SMART Language Academy
IELTS/ TOEFL/ Duolingo/ TOEIC/ PET
Classes (in-person/ online)
07/09/2026
ဒီနေ့တော့ကျွန်တော် coherence and cohesion သင်ရင် အသေးစိတ်ပြောပြပေးလေ့ရှိတဲ့ coherence and cohesion ရဲ့ elementsတွေထဲက တစ်ခုဖြစ်တဲ့ 👉👉👉repetition of key words/ key ideas 👈👈👈အကြောင်းပဲဖြစ်ပါတယ်။
ကျွန်တော့်ကျောင်းသားတွေဆိုရင်တော့ အတန်းထဲမှာ သင်ထားပြီးသားဆိုတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။
ကဲ စလိုက်ရအောင်။ 🫰🫰
✅✅စာပိုဒ်တစ်ပိုဒ်ရေးရာမှာ ထည့်သုံးလေ့ရှိတဲ့
Repetition of keywords or key ideas ဆိုတာ paragraph တစ်ခု၊ essay တစ်ခုထဲမှာ အဓိကအကြောင်းအရာ (central idea) ကို reader မမေ့အောင် အဲဒီ idea နဲ့ဆက်စပ်တဲ့ words, phrases, grammatical forms တွေကို တစ်နည်းမဟုတ်တစ်နည်း ပြန်ပြီးအသုံးပြုတာမျိုးကို ခေါ်တာပါ။
👉👉👉ဒီဟာကို lexical cohesion ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နားလည်နိုင်ပါတယ်။
✅✅ဥပမာ
Many young people spend too much time on social media. Excessive use of these online platforms can reduce face-to-face communication. This digital habit may also affect their concentration.
✅✅ဒီ paragraph မှာ—
social media
online platforms
digital habit
ဆိုပြီး စကားလုံးအတိအကျ တစ်လုံးတည်းကို မထပ်ခါထပ်ခါ မသုံးပေမယ့် same key idea ကို ဆက်ထားပါတယ်။
✅✅✅ဒါကြောင့် paragraph ရဲ့ lexical chain / lexical chain of reference က—
social media → online platforms → digital habit
ဖြစ်ပါတယ်။
✅✅✅ဒီလို lexical chain တစ်ခုရှိတဲ့အတွက် sentences တွေဟာ သီးခြားစီမဖြစ်ဘဲ cohesive ဖြစ်နေပါတယ်။
👉👉👉နောက်တစ်ခုမှတ်ထားရမှာက Repetition ဆိုတာ Repeating Exactly the Same Word ကိုပြောတာမဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပုံစံတူ တစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါသုံးတာကို ခေါ်တာမဟုတ်ပါဘူး။
👉👉👉ဒါပေမယ့်လည်း same word ကို ထပ်ခါထပ်ခါသုံးလို့ရတဲ့ အခြေအနေတွေရှိနေပါတယ်။
❌❌❌ကျောင်းသားတွေ အများဆုံးထင်တတ်ကြတာက "IELTS မှာ same word ထပ်သုံးရင် vocabulary မကောင်းဘူး။ ဒါကြောင့် synonym သုံးရမယ်။"
လို့ ယူဆတာပါ။
❌❌ ဒါက အပြည့်အဝမမှန်ပါဘူး။
✅✅အရေးကြီးတဲ့ keyword ကို တစ်ခါတလေ exact repetition လုပ်တာက ကောင်းပါတယ်။
👉👉👉ဥပမာ
Education plays an important role in reducing inequality. Without quality education, disadvantaged children may struggle to improve their social and economic prospects.
👉👉👉ဒီမှာ education ကို ထပ်သုံးထားတာ မကောင်းတာမဟုတ်ပါဘူး။
အကြောင်းက education က paragraph ရဲ့ central concept ဖြစ်လို့ပါ။
❌ဒါပေမယ့်—
Education is important. Education helps people. Education improves education systems. Education provides education opportunities.
ဆိုရင်တော့ mechanical repetition ဖြစ်ပြီး awkward ဖြစ်ပါတယ်။
———————————————————————
👉👉👉စကားလုံးတွေကို ထပ်ခါတလဲလဲ သုံးတဲ့ အခါမှာ စနစ်တကျနဲ့သုံးတာရယ် အကြောင်းမဲ့ ထပ်ခါထပ်ခါသုံးတာရယ်လုံးဝမတူပါဘူးနော်
စနစ်တကျဘယ်လိုသုံးမလဲဆိုတာကြည့်ကြည့်ရအောင်
👉👉👉Useful / Controlled Repetition နည်းနဲ့ သုံးလို့ရပါတယ်။
👉👉Key idea ကို clear ဖြစ်အောင် strategically ပြန်သုံးတာမျိုးကို ဆိုလိုတာပါ။
👉ဥပမာ။ ။
Public transport can reduce traffic congestion. If more people use public transport, fewer private cars will be on the roads.
✅✅✅ဒီမှာ repetition က cohesion ကို တိုးစေပါတယ်။
နောက်တစ်ခုက Same word ကို အကြောင်းမဲ့ ထပ်ခါထပ်ခါ သုံးတဲ့ Careless / Mechanical Repetition ပါ။
👉👉👉ဥပမာ။ ။
Public transport is important because public transport reduces traffic. Public transport is also cheaper than cars, and public transport can reduce pollution.
❌❌ဒီလိုဆိုရင် lexical variety နည်းပြီး စာဖတ်ရတာ ထပ်နေတော့ ပျင်းစရာကောင်းလာနိုင်ပါတယ်။
✅✅ပိုကောင်းအောင်ရေးကြည့်ရအောင်။ ။ Public transport is important because it can reduce traffic congestion. These services are also cheaper than private cars and can help lower pollution levels.
———————————————————————
👉👉👉Key Idea တွေကို repeat လုပ်တဲ့ နည်းလမ်းလေးအချို့ကို ကြည့်ကြည့်ရအောင်။
1️⃣✅Technique 1: Exact Repetition
အရေးကြီးတဲ့ keyword ကို တိုက်ရိုက်ပြန်သုံးခြင်း။
👉👉Example
Climate change is one of the most serious challenges facing humanity. Tackling climate change requires cooperation between governments, businesses and individuals.
✅✅ဒီမှာ climate change ကို ထပ်သုံးတာက ကောင်းပါတယ်။
ဘာလို့လဲဆိုတော့ technical topic ဖြစ်ပြီး precision အရေးကြီးလို့ပါ။
⚠️⚠️သတိထားရမယ့်အချက်တစ်ခုကTechnical terms / topic-specific terms တွေကို synonym ရှာပြီး အတင်းမပြောင်းပါနဲ့။
ဥပမာ—
climate change
inflation
unemployment
biodiversity
artificial intelligence
carbon emissions
လိုမျိုး terms တွေမှာ exact repetition က မကြာခဏပိုသင့်တော်ပါတယ်။
———————————————————————
2️⃣✅Technique 2: Change the Word Form
ဒါကို word-family variation / morphological variation လို့ ခေါ်နိုင်ပါတယ်။ word form ပြောင်းသုံးတဲ့ ပုံစံမျိုးပေါ့။
👉👉👉Example
Governments need to invest more in public transport. Greater investment could improve the quality of urban transportation.
invest → investment
နောက် ဥပမာထပ်ကြည့်ရအောင်👇👇👇
People are increasingly concerned about climate change. This growing concern has encouraged governments to introduce environmental policies.
concerned → concern
———————————————————————
3️⃣✅Technique 3: Use Synonyms
ဒါက lexical variation ရဲ့ အခြေခံနည်းပါ။ တနည်းအားဖြင့် synonym (အဓိပ္ပာယ်တူ စကားလုံးတွေ)ကို သုံးတာကို ဆိုလိုပါတယ်။
👉👉👉Example
Many people believe that exercise is essential for good health. Regular physical activity can reduce the risk of several diseases.
