာတော်ဘုရားကြီးအားဖူးမျှော်စေ၏။
၄င်းနောက် အလောင်းတော်ကသဖ
အရှင် မြတ်ကြီး စံတော်မူရာဂူ အတွင်းသို့
ဝင်ကြမည် ဖြစ်၍ ကျွန်ုပ်အားးဂုဏ် တော် ကိုးဆင့် ကို စိပ်ရမည်ဟု ပြောကာ စ တင်၍ စိပ် ခိုင်း၏ ။

ဂူအပြင်၌ စိပ်ခိုင်း၏ ပုတီးပတ်ပြည့်တော့။
ဂူတခါးပွင့်နေတော့ ဆရာ နှစ်ပါးနှင့်အတူ
ဂူအတွင်း ဝင်ခဲ့လေ၏ ။ အတွင်း၌လည်းဂုဏ်တော် ကိုးဆင့်ကိုသာ စိတ်ခိုင်း၏။နမောတဿဆို၏။ ၂၄ပစ္စည်းအားဖြေးဖြေး မှန်မှန် ဆိုရင်း ရောင်ခြည် ခြောက်သွယ်အလင်းဓာတ်ပေါ််တာကိုအာရုံပြုထား၏။အရဟံမှစ၍ ဂုဏ်တော်ကို ဆတိုး တိုးကာစိပ်ရသည်။

အပြီးသတ်မှာ အောင်ဇေယျ တု ဇယျ မင်္ဂလံ ။
သဗ္ဗ ဇေယျတု ဇယျ မင်္ဂလံ လို့ဆိုပီး စေတီတဆူ ပြီးအောင်စိပ်ရသည်။

ဂူအတွင်း၌ ဆရာတော်ကြီးနှင့်အတူ စိပ်ရ၏။
ပုတီးပတ်၅ ပတ်လောက်အရောက်တွင်ပွဲထဲကလို ဇော် ဂျီအဝတ်အစားနှင့် ၂ယောက် ရှေ့ကရောက်နေပီး မျက်စေ့က အသာလေးမှေးပီးဖွင့်ကြည့်တော့လည်း အဟုတ်ရောက်နေတာ တွေ့ရ၏ ။

စိတ်ထဲကလည်း"ဒီကိစ္စ ငါ့ ကိစ္စ မဟုက်ဘူးး
ခန္ဓာငါးပါး ရုပ်နာမ်၂ပါးက်ို ဘုရားလှူ ထား ပီ ပဲ ။ ဆရာတော်ပြောသလ်ိုသာ ငါအားထုတ်မယ် "" ဆို ပြီးဆက် စိပ်တော့တာပေါ့။

အာရုံ ထဲ မှာက ခု န နှစ်ယောက်က ဇော် ဂျီ တွေ မဟုက်ပဲ ဘီလူး ကြီးနစ်ကောင် ဖြစ်သွားတယ်။ လက်ထဲမှာလည်း တင်းပုတ်ကြီး တွေ ကိုင်ထားပြီးး ခြိမ်းခြောက် တော့တာကိုးးး
= မင်းဆရာတော် မရှိတော့ဘူးးး ထွက်သွားပြီ ။မင်းပဲ ကျန်တယ် ဂူ ပိတ်ပီးသေတော့မဟ် ။ခု ထိ မသွားသေးဘူးး
ဆိုပီး လာပြောနေကြတယ်။

စိတ်ထဲကနေ အော် ငါ့ ခန္ဓာ မဟုတ်ဘူး
သေ လည်းမြတ်တာပဲ ။ အလောင်းတော်လဲ ဖူးရပီ။ ဆရာတော်ကြီး ခိုင်းတဲ့ ဂုဏ်တော် ကိုးဆင့် စေတီ သာ
ငါ အောင်မြင်အောင်စိတ်မယ် ။ လုပ်ရင်းသေ လည်း မြတ်တာပဲ လို့ယုံကြည်စိတ်နဲ့ နေတော့
ခုနကဘီလူးးတွေကပြောလို့မရဘူးလားထုလိုက်ရမလားသတ်လိုက်ရမလားဆိုပီးနားနားကပ်ပီး ပြောတာကိုး

