Taxila Faculty Development Program

Taxila Faculty Development Program

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taxila Faculty Development Program, Education, Mandalay.

The Taxila Faculty Development Program (TFDP) is an innovative faculty development workshop series organized by the Taxila Institute in partnership with the Myanmar Ministry of Education.

06/06/2022

အမေရိကန်ပြည်ထောင်စုရှိ ဒါကိုတာမြောက်ပိုင်းတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ တက်စီလာတက္ကသိုလ်တို့အကြား သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

အမေရိကန်နိုင်ငံရှိ ပြည်နယ့်ဂုဏ်ဆောင် ထိပ်တန်းအစိုးရတက္ကသိုလ်တစ်ခုဖြစ်သော ဒါကိုတာမြောက်ပိုင်းတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာဂျက်ဖရီဟုမ်းနှင့် မြန်မာနိုင်ငံရှိ အမေရိကန်ပညာရေးစနစ်အပေါ် အခြေခံထားသည့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သော တက်စီလာတက္ကသိုလ်၏ ခေတ္တဥက္ကဌ ဦးရဲပြည့်သူတို့မှ သက်ဆိုင်ရာတက္ကသိုလ်များကိုယ်စား သဘောတူ စာချွန်လွှာ (Memorandum of Agreement) အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