exercise → physical activity
နောက်တစ်ခုထပ်ကြည့်ရအောင်👇👇👇
The government should provide more financial support for low-income families. Such assistance could help them cope with rising living costs.
financial support → assistance
⚠️⚠️⚠️ဒါပေမယ့် တစ်ခုတော့သတိထားရပါမယ်
Synonym ဆိုတိုင်း တစ်ခုနေရာတစ်ခု အစားထိုးသုံးလို့ရတယ်လို့ဆိုလိုတာ မဟုတ်ဘူးနော် Always interchangeable မဖြစ်ပါဘူး။
👉👉ဥပမာ—
job → work → employment → occupation
အားလုံးအဓိပ္ပာယ်နီးစပ်ပေမယ့် grammar နဲ့ context အရ သုံးပုံမတူပါဘူး။
❌ I have an employment.
✅ I have a job.
❌ Many people are looking for an occupation.
✅ Many people are looking for work.
ဒါကြောင့် synonym substitution လုပ်တဲ့အခါ meaning + grammar + collocation သုံးခုစလုံး စစ်ရပါတယ်။
———————————————————————
✅4️⃣Technique 4: Use a Superordinate Term
Superordinate term
ဒါကတော့ပိုကျယ်ပြန့်တဲ့ category word ကိုအသံုးပြုရတာပါဖြစ်ပါတယ်။ (မရှင်းရင်ကျွန်တော် hierarchical relationships of wordsအကြောင်းကို နောက်နေ့မှာ တင်ပေးပါမယ်။)
👉👉👉Example
Many people now buy smartphones for communication and entertainment. These devices have also become important tools for education.
Example 👇👇
smartphones → devices
smartphone က specific ဖြစ်ပြီး
device က broader category ဖြစ်ပါတယ်။
နောက်တစခုထပ်ကြည့်ရအောင်👇👇👇
Governments are investing heavily in solar panels and wind turbines. These renewable technologies could reduce dependence on fossil fuels.
✅solar panels + wind turbines → renewable technologies
✅✅✅ဒီလိုလုပ်ခြင်းက repetition များတာကိုရှောင်ပြီး idea ကို cohesive ဖြစ်စေပါတယ်။
———————————————————————
5️⃣✅Technique 5: Use a General Noun
Specific noun
👉👉အရှေ့မှာသံုးပြီးသား specific ဖြစ်တဲ့ nounတွေကို နောက် sentence မှာ general noun နဲ့ ပြန်ညွှန်းနိုင်ပါတယ်။
အသုံးများတဲ့ general nouns တွေက👇👇👇
issue
problem
trend
situation
development
practice
approach
measure
policy
phenomenon
challenge
solution
process
👉👉👉Example
More employees are working from home. This trend has changed the way many companies organise their workplaces.
working from home → this trend
Another example👇👇👇
The government introduced a new tax on sugary drinks. The measure was designed to discourage unhealthy consumption.
