Colossal Light Education Center
Language center for your kids.
23/09/2026
Level-1 ကသမီးလေးရဲ့ ကြိုးစားမှုလေး 🥰💙 ။ ဒါကတော့ Online Class ကပါ ။ ဘေးကမေမေကတော့ အတူတူလိုက်ကြည့်ပေးရတာပေါ့နော် ။
သူလေးကအရမ်းတော်တာ ။ အသက်ခြောက်နှစ်ပဲရှိသေးပေမယ့် မေတ္တာသုတ်လည်းရ ၊ အလီဆိုလည်း နှစ်အလီကနေ ဆယ့်နှစ်အလီထိရသူလေး 💕💕 ။
5.10.2026 October အတန်းများ (Batch-1) အတွက် စုံစမ်းအပ်နှံနိုင်ပါပြီ ။
21/09/2026
အင်္ဂလိပ်စာ Writing ကို အခြေခံပိုင်နိုင်ပြီး ထိရောက်မှန်ကန်စွာ ရေးနိုင်ဖို့အတွက် 𝐂𝐨𝐥𝐨𝐬𝐬𝐚𝐥 𝐋𝐢𝐠𝐡𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်တဲ့ 𝐂𝐞𝐧𝐭𝐞𝐫 𝐆𝐫𝐚𝐦𝐦𝐚𝐫,𝐖𝐫𝐢𝐭𝐢𝐧𝐠 & 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠(𝐁𝐚𝐭𝐜𝐡-1) အတန်းများကို အပ်နှံနိုင်ပါပြီ ။
အတန်းကြီးလာတာနဲ့အမျှ အင်္ဂလိပ်လိုပဲ သင်ရ၊ဖတ်ရတာတွေများလာတဲ့အခါ ကလေးတွေမှာ စာသင်ရတာ ဝန်ပိပြီးစိတ်ဖိစီးလာကြပါတယ် ။ ကလေးတွေဟာ ဒီကိစ္စကို အတော်စိတ်ဖိစီးကြရတာတွေလည်း ကြုံရကြားရပါတယ် ။
ဒီကိစ္စ ၊ ပြဿနာတွေကို ကျော်လွှားဖို့ဆိုရင်တော့ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကို အခြေခံအုတ်မြတ်ကနေ သေချာပိုင်နိုင်စွာ သင်ကြားထားဖို့ဟာ လိုကိုလိုအပ်ပါတယ် ။ သင်ကြားတယ်ဆိုတဲ့နေရာမှာလည်း စဥ်ဆက်မပြတ်လေ့လာသင်ယူနေဖို့ကလည်း အလွန်မှအရေးကြီးပါတယ် ။ သုံးလေးငါးလတစ်ဖြတ်တက်ရုံနှင့် အင်္ဂလိပ်စာကို နှံ့နှံ့စပ်စပ်တတ်သွားမည်မဟုတ်ပါ ။ ဒါကြောင့် ကျွန်မတို့စင်တာမှာပဲဖြစ်ဖြစ် ဘယ်မှာပဲအပ်အပ် သေချာစိတ်ဝင်တစားနဲ့ စဥ်ဆက်မပြတ်လေ့လာနေမှသာ တိုးတက်မှုတစ်ခုကိုမြင်ရမှာဖြစ်ပါတယ် ။
ဒီ့အတွက်ကြောင့် မိမိရဲ့ကလေး ကြီးလာတဲ့အခါမှာ စိတ်ဖိစီးမှု ၊ ဝန်ပိတာမျိုးမဖြစ်ရလေအောင် အင်္ဂလိပ်စာသင်တန်းများ အပ်နှံနိုင်ပါပြီ ။
မိမိတို့၏ကျောင်းသားများကို သေချာစွာသင်ကြားပေးနိုင်ရန်အတွက် တစ်တန်းလျှင် ဆယ်ဦးသာလက်ခံမည်ဖြစ်ပါသည် ။
အတန်းပြီးလျှင် သင်တန်းပြီးဆုံးကြောင်း 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ပေးအပ်ချီးမြှင့်သွားပါမည် ။ အတန်းမှန်မှန်တက်မှသာ Certificate ရမည်ဖြစ်ပါသည် ။
အသေးစိတ်သိရှိလိုပါက
09-950 781 391/392 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Address : 16th,bet 87×88,အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့ ။
#𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
11/09/2026
𝑯𝒆𝒂𝒓𝒕-𝒘𝒂𝒓𝒎𝒊𝒏𝒈 𝒎𝒆𝒔𝒔𝒂𝒈𝒆 𝒇𝒓𝒐𝒎 𝒎𝒚 𝒃𝒆𝒍𝒐𝒗𝒆𝒅 𝒔𝒕𝒖𝒅𝒆𝒏𝒕🫶💌
"ဆရာမ" တစ်ယောက်အနေနဲ့ ဒီစာသင်တာကို လက်လျှော့ချင်တဲ့ အချိန်လေးတွေရှိပါတယ် ။ အဘက်ဘက်ကဖိအားတွေအပါအဝင် ကလေးတွေနဲ့ဆက်ဆံရာမှာလည်း အတော်လေးကို သတိထားရတာတွေလည်းပါပါတယ် ။ ဒါပေမယ့် ကျွန်မတို့ရဲ့ သိပ်မများသေးဘဲ နုနယ်သေးတဲ့စာသင်သက်မှာတော့ နှစ်ယောက် ၊ သုံးယောက်လောက်သော အဆင်မပြေတဲ့ကျောင်းသား/သူနဲ့ မိဘတွေပဲဆုံဖူးပါသေးတယ် ။ တချို့ကတော့ ပုံမှန်လိုပဲဆိုပေမယ့် နားလည်ပေးတတ်တဲ့ သဘောကောင်းတဲ့မိဘတွေလည်း ဆုံရကြုံရပါတယ် ။
ဆရာမတစ်ယောက်အနေနဲ့ မိဘတွေနဲ့ဆုံရကြုံရတာကို ဘယ်လိုမှသဘောမထားပေမယ့် ကလေးတွေနဲ့အဆင်မပြေရင်တော့ အင်မတန်မှစိတ်ဖိစီးရပါတယ် ။ သို့ပေသိ ခုချထချိန်ထိတော့ အဲ့လောက်ဆိုးတဲ့ကလေးနဲ့မတွေ့ရသေးဘူးပေါ့နော် ။
ဒါပေမယ့် အရမ်းချစ်ဖို့ကောင်းတဲ့ ၊ ကျွန်မကို စိတ်ခွန်အားတွေပေးတဲ့ တပည့်လေးတော့ရှိပါတယ် ။ ဒီနေ့လည်း သူလေးပြောတဲ့စကား ၊ သူလေးပေးတဲ့ခွန်အားကြောင့် ကျွန်မမှာ ဒီအလုပ်ကိုရွေးချယ်ရတာ မှန်လိုက်တာလို့ တွေးမိပါတယ် ။
ငယ်ငယ်ကဆရာ ၊ ဆရာမတွေ "ပီတိကိုစားအားရှိ၏" ဆိုတာကို သိပ်နားမလည်ပေမယ့် ဒီနေ့တော့ကောင်းကောင်းကြီးသဘောပေါက်လိုက်ရပါတယ်ရှင် ။ ဒီနေရာကနေပြီး ကျွန်မတို့ငယ်ဘဝ ယနေ့အချိန်ထိသင်ပေးခဲ့သော ဆရာ ၊ ဆရာမများကိုလည်း ထပ်မံရှိခိုးကန်တော့လိုက်ပါတယ် ။ ကျွန်မတို့ ယနေ့အချိန်ထိ ကြုံရဆုံရတဲ့ ကျွန်မတို့ရဲ့တပည့်လေးများကိုလည်း (သူတို့တော့မသိနိုင်ပေမယ့်ပေါ့နော်) ကျေးဇူးတင်ပါတယ်ရှင် ။ 💌
#𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
06/09/2026
Sharing is Caring! 🥰