ဒါနဲ့ ဆက်ပီးး ပုတီးက်ိုသာအာရုံပြုစိတ်နေတော့ ရှေ့ကနေ ရပ်ကြည့်နေကြတယ်။ ခနနေတော့ မျက်နှာချင်းဆိုင်
သူတို့နှစ်ဦး လမ်းလျောက်နေကြရင်း တဖက် တချက်စီ လည်းရောက် ရော မူ လ ဇော် ဂျီ ပုံ ပြန်ရောက်ပြီး အလောင်းတော်က်ို ရိုသေစွာ ရှိခိုးးဦး ခိုက် နေတော့၏
ကျန်ုပ်လည်းပုတီးပတ်ပြည် အမျှဝေမေတ္တာပို့
သောအခါထို၂ဦး မှ သာဓု ခေါ်ကာ ပျောက်သွားပါတော့တယ်။
အလောင်းတော်အားး စောင့် ရှောက်ကြတဲ့ပုဂ္ဂိုလ် တွေ ပဲ ဖြစ်ပါတယ်။ အဓိဌာန်ပြီးတော့ဂူအတွင်းမှ ပြန်ထွက်တော့မှဆရာသခင်၂ ပါး မှာဂူအပြင်တွင် စောင့်နေကြမှန်းသိတော့၏
ဤကားကေလာသ ဆရာအောင်၏ အတွေ့ကြုံ ပင် ဖြစ်တော့သည်။
#မှတ်ချက်=== စာက်ိုးထုတ်နုတ်တင်ပြခြင်း
ဦးကျော် မိုးသိန်း = ကေလာသ ဆရာအောင် နှင့် တွေ့ဆုံ မေးမြန်း ခြင်း မှ
အားလုံး သိစေ ဖတ်စေ ခြင်၍ စေတနာ ဖြင့်
Credit man gyi

#ဂုဏ်တော်ကိုးဆင့်ပုတီးစိတ်နည်း

🌼ပထမဦးဆုံး အရဟံဂုဏ်တော် ကို ပုတီးတပတ် စိတ်ရပါသည်။
🌼ဒုတိယ တပတ်ကျတော့ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဆိုပီး ပုတီးတလုံးချ တပတ် စိတ်ရပါသည်။
🌼တတိယတပတ်ကျတော့ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော ဆိုပီး
ပုတီးတလုံးချ တပတ် စိတ်ရပါသည်။
🌼အဲဒီလို စိတ်သွားလိုက်ရင် အောက်မာ ပြထားတဲ့ စေတီ ပုံစံ လို ဖြစ်လာပါသည်။
🌷အရဟံ
🌷အရဟံ သမ္မာသမ္ဗုဒ္ဓေါ
🌷အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော
🌷အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော
🌷အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ
🌷အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဓမ္မသာရထိ
🌷အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဓမ္မသာရထိ သတ္ထာဒေဝမနုဿာနံ
🌷အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဓမ္မသာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ
🌷အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဓမ္မသာရထိ သတ္ထာဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ
🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼
#တကြောင်းစီဟာ ပုတီးတလုံးသာချပီး တပတ်စိတ်ရပါသည်။
#စုစုပေါင်းဂုဏ်တော်ပေါင်း ၄၈၆၀ =၁၈=၉ ကိုးနဝင်းဖြစ်လို့ ဂုဏ်တော်ကိုးဆင့် အစအဆုံး ပုတီးစိတ်ပီးတိုင်း ဂုဏ်တော်ပေါင်း ၄၈၆၀ ကို အာရုံပြုပီးသား ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်း ဖြစ်ပါသည်။

ဂုဏ်တော်ကိုးဆင့်ပုတီးစိတ်နည်းအား ဆရာပြည်သိန်းကျော် စာအုပ် မှ ကူးယူဖော်ပြပေးပါသည်။

19/11/2024

"ထုံးစံ"

အလုပ်မလုပ်ချင်တဲ့ လူတွေကြားမှာ
အလုပ်ကိုတာဝန်ကျေချင်သူက
အမုန်းခံရတာ ထုံးစံ။

မဟုတ် မမှန် အမုန်းစကားပြောတတ်တဲ့
လူတွေကြားမှာ
မှန်ရာကိုပဲပြောတတ်သူက
အမုန်းခံရတာ ထုံးစံ။