သဘောတူစာချွန်လွှာအရ ဒါကိုတာမြောက်ပိုင်းတက္ကသိုလ်သည် မြန်မာ ကျောင်းသား/သူများအား ဒရက်ဒစ်များ၊ သင်တန်းဆင်းလက်မှတ်/ဒီပလိုမာများနှင့် အမှတ်စာရင်းများ ပေးအပ်ခြင်း၊ မြန်မာပညာရှင်များ၊ ကျောင်းသား/သူများနှင့် အမေရိကန်ပညာရှင်များ ဗဟုသုတနှင့် အမြင်ဖလှယ်နိုင်မည့် ဆွေးနွေးပွဲများ စီစဉ်ခြင်းနှင့် သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်းနှင့် အရည်အသွေးအာမခံမှု စိစစ်အကဲဖြတ်ခြင်းများတွင် တက်ဆီလာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တက်စီလာတက္ကသိုလ်၏ နှစ် ၃၀ ပညာရေး မျှော်မှန်းချက် (Taxila Vision 2050) တစ်ခုဖြစ်သော “နောင်မျိုးဆက်သစ်များအား အရည်အသွေးပြည့်ဝသည့် ပညာရေး ပံ့ပိုးပေးနိုင်”ရေး အမေရိကန်ပြည်ထောင်စုရှိ အခြားသော ထိပ်တန်းတက္ကသိုလ်များနှင့်လည်း ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

~~~~~~~~~~~~~~~
“ဒါကိုတာမြောက်ပိုင်းတက္ကသိုလ်အကြောင်း”
ဒါကိုတာမြောက်ပိုင်းတက္ကသိုလ် (University of North Dakota) သည် မြောက်ဒါကိုတာပြည်နယ်မပေါ်ပေါက်မီ (၆) နှစ်အလို (၁၈၈၃) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြောက်ဒါကိုတာပြည်နယ့်ဂုဏ်ဆောင် ထိပ်တန်းအစိုးရတက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်း (၁၄၀) နီးပါး သမိုင်းကြောင်းရှိပြီဖြစ်သော UND သည် ဧက (၅၅၀) ကျော်ကျယ်ဝန်းသည့် တက္ကသိုလ်ပရဝုဏ်အတွင်းတွင် တည်ရှိပြီး ဘာသာရပ်ဆိုင်ရာ ကောလိပ် (၉) ခုဖြင့် ဖွဲ့စည်းထားပါသည်။ UND ရဲ့ အာကာသသိပ္ပံကောလိပ်တွင် လေ့ကျင့်ရေး လေယာဉ်နှင့် ရဟတ်ယာဉ် အစီးပေါင်း (၁၃၀) ခန့်ရှိပြီး မြောက်အမေရိကတိုက်တွင် လေ့ကျင့်ရေးလေယာဉ်အများဆုံးရှိသော တက္ကသိုလ်ဖြစ်ပါသည်။ UND တွင် ပါမောက္ခ ဆရာ/မပေါင်း (၈၀၀) ကျော်ရှိပြီး ကျောင်းသား/သူ (၁၄,၀၀၀) နီးပါးအား ဘွဲ့ကြို၊ မဟာနှင့် ပါရဂူဘွဲ့ အမျိုးအစားပေါင်း (၂၀၀) ကျော်အား သင်ကြားပို့ချပေးလျက်ရှိပါသည်။ UND အကြောင်းအား www.und.edu တွင် အသေးစိတ် လေ့လာနိုင်ပါသည်။

“တက်စီလာတက္ကသိုလ်အကြောင်း”
(၂၀၁၅) ခုနှစ်တွင် တက်စီလာအင်စတီကျု့အနေဖြင့် စတင်တည်ထောင်ခဲ့ပြီး ကျောင်းသား/သူများဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာ/မများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါမောက္ခများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘွဲ့မဟုတ်သော သင်တန်းများစွာ ပို့ချခဲ့သည့် တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အစိုးရတက္ကသိုလ် (၁၆၀) ကျော်နှင့် တိုင်း/ပြည်နယ်ပညာရေးမှူးရုံးများစွာနှင့် ပူးပေါင်းကာ တက္ကသိုလ် ကျောင်းသား/သူ (၁၆,၀၀၀) ကျော်၊ တက္ကသိုလ်ဆရာ/မ (၇,၅၀၀) ကျော်နှင့် အခြေခံပညာဆရာ/မ (၇၀၀) ဦးကျော်အား သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါသည်။ (၂၀၂၁) ခုနှစ်မှ စတင်ကာ အမေရိကန် ပညာရေးစနစ်ဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးရေးသင်တန်းများ၊ ဘွဲ့ကြိုနှင့် ဘွဲ့လွန်အစီအစဉ်များ ပို့ချပေးနိုင်ရန် တက္ကသိုလ်အဖြစ် အဆင့်မြင့်တင်လျက်ရှိပြီး အမေရိကန်အစိုးရတက္ကသိုလ်များနှင့် သဘောတူစာချွန်လွှာများ ရေးထိုးလျက် ရှိပါသည်။ Taxila အကြောင်းအား www.taxila.edu.mm တွင် အသေးစိတ် လေ့လာနိုင်ပါသည်။

29/06/2021

ETHE တန်းခွဲ (၁၁ သို့ ၁၂) ၏ Certificate & Transcript များ ပေးပို့နိုင်ရန်အတွက် အသိပေးကြေညာချက်

တန်းခွဲ (၁၁ သို့ ၁၂) တွင် မိမိတို့နှင့် အတူတကွ တက်ရောက်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်/မိတ်ဆွေ ဆရာ/မများအားလည်း လက်လှမ်းမီပါက ထပ်ဆင့်အသိပေးစေလိုပါသည်။

မှတ်ချက်။ တန်းခွဲ (၁၁) တွင် တက်ရောက်ခဲ့ကြသော ဆရာ/မများအနေဖြင့် အောက်ပါဖုန်းနံပါတ်အား စာတိုပေးပို့ပြီးပါက ထပ်မံပေးပို့ရန် မလိုအပ်တော့ပါ။ ထိုဆရာ/မများအား လာမည့်အပတ်များအတွင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

02/06/2021

ETHE တန်းခွဲ (၁၀ သို့ ၁၁) ၏ Certificate & Transcript များ ပေးပို့နိုင်ရန်အတွက် ထပ်မံအသိပေးကြေညာချက်

တန်းခွဲ (၁၀ သို့ ၁၁) တွင် မိမိတို့နှင့် အတူတကွ တက်ရောက်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်/မိတ်ဆွေ ဆရာ/မများအားလည်း လက်လှမ်းမီပါက ထပ်ဆင့်အသိပေးစေလိုပါသည်။

မှတ်ချက်။ ဆရာ/မများအနေဖြင့် အောက်ပါဖုန်းနံပါတ်အား စာတိုပေးပို့ပြီးပါက ထပ်မံပေးပို့ရန် မလိုအပ်တော့ပါ။ ထိုဆရာ/မများအား လာမည့်အပတ်များအတွင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

23/05/2021

ETHE တန်းခွဲ (၁၀ သို့ ၁၁) ၏ Certificate & Transcript များ ပေးပို့နိုင်ရန်အတွက် အသိပေးကြေညာချက်

တန်းခွဲ (၁၀ သို့ ၁၁) တွင် မိမိတို့နှင့် အတူတကွ တက်ရောက်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်/မိတ်ဆွေ ဆရာ/မများအားလည်း လက်လှမ်းမီပါက ထပ်ဆင့်အသိပေးစေလိုပါသည်။

မှတ်ချက်။ တန်းခွဲ (၁၀) တွင် တက်ရောက်ခဲ့ကြသော ဆရာ/မများအနေဖြင့် အောက်ပါဖုန်းနံပါတ်အား စာတိုပေးပို့ပြီးပါက ထပ်မံပေးပို့ရန် မလိုအပ်တော့ပါ။ ထိုဆရာ/မများအား လာမည့်အပတ်အတွင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။

Photos from Taxila Education Group Limited's post 09/05/2021

TFDP သည် တက်စီလာပညာရေးအုပ်စုလီမိတက်၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါသည်။

TFDP is a subsidiary of Taxila Education Group Limited.

09/05/2021

တံဆိပ်အမည်အမှတ်အသား အသိပေးကြေညာခြင်း (Trademark Caution)

Taxila Faculty Development Program (TFDP) တံဆိပ်အမှတ်အသားသည် Taxila Education Group Limited မှ ပိုင်ဆိုင်သော တံဆိပ်အမည်အမှတ်အသားဖြစ်ကြောင်း တရားဝင် မှတ်ပုံတင်သွင်းထားပြီး ဖြစ်ပါသည်။

“Taxila Faculty Development Program (TFDP)” is a registered trademark of Taxila Education Group Limited.

03/05/2021

ETHE တန်းခွဲ (၁၀) ၏ Certificate & Transcript များ ပေးပို့နိုင်ရန်အတွက် အသိပေးကြေညာချက်

တန်းခွဲ (၁၀) တွင် မိမိတို့နှင့် အတူတကွ တက်ရောက်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်/မိတ်ဆွေ ဆရာ/မများအားလည်း လက်လှမ်းမီပါက ထပ်ဆင့်အသိပေးစေလိုပါသည်။

12/02/2021

Taxila မှ ပြည်ထောင်စုနေ့ ဂုဏ်ပြုဆုမွန်ကောင်း

လွန်ခဲ့သော (၇၃) နှစ်အတွင်း စည်းလုံးစွာရှိခဲ့ကြသည့် နိုင်ငံတစ်ဝှမ်းမှ တိုင်းရင်းသားလူမျိုးများအနေဖြင့် ယခုတစ်ကြိမ်တွင်လည်း ပို၍စည်းလုံးစွာ ရှိခဲ့ကြသည့်အတွက် Taxila မှ လေးစားဂုဏ်ပြုအပ်ပါသည်။

ထို့နည်းတူစွာ ပညာရေးကဏ္ဍ တိုးတက်ပြောင်းလဲရန် အစဉ်အမြဲ အားထုတ်ကြိုးပမ်းလျက်ရှိကြသော ဆရာ/မများနှင့် ကျောင်းသား/သူများအနေဖြင့်လည်း နိုင်ငံ့အရေးကိစ္စများတွင်လည်း စည်းလုံးညီညာပြီး အောင်ကြောင်းဖြာနိုင်ကြမည်ဟု Taxila မှ အကြွင်းမဲ့ယုံကြည်ပါသည်။

အရည်အသွေး ပိုမိုပြည့်ဝသော
ပညာရေးစနစ်ဆီသို့
www.taxila.edu.mm

12/02/2021

ETHE တန်းခွဲ (၁၂) ဖွင့်လှစ်မည့်ရက် ထပ်မံနောက်ဆုတ်ခြင်းနှင့် ပတ်သတ်၍ ကြေညာချက်

02/02/2021

ETHE တန်းခွဲ (၁၂) အတွက် လျှောက်လွှာလက်ခံရက်နှင့် ဖွင့်လှစ်မည့်ရက် နောက်ဆုတ်ခြင်းနှင့် ပတ်သတ်၍ ကြေညာချက်

ETHE တန်းခွဲ (၁၂) နှင့်ပတ်သတ်၍ အသေးစိတ်အား https://www.facebook.com/102798214688443/posts/242688547366075/?d=n တွင် ဖတ်ရှုနိုင်ပါသည်။ လျှောက်ထားလိုပါက www.taxila.edu.mm/ethe-application မှတဆင့် လျှောက်ထားနိုင်ပါသည်။

02/02/2021

Taxila ၏ အတန်းများအား ခေတ္တရပ်နားကြောင်း ကြေငြာချက်

Taxila ၏ အွန်လိုင်းအတန်းအသီးသီးတွင် တက်ရောက်နေကြသော ဆရာ/မနှင့် ကျောင်းသား/သူ ဦးရေ (၁) ထောင်နီးပါးရှိပါသည်။

နိုင်ငံနှင့်တစ်ဝန်းတွင် ဆက်သွယ်ရေးကွန်ယက်များ ပြတ်တောက်ခဲ့မှု၊ ထပ်မံပြတ်တောက်နိုင်မှုများကြောင့် အခက်အခဲများ ရှိနိုင်မည် ဖြစ်ရာ Taxila ၏ အတန်းများအား ဖေဖော်ဝါရီလ ၅ ရက်နေ့ (သောကြာနေ့) အထိ ရပ်နားထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အတန်းများနှင့် ပတ်သတ်၍ စုံစမ်းမေးမြန်းလိုပါက ဖုန်း ၀၉-၈၈၈၆၁၈၇၆၃၊ ၀၉-၈၈၈၆၁၈၇၆၄ နှင့် ၀၉-၈၈၈၆၁၈၇၆၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

Category

Telephone

Address


Mandalay
05051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Taxila Faculty Development Program posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.