ဒီနေ့တော့ အင်္ဂလိပ်စာလေ့လာသူတော်တော်များများသိပြီးသားဖြစ်တဲ့ Channel နှစ်ခုကိုပဲ ပြန်ညွှန်းချင်လို့ပါရှင် ။
𝔼𝕟𝕘𝕝𝕚𝕤𝕙 𝕎𝕚𝕥𝕙 𝕃𝕦𝕔𝕪 & 𝔹𝔹ℂ 𝕃𝕖𝕒𝕣𝕟𝕚𝕟𝕘 𝔼𝕟𝕘𝕝𝕚𝕤𝕙 ပါ ။
ဆရာမကတော့ Personally အရ Lucy ကိုပိုကြိုက်ပါတယ် ။ British ဆိုပေမယ့် သူ့ရဲ့ Accent ကအရမ်းနားထေူင်လို့ကောင်းပြီး Natural ဖြစ်လို့ပါ ။ BBC ကတော့ တခါတလေ Quizz လေးတွေ ဖြေရတာက တော်တော်လေးပျော်စရာကောင်းပါတယ် ။
အများကြီးထဲကမှ ဆရာမကြိုက်တာလေးပဲ ညွှန်းထားတာမလို့ တခြားကိုယ့်အကြိုက် Channel လေးတွေရှိရင်လည်း လေ့လာလို့ရအောင် ကွန်မန့်မှာညွှန်းပေးပါဦးနော် 🥰 ။
Self-study မဟုတ်ဘဲ အတန်းတက်ချင်ရင် Colossal Light Education Center မှာ သင်တန်းစုံစမ်းနိုင်ပါတယ် ✨။
02/09/2026
မန္တလေးမိုး အရမ်းကောင်းတယ်ဗျာ 🥰 ။ 🌨️
Do you like rainy days?
23/08/2026
အားလုံးပဲ မင်္ဂလာညနေခင်းလေးပါရှင် ။
ဒီနေ့ တီချာ မျှဝေပေးချင်တာလေးကတော့ အင်္ဂလိပ်စာလုံးချို့မှာ "S" ထည့်လိုက်တာနဲ့ အဓိပ္ပါယ်ပြောင်းသွားတဲ့ စာလုံးလေးတွေပါ ။ အင်္ဂလိပ်စာလေ့လာနေသူတိုင်းသိကြတဲ့အတိုင်း အင်္ဂလိပ်စာမှာက "s" ထည့်ရတဲ့ စည်းမျဥ်းလေးတွေရှိပါတယ် ။ ဒီထဲကမှ ဒီစာလုံးလေးတွေကတော့ အဓိပ္ပါယ်ပြောင်းသွားတာလေးတွေပါ ။
စာလုံးတွေကိုတော့ မှတ်ရလွယ်အောင် ကျွန်မတို့ အခြေခံသိထားတဲ့ အဓိပ္ပါယ်လေးတွေပဲ ထည့်ပြီးရှင်းပေးထားပါတယ် ။ ဖတ်ပြီး ၊ လေ့လာပြီးပြီဆိုရင်တော့ မိမိတို့ရဲ့အတွေး ၊ မိမိတို့လေ့ကျင့်ချင်တဲ့ စာကြောင်းလေးတွေ ကွန်မန့်မှာရေးပြီး မန့်နိုင်ပါတယ် ။
Fun Fact : ကျွန်မ တပည့်ကျော်တွေ တခါတလေမေ့မေ့ပြီး မှားတတ်ကြလို့ ဒီ Content လေးကို တင်ဖို့ အကြံရသွားပါတယ် ။ ကျေးဇူးပါ သား ၊ သမီးလေးများ 🥰 ။
အင်္ဂလိပ်စာအတန်းများ စုံစမ်းအပ်နှံနိုင်ပါတယ် ။ မန္တလေးမြို့ကပါရှင် ။
#𝐦𝐝𝐲
20/08/2026
အင်္ဂလိပ်စာဆိုတာ ဘာသာရပ်တစ်ခုထက် ပိုပါတယ် ။ စာသင်နေရင်း မပျင်းရလေအောင် ဒီလိုပရောဂျက်လေးတွေကလည်းလုပ်ခိုင်းရပါသေးတယ် ။ ဒီလိုလေးတွေလုပ်ပြီး သင်ချင်ပါရင် Colossal Light Education Center မှာသင်တန်းစုံစမ်းနိုင်ပါတယ် ။
Available Classes - 4Skills & Grammar
Available Class type - Online/In-person
Address - 16th,bet 87*88,Aungmyae Tharsan,Mandalay
Phone - 09- 950 781 391 / 392
11/08/2026
အရင်ခေတ် : ဆရာမ သမီးဗိုက်ထဲကအောင့်အောင့်နေလို့
အခုခေတ် : သမီး ဆရာမဗိုက်ထဲကအောင့်အောင့်နေလို့ 🤪
Idea - ကိုယ်ပိုင် , Pic credits
ကျောင်းပိတ်ရက် ၊ ကျောင်းချိန်လွတ် အင်္ဂလိပ်စာအတန်းများစုံစမ်းနိုင်ပါပြီ ။
03/08/2026
အအိပ်နဲ့အစားအငှားလိုက်တဲ့လူတွေအတွက်ပါ 🤭 ။
အားလုံးပဲ မင်္ဂလာပါရှင် ။ မတွေ့ရတာကြာပြီနော် ။
ဒီနေ့မှာတော့ "𝙎𝙡𝙚𝙚𝙥" အကြောင်းလေးကို ပုံလေးတွေကြည့်ပြီး လေ့လာကြပါဦးစို့နော် ။ နားမလည်တာ ၊ သိချင်တာ ၊ ဆွေးနွေးချင်တာလေးတွေကို ကွန်မန့်မန့်နိုင်ပါတယ် ။
ဆယ်ကျော်သက်များအတွက်သာမက သားသားမီးမီးတို့အတွက်ပါ အင်္ဂလိပ်စာအတန်းတွေဖွင့်လှစ်ထားတဲ့အတွက် စုံစမ်းမေးမြန်းအပ်နှံနိုင်ပါတယ် ။
𝐂𝐨𝐥𝐨𝐬𝐬𝐚𝐥 𝐋𝐢𝐠𝐡𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
☎️ - 09 950 781 392
🏠 - 16th,bet 87*88
22/07/2026
ဒီနောက်ပိုင်း အတန်းရွေးချယ်တဲ့အခါမှာ 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨 လား 𝙋𝙝𝙮𝙨𝙞𝙘𝙖𝙡 𝘾𝙡𝙖𝙨𝙨 လား ဝေခွဲမရဖြစ်တတ်ပါတယ် ။ နှစ်ခုလုံးကတော့ သူ့ဟာနဲ့သူကောင်းပေမယ့် တီချာ့အနေနဲ့ကတော့ 𝙋𝙝𝙮𝙨𝙞𝙘𝙖𝙡 𝘾𝙡𝙖𝙨𝙨 ကိုပိုသဘောကျပါတယ် ။ အကြောင်းကတော့ ကလေးတွေကို အသေးစိတ်ပိုဂရုစိုက်ပေးနိုင်တယ်လို့ ယူဆလို့ပါ 🩶 ။ ဒါပေမယ့် အချိန်တိုက်နေတဲ့ ကိစ္စတွေရှိနေပါရင်လည်း 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨 တွေကို တက်ရောက်နိုင်ပါတယ်ရှင် ။
Note : Zoom ဝယ်တဲ့အခါမှာ အခက်အခဲလေးရှိနေတာကြောင့် တီချာက လောလောဆယ် Free နဲ့ပဲသင်တာဖြစ်လို့ ဒီအချက်လေးလက်ခံနိုင်ရင် အတန်းစုံစမ်းအပ်နှံနိုင်ပါတယ်ရှင် ။
#
Category
Contact the school
Website
Address
Mandalay
Opening Hours
| Monday | 08:00 - 16:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Colossal Light Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.