Ray Aoe Sin Library - RAS

Ray Aoe Sin Library - RAS

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ray Aoe Sin Library - RAS, Education, Mandalay.

07/08/2026

Project Learning Lotus🪷

Lotus Book Pass Campaign ပြီးမြောက်ကြောင်း အသိပေးချက်နှင့် ကျေးဇူးတင်လွှာ

မင်္ဂလာပါရှင် ကျွန်မတို့ရဲ့ (၁၀) ရက်တာ Lotus Book Pass Campaign လေးဟာဆိုရင်ဖြင့် အောင်မြင်စွာနဲ့ ပြီးမြောက်သွားခဲ့ပြီ ဖြစ်ပါတယ်ရှင့်။ 📚

စတင်ခါစက ဘာမှမရှိသေးဘဲ ပင့်ကူမျှင်တက်နေတဲ့ စာအုပ်စင်လေးပေါ်မှာ အခုဆိုရင် ဝိုင်းဝန်းလှူဒါန်းမှုများကြောင့် စုစုပေါင်း စာအုပ် (၁၃၀) အုပ် တိတိ ရရှိခဲ့ပြီး စာအုပ်စင်ပေါ်မှာ နေရာယူပြီးဖြစ်နေပါပြီ။✨

Target (၂၀၀) မပြည့်ခဲ့ပေမဲ့လည်း ဒီ စာအုပ် (၁၃၀) အုပ် ဆိုတဲ့ ပမာဏဟာ ကလေးငယ်လေးတွေအတွက် လုံလောက်တဲ့ အတိုင်းအတာတစ်ခုဖြစ်ပြီး စာအုပ်စင်လေး ပုံဖော်လာနိုင်ခဲ့တဲ့အတွက် RAS အနေနဲ့ အလွန်ပင် ဝမ်းမြောက်ကြည်နူးမိပါတယ်။🤗

ကလေးငယ်တွေအတွက် ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။🥰

Campaign လေးပြီးဆုံးသွားခဲ့ပေမဲ့လည်း ကလေးငယ်များအတွက် စာအုပ်လှူဒါန်းမှုများကို ဆက်လက်လက်ခံပေးနေဆဲ ဖြစ်ပါတယ်နော်! 🥳

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Page Messenger သို့ လာရောက်မေးမြန်း စုံစမ်းလှူဒါန်းနိုင်ပါတယ်ရှင့်။ 💌
....

🤍 Lotus Book Pass Campaign Completed! 📚

Hello everyone!

Our 10-day Lotus Book Pass Campaign has successfully come to an end. 🎉

When we started, our bookshelf was empty. Thanks to your support, we collected 130 books. Now, our bookshelf is filled with books for children. ✨

Although we did not reach our goal of 200 books, we are very happy and thankful. These 130 books will help many children enjoy reading. 🥰

Thank you so much to everyone who donated and supported our campaign. Your kindness means a lot.

Even though the campaign is over, we are still accepting book donations. If you would like to donate or ask for more information, please send us a message through our Page Messenger. 💌

Thank you for supporting children's learning! 🌱

#ရေအိုးစင်စာကြည့်တိုက်

05/08/2026

အခုလို တစ်ဖက်တစ်လမ်းမှ ကူညီပေးတဲ့ မ jue နဲ့ Jue's Thoughts Corner team ကို RAS အဖွဲ့မှ ကျေးဇူးများကြီးတင်ပါတယ်ရှင့်။ 💞..
Expressing our deepest gratitude towards Jue and JTC team members. 💕

ရေအိုးစဉ် စာကြည့်တိုက် initiative မှ စတင်လိုက်တဲ့Lotus Book Pass Campaign နဲ့မိတ်ဆက်ပေးပါရစေ။

မန္တလေးမြို့ ၊ အောင်မြေသာဇံမြို့နယ် ၊ မတ္တရာတိုက် သီလရှင်ကျောင်းမှာ သြဂုတ်လ ၈ ရက်မှ စတင်ပြီး တစ်လတိတိ လှုပ်ရှားသွားမည့် learning Lotus project အတွက် စာအုပ် donations လေးတွေ ကောက်ခံနေကြောင်းအသိပေးအပ်ပါတယ်။

📌စာအုပ်ရေ ၂၀၀ ကို target ထားပြီး ဇူလိုင်လ ၂၈ ရက် ကနေ သြဂုတ်လ ၆ ရက်နေ့အထိ ၁၀ရက်တိုင် campaign လေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီ campaign မှာဆိုရင် ကလေးငယ်လေးတွေအတွက်
🔅 ရုပ်ပြပုံပြင်စာအုပ်များ
🔅 ရုပ်ပြမဂ္ဂဇင်းများ
🔅 သမိုင်းဝင်ထင်ရှားသူတွေရဲ့ ဘဝဇာတ်ကြောင်း ကလေးသုံးစာအုပ်များ
🔅 သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်များ
🔅 အထွေထွေဗဟုသုတဆိုင်ရာ စာအုပ်များ ကို အဓိကထားလှူဒါန်းနိုင်ပါတယ်ရှင့်။

လှူဒါန်းခြင်းက‌‌မှ စာအုပ်တစ်အုပ် ရရှိလာတိုင်းမှာ ပင့်ကူအိမ်တွေတက်နေတဲ့ စာအုပ်စင်ရဲ့ ကွက်လပ်တွေကို ဖယ်ရှားသွားနိုင်မှာဖြစ်ပြီး၊ ပါဝင်လှူဒါန်းပေးသူတိုင်းရဲ့ စာအုပ်လေးတွေကို ဒီစာအုပ်စင်ပေါ်မှာ တန်းစီ ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ အားလုံးရဲ့ စာအုပ်လေးတွေ ပြည့်သွားတဲ့အခါ ကလေးငယ်တွေအတွက် အသိပညာတွေနဲ့ ပြည့်နှက်နေတဲ့ Complete Bookshelf လေးတစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။📚🙌🏻

📚ဒါ့ကြောင့်မို့ စာအုပ်စင်လေးအလွတ်လေးကိုဖြည့်ပေးပြီး မတ္တရာတိုက်က ကလေးတွေရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ အတူတူ ပါဝင်ဖြည့်စွက်ပြီး ပံ့ပိုးကူညီကြရအောင်နော်။

Lotus book pass champaign လေးမှာလည်း Jue's Thoughts Corner က media partnership အနေနဲ့ပါဝင်ပေးထားပါသေးတယ်ရှင့်🫶

လှူဒန်းလိုပါက RAS page messenger ကိုဆွက်သွယ်နိုင်ပါတယ်။
https://www.facebook.com/profile.php?id=100087777833101&mibextid=ZbWKwL

Original post here
https://www.facebook.com/share/p/1C5yVLi82R/

30/07/2026

Lotus Book Pass Campaign ရဲ့ (၃) ရက်မြောက်🤩

မင်္ဂလာပါရှင့်။

ကျွန်မတို့ရဲ့ Lotus Book Pass Campaign လေး စတင်ခဲ့တာ ဒီနေ့ဆိုရင် (၃) ရက်မြောက်နေ့ကို ရောက်ရှိလို့ လာခဲ့ပါပြီ။🫶🏻

ဒီ (၃) ရက်တာကာလအတွင်းမှာ စာအုပ်အနည်းငယ် ကိုလက်ခံရရှိ ပြီး လှူဒါန်းပေးကြသူ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်နော်။✨

လှူဒါန်းသူတစ်ဦးစီတိုင်း လှူလိုက်တဲ့ စာအုပ်တစ်အုပ်ချင်းစီဟာ ဒီစာအုပ်စင်ပေါ်မှာ နေရာယူသွားမှာဖြစ်ပြီး၊ အားလုံးရဲ့ စာအုပ်လေးတွေ ပြည့်သွားတဲ့အခါ ကလေးငယ်တွေအတွက် အသိပညာတွေနဲ့ ပြည့်နှက်နေတဲ့ Complete Bookshelf လေးတစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။📚🙌🏻

📣 ဒါကြောင့်မို့ စာအုပ်စင်တစ်ခုလုံး ပြည့်စုံသွားဖို့အတွက် စာအုပ်လေးတွေ လာရောက်ဖြည့်ဆည်းပေးမယ့် သူလေးတွေကို ထပ်ပြီး ဖိတ်ခေါ်ပါရစေရှင့်။

အထူးသဖြင့် ကလေးငယ်လေးတွေအတွက်
🔅 ရုပ်ပြပုံပြင်စာအုပ်များ
🔅 ရုပ်ပြမဂ္ဂဇင်းများ
🔅 သမိုင်းဝင်ထင်ရှားသူတွေရဲ့ ဘဝဇာတ်ကြောင်း ကလေးသုံးစာအုပ်များ
🔅 သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်များ
🔅 အထွေထွေဗဟုသုတဆိုင်ရာ စာအုပ်များ ကို အဓိကထားလှူဒါန်းနိုင်ပါတယ်ရှင့်။

Campaign ကာလကလည်း နောက်ထပ် (၇) ရက် တိတိ ကျန်ရှိနေသေးတာမို့ ပါဝင်လှူဒါန်းမှုလေးတွေကို မျှော်လင့်စောင့်စားနေပါတယ်နော်။🪷

လှူဒါန်းဖို့ရာ အသေးစိတ်ကို page messenger မှာလာရောက်မေးမြန်းလို့ရပါတယ်ရှင့်။🤍
.......
English Version

Lotus Book Pass Campaign – Day 3 🪷

Hello everyone!

Today is the 3rd day of our Lotus Book Pass Campaign.🥳

A big thank you to everyone who has donated books so far. Every book brings us one step closer to creating a bookshelf full of knowledge and joy for children. 🤗

We are still collecting -
🔅 Picture storybooks
🔅 Comic books magazines
🔅 Books about famous historical people
🔅 Environmental books
🔅 General knowledge books

There are 7 days left in the campaign, and we'd love to have your support.🙌🏻

If you'd like to donate or need further information, please send us a message. Thank you! 🤍

#ရေအိုးစင်စာကြည့်တိုက်

28/07/2026

🚨Lotus Book Pass Campaign လေးလာပါပြီ။

ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ အခက်အခဲ အမျိုးမျိုးကြား ပွင့်လန်းဖို့ကြိုးစားနေကြတဲ့ ကြာပန်းငယ်လေးတွေ ဒုနဲ့‌‌ထည်နဲ့ အများကြီးရှိပါတယ်။ 🪷

အခုလို ကြိုးစားနေတဲ့ ကလေးငယ်တွေအတွက် ကျွန်မတို့ ရေအိုးစင်စာကြည့်တိုက်မှ Learning Lotus ဆိုတဲ့ project လေးကို မန္တလေးမြို့ မတ္တရာတိုက် မယ်သီလရှင်ကျောင်းမှာ သြဂုတ်လ ၈ ရက်မှ စတင်ပြီး တစ်လတိတိ လှုပ်ရှားသွားမှာပါ။ ✨

Learning Lotus ဟာ ထိုင်ဝမ်နိုင်ငံ Garden of Hope Foundation ကနေ စတင်ခဲ့တဲ့ ၂၀၂၆ Asian Girls Campaign (AGC) ရွေးချယ်ခြင်းခံရတဲ့ project တစ်ခုဖြစ်ပါတယ်။ 🙌🏻

ဒီ project အတွက် Lotus Book Pass campaign လေးကို အရင်မိတ်ဆက်ပါရစေ။ 📣

📌စာအုပ်ရေ ၂၀၀ ကို target ထားပြီး ယနေ့ ကနေ သြဂုတ်လ ၆ ရက်နေ့အထိ ၁၀ရက်တိုင် campaign လေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

📖စာအုပ်တစ်အုပ်ရရှိတိုင်းမှာ ပင့်ကူတက်နေတဲ့ စာအုပ်စင်ကိုဖယ်ရှားနိုင်ပြီးတော့ ပါဝင်လှူဒါန်းတဲ့ စာအုပ်များကို စာအုပ်စင်ပေါ် ဝင်ကူစီပေးနိုင်မှာ ဖြစ်ပါတယ်။

📚ဒါ့ကြောင့်မို့ စာအုပ်စင်လေးအလွတ်လေးမှာ ကလေးတွေရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ အတူတူ ပါဝင်ဖြည့်စွက်ပြီး ပံ့ပိုးကူညီကြရအောင်နော်။

လှူဒါန်းဖို့ရာ အသေးစိတ်ကို page messenger မှာလာရောက်မေးမြန်းလို့ရပါတယ်ရှင့်။ ❤️
...
English version

We believe many of you have noticed that there are countless children around us who are trying their best to grow and shine despite the many challenges they face.🪷

To support these young dreamers, our Ray Aoe Sin Library is launching a project called Learning Lotus, which will run for one month, starting on August 8th.☘

Learning Lotus is a selected project of the 2026 Asian Girls Campaign (AGC), a regional leadership initiative launched by the Garden of Hope Foundation in Taiwan to empower young women across Asia to develop and implement gender-responsive social impact projects.🙌🏻

📌As the first step of this project, we are introducing the Lotus Book Pass Campaign. We aim to collect 200 books during our 10-day campaign, which runs from today until August 6. Every book you donate will help turn an empty bookshelf into a place full of knowledge, hope, and opportunity for young readers. Together, let's fill our bookshelves and open the door to brighter futures for these children.

For more information about donating, please send us a message through our page's Messenger!📣

#‌ရေအိုးစင်စာကြည့်တိုက်

Photos from Ray Aoe Sin Library - RAS's post 10/07/2026

RAS ရဲ့ လှုပ်ရှားမှုတွေထဲမှာမှ အပင်လေးတွေ စိုက်ပျိုးခြင်း 🌱🪨

ကလေးလေးတွေရဲ့ တနင်္ဂနွေကျောင်းပိတ်ရက်မှာ ဖုန်း ၊ ဗီဒီယိုဂိမ်း တွေနဲ့ အချိန်မကုန်စေဘဲ သဘာဝတရားနဲ့ ထိတွေ့မှုရှိစေဖို့အတွက် အပင်စိုက်ပျိုးခြင်း activity ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။🤩

organic garden ဖြစ်တဲ့ ကုန်းတန်း စိုက်ပျိုးခြံမှာ ကလေးလေးတွေကို အသေးစိတ် ရှင်းပြ ပြီး အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။ 🐞🪏အပင်စိုက်ပျိုးခြင်း နဲ့ အတူ ပုံပြင်ပြောပြခြင်းကိုပါ ပြုလုပ်ခဲ့ကြတာမို့ ကလေးတွေရဲ့ ကျောင်းပိတ်ရက်ကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးခဲ့ကြပါတယ်ရှင့်။🥳🤎

#ရေအိုးစင်စာကြည့်တိုက်

Photos from Ray Aoe Sin Library - RAS's post 08/07/2026

ကျွန်မတို့ ရေအိုးစင်စာကြည့်တိုက်က page ကနေ ပို့စ်မတင်တာလဲကြာပြီ ပျောက်ချက်သားလဲကောင်းနေတာဆိုတော့ မြေပြင်မှာရော ဘာတွေလုပ်နေကြလဲ။ ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ 🤔❓

အားလုံးဘဲ မင်္ဂလာပါ။ RAS မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🍀

Post မတင်ဖြစ်တဲ့ အတောအတွင်းမှာ ကျွန်မတို့RASက ကလေးလေးတွေနဲ့အတူ စာဖတ်ခြင်း နှင့် ပုံပြင်ပြောခြင်းအလေ့အထ ၊ စိတ်ဝင်စားဖွယ် ဂိမ်းကစားနည်းများ နှင့် လက်တွေ့အသုံးချ လုပ်‌ဆောင်တဲ့ activityများ ၊ ပျော်ရွှင်စွာ မုန့်လုပ်စားခြင်း နှင့် ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို ဖြတ်သန်းခဲ့ ကြပါတယ်။ 🐚🌿

📍ကျွန်မတို့RAS ကနေမှ လုပ်ဆောင်ပြီးစီးခဲ့တဲ့ နေရာတွေက‌တော့ October ကနေ Apirl အထိကို ဖွားစောလမ်း, ကုန်းတန်းရပ်ကွက် မှာရှိတဲ့ wicking bedကို အသုံးပြုစိုက်ပျိုးထားတဲ့ "သဘာဝစိုက်ပျိုးခြံ" မှာ လုပ်ဆောင်ပြီးစီးခဲ့ပြီးတော့ Apirl လ မှ July လအစောအပိုင်း အထိကို "သိဒ္ဓိအောင် ဘုန်းကြီးကျောင်း" မှာ ပြောင်းရွေ့လုပ်ဆောင်ပြီးစီးခဲ့ပါတယ်။ ✨

📍ကျွန်မတို့ပြုလုပ်ခဲ့တဲ့ အကြောင်းအရာတွေလည်း အသေးစိတ် ထပ်မံမျှဝေပေးသွားမှာ ဖြစ်လို့ ဘယ်လိုအကြောင်းအရာတွေ ၊ ဘယ်လို activity တွေ ပြုလုပ်ခဲ့ကြသလဲ ဆိုတာကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။🤎

#ရေအိုးစင်စာကြည့်တိုက်

23/04/2026

📚ယနေ့မှာကျရောက်လာတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ “ကမ္ဘာ့စာအုပ်နေ့” (World Book Day) ကို RAS မှလည်း စာအုပ်စာပေများမှ ရရှိခဲ့တဲ့ အသိပညာဗဟုသုတများနဲ့အတူ ဆင်နွှဲ ဂုဏ်ပြုအပ်လိုက်ရပါတယ်ရှင့်။🎊

ဧပြီလ ၂၃ရက်နေ့ကို UNESCO မှ ကမ္ဘာ့တဝှမ်းမှာ ရှိတဲ့ လူငယ်တွေအတွက်
☘️ စာအုပ်စာပေရဲ့ အနှစ်အရသာ ၊
☘️စာရေးဆရာများရဲ့ စိတ်ကူးစိတ်သန်း နဲ့ မူပိုင်ခွင့် တို့ကို လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြီး World Book Day ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။✨

ကမ္ဘာကျော်စာရေးဆရာကြီး တွေဖြစ်တဲ့
🌀 William Shakespeare
🌀 Miguel de Cervantes
🌀 Inca Garcilaso de la Vega
အစရှိတဲ့ နာမည်ကျော် စာရေးဆရာကြီး ၃ဦး တို့ဟာ ၁၆၁၆ခုနှစ် ၊ ဧပြီလ ၊ ၂၃ ရက်နေ့မှာဘဲ တိုက်ဆိုက်စွာဖြင့် ဆုံးပါးခဲ့ခြင်း အပေါ်မူတည်ပြီး ထိုဆန်းကြယ်လှတဲ့ ဧပြီ ၂၃ရက် ကို “ကမ္ဘာ့စာအုပ်နေ့” အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။💐