အပျော်အပျက် မက်မော ခုံမင်တဲ့ လူတွေကြားမှာ
ထိန်းထိန်းသိမ်းသိမ်း ပျော်တတ်သူက
အမုန်းခံရတာ ထုံးစံ။

စည်းလွတ် ဝါးလွတ်နေတတ်တဲ့ လူတွေကြားမှာ
ကျင့်ဝတ်စောင့်ထိန်းတတ်သူက
အမုန်းခံရတာ ထုံးစံ။

ဘယ်သူပျက်ပျက်
ဘယ်လိုမုန်းမုန်း
လူမုန်းများမှာ ကြောက်တဲ့ စိတ်နဲ့
ကိုယ့်သိက္ခာနဲ့ကိုယ်ကျင့်တရားကို မဖျက်စီးလိုက်နဲ့ ။

18/11/2024

#အခုမဖတ်အားရင်ရှယ်ပီးတော့သိမ်းထားပါ
#တန်ဖိုးရှိတဲ့စာသားလေးတွေမို့တင်ပေးတာပါ
သမ္ဗုဒ္ဓေဂါထာတော်ရဲ့နောက်ခံအတိတ်ဇာတ်ကြောင်းကို
တစ်ခါမှမဖတ်ခဲ့ဘူးပါ၊

Fbပေါ်မှာတွေ့လို့
သိသင့်သိထိုက်တယ်ထင်လို့copy ယူပြီးတင်ပေးလိုက်ပါတယ်၊ သမ္ဗုဒ္ဓေဂါထာတော်ကတော့ဗုဒ္ဓဘာသာ
ဝင်အများစုကရွတ်ဖတ်ကြလို့ပါဌိ၊အဓိပ္ပါယ်ပါရတဲ့သူတွေများပါတယ်။
----------------------------------------------------------------------------------------------------------

*** ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။

အဲဒီပေါရာဏဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ လှူလည်းပြီးရော မင်းသမီးက ဘုရားဖြစ်ချင်တယ်ဆိုပြီး ဆုပန်တယ်။

သပိတ်အပြည့်အလှူခံရထားတော့ ညဖက်ဆီမီးပူဇော်တဲ့အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေနဲ့မြိုင်နေရော။ ဒီတော့ ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ်ကိုခေါ်မေးတယ်။ ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက်တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်း လျှောက်တင်တယ်။ အဲဒီအခါ ဘုရားရှင်က မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန်လို့ရမယ်၊ ဒီတော့ ယောက်ျားဘဝရဖို့ အရင်ဆုပန်ခိုင်းပါလို့ မိန့်တော်မူတယ်။ တဆက်တည်းမှာပဲ ရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားဆုပန်တယ်။ ဒီပင်္ကရာဘုရားရှင်ကို အားကျတာကတစ်ကြောင်း၊ သူက ဆီမီးပူဇော်တဲ့ရဟန်းဖြစ်လို့ (ဒီပင် ဆိုတာ ဆီမီး၊ ကရောတိ ဆိုတာ ပူဇော်ခြင်း) တိုက်ဆိုင်တာကတစ်ကြောင်းကြောင့် ဒီပင်္ကရာဆိုတဲ့ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်ချင်ကြောင်း ဆုပန်တယ်။ ဒီတော့ ပါရာဏဒီပင်္ကရာဘုရားရှင်က အဘိဉာဉ်တန်ခိုးနဲ့ ကြည့်တော်မူပြီး ရဟန်းငယ်ကို နောင် ၁၆ သင်္ချေကြာတဲ့အခါ ဒီပင်္ကရာဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။

