Successs

Successs

Share

Writer

08/04/2026

🤗ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ကောင်းနေတာလဲတဲ့?

👍🏻သိတယ်လေ ကလေးမှမဟုတ်ဘဲ....
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်သိပါတယ်။

🤗အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး ကောင်းခဲ့တာမှ မဟုတ်ဘဲ...

ကိုယ်တတ်နိုင်သလောက်ကောင်းပေးမယ်လို့ပဲ
စိတ်ထဲရှိတယ်...

🤗 နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားမယ် မထင်လို့ပါ...

🤗ဒါပေမဲ့ လက်ခံတဲ့သူတွေက တန်ဖိုးထားမယ်ဆိုရင် တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး....
🤗လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်။

❤️ဘယ်အရာမဆို စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။

❤️လောကကြီးက မျှတပါတယ်။

ဒါပေမယ့်🤗🤗🤗အချိန်တစ်ခုတော့ စောင့်ရတာပေါ့🤗


#စာပေ

28/04/2025

သစ္စာရှိတယ်ဆိုရုံနဲ့ မလုံလောက်ဘူး
💕အကြင်နာ
💕ကရုဏာ
💕 မုဒိတာ အပါဝင်
❣️ချစ်ခြင်း‌ မေတ္တာတွေလည်း ပေးတတ်ဖို့လိုပါတယ်


28.4.2028

10/04/2025

တချို့လူတွေရှိတယ် ..
ငြိမ်ခံနေတုန်းက မမြင်ဘူး ..
ထပြောမိမှ ကိုယ်က စွာတယ် ဆိုတာမျိုး ။

တချို့လူတွေရှိတယ် ..
ခေါင်းပေါ်တတ်နင်းခံရတာ မသိဘူး ..
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ ကိုယ်က အာကြမ်းတယ် ဆိုတာမျိုး ။

တချို့လူတွေရှိတယ် ..
မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး
ဒဲ့ပြောလိုက်မှ ကိုယ်က လူကြမ်းကြီး ဆိုတာမျိုး ။

တချို့လူတွေရှိတယ် ..
တသက်လုံးသည်းခံလာတာကို မစာနာကြဘူး
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူး ဆိုတာမျိုး ။

တချို့လူတွေရှိတယ် ..
အတွင်းစိတ်ကို မြင်အောင်မကြည့်တတ်ကြဘူး
အပေါ်ယံကောင်းပြတာကိုမှ အဟုတ်ထင်တတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် ..
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး
ဟန်ဆောင်တတ်တဲ့လူကိုမှ အမှန်အကန် ထင်တတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် ..
ကိုယ်ချင်းစာတရားဆိုတာ မရှိကြဘူး
ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နဲ့ တဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး ။

တချို့လူတွေရှိတယ် ..
ရင်းနှီးချင်ယောင်ဆောင်ပြီး မထိတထိစော်ကားတဲ့ စကားပြောတတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် ..
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို တပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး ။

တချို့လူတွေရှိတယ် ..
အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့သက်သက် လူဖြစ်လာတာမျိုး ။

ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို မကျင့်သုံးတတ်ပဲ အသက်ရှင်နေတဲ့ တချို့လူတွေအတွက် စိတ်ကသိကအောက်ဖြစ်ဖို့ မလိုဘူး ..…
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ ။.
# Crd; DrCham

02/03/2025

လူတစ်ယောက်ကို စိတ်ရော ကိုယ်ရော
ပေါင်းလိုက်တဲ့ အခါ လူတစ်ယောက်ရဲ့
စိတ်ကို သေသေချာချာ သိရလေပဲ!!

တစ်ချို့အပြုံးတွေရဲ့နောက်မှာ
မနာလိုခြင်းတွေ ရှိတယ်။

တချို့စကားချိုချိုတွေရဲ့နောက်မှာ
ဟန်ဆောင်ဖုံးကွယ်ခြင်းတွေ ရှိတယ်။

တချို့အားကျတယ်ဆိုတဲ့ လူတွေ နောက်ကွယ်ကနေ
အတင်းပြောနေကြတာတွေရှိတယ်

တချို့အားပေးနေပါတယ် လို့ ပြောနေကြသူတွေ
နောက်ကွယ်ကနေ ဟားတိုက်နေကြတာတွေရှိတယ်

တချို့တွေ သိပ်ဟန်ဆောင်ကောင်းကြတယ်
တချို့အပြုံးတွေ သိပ်ကြောက်စရာကောင်းတယ်
တချို့ရိုးသားမှုတွေ မာယာရောထားတယ်