new tax → the measure
ဒါကို anaphoric lexical reference လို့ technical term နဲ့ ပြောလို့ရပါတယ်။
———————————————————————
6️⃣✅Technique 6: Change the Word Order / Paraphrase the Phrase
👉👉ဒါကတော့စကားလုံးတစ်လုံးထပ်ပိုပါတဲ့phrase တွေကို ပြန်သုံးတဲ့နေရာမှာပဲ အဆင်ပြေတာပါ။
water bottle → a bottle of water
လိုမျိုး same meaning, different structure ဖြစ်ပါတယ်။
👉👉Example
government investment in education
ကို—
investment in education by the government
လို့ ပြောင်းနိုင်ပါတယ်။
⚠️⚠️ဒါပေမယ့် IELTS မှာ ပိုအသုံးဝင်တာက noun phrase restructuring ပါ။
👉👉Example
the use of technology in classrooms→ using technology in classrooms
👉👉Another Example
the development of renewable energy→ the development of energy from renewable sources
the development of energy from renewable sou
06/09/2026
👉👉Inference ဆိုတာ ဘာလဲ? - (အပိုင်း - ၁)👈👈
ကဲ page မှာ ဘာမှမတင်တာကြာတော့ engagement တွေကျနေလို့ IELTS reading မှာ အရမ်းအထောက်အကူဖြစ်ပြီး တွေ့ရများတဲ့ inference အကြောင်းပြောပေးပါမယ်
👉👉👉Inference ဆိုတာ passage ထဲမှာ
author explicitly state(တိုက်ရိုက်ဖော်ပြတာမျိုး) မလုပ်ထားတဲ့ meaning, conclusion, implication, attitude, relationship, or consequence တစ်ခုကို ရှိပြီးသား textual evidence တွေကနေ logically derive(ယုတ္တိရှိရှိ ကောက်ချက်ချ) ခြင်းဖြစ်ပါတယ်။
👉👉👉Academic reading မှာ—
Inference = deriving an unstated conclusion from stated evidence
လို့ နားလည်နိုင်ပါတယ်။
👉👉👉ဥပမာ—
Passage:
The number of private cars in the city has doubled over the past decade. During the same period, average journey times have increased by 35%, while air pollution has reached record levels.
✅✅✅. Passage ထဲမှာ—
“The increase in private car ownership has contributed to traffic congestion and air pollution.”
လို့ တိုက်ရိုက်မပြောထားပါဘူး။
ဒါပေမယ့်—
• private cars doubled
• journey times increased
• pollution reached record levels
ဆိုတဲ့ evidence သုံးခုကို synthesize (ပေါင်းစပ်ပြီး စဉ်းစားလိုက်မယ်) ဆိုရင်—
“The growth in private car use has contributed to traffic and pollution problems.”
လို့ infer လုပ်နိုင်ပါတယ်။
⚠️⚠️⚠️ဒီမှာ ကျောင်းသားတွေသတိထားရမယ့်အချက်က inference နဲ့ imagination ကမတူပါဘူးနော်။ စိတ်ထဲမှာပေါ်လာတဲ့ တွေ့ကရာအချက်တွေကို အခြေခံပြီး စဉ်းစားလို့မရပါဘူးနော်။
Inference က evidence ပေါ်မှာ အခြေခံရပါတယ်။
✅✅✅Inference အကြောင်းပြောရင် မပါမဖြစ်နောက်တစ်ခုက Explicit Meaning vs Implicit Meaning ပါ။
Inference ကို နားလည်ဖို့ explicit information နဲ့ implicit information ကို ခွဲခြားနိုင်ရပါမယ်။
👉👉👉Explicit informationဆိုတာ
Author က တိုက်ရိုက်ပြောထားတဲ့ information ဖြစ်ပါတယ်။
The experiment was conducted in three laboratories.
ဒီမှာ laboratory သုံးခုမှာ experiment လုပ်ခဲ့တယ်ဆိုတာ explicitly stated ဖြစ်ပါတယ်။
👉👉👉Implicit information
Author က တိုက်ရိုက်မပြောပေမယ့် evidence ကနေ logically understand လုပ်နိုင်တာပါ။
The experiment was conducted in three laboratories, and the results were almost identical in each location.
👉👉👉Inference:
The findings may be relatively reliable or reproducible.
✅✅✅Author က “the experiment was reliable” လို့ မပြောထားပါဘူး။ ဒါပေမယ့် results တွေဟာ locations သုံးခုမှာ similar ဖြစ်တဲ့အတွက် အဲဒီ conclusion ကို infer လုပ်နိုင်ပါတယ်။
✅✅✅နောက်တစ်ချက် Inference လုပ်တဲ့အခါ အရေးကြီးဆုံးက evidence ဖြစ်ပါတယ်။
Academic reading မှာ inference တစ်ခုက—
👉👉Textual evidence → reasoning → inferred conclusion
ဆိုတဲ့ structure နဲ့သွားပါတယ်။
👉👉👉ဥပမာ—
✅Evidence -1
Fewer people are buying printed newspapers.