နောက်တစ်နေ့ ရဟန်းငယ်က ထုံးစံအတိုင်း ဆီအလှူခံထွက်ရင်း မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာလိုက်တဲ့အတိုင်း မိန်းမဘဝနဲ့ ဘုရားဆုပန်လို့မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်း ပြန်မိန့်တယ်။ မင်းသမီးကလည်း မုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း နေ့စဉ်သပိတ်အပြည့်လှူဖို့ ကတိခံပြီး ဒီလိုလှူရတဲ့အကျိုးအားကြောင့် နောက်ဘဝမှာ ယောက်ျားဘဝရပါလို၏ ဆိုပြီး ဆုတောင်းတယ်။ ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့် အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာ ယောကျာ်းဖြစ်သွားတယ်။

အဲဒီယောက်ျားဘဝကနေစပြီး နောက်ပိုင်း ဘုရားဖြစ်ချင်စိတ်အထုံကြောင့် ပါးစပ်ကထုတ်မပြောပေမယ့် စိတ်ထဲကနေ ဘုရားဆုပန်တာ ၇ သင်္ချေကြာတယ်။ အဲဒီ ၇ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ ဆူ ပွင့်တော်မူခဲ့တယ်။

နောက်ပိုင်းဘဝတွေကျတော့ ဘုရားဖြစ်ချင်တဲ့ အထုံအစွဲကြီးလွန်းလာတာရယ်ကြောင့် စိတ်ထဲကတင်မကတော့ပဲ နှုတ်ကပါ ဘုရားဆုပန်တယ်။ အဲဒီလို နှုတ်ကနေ ဘုရားဆုပန်တာ ၉ သင်္ချေရှိတယ်။ အဲဒီ ၉ သင်္ချေကာလအတွင်း ဘုရားပေါင်း ၃၈၇၀၀၀ ဆူ ပွင့်ခဲ့တယ်။

မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့ အချိန်ကနေ စိတ်နဲ့ဘုရားဆုပန်တဲ့ ၇ သင်္ချေရယ် နှုတ်နဲ့ဘုရားဆုပန်တဲ့ ၉ သင်္ချေရယ် ပေါင်း ၁၆ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၅၁၂၀၀၀ ပွင့်တော်မူတယ်။

၁၆ သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏဒီပင်္ကရာမြတ်စွာဘုရားဆီက ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူတယ်။

ဒီပင်္ကရာမြတ်စွာဘုရားကြွလာတဲ့လမ်းမှာ တံတားခင်းတာ အချိန်မမီတဲ့အတွက် သုမေဓာရသေ့က ကိုယ်ကိုတံတားခင်းပြီးလှူတယ်။ ဒီပင်္ကရာဘုရားရှင်က ကြည့်တော်မူတဲ့အခါ သုမေဓာရသေ့က ပေါရာဏဒီပင်္ကရာဘုရားလက်ထက် သူရဟန်းငယ်ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ဘဝတုန်းက သူ့ကို မုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေတာကိုမြင်တယ်။ အဲဒီမှာ ဘုရားရှင်က မင်းသမီးလေးဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။ ပြီးတော့ နောင် ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့ နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသားဖြစ်လိမ့်မယ်လို့ ဟောတော်မူတယ်။ (သိဒ္ဓတ္ထ ဆိုတာ မုန်ညှင်း၊ တေလ ဆိုတာ ဆီ၊ သိဒ္ဓတ္ထတေလ ဆိုတာ မုန်ညှင်းဆီ)

သုမေဓာရသေ့ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့အချိန်အထိ ကြားကာလ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်ခဲ့တဲ့ ဘုရားပေါင်းက ၂၈ ဆူရှိတယ်။

အဲဒီတော့ စိတ်နဲ့ဆုပန်တဲ့ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့ အချိန်အထိရယ် အတွင်းမှာ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ပွင့်တော်မူတယ်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။

အဋ္ဌ ဆိုတာ ၈
ဝီသဉ္စ ဆိုတာ ၂၀
အဋ္ဌဝီသဉ္စ ဆိုတော့ ၂၈

ဒွါဒဿ ဆိုတာ ၁၂
သဟႆ ဆိုတာ ၁၀၀၀
ဒွါဒသဉ္စ သဟဿကေ ဆိုတော့ ၁၂x၁၀၀၀ = ၁၂၀၀၀

ပၪၥ ဆိုတာ ၅
တသ ဆိုတာ ၁၀၀
ပဉ္စတသ ဆိုတော့ ၅x၁၀၀ = ၅၀၀
သဟႆ ဆိုတာ ၁၀၀၀
ပဉ္စတသ သဟဿနိ ဆိုတော့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ၊ ဆိုတာ ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို

နမာမိ - ရှိခိုးခြင်း
သိရသာ - ဦးခေါင်းဖြင့်
အဟံ - ကျွန်ုပ်သည်
နမာမိ သိရသာ မဟံ - ကြှနျုပျသညျ ဦးခေါင်းဖြင့် ရှိခိုးပါ၏

ဦးခေါင်းဖြင့်ရှိခိုးတယ်ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင်ထားတာကိုခေါ်တယ်။ နတ်တွေ ဗြဟ္မာတွေက အဲဒီလိုပဲ ရှိခိုးကြတယ်။ သာမန်ရှိခိုးတာက ကိုယ်ရှေ့မှာ လက်အုပ်ချီပြီး ဦးညွတ်ထားတာမျိုး။

အပ္ပကာ - နည်းသေး၏
ဝါဠုကာ - သဲ
ဂင်္ဂါ - ဂင်္ဂါမြစ်
အပ္ပကာ ဝါဠုကာ ဂင်္ဂါ - ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏

အနန္တာ - မရေမတွက်နိုင်အောင်များသော
နိဗ္ဗူတာ - နိဗ္ဗာန်ဝင်ခြင်း
ဇိနာ - မာန်ငါးပါးကို အောင်မြင်သော ဘုရားရှင်
အနန္တာ နိဗ္ဗူတာ ဇိနာ - မာန်ငါးပါးကို အောင်မြင်၍ နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင် များလှပြီ

တေသံ - ထိုဘုရားရှင်တို့၏
ဓမ္မဉ္စ - တရားဓမ္မတို့ကို
သံဃဉ္စ - သံဃာတော်တို့ကို

အာဒရေန - ရိုသေစွာ
နမာမိ - ရှိခိုးပါ၏
အဟံ - ကျွန်ုပ်သည်
အာဒေရန နမာမဟံ - ကျွန်ုပ်သည် ရိုသေစြာ ရွိခိုးပါ၏

နမက္ကာရာ - ဤသို့ရှိခိုးရသော
နုဘာဝေန - အကျိုးအားကြောင့်

ဟိတွာ - ပယ်ပျောက်ခြင်း
သဗ္ဗေ - ခပ်သိမ်းသော
ဥပဒ္ဒဝေ - ဘေးရန်တို့သည်
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ - ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ

အနေကာ အန္တရာယာပိ - တစ်ခုမကသော အန္တရာယ်တို့သည်
ဝိနဿန္တု - ပျောက်ကွယ်ပါစေ
အသေသတော - အကြွင်းမရှိ
အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော - တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိ ပျောက်ကွယ်ပါစေ

သမ်ဗုဒ်ဓေ အဋ်ဌဝီသဉ်စ၊ ဒှါဒသဉ်စ သဟဿကေ၊ ပဉ်စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို ကြှနျုပျသညျ ဦးခေါင်းဖြင့် ရှိခိုးပါ၏။

အပ်ပကာ ဝါဠုကာ ဂင်ျဂါ၊ အနန်တာ နိဗ်ဗူတာ ဇိနာ၊ တသေံ ဓမ်မဉ်စ သံဃဉ်စ၊ အာဒရနေ နမာမဟံ။
ဂင်္ဂါမြစ်အတွင်းရှိသဲတို့သည်ပင် နည်းသေး၏၊ မာန်ငါးပါးကိုအောင်မြင်ပြီး နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင်များလှပြီ။ ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မတို့ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း ကြှနျုပျသညျ ရိုသေစွာရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။
ဤသို့ရှိခိုးရသော အကျိုးအားကြောင့် ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ၊ တစ်ခုမကသောအန္တရာယ်တို့သည်လည်း အကြွင်းမရှိပျောက်ကွယ်ပါစေ။

(ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်စာအုပ်တို့မှ ထုတ်နှုတ်၍ ပြန်ရေးထားခြင်းဖြစ်ပါသည်)

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay