MTK Rottie Home

MTK Rottie Home

Share

MTK

Photos from MTK Rottie Home's post 05/09/2024

မျှော်. . .

Photos from MTK Rottie Home's post 09/11/2023

# Mating Date

First Mating - 1.11.2023
Second Mating - 3.11.2023
Third Mating - 5.11.2023

Gari From House Medinic
(Virtus From Royal Breed & Anja vh Pista)
&
Golden Eye Of KPOL

_Rottie _Home

09/11/2023

" ပယ် ​ခွေး နှင့် ပြစ်ချက် ကြီး "

​pure breed ​ခွေးမျိုးတိုင်း ၎င်းခွေးမျိုးရဲ့ စံ သတ်မှတ်ချက် (breed standard) ဆိုတာ သတ်မှတ် ပြဌာန်း ထားကြပါတယ်......

ရုပ်ပိုင်း စိတ်ပိုင်း ဘယ်လိုရှိရမယ် ဆိုတာကို အ​သေးစိတ် ​ဖော်ပြထားပါတယ်.....

သတ်မှတ်ထားတဲ့ ကျယ်ပြန့်တဲ့ စံ ​ဘောင်ထဲ က ​နေ..လွတ်လပ်စွာကွဲလွဲ နိုင်ကြပါတယ်

​ဘောင်​တော့​ကျော်လို့မရပါ

​ဘောင်​ကျော်ချင် တာ​လေး​တွေကို faults ပြစ်ချက် အ​သေး​လေး ​တွေ အဖြစ်သတ် မှတ်ပြီး ပြိုင်ပွဲ မှ postion ​နေရာ အတွက် အမှတ်​လျော့ပါတယ်
​ခွေးတိုင်း​တော့ မပြီး ပြည့်စုံတဲ့ အတွက် အဲဒီ ပြစ်ချက် ဆိုတိုင်း တန်ဖိုး မရှိ​တော့ တာ မဟုတ် ပါဘူး........​နောင်မျိုးဆက် မှာဘယ်လို ပြင်ရမလည်း...ဘယ်လိုတိုးတက်​အောင်လုပ်မလည်း သတိပြုမိ​အောင်လို့

ဒါ​ပေမဲ့ ​​ဘောင်အပြင်သိပ် ​ရောက်သွားပြီ စံသတ်မှတ်ချက်နဲ့ လုံးဝ ကို​သွေ ဖယ် သွားပြီ ဆိုရင်​တော့ disqualifing faults.....အဲ​ခွေးကို တန်း ပယ်​တော့တာပဲ.......AKC မှာဆို အထက်ကို report လုပ်ရပါတယ်.....သားစပ်ဖို့ မသင့်....သား​ပေါက်​တွေ pedigree မ​ပေးတဲ့ စည်းမျဥ်းရှိ

ဘာလို့လည်းဆို​တော့ ဒီ​ခွေးရဲ့မျိုးဆက် မပြန့်ပွား​စေချင်​တော့လို့ပါ....ဒီပြစ်ချက်​တွေက မျိုးရိုးလည်း လိုက်ပါတယ်

Rottweiler တစ်​ကောင်
မြင်တာနဲ့တန်းပယ်တဲ့ အချက်က

Scissor biteမဖြစ်ခြင်း.... သွားစိစိ မှန်မှန် မထပ်ခြင်း(under bite and scissor bite) နဲ့ .....အထီး ​​ဝှေးစေ့ ကပ်ပယ်အိပ်ထဲ နှစ်လုံး လုံး မဆင်းခြင်း

သွားမထပ်တာနဲ့ အဲသ​လောက်မပြစ်ကြီးသလား ​မေးစရာရှိပါတယ်

အပြစ်ကြီးပါတယ်
အရှင်းဆုံးဖြေရရင် စံ ရဲ့​ဘောင်​ကျော်ရုံမက ဆန်.ကျင်ဘက်ကို​ရောက်​နေလို့ပါ

Rottweiler ဟာ working breed ပါ...ဘယ်နိုင်ငံ ဘယ် ​ခွေးအဖွဲ့ အစည်း မဆို rottweiler ဟာ working group ​သတ်မှတ်ထားပါတယ်

ကပ်​​ကြေး အသွား​တွေဟာ သွား​တွေဆိုပါစို့.....ကပ်​ကြေးညှပ်တဲ့ လက်က...​ခွေးရဲ့ ပါးစပ် ကြွက်သား​တွေနဲ့တူပါတယ်
ကပ်​ကြေး အ​ချောင်ကြီး (over bite..under bite ) ဖြင့် အသားတုံးကို ကိုက်ကြည့်ရင် အသားလည်း မပြတ်သလို အားသုံး​လေ သင့်လက်ပဲ နာမှာ ဖြစ်ပါတယ်. ​ခွေး လည်းဒီ သ​ဘောပါ.

ကျွန်​တော်တို့ က ​ခေါင်းပဲ ရုပ်ပဲ ကြည့်တာ....သွားက အ​ရေးမကြီးဘူး ဆိုသူများအတွက်​တော့....

နိုင်ငံခြားမျိုး​ခွေးကို ကြိုက်ပြီး
သူတို့စည်းမျဥ်း ( ကမ္ဘာ့စည်းမျဥ်း)မသိပဲ
သူတို့​တွေ ပယ်တဲ့ အချက်ပါတဲ့ ​ခွေးကို
​ပျော်​​ပျော်ကြီး မျက်​​စေ့ နား စုံ ပိတ်
​သိန်းသန်းချီ ​ပေးဝယ် တာနဲ့ သွားတူ​နေမလားပဲ

(​ခွေး​ပေါက်​လေး​တွေမှာ scissor bite သွားအ​နေ အထား အမှန်...ဖြစ်ခြင်းသည်.......ကြီးသွားလဲပြီးချိန် မှ သိနိုင်သလို....အ​ဖေ အ​မေ သွားမှန် မမှန်​ပေါ် များစွာမူတည် ပါသည်)


Dr.Wai Phyo Htet(Kennel Mandalay)

19/09/2023

မြန်မာနိုင်ငံတစ်ဝှမ်းမှ 🐶အာဝုလေးတွေ မြောင်လေးတွေ🐱ကို ခေါ်သွားလို့ရသည့် Pet Hotel များ...

🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾

ငွေဆောင်-Emerald Sea
ငွေဆောင်-Lux
ငွေဆောင်-Ocean Blu
ငွေဆောင်-Ria resort
ငွေဆောင်-Silver coast
ငွေဆောင်- The sea
ငွေဆောင်-ယမုံနာဦး

ချောင်းသာ-ရွှေသောင်ယံဟိုတယ်
ချောင်းသာ-Akariz Resort(fees charge)
ချောင်းသာ-Diamond hotel
ချောင်းသာ - Amazing Hotel ( Fees charge - only small )
ချောင်းသာ - Coral view ( ဖိုးကုလားကျွန်း )
ချောင်းသာ - Golden Beach

ငပလီ-Silver Beach Hotel

ထားဝယ်-မောင်းမကန်ဟိုတယ်
ထားဝယ်-Star Hotel

ကျိုက်ထို-Golden Bliss Hotel
ကျိုက်ထို-သုဝဏ္ဏဘူမိ
ကျိုက်ထို-Shwe Hin Tha Hotel

ကျိုက်ထီးရိုး-ရိုးရိုးလေး
ကျိုက်ထီးရိုး-ကျိုက်ထိုဟိုတယ်

ဘားအံ-Hpa-An Breeze Hotel

မော်လမြိုင်/စက်စဲ-21 Paradise Hotel
မော်လမြိုင်/စက်စဲ-ထွန်းguesthouse
မော်လမြိုင်-ဆဝါဒီ ဟိုတယ်

ပုဂံ-ခရေ တည်းခိုရိပ်သာ(ရွှေစည်းခုံဘုရားနား)
ပုဂံ-မြပြည့်စုံ
ပုဂံ-လွင် ပုဂံ မိုတယ်
ပုဂံ-We Stay Bagan Lotus Hotel(ကျောက်ပန်းတောင်းလမ်း)
ပုဂံ - မြရတနာ ဟိုတယ်
ပုဂံ-Fortune Bagan Hotel
ပုဂံ - Hotel Amazing
ပုဂံ- Thiri Mingalar Hotel Naung U

ပုပ္ပား-Hotel King

ရန်ကုန်-Reallink Hotel
ရန်ကုန်-383Villa(မြောက်ဒဂုံ)

ပုသိမ် - Hotel Naung Yoe
ပုသိမ် - Pathein Hotel
ပုသိမ် - New PanPawaddy

က​လော-Seint Hotel
ကလော-Hill Lodge

မန္တလေး-Kyi Tin hotel
မန္တလေး - Oasis Inn Hotel
မန္တလေး-Power Hotel (ခွေးသေး Only)
မန္တလေး - Hotel 78 ( training small pet များသာ )

ပြင်ဦးလွင်-မောင်တို့ချယ်ရီမြေ
ပြင်ဦးလွင်-Agga Tiny House
ပြင်ဦးလွင်-Tiger Hotel
ပြင်ဦးလွင် - Royal Reward Resort
ပြင်ဦးလွင်-Mount Strawberry
ပြင်ဦးလွင် - white rose hotel
ပြင်ဦးလွင် - Pyin Oo Lwin Triplet Hotel