✅Evidence -2
Online news platforms are attracting millions of daily users.
✅✅Reasoning:
Readers are increasingly obtaining information through digital platforms.
👉👉Inference:
The traditional newspaper industry is facing pressure from digital media.
❌❌ဒါကြောင့်ကျောင်းသားတွေအနေနဲ့
“What does the passage say?”
ဆိုတာထက်
✅✅“What does the evidence suggest?”
လို့ စဉ်းစားတာပိုကောင်းပါတယ်။
—————————————————
👉👉academic reading မှာသုံးတဲ့Inference ဘယ်နှမျိုးရှိလဲဆိုတာတော့ အောက်မှာ (အသုံးများတဲ့ inference)ပုံစံလေးတွေဖော်ပြပေးထားပါတယ်နော်
1. Causal inference
2. Comparative inference
3. Temporal inference
4. Referential inference
5. Lexical/contextual inference
6. Attitudinal inference
7. Purpose/function inference
8. Predictive/consequence inference
9. Generalisation inference
10. Synthesis inference
———————————————————————
👉👉👉Causal Inference အကြောင်း အရင်ပြောရအောင်
Causal inference ဆိုတာ cause-and-effect relationship ကို textual evidence ကနေ infer လုပ်ခြင်းပါ။
👉👉Passage:
Several coastal villages have experienced severe flooding in recent years. Researchers have observed that mangrove forests in these areas have declined dramatically.
👉👉Question:
What can be inferred about the relationship between mangrove forests and flooding?
A. Mangroves are the only cause of flooding.
B. The decline of mangroves may have increased vulnerability to flooding.
C. Flooding causes mangrove forests to grow.
D. Researchers have stopped studying coastal areas.
ဒီမေးခွန်းမှာဆိုရင် အဖြေမှန်က B ပါ✅✅✅
👉ဘာကြောင့်လဲဆိုတော့ passage ထဲမှာ
• mangroves declined
• flooding increased
ဆိုတာကို ပြထားပါတယ်။
👉👉👉ဒါပေမယ့် “mangrove decline causes flooding” လို့ တိုက်ရိုက်မပြောထားပါဘူး။
Students က causal relationship ကို overstate မလုပ်ဘဲ—
may have increased vulnerability ဆိုတဲ့ cautious conclusion ကိုရွေးရပါမယ်။
Inference questions တွေမှာ—
• may suggest
• appears to indicate
• is likely to
• probably
• may have contributed to
• seems to have resulted in
• could explain
• is associated with
လို hedging expressions တွေ အရေးကြီးပါတယ်။
ဒါနဲ့hedging expression တွေအကြောင်း အရင်က တင်ထားတာရှိမယ်ထင်တယ် 😁acc ထဲမှာ ပြန်ရှာကြည့်ပေးပါ။ မတွေ့ရင် အသစ်ပြန်တင်ပေးပါမယ်။
———————————————————————
👉👉👉နောက်ထပ်Comparative Inferenceအကြောင်းဆက်ပြောရအောင်
👇👇👇
Comparative inference ဆိုတာ passage ထဲမှာ information နှစ်ခု၊ လူအုပ်စုနှစ်ခု၊ အချိန်ကာလနှစ်ခု၊ နေရာနှစ်ခုကြားက unstated comparison ကို infer လုပ်တာပါ။
ဥပမာ
Older residents tended to remain in the same neighbourhood throughout their lives. Younger adults, however, frequently moved between cities in search of employment.
👉👉Inference:
Younger adults are generally more geographically mobile than older residents.
👉👉Author က—
“Younger adults are more geographically mobile.”
လို့ တိုက်ရိုက်မပြောပါဘူး။
👉👉ဒါပေမယ့် “remained in the same neighbourhood” နဲ့ “frequently moved between cities” ကို compare လုပ်ရင် Younger adults are more geographically mobile.” ဆိုတဲ့ inference ရပါတယ်။
👉👉အဲ့လို comparative inference တွေမှာ အသုံးများတဲ့ cohesive device လေးတွေကို အောက်မှာပြပေးထားပါတယ်။
• whereas
• while
• unlike
• compared with
• in contrast
• by comparison
• traditionally
• increasingly
• previously
• today
ဒီ cohesive device တွေကို တွေ့ရင် comparative inference ရှိနိုင်မလား စဉ်းစားသင့်ပါတယ်။
ကဲ inference နဲ့ပတ်သက်ပြီးနောက်ထပ် သိချင်ရင်တော့ follow ထားခဲ့ပေးပါ။
🙏🙏ကျွန်တော်ကိုယ်တိုင်အပင်ပန်းခံရေးထားတာမို့ ကူးယူဖော်ပြခြင်း သည်းခံပါခင်ဗျာ 🙏🙏
SMART Language Academy
02/09/2026
IELTS General အတွက်နောက်ထပ် high achieverပါ Congratulations ပါ Sanny
🎉🎉🎉🎉Overall - 7 🎉🎉🎉🎉
13/05/2026
Overall 6.5နဲ့ writing 7တောင်ရခဲ့တာ ကျေးဇူးတင်ပါတယ် ကြိုးစားပေးလို့
IELTS မသင်ခင် အခြေခံကတည်းကတက်လာတဲ့ တပည့်လေးပါ
Listening and Reading Mock Test နဲ့ Cambridge Series ထဲက testတွေဖြေတိုင်း 7.5/8/ 9ခဏခဏရပေမယ့် authentic test မှာ အရမ်း nervous ဖြစ်ပြီး လွဲသွားခဲ့တယ်လို့မြင်ပါတယ်
ဘာပဲဖြစ်ဖြစ် Congratulations ပါ 🎉🎉🎉🎉
နောက်တစ်ခေါက်တော့ထပ်ဖြေစေချင်တာအမှန်ပါ
27/04/2026
Overall Band - 8ရသွားတဲ့ ညီမ Shwe Yati Phoo
Congratulations 🎉🎈 ပါ
Band -7.5အနည်းဆံုးရရင်မုန့်ဝယ်ကျွေးမယ်ပြောထားတာ အခုတကယ်ဝယ်ကျွေးရပါတော့မယ်😁
18/04/2026
May လကစပြီး သင်တန်းကြေးအပြောင်းအလဲလေးရှိပါမယ်ခင်ဗျာ
မေလမကုန်ခင်အပ်ထားရင်တော့ အဲ့ဒီ သင်တန်းကြေးနဲ့ပဲ ဆက်ရက်ပါမယ်နော်
မှတ်ချက်။ ။လက်ရှိတက်နေဆဲ သင်တန်းသားများမပါဝင်ပါဘူးနော်
30/03/2026
လာတုန်းကတော့ overall -6လောက်ပဲ တောင်းပေမယ့် Overall -6.5ရသွားလို့တကယ်ကို ဝမ်းသာမိပါတယ်
🎉🎉🎉Congratulations ပါ Marc ရေ
06/02/2026
Congratulations 🎊🎉 ပါ Kaung Khant Kyawရေ
Overall - 7.5
05/02/2026
Another 7.5 achiever
Kaung Khant Kyaw
Congratulations 🎉🎉🎉
02/02/2026
ကျောင်းသားနည်းနည်းများတော့ ဘယ်သူမှန်းတောင်မသိတော့ဘူး
overall - 7.5ရလို့ သတိတရလေးလာပြပေးရှာတယ် ကျေးဇူးပါညီမရေ
congratulations ပါညီမရေ
Category
Website
Address
Mandalay
Alerts
Be the first to know and let us send you an email when SMART Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.