All In One
Excellent Choice Mandalay Travels&Tours is based on Mandalay in Myanmar.
10/01/2022
ဘယ်သူတွေ ဘာလုပ်ကြမလဲ
၁၀ ဇန္နဝါရီ ၂၀၂၂
''မင်းအောင်လှိုင် ...လွိုင်ကော်ကို လေကြောင်းကဗုံးကြဲတိုက်ခိုက်နေတာရော မြေပြင်ထိုးစစ်ဆင်နေတာရော ချက်ခြင်းရပ်ပါ။ ထွက်ပြေးတိမ်းရှောင်နေသူတွေကို ပိတ်ဆို့နေတာတွေရပ်ပါ။ အကူညီနဲ့ ခိုလုံစရာရှာနေသူတွေကို မနှောက်ယှက်ပါနဲ့။''
''ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကျနော့်ရဲ့တောင်းဆိုချက်အတိုင်း တောင်းဆိုဟန့်တားကြားဖို့ တိုက်တွန်းပါတယ်''
Tom Andrews (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးစုံစမ်းသူ)
14/06/2021
𝙸𝚗𝚍𝚘𝚗𝚎𝚜𝚒𝚊 🌿
13/06/2021
မန္တလေးမြို့အနီးကပြည်သူ့နန်းတော်၅မိုင်💧🤽♂️
➡️ဘယ်လိုသွားမလဲ🚗
မန္တလေးပြင်ဦးလွင်လမ်း🛣️အတိုင်းသွားပြီး ၁၆မိုင်တိုးဂိတ်⛩️ ကျော်တာနဲ့ ညာဘက်ကွန်ကရစ်လမ်းအတိုင်း ၅မိုင်တိတိ၀င်လာပြီး ပြည်သူ့နန်းတော် ဆိုင်းဘုတ်တွေ့တာနဲ့ရောက်ပါပြီ။လမ်းလဲ ကောင်းပါတယ်👌။
➡️၀င်ကြေး💵
လူကြီး ၃၀၀၀ ကျပ်💵။
၁၀နှစ်အောက် ကလေး အခမဲ့ပါ။
ကား🚌ငှားပြီးသွားကြသူများအတွက်လည်း ကားဆရာအခမဲ့ပါ။
➡️လည်ပတ်စရာ
ကလေးငယ် လူလတ်ပိုင်း မိသားစု👨👩👧👦တွေအတွက်အပန်းဖြေနားနေစရာ နေရာဖြစ်ပါတယ်။ ကလေးကစားကွင်း နှစ်ကွင်း၊ကလေးရေကူးကန်🏊 ၃ကန်၊ မြန်မာ့အကြီးဆုံးရေကူးကန် 🏊၁ကန်ရှိပါတယ်။ မြန်မာ့အကြီးဆုံးရေကူးကန်က ၄ပေအနက်ရှိပြီး၊တစ်ယောက်၅၀၀💵ကျပ် သက်သက်ထပ်ပေးရပါတယ်။ ကျန်တာအကုန်freeပါ☺️။
စားသောက်ဆိုင်🍜
စားသောက်ဆိုင် ၃ဆိုင်ရှိပြီး၊လက်ဖက်ရည်ဆိုင်☕တစ်ဆိုင်ရှိပါတယ်။
မှတ်ချက် ။မွေးကင်းစကလေးများ🧑🍼🛑 ခေါ်သွားဖို့ တော့ လုံး၀မသင့်ပါဖူး နေရာအနှံ့ Sound Box🔊 အသံအရမ်းဆူညံလွန်းတဲ့အတွက် လူကြီးတောင်နှလုံးခုန်နှုန်းမြန်ပါတယ်။
အောက်မှာပုံလေးတွေနဲ့လည်းတွဲပြီးပြပေးထားပါတယ်⤵️
07/06/2021
• Travel Goals ❤️🥰
03/02/2021
ရိဒ်ရေကန် (Rih Dil) အကြောင်းသိကောင်းစရာ
ရိဒ်ရေကန် (အင်္ဂလိပ်: Rih Lake; အင်္ဂလိပ် အသံထွက်: /rìʔ/ ) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တည်ရှိသည့် အသည်းပုံသဏ္ဌာန် ရေကန်တစ်ခု ဖြစ်သည်။
တည်နေရာ
ရိဒ်ရေကန်ကြီး၏ တည်နေရာမှာ မြန်မာနိုင်ငံ၏ အနောက် မြောက်ဖက်ဒေသ၊ ချင်းပြည်နယ်၏ အနောက်မြောက်ဖက် အစွန်းတွင် တည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ - မြန်မာ နယ်စပ် နှင့်ပို၍ နီးသည်။ နယ်စပ် မျဉ်းနှင် ၂ မိုင်သာဝေးသည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၂၉၆၆ပေအမြင့်တွင် ထူးခြားစွာဖြစ်ပေါ်နေသော ရေကန်ဖြစ်သည်။ အိန္ဒိယနိုင်ငံဘက် ကြံဖိုင်းမြို့ နှင့် မိုင် (၂၀) ဝေးပြီး မီဇိုရမ်ပြည်နယ်ရှိ မြို့တော် အိုက်ဇောနှင့်လည်း မိုင်(၁၃၀) သာဝေးသည်။ သို့အတွက် ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ် သူများမှာလည်း အိန္ဒိယနိုင်ငံ ဘက်မှသာ များသည်။
လမ်းပန်းဆက်သွယ်ရေး
မြန်မာနိုင်ငံ၊ ကလေးမြို့မှ တစ်ဆင့် ချင်းတောင်တန်းကြီး၏ အမြင့်ဆုံးနေရာဖြစ်သော ကနေဒီတောင် (၈၈၇၀) ပေအမြင့်ကို အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ မိုင် (၆၀) နီးပါးဝေးသော တီးတိန်မြို့ကို ရောက်မည်ဖြစ်သည်။ တီးတိန်မြို့မှတဆင့် မဏိပူရမြစ်ကို ဖြတ်ကျော်ဆောက်လုပ်ထားသည့် မံဆောင်းကြိုးတံတားကို ဖြတ်သန်းသွားကာ တီးတိန်မြို့မှ (၃၂) မိုင်ခန့်အကွာရှိ ရိဒ်ရေကန် (Rih Lake) ရှိသော ရိဒ်ခေါဒါရ်မြို့ကလေးကို ရောက်ရှိနိုင်သည်။
ရိဒ်ရေကန်သို့ အများဆုံး လာရောက်ကြသည်မှာ အိန္ဒိယနိုင်ငံဘက်မှ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုသို့ အလာများရသည်မှာ "၎င်းတို့၏ ဆွေမျိုး သားချင်းများ၏ ဝိညာဉ်များသည်လည်း ရိဒ်ရေကန်ကြီးတွင် လာရောက်မှီခိုနေထိုင်ကြသည်" ဟူသော အယူအဆ တစ်ရပ် အရ အထွတ်အမြတ်ထားရာ နေရာအဖြစ် လာရောက် ကြခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါတွင်တော့ ရိဒ်ရေကန်ကြီးအတွင်း အပျော်စီးလှေများ စီးနင်းနိုင်အောင် စီစဉ် ပေးထားခြင်းနှင့် ညအိပ် တန်းခိုနိုင် ရန်ပင် ဘန်ဂလိုများ စီစဉ်ပေးထား ခြင်းတို့ကြောင့် ရိဒ်ရေကန်ကြီးမှာ အပျော်စီး လှေလာရောက် စီးနင်းသည့် တောင်ပေါ် သားများနှင့် ပျားရည်ဆန်း ခရီးထွက်သူများ ဖြင့်ပါ စည်ကားနေ လေ့ရှိပေသည်။
ပုံသဏ္ဌာန်နှင့် အနေအထား
ထိုမျှ ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ၊ ဆန်းပြားသော ယုံကြည်ချက်များနှင့် ထူးခြားချက်များနှင့် ပြည့်နှက်နေသော ရိဒ်ရေကန်ကြီးမှာ ပတ်လည် အကျယ် ၂.၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခု ဖြစ်သည်။ ထိုပတ်လည် အနားတစ်လျှောက်တွင်လည်း ဒေသခံတို့ကဝိညာဉ်ခြံစည်းရိုးပင် ဟုခေါ်ဆိုကြသည့် မိုးမခပင်များက ခြံစည်းရိုး ရှည်ကြီးသဖွယ် သဘာဝ အလျောက် စီတန်းကာ ပေါက်ရောက် နေပြန်ရာ အဆိုပါ မိုးမခ ပင်တန်းကြီးကို ချင်းလူမျိုးတို့က (၎င်းတို့၏ ယုံကြည် ချက်အရ ဝိညာဉ် ခြံစည်း ရိုးဟု ကင်ပွန်း တတ်ထားကြ လေသည်။) အိုင်၏ဧရိယာအကျယ်အဝန်း ၈၃၂ ဧက ရှိသည်။ ကန်အတွင်း ရေပြင်၏ ပျှမ်းမျှ အနက်မှာပေ (၅၀) ရှိပြီးအနက်ဆုံး နေရာများ တွင်မူ ပေ (၆၀) အထိ ရှိသည်။ ရေအရောင်မှာ ပြာလဲ့လဲ့ရှိပြီး ကန်အတွင်းတွင် ကြာဖြူ ၊ ကြာနီ နှင့် ဗေဒါများ ဖူးပွင့်နေလေ့ရှိသည်။ အလားတူပင် ရေကန်ပတ်လည်ရှိ မိုးမခပင်များ ထက်တွင် လည်း သစ်ခွပင်များ ပေါက် ရောက်နေပြန်ရာ ရိဒ်ရေကန်ကြီးမှာ တောင်ပေါ်ဒေသမှ စာပန်းချီခြယ်သ မကုန်နိုင်သည့် ရှုခင်းကြီး တစ်ခုသဖွယ် ဖြစ်နေ ပါတော့သည်။
Credit - Original Uploader
ချစ်ရတဲ့သူ တွေနဲ့ဒီလိုအရမ်းလှပတဲ့ခရီး လေးအတူတူမထွက်ချင်ကြဖူးလား▪️▪️❓
28/12/2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Tourism National Guidelines for COVID-19 Safe Services (Beta Version-VII) အား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။
Download Link- https://bit.ly/3n1P6bL
မုလအိတောင်
➖➖➖➖➖➖➖➖➖➖➖➖➖➖
မုလအိတောင် သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၀၀၅ မီတာ (၆,၅၇၈ ပေ) မြင့်ပြီး တောင်ထိပ်တွင် ဆံတော်ရှင် မုလအိ၊ မုလအ စေတီတော် မြတ်ကြီးများကို ဖူးတွေ့နိုင်သည်။
မဟာသက္ကရာဇ် ( ၁၁၁ )ခု ဘီစီ ( ၅၇၈ ) တွင် သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသကို အုပ်ချုပ်သော တိဿဓမ္မသီဟရာဇာမင်းသည် သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ် ဇရပ်မဏ္ဍပ်တို့ကို တည်ဆောက်၍ ပူဇော်ကြလေသည်။
ဒေသနယ်ပယ်အသီးသီးတို့မှ ရသေ့များကလည်း ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည်သို့ ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်ကြလေသည်။ ဘုရားရှင်လည်း တရားဒေသနာဟောတော်မူပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာသော ဓာတ်တော် မွေတော် ဆံတော်တို့ကို ပေးသနားတော်မူပါရန် လျှောက်ထားသောအခါ ဦးခေါင်းထက်ဝယ်လက်ထိပ်တင်လျှက် ဆံတော်တို့ကို ပေးသနားတော်မူရာတွင် ကျိုက်ထီးရိုးတောင်၌ နေထိုင်သော တိရဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့နည်းတူ မုလအိတောင် မူလတောင်တို့မှ နေထိုင်သော နုရဒရသေ့နှင့် ကပ္ပရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တစ်ဆူစီကို ကိုးကွယ်ခွင့် ရရှိကြလေသည်။
မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော ကပ္ပရသေ့သည် မိမိတရားအားထုတ်သောတောင်၌ အကြီးအကျယ် တင့်တယ် ကောင်းမွန်စွာဌာပနာလိုသော ဆန္ဒ ရှိသဖြင့် ကျိတ်မြို့ကိုအစိုးရသော ကလာပုမင်း နှင့် တိုင်ပင်ရာ သဘောတူညီပြီး မဟာသက္ကရာဇ် ( ၁၁၄ ) ဘီစီ ( ၅၇၈ ) နတ်တော်လတွင် အလှူအတန်း ပွဲလန်းသဘင်တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင် ကပ္ပရသေ့ နှင့် ကလာပုမင်း ကိုယ်တိုင် ကြပ်မတ်၍ မုလအိ တောင်ထိပ်တွင် ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့် သုတ်လိမ်းကာ ဌာပနာတိုက်ကို ပြုလုပ်ကြလေသည်။
ရွှေကြုတ်ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏ကိုယ်ပွားရုပ်ထုတော်ကိုလည်း ဌာပနာ လေ၏။ ပြီးလျှင် ကပ္ပရသေ့ရုပ်ထု၊ ကုလာပုမင်းရုပ်ထုတို့ကို ရွှေပန်းငွေပန်းဖြင့် ပူဇော်ပြီးကျောက်၊ သံ၊ ပတ္တမြား မြောက်များစွာကို ဌာပနာကြလေသည်။ ထိုသို့ ဌာပနာပြီးလျှင် တောင်ထိပ် ပြင်အကျယ်အားဖြင့် အနောက်အရပ် ၌ အတောင်လေးဆယ်တောင် နှင့် မြောက် အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင်ဉာဏ်တော် ၁၅ တောင် ရှိသော ကျောက်စေတီတဆူ ကို တည်ထားကိုးကွယ်လေ၏။
ဘုရားစေတီဘွဲ့တော်နာမည်သည် ကျိုက်မုလအိဟူ၍ အမည်တွင်လေ၏။ မြန်မာဘာသာအားဖြင့် အမြဲထင်ပေါ်သောဘုရား ဟူ၍ အဓိပ္ပာယ်ရသည်။
မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည် ၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှတောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရှိရလေသည်။ စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀ကျော်ပြီး တောင်မြောက် ၃၈ ပေသာ ကျယ်ဝန်းသည်။
မူလက မုလအိ စေတီ မှာ တစ်ဆူသာ ရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ်တစ်ဆူ ထပ်မံတည်ဆောက်၍ မူလအိစေတီညီနောင်ဟူ၍ အမည်တွင်သည်။ မုလအိစေတီတည်ရှိရာတောင်ထိပ်ပေါ်သို့ တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသောချောက်ကမ်းပါး တောင်စွယ်တစ်နေရာကို ဖြတ်ကျော်ရသည်။
ထိုနေရာသည် တောင်အောက်မှလေများ ပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်နုနယ်သည့် အမျိုးသမီးတို့မှာ စေတီရှိရာတောင်ထိပ်ပေါ်သို့ မတက်ရောက် နိုင်ပဲအမျိုးသားတို့သာ တက်ရောက်နိုင်သည်။ ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ ၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမျှော်ရန်ကိုယ်စား စေတီ နှစ်ဆူကို တည်ထားပေးခြင်းဖြစ်သည်ဟု ဆိုကြလေသည်။
မုလအိစေတီတည်ရှိရာ တောင်ထိပ်သည် တောင်၊ ချောက်ကမ်းပါးယံ၌ အလွန်မတ်စောက်၍ အဆင်းခက်လှသောနေရာတွင် ဇော်ဂျီဖိုထိုးရာနေရာ တွင်းဂူကြီး ရှိလေသည်။ ခုထိတိုင် မည်သူတဦးတယောက်မျှ အရဲလွန် ၍ မဆင်းဝံ့ သေးချေ။
မိန်းမစေတီတည်ရှိရာ အောက်ဖက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်။ လွန်ခဲ့သောနှစ် ၃ ၄ ဆယ် ကိုရင်ကြီး သီတင်းသုံးခဲ့ရာ ဂူ ထဲ၌ သေတ္တာ နှင့် သင်္ကန်း အပိုင်းစများကို တွေ့ရှိရသေးသည်။ ကျောက်သားအဖြစ်သာ တည်နေသည့် မုလအိတောင်ထွတ်၏ အဖြောင့်အတိုင်းသွားလျှင်အလွန်ထူဆန်းသော နတ်ဘီလူး တောင် တည်ရှိပြီးအရှေ့စူးစူး အရပ်တွင် မြန်မာ လေးတိုင် အထွာ ၈ မိုင် အကွာ၌ မုလအတောင်တော် တည်ရှိလေသည်။
မုလအိစေတီတည်၍ မုလအိတောင်အမည်တွင်သော တောင်၏ ထူးဆန်းမှု တရပ်မှာသစ်ခွပန်း မျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သောအပင်တို့လည်း များစွာ ရှိလေသည်။ သစ်မင်း သစ်မင်းရာဇာ၊ တောင်ကလယ် ဝေးစသည်တို့မှ တောလုံးနှံ့ ပေါက်ရောက်လျှက် သဇင်နီ၊ သဇင်ဖြူ ပန်းများစွာလည်း ထူးဆန်းစွာ ပေါက်ရောက်၍ နေသည်။
ကျမ်းကိုး။ ။ဝီကီပီးဒီးယား
Copy from Thida Lwin
Good evening from Bagan
Bagan is an ancient city and a UNESCO World Heritage Site in the Mandalay Region of Myanmar. From the 9th to 13th centuries, the city was the capital of the Pagan Kingdom, the first kingdom that unified the regions that would later constitute Myanmar.
Crd -Mingalarpar FB
23/12/2020
လာမည့်ဇန်နဝါရီလဆန်းမှ စတင်ကာ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်မည်
--------------------------
ဒီဇင်ဘာ ၂၂
ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်တန့်နေသော်လည်း လာမည့် ဇန်နဝါရီလဆန်း တွင်ပြန်ဖွင့်နိုင်ရန် ဆောင်ရွက် နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဝန်ကြီးဌာန၏COVID-19 Safe Service ဆင့်ပွား သင်တန်းကို မန္တလေးတွင် စတင်ဖွင့်လှစ်ရာ ဒုတိယဝန်ကြီး တက်ရောက်ကာ Online System ဖြင့် တက်ရောက်အဖွင့်အမှာစကားပြောကြားစဉ်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီးက “ဒုတိယအကြိမ် COVID ကူးစက်မှုနှုန်းမြင့်မားလာချိန်မှ ယခုထိ ခရီးသွားလုပ်ငန်းများ ရပ်တန့်နေပြီး မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဆန်း ပြန်ဖွင့်နိုင်ရန် ဆောင်ရွက် နေပါတယ်”လို့ ဆိုပါတယ်။
22/12/2020
📣Excellent Choice Mandalay က စိတ်ချရတဲ့ယာဉ်မောင်း၊ချိုသာတဲ့ဈေးနှုန်း💵၊ သန့်ရှင်းသပ်ရပ်တဲ့ ကား🚘များ နဲ့ သင့်ကို စောင့်မျှော်နေပါတယ်...❗
🤔ခရီးထွက်ဖို့ အတွက်ကားတစ်စီးငှားဖို့အခက်အခဲ ဖြစ်နေပါလား▪️▪️▪️?
🤔 မိသားစု သီးသန့် ခရီးလေးတစ်ခု ထွက်ဖို့ အတွက် ကားတစ်စီးငှားဖို့ စဥ်းစားနေပါလား▪️▪️▪️?
🤔 ဘော်ဒါသယ်ရင်းတွေ စုဖွဲ့ပြီး ပိတ်ရက် အပန်းဖြေဖို့အတွက်ကားတစ်စီးငှားဖို့စဉ်းစားနေပါသလား▪️▪️▪️?
🤔 အနီးနားဝန်းကျင်လား နယ်ဝေးလား▪️▪️▪️?
📌 မြို့တွင်းနဲ့ အနီးတစ်ဝိုက်ဝန်းကျင် ဒါမဟုတ် တခြားတစ်နယ်တစ်ကျေးကို သွားလာဖို့ လည်ပတ်ဖို့ အပန်းဖြေဖို့ အစီစဥ် ရှိလာပြီဆိုရင် စိတ်မပူပါနဲ့ မိတ်ဆွေဘော်ဒါတို့▪️▪️▪️
🤔 ဘာကြောင့် စိတ်မပူရတာလဲ? ဘာကြောင့်လဲ?
➡️ယခုလို အခြေအနေမှာ အကြောင်းကြောင့် မဖြစ်မနေ သွားရလာရဖြစ်လာခဲ့ရင်▪️▪️▪️
✔Mask များ ခရီးစဥ်တစ်လျှောက် စနစ်တကျ တပ်ဆင်စေခြင်း
✔ Hand Gel ဖြင့် အဆင်းတက်များတွင် ဂရုစိုက်ခြင်း
✔ ကားအတွင်း ပိုးသတ်ဆေးဖြန်းထားခြင်း
✔ ခရီးစဥ်တစ်လျှောက် ပြင်ပအချင်းချင်း ထိတွေ့မှု မရှိစေရန် သတိပေးနှိုးဆော်ပေးခြင်း
✔ ခရီးစဥ်တစ်လျှောက် ကားမှန်ပိတ်၍ အေးမြသော အဲကွန်း အချိန်ပြည့် ဖွင့်ထားပေးခြင်း
✔ စိတ်ချရသော ကားမောင်းသူများဖြင်ကောင်းမွန်သော ဝန်ဆောင်မှု ပေးခြင်း တို့ကို ဆောင်ရွက်ပေးတာမို့ ဖြစ်ပါတယ်...
💯 မှန်ကန်ပြီးချိုသာတဲ့ စျေးနှုန်း ၊ စိတ်ချကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ သင့် စိတ်ကူးအိမ်မက်တွေကို Excellent Choice Mandalay နဲ့အတူ စီးနင်းလိုက်ပါကြရအောင်▪️▪️▪️
💵 Excellent Choice Mandalay ရဲ့ ပွင့်လင်းမြင်သာတဲ့ ခရီးစဥ်စျေးနှုန်းလေးတွေက
⬇ မန္တလေးမြို့ အခြေစိုက်ရုံး ⬇
🚗🚗🚗🚗🚗🚗🚗🚗🚗
💢 မန္တလေးမြို့တွင်း
4ယောက်စီး 35000ကျပ်
7ယောက်စီး 50000ကျပ်
💢 မင်းကွန်း ၊ စစ်ကိုင်း ၊ အင်း၀
4ယောက်စီး 40000ကျပ်
7ယောက်စီး 50000ကျပ်
💢 ပြင်ဦးလွင်
4ယောက်စီး 60000ကျပ်
7ယောက်စီး 70000ကျပ်
💢 မုံရွာ
4ယောက်စီး 75000ကျပ်
7ယောက်စီး 85000ကျပ်
💢 ကျောက်ဆည်
4ယောက်စီး 35000ကျပ်
7ယောက်စီး 50000ကျပ်
👉 မိမိသွားလိုတဲ့ စိတ်ကြိုက်ခရီးစဉ်များကိုလဲ ချိုသာ သက်သာသော ဈေးနှုန်း များဖြင့် ၀န်ဆောင်မှု ပေးနေပါပြီ☺️။
😍 စိတ်ချလက်ချနဲ့ ပျော်ရွှင်စရာ ခရီးစဥ်တွေ ဖန်တီးကြမယ်...😍
ဆက်သွယ်ရန်
📞 Office Phone
09-975239203
📧 Email
[email protected]
🎉 Contact for Your Happy
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
63B Road , 19Street&20Street
Mandalay
05011