ဒီနေ့လိုမျိုး ကမ္ဘာတဝှမ်းက ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့စာအုပ်များနေ့ ကို RAS မှလည်း လူငယ်များ နှင့် သားသားမီးမီးများကို ယခုလို အမှတ်စရာနေ့ကို မှတ်မိစေရန် ၊ စာအုပ်စာပေ နှင့် စာရေးဆရာများ ကို ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်ပြီး “ကမ္ဘာ့စာအုပ်များနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း နှင့် မှတ်သားဖွယ် သမိုင်းဝင်အချက်များ” ကို စုစည်း မျှဝေပေးလိုက်ပါတယ်ရှင်။🤎

#ရေအိုးစင်စာကြည့်တိုက်

Photos from Ray Aoe Sin Library - RAS's post 23/02/2026

"ရွံ့တုံးတစ်တုံး စိတ်ကူးတစ်ခု 💭"

ရေအိုးစင်စာကြည့်တိုက်မှာ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ပုံဖော်နိုင်ဖို့ နဲ့ စိတ်ပျော်ရွှင်မှု ရရှိစေဖို့အတွက် "ရွံ့မြေကြီး နဲ့ အရုပ်လေးတွေ စိတ်ကြိုက်ပုံဖော်ခြင်း" အစီအစဥ်ကို 11.1.2026 မှာ ပြုလုပ်ခဲ့ကြပါတယ်။ 🧱

ရွံ့ကလေးတွေကို နယ်လိုက် ၊ ဆော့လိုက် ၊ ပုံဖော်လိုက် နဲ့ ကလေးလေးတွေရဲ့ လက်ကလေးတွေဟာ ရွံ့မြေကြောင့် ပေပွသွားခဲ့ပေမဲ့ ကမ္ဘာကြီး ကို ပိုမိုထိတွေ့နိုင်ခဲ့ကြပါသေးတယ်။🐾

အခုလို သဘာဝတရားကြီးနဲ့ ထိတွေ့ရင်း ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြင်တွေ့ခွင့်ရတာ တကယ်ကိုကြည်နူးဝမ်းသာစရာပါဘဲ။🤎

#ရေအိုးစင်စာကြည့်တိုက်

19/02/2026

🔮ဒီကနေ့မှာတော့ ကျွန်မတို့ ရေအိုးစင်စာကြည့်တိုက်က ကလေးငယ်တွေအတွက် အဖိုးတန် စာအုပ်များကို "အကြည်ရေခဲစက်မိသားစု" မှ လာရောက်လှူဒါန်းသွားပါတယ်။✨

ယခုလိုလာရာက် လှူဒါန်းပေးတာကြောင့် ရေအိုးစင်စာကြည့်တိုက်မှ အလွန်ကို ဝမ်းသာပျော်ရွှင်မိပါတယ်။💖

အကြည်ရေခဲစက် မိသားစု ကိုလည်း နေ့ရက်တိုင်းကိုလည်း စိတ်ကြည်လင်လန်းဆန်းမှု အပြည့်ဖြင့် ဖြတ်သန်းနိုင်ပါစေ လို့လည်း RAS မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။😍❤️

---------------------------------------------------

🔮 Today, precious books for children were kindly donated to Ray Aoe Sin Library by the "အကြည်ရေခဲစက် မိသားစု". These books will help children learn and explore about new things. ✨

We are truly happy and deeply thankful for this kind donation.💖

RAS sincerely wishes "A Kyi Yay Khae Set Family" happiness, good health, and success in every day ahead.😍❤️

#ရေအိုးစင်စာကြည့်တိုက်

Photos from Ray Aoe Sin Library - RAS's post 17/02/2026

စာအုပ်ထဲမှာပဲ ရှိတယ်လို့ ထင်ခဲ့တဲ့ "အစိမ်းရောင်ခေါင်းဆောင်" လေးတွေကို အခု ရေအိုးစင်စာကြည့်တိုက်မှာ လက်တွေ့ မြင်တွေ့နေရပါပြီ။ ✨