အသက်ကြီးလာလေလေ တစ့်နေ့ထက်တစ်နေ့
လူတွေအကြောင်း ပိုသိလာလေလေ

20/02/2025

ကိုယ်ချင်းစာစိတ်ဆိုတာ
ပင်ကိုယ်ဗီဇနဲ့ အသိတတ်တရားပေါင်းစပ်ပြီး ဖြစ်တည်လာတယ်လို့ ပြောရင်
မှားမယ်မထင်ဘူး💁‍♀️💁‍♀️


20.2.2025

03/02/2025

လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဘာလဲ?

💁‍♀️အဆင့်အတန်းဆိုတာ
လူတစ်ယောက်က
အခြားလူတစ်ယောက်အပေါ်မှာ
လေးစားမှု၊ စာနာမှု၊ တနွေးတထွေး ဆက်ဆံမှု၊ တစ်ဖက်လူရဲ့ ကိုယ်စိတ်နှစ်ပါးလုံး မနစ်နာသွားအောင် ပြောဆိုပြုမူမှု၊ သစ္စာရှိမှုတွေကို ခေါ်တာပဲ ဖြစ်တယ်။

💁‍♀️ဒီလို စိတ်သဘောထားတွေ ရှိတဲ့သူကိုမှသာ အဆင့်အတန်းမြင့်တဲ့သူလို့ ခေါ်သင့်တယ်။

#မြသန်းတင့် ✍️


3.2.2025

03/02/2025

ဝေမျှခြင်းက
နှလုံးသားရဲ့
ကိုယ်ချင်းစာနာတတ်မှုကိုပြသသော
အနူးညံ့ဆုံး....အလှပဆုံး
ပြယုဂ်တစ်ခုဖြစ်တယ်



3.2.2025

01/02/2025

💁‍♀️နေ့စဉ်ဘဝမှာ ရှင်သန်‌နေထိုင်တဲ့အခါ

👍အောင်မြင်ပြီး ၊ချမ်းသာကြွယ်ဝနေသူတွေကို ဘယ်လိုကြိုးစားခဲ့သလဲ မလေ့လာဘဲ အပေါ်ယံအားကျနေရုံနဲ့ မဖြစ်ဘူး.....

👍ကိုယ်အဆင်မပြေလို့ အကူအညီလိုတဲ့အခါ တခြားလူတွေက မကူညီရကောင်းလားဆိုပြီး စိတ်ဆိုးစိတ်ခုပြီးအပြစ်မတင်နဲ့...
💁‍♀️မကူညီကြတဲ့ သူတို့မှာ အပြစ်မရှိဘူး။

ကိုယ့်လိုချင်တဲ့ ဘဝကို ကိုယ်တိုင် ရအောင် ကြိုးစားရမှာ ကိုယ့်တာဝန်..



1.2.2025

15/01/2025

👍အားလုံးနဲ့
အဆင်ပြေတယ်ဆိုတဲ့သူဟာ
ကြောက်စရာအကောင်းဆုံးသူပဲ

👍ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးက
အန္တရာယ်အကင်းဆုံးပါ....

👍သေချာတာတခုကတော့...
လူဖြောင့် လူမှန်တွေဟာ
လူတိုင်းနဲ့ တည့်မနေတတ်သလို
တည့်ဖို့ကိုလည်း တမင်ကြိုးစားမနေကြဘူး...

👍ကိုယ်က လူမှန်တယောက်မို့
အပေါင်းအသင်းသိပ်မပေါဘူး...

👍ခုဆို တနှစ်ပြီးတနှစ် ပြောင်းလဲလာလိုက်တာ မိတ်ဆွေစစ်တွေ အနည်းငယ်သာ ရှိပါတော့တယ်....

💁‍♀️ဒါပေမဲ့ အမှားအမှန်ကိုခွဲခြားတတ်ပြီး ဝေဖန်မှုကို လက်ခံနိုင်စွမ်းရှိတဲ့ လူမှန်မိတ်ဆွေတွေရှိနေခြင်းက ဘဝအတွက်များစွာအထောက်အကူဖြစ်စေတယ်...



15.1.2025

13/01/2025

ကိုယ့်အတွက်
အကူအညီလိုလို့
တောင်းရမယ်ဆိုရင်တောင်
တဖက်လူအပေါ်
ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင်
သေချာစဉ်းစားတတ်ရမယ်

13.1.2025

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay