Phyu Pyar

Phyu Pyar

Share

နှလုံးသားအဟာရ

10/12/2025

ငါမအေးဘူး 😎

15/11/2025

ကိုယ့်ကို မွေ:ထားတဲ့ မိဘတောင်
စကားလုံးတွေနဲ့ နာအောင်ပြောရင်မကြိုက်ကြတဲ့ဟာ
ဘာလို့ တခြားသူရဲ့ စကားလုံးတွေက
ကိုယ့်ကို နာကျင်စေရင် သီးခံရမှာလဲ

ငါက ဒီလိုပဲ ပြောတတ်တာဆိုရင်
သီးခံနိုင်တဲ့လူနဲ့ပဲ ဆက်ပြောပါ

စိတ်ရင်းကောင်းပေမဲ့
ဒီလိုအကျင့်ရှိနေရင် ကျနော်ကတော့ ရှောင်ပါတယ်

သူများအကျင့်ကို သီးခံပေးစရာ
ဘာတာဝန်မှမရှိနေလို့ပါ..♥🍀

—

15/11/2025
14/09/2025

တစ်ချို့အရာတွေကို

လွှတ်ချထားခဲ့တယ်ဆိုတာ

မလိုချင်လို့ ဆိုတာထက်

မနာကျင်စေချင်လို့ ပြောရင် ပိုမှန်လိမ့်မယ်

10/09/2025

အပူတွေလည်း ပျောက်ပါပြီ၊
လူတွေကိုလည်း ကြောက်ပါပြီ။

ဒဏ်ရာတွေလည်း ကင်းပါပြီ၊
ပြန်လာရင်လည်း ငြင်းပါမည်။

မရခင် အချိုးလည်း သိပါသည်၊
ရပြီး အဆိုးလည်း သိပါပြီ။

အနာဂတ်အရေးပဲ ကြည့်ပါပြီ၊
ကိုယ့်ကိုယ်ကိုပဲ ချစ်ပါမည်။

သူစိမ်းကိုလည်း မေ့ပါမည်။
ကိုယ့်ကိုယ်ကိုလည်း တွေ့ပါပြီ။ 🙂

#ရဲသူလွင်(အင်ပင်မြို့)

09/09/2025

Relationship ဆိုတာ ယောကျ်ားလေးရဲ့ အချစ်က
မိန်းခလေးရဲ့ အချစ်ထက် ပိုနေမှသာ
အဆင်ပြေတယ်လို့ လူတွေက ပြောကြတယ် ။
ဘာကြောင့်ဆိုတာ ကျွန်တော် နားလည်သွားပြီ...
ဘာဖြစ်လို့လဲ ဆိုတော့ ယောကျ်ားတစ်ယောက်အတွက်
သူ့ရဲ့ခံစားချက်က အဓိက အရေးအကြီးဆုံး ဖြစ်ပြီး
မိန်းခလေးတစ်ယောက်အတွက် ယောကျ်ားလေးက
သူ့ကို ဘယ်လိုခံစားရစေလဲ ဆိုတာ အရေးကြီးဆုံးပါ ။
ယောကျ်ားလေးက မင်းကို ချစ်နေသရွေ့
သူမင်းကို ဘယ်တော့မှ ပစ်ထားမှာ မဟုတ်သလို
မိန်းခလေးကလည်း သူအချစ်ခံနေရတယ်လို့
ခံစားနေရသရွေ့ ထွက်သွားမှာ မဟုတ်ပါဘူး ။

crd_to_owner_with_respect

09/09/2025

ဘယ်ဘဝကပဲလာလာ
လောကထဲဝင်လာရတဲ့အခါ
အဖော်မပါဘူး
ကိုယ်တစ်ယောက်တည်းပဲ

ဘယ်သူတွေ
ကိုယ်အနားမှာပဲရှိရှိ
ဝေဒနာတွေခံစားရတဲ့အခါ
ကိုယ့်အစားကူပြီးခံစားပေးလို့မရဘူး
ကိုယ်တစ်ယောက်တည်းပဲခံစားရတယ်

ဘယ်သူတွေ
ကိုယ့်အပေါ်ဘယ်လောက်ပဲကောင်းကောင်း
အဆင်မပြေဖြစ်လာတဲ့အခါ
ဒုက္ခမှန်သမျှကျော်ဖြတ်ရတဲ့အခါ
ကိုယ်တစ်ယောက်တည်းပဲ

ဘယ်သူတွေ
ဘယ်လောက်ပဲနားလည်ပေးပေး
စိတ်ဆင်းရဲမှု့တစ်ခုကြုံတွေ့ရတဲ့အခါ
ခံစားသမျှနာကျင်ရတာ
ကိုယ်တစ်ယောက်တည်းပဲ

ဘယ်သူတွေ
ဘယ်လောက်ပဲချစ်ချစ်
ရေစက်ပါလို့ဆုံကြတာပဲရှိမယ်
အချိန်တန်လို့ခွဲခွါတဲ့အခါကျန်ခဲ့ရတာ
ကိုယ်တစ်ယောက်တည်းပါပဲ

ဘယ်သူတွေနဲ့ပဲလျှောက်ခဲ့၊လျှောက်ခဲ့
လမ်းကြုံလို့ခရီးဆုံခဲ့တာပဲရှိမယ်
ခရီးဆုံးတဲ့အခါကိုယ်တစ်ယောက်တည်းပဲ

ဒါကြောင့်
တစ်ခြားသူတွေကို
အရမ်းကြီးမှီခိုဖို့လည်းမကြိုးစားပါနဲ့
ကိုယ့်စိတ်နဲ့အတူတူပဲဆိုပြီး
အရမ်းကြီးလည်းမယုံလိုက်နဲ့

တစ်ယောက်တည်းဆိုပြီး
အားငယ်စိတ်လည်းမဝင်လိုက်နဲ့
ချန်ထားခံခဲ့ရလို့လည်း
ဝမ်းနည်းမနေနဲ့

အချိန်တန်ရင်
ကိုယ်တစ်ယောက်တည်းပါပဲဆိုတဲ့
အမှန်တရားကိုလက်ခံနိုင်ဖို့ကြိုးစားပါ

08/09/2025

မှားခဲ့သည်ဖြစ်စေ မှန်ခဲ့သည်ဖြစ်စေ
ပေးခဲ့တဲ့ မေတ္တာတွေမှာ ဘယ်သူ့ကိုမှ အပေါ်ယံတစ်ခုမှ မပါခဲ့ဘူး "

ကိုယ့်ကတော့ လူတိုင်း အပေါ်မှာ မေတ္တာ ထားပေးတယ်

ပြောစရာရှိရင်လဲ အားမနာဘူး ပြောတယ် စကားပြောရင်လည်း ပြတ်သားတယ်
မဟုတ် မမှန်တာတော့ လာမပြောနဲ့ လက်မခံဘူး

ကိုယ့် စကားတစ်ခွန်းကြောင့် သူတစ်ပါး ဒုက္ခ ရောက်အောင် ဘယ်တော့မှ မလုပ်ဘူး

ကိုယ် ပေးခဲ့တဲ့ မေတ္တာတွေကတော့
အပေါ်ယံ တစ်ခုမှ မပါခဲ့ဘူး။

05/09/2025

ဆရာအောင်ချိမ့်ပြောသလို့ပဲ

မတော်မဆများ ရထားလွဲခဲ့ရင်..
ကျွန်တော် ပြေးမလိုက်တော့ဘူးဗျာ

ကျန်ခဲ့တာသိရင် ချစ်တဲ့သူကတော့
ပြန်လာခေါ်မှာပဲ။

04/09/2025

သူ့ပုံစံကလည်းကိုယ့်ကိုနာကျင်စေတယ်
ကိုယ့်ဘက်ကလည်းမပြတ်နိုင်ဘူးဆိုရင်
ထပ်ပြီချစ်လိုက်ဖို့ပဲအကြံပေးချင်တယ်။

ဝဋ်မကုန်သေးတာလည်းဖြစ်နိုင်တယ်
ကိုယ့်ဘက်ကမပြတ်သားနိုင်သေးတာလည်းဖြစ်နိုင်တယ်
အချိန်မတန်သေးတာလည်းဖြစ်နိုင်တယ်။

အချိန်တန်ရင်အားလုံးဟာ
နေရာအမှန်ကိုရသွားပါလိမ့်မယ်
နာကျင်နေတာမှန်ပေမယ့်
ဒီထက်အများကြီးလိုက်မခံစားတော့ပါနဲ့
အများကြီးတွေးရင် အများကြီးခံစားရလိမ့်မယ်။

တစ်ချို့ဒဏ်ရာတွေဟာ ဆေးထည့်လို့မပျောက်ဘူး
ဒဏ်ရာကိုဒဏ်ရာနဲ့ပြန်ကုမှပျောက်တာ။

မပြတ်သားနိုင်သေးတာမှန်ရင်
ပြတ်သားသွားနိုင်မယ့်အထိဆက်ချစ်လိုက်ပါ
တကယ်နာကျင်လာတဲ့အခါ
နှလုံးသားကသူ့အလိုလိုဖယ်ခွာသွားပါလိမ့်မယ်။

03/09/2025

မိန်းကလေးတစ်ယောက်ကလေ....
အမှားတွေကို ခွင့်လွှတ်ပေးတတ်ပေမယ့်
အဲ့ဒီအမှားတွေကိုကျတော့ မေ့သွားဖို့ ခက်ကြတယ်

နောက်တစ်ကြိမ် ထပ်ဖြစ်လာရင်လို့တွေးမိရင်
အဲ့ဒီတုန်းက အမှားတွေကို ပြန်အစဖော် ပြောမိတော့တာပဲ
ရစ်တာ မဟုတ်ဘူးနော်
နောက်ကြောင်း ပြန်လှည့်တာလည်း မဟုတ်ဘူး

အဲ့ဒီတုန်းက ဘယ်လောက်နာကျင်ခဲ့ရတယ်ဆိုတဲ့
အကြောင်းကို ပြန်ပြီး သတိပေးရုံပါ
ပြီးတော့...နောက်တစ်ကြိမ်ထပ်ပြီး
နာကျင်ရမှာကိုတွေးပြီး ကြောက်နေတာ

ဒါကို နားလည်စေချင်တာ ။

🙇🙇🙇

01/09/2025

ဆုံးရှုံးသွားတဲ့အရာ
ပြန်ရတတ်သလားလို့
တချို့က ကျွန်မကိုမေးတယ်။

ဘယ်လိုပြောရမလဲ...
ပြန်ရတတ်တယ်ပေါ့။

ဒါပေမဲ့
တစ်ခါက ကျွန်မ ကြယ်သီးလေးတစ်လုံး
ပျောက်သွားဖူးတယ်။

နောက်ပိုင်း အဲဒီကြယ်သီးကို ပြန်တွေ့တဲ့အချိန်
ကျွန်မ တခြားအင်္ကျီတစ်ထည် လဲပြီးခဲ့ပြီ။

နိုင်းနိုင်းစနေ

Category

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Phyu Pyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.