🐞 ဒီတစ်ပတ် ရေအိုးစင်စာကြည့်တိုက် ကနေ မိတ်ဆက်ပေးချင်တာကတော့ 4.1.2026 ကဖတ်ဖြစ်ခဲ့ကြတဲ့ စာရေးဆရာ မင်းကိုနိုင် ရေးသားသရုပ်ဖော်ထားတဲ့ "အစိမ်းရောင်ခေါင်းဆောင် (Green Leader)" ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

ဒီစာအုပ်လေးထဲမှာ ဘာတွေရှိမလဲ❓

🌻 ဇာတ်လိုက်ကျော် ပုပု ကတော့ ကျောင်းစာမှာ ထိပ်တန်းကမဟုတ်သလို၊ အားကစားမှာလည်း ပေါ်လွင်တဲ့ကလေး မဟုတ်ပါဘူး။ ဒါပေမဲ့ သစ်ပင်စိုက်တာ၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတာနဲ့ စည်းရုံးလှုံ့ဆော်တဲ့နေရာမှာတော့ ပုပုဟာ တကယ့်ကို သူရဲကောင်းတစ်ယောက်လိုပါ။ ပုပုတို့ သူငယ်ချင်းတသိုက် က ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကြတဲ့အတွက်ကြောင့် သူတို့ရဲ့ ကျောင်းလေးဟာ သာမန်ကျောင်းတစ်ခုထက်ပိုပြီး "အစိမ်းရောင်ပုံရိပ်" လေးတစ်ခုလို အေးချမ်းသာယာ လာခဲ့ပါတယ်။

🍀 ပုပုလို "အစိမ်းရောင်ခေါင်းဆောင်" လေးတွေကြောင့် သူတို့ရဲ့ကျောင်းလေးဟာ ဘယ်လောက်တောင် စိမ်းလန်းစိုပြေပြီး သာယာနေမလဲဆိုတာ ကိုရေးဖွဲ့နွဲ့ပြီး တည်ဆောက်ထားတဲ့ စာအုပ်လေးဘဲဖြစ်ပါတယ်။🍀

🪴 စာအုပ်ထဲက ပုပုလိုမျိုး ရေအိုးစင်စာကြည့်တိုက်က ကလေးတွေဟာလည်း လက်တွေ့ "အစိမ်းရောင်လှုပ်ရှားမှု" တွေမှာ ပါဝင်နေကြတာ တကယ့်ကို ချီးကျူးစရာဘဲဖြစ်ပါတယ်။ ကလေးတွေနဲ့အတူ စုပေါင်းပြီး ဖန်တီးထားတဲ့ လိပ်ပြာပုံ Collage လေးကို စာအုပ်ထဲကအတိုင်း "ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ်" နဲ့ လက်တွေ့အကောင်ထည်ဖော်ပြီး ပျော်ပျော်ပါးပါး သင်ယူခဲ့ကြပါတယ်။

🌿 ဒါကြောင့်မို့ ကလေးတစ်ယောက်ဟာ သင်္ချာမတော်တာ၊ စာမလိုက်နိုင်တာဟာ သူညံ့နေလို့ မဟုတ်ပါဘူး။ "Every child is special" ဆိုတဲ့အတိုင်း ကလေးတိုင်းဟာထူးခြားပြီး မတူကွဲပြားတဲ့အရည်သွေးကိုယ်စီရှိကြတယ် ဆိုတာကို ဒီစာအုပ်လေးကနေတဆင့် ကလေးများရဲ့ ဝါသနာနဲ့ ထူးချွန်မှုကို လေးစားတန်ဖိုးထားပေးကြဖို့ဘဲဖြစ်ပါတယ်။😍

#ရေအိုးစင်စာကြည့်တိုက်

Category

Telephone

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Ray Aoe Sin Library - RAS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.