တောင်ကြီး - Hotel La Vista ( Fees charge)

ပြည်-Golden Dragon HotelCharge ပေးရပါတယ်)
ပြည်-Sweet golden land hotel
ဇလွန်က တည်းခိုရိပ်သာ၂ ခုလုံးတည်းခိုလို့ရပါတယ်

တောင်ငူ-Hotel Amazing

ဂေါ်ရန်ဂျီကျွန်း-Adventure Paradise Hotel

အင်းလေး- weaver’s Boutique Homestay

မြစ်ကြီးနား- Plam spring resort

သီပေါ- Hsipaw resort

ချင်း-Sor long cbt community lodge

Credit ©May Thiri Khin

10/09/2023

ခွေးတွေက သူတို့ သခင်များ သူတို့ကို
အရိုက်ခံရချိန်မှာ မခုခံနိုင်ရတဲ့ အကြောင်း
အရင်းများစွာရှိပါတယ်။ ထိုထဲမှ တိကျ
သော ၅ ချက်ကို ဖော်ပြပေးလိုက်ပါသည်။

1. သစ္စာစောင့်သိမှု ဗီဇ- ခွေးများသည် ပိုင်ရှင်များကို နာခံလိုသည့် ဗီဇဖြင့် မွေးဖွားလာကြသည်။ ၎င်းတို့သည် စော်ကားခံရသော်လည်း ပိုင်ရှင်များကို သစ္စာရှိရှိ နာခံရမည်ဟု သူတို့ရဲ့ အသိစိတ်က အလိုလို ဖြစ်ပြီး ဒါကြောင့်လည်းပိုင်ရှင်သခင်များ နှင့် ဆန့်ကျင်လိုစိတ် မထားကြပေ။

2. လူမှုရေးဆိုင်ရာ အထက်တန်းကျသော အယူအဆအရ ခွေးများသည် ၎င်းတို့၏ပိုင်ရှင်များကို ခေါင်းဆောင်များအဖြစ် မှတ်ယူကြပြီး ပိုင်ရှင်၏ ညွှန်ကြားချက်များကို နာခံလိုစိတ်ရှိပြီး ၎င်းတို့ကို စော်ကားခံရလျှင်ပင် ပိုင်ရှင် နဲ့ သူတို့ကြား ဆက်ဆံရေး မပျက်ဆီးအောင်ထိန်းသိမ်းပေးတတ်ကြသည်။

3. စိတ်ခံစားမှုဆိုင်ရာ မှီခိုမှု- ခွေးများသည် များသောအားဖြင့် ၎င်းတို့၏ပိုင်ရှင်များအပေါ်တွင် နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာ မှီခိုမှုရှိပြီး ပိုင်ရှင်များနှင့် သဘောထားကွဲလွဲရန် ဆန္ဒမရှိသောကြောင့်၊ ၎င်းတို့၏ အပြုအမူများသည် ပိုင်ရှင်များ၏ စိတ်ခံစားချက်များကို ထိခိုက်စေမည်ဟု ထင်သောကြောင့် ဖြစ်သည်။

4. ကြောက်ရွံ့ခြင်းနှင့် နာကျင်ခြင်း- အလွဲသုံးစားလုပ်ခြင်းသည် ခွေးတစ်ကောင်အား အလွန်အမင်းကြောက်ရွံ့ခြင်းနှင့် နာကျင်ခြင်းတို့ကို ခံစားရစေကာ ပုံမှန်အတိုင်းတုံ့ပြန်နိုင်စွမ်းမရှိသည့်အပြင် ဖုံးကွယ်ခြင်း၊ တုန်လှုပ်ခြင်းနှင့် ပုံမှန်အမူအကျင့်များကို မပြသနိုင်ခြင်းတို့ ဖြစ်စေနိုင်သည်။

5. ခွေးအများစုက အစာငတ်မှာကိုကြောက်တတ်ကြတယ် ပိုင်ရှင်က အစာမကျွေးတော့မှာကို ခွေးတွေအများစုကကြောက်တတ်ပြီး ငတ်မွတ်တဲ့ဘဝနဲ့ ရှင်သန်နေရမှာကို စိုးရိမ်ကြသောကြောင့်လည်း သည်းခံကြပါသည်။

09/09/2023

အာဝုများနှင့်ရေကူးခြင်း

အာဝုများနှင့်ရေကူးခြင်း

ရေကူးတာ ဝုတွေအတွက်အသင့်တော်ဆုံးသော အားကစားတွေထဲကတခုပါ။ ရေကူးခြင်းက low impact, high resistance exercise ဖြစ်လို့ အဆစ်အမြစ်ရောဂါရှိတဲ့ကလေးတွေအတွက်တောင် သင့်တော်ပါတယ်နော်။ hip
dysplasia ရှိတဲ့ကလေးတွေအတွက်ဆိုရင် ball and socket joint ကို ပံ့ပိုးပေးတဲ့ ဖင်နားက ကြွက်သားတွေကို ကိတ်လာအောင်လုပ်ပေးနိုင်လို့ ဝေဒနာတောင်သက်သာစေပါတယ်။
တကိုယ်လုံးသုံးရတဲ့အားကစားမျိုးမလို့ energy များတဲ့ဝုတွေအတွက်လည်း ဆေးကောင်းတခွက်ပါ။

ရေကူးခြင်းရဲ့တခြားကောင်းကျိုးတွေက:

၁၊) ခွဲစိတ်ထားတာ၊ ခြေခေါက်လက်ခေါက်ဖြစ်ထားတာတွေကနေသက်သာနှုန်းမြန်စေတယ်
၂၊) နာကြင်မှုလျှော့ချပေးတယ်
၃၊) စိတ်ဖိစီးမှုလျော့စေတယ်
၄၊) ဝိတ်များတဲ့ကလေးတွေအတွက် အလွယ်ကူဆုံး ဝိတ်ချနည်းလည်းဖြစ်တယ်
၅၊) နှလုံးကြွက်သားနဲ့ အသက်ရှူလမ်းကြောင်းကျန်းမာစေတယ်
၆၊) အသက်ရလာတဲ့ကလေးတွေအတွက်လည်း တောင့်တင်းမှုတွေဖြေလျော့ပြီး လေးဖက်နာလည်းသက်သာတယ်
၇၊) ကြွက်သားတက်စေတယ်
၈၊) ကုန်းပေါ်လမ်းလျှောက်တာထပအများကြီးပိုအားစိုက်ရလို့ လက်လက်စိန်တွေအတွက် အရမ်းကောင်းတယ်။

မကောင်းတာက:
မရှိသလောက်ပါပဲ။ ဝိတ်လည်းမထမ်းရ၊ တနေရာထဲကိုအားစိုက်ပြီးလုပ်ရတဲ့ အားကစားမျိုးမဟုတ်တဲ့အတွက် အထူးသင့်လျှော်ပါတယ်။

ကိုယ့်ကလေးကို တခါရေကူးရင် ၅ မိနစ် ၁၀ မိနစ်လောက်ခွငိ့ပြုတာကတော့အကောင်းဆုံးပါ။ ဆိုဒ်သေးလေ အချိန်အများကြီးမကူးခိုင်းသင့်လေပေါ့နော်။ energy burning အရမ်းဖြစ်တော့ကုန်းပေါ်ရောက်မှ ခြေကုန်လက်ပန်းမကျအောင်လို့ပေါ့နော်။

ရေကူးပြီး သေချာလေးသုတ်ပေးဖို့လိုပါတယ်။ မဟုတ်ရင် ဗောက်၊ မှို စတဲ့အရေပြားပြဿနာတွေကပ်လိုက်နိုင်ပါတယ်။ ရေကူးပြီး ရေပြန်ချိုးပေးရပါမယ်နော်…

၁ ပတ် ၁ ခါလောက်စကူးခိုင်းပြီး နောက်ပိုင်းတော့ ၃ ခေါက်လောက်ထိကူးလို့ရပါတယ်။

သတိထားရမှာက ကလေးတွေတိုင်းကတော့ သူတို့ပင်ကိုယ်သဘာဝ instinct အရရေကူးတတ်ပေမယ့် ပထမဆုံးတကြိမ်ဆိုရင်တော့ သေချာလေးကြည့်ပေးဖို့လိုပါတယ်။ ရေကြိုက်တဲ့ကလေးရှိသလို ရေကြောက်တဲ့ကလေးလည်းရှိတာမို့လို့ ကိုယ့်ကလေး မကြောက်အောင် ကိုယ်ရှိပေးနိုင်ပြီး လမ်းညွှန်ပေးနိုင်ရင်ပိုအဆင်ပြေပါတယ်။

ပျော်ပျော်ပါးပါးရေကူးကြမယ်။
ဆရာရှားကတော့ ရေသိပ်မကြိုက်ပေမယ့် ကူးဆိုကူးတယ်။ အစပိုင်းတော့ာတဗွမ်းဗွမ်းနဲ့နောက်တော့တော်တော်အဆင်ပြေတယ်။ ကြွက်သားတက်ဖို့ အစားတင်မက အားကစားပါလုပ်ခိုင်းရတယ်လေ

Photos from MTK Rottie Home's post 29/08/2023

လိုကယ်ပေါက်လေး မောင်တုတ်ပေါ
၁၀လပြည့်အမှတ်တရ

06/07/2023

Shout out to my newest followers! Excited to have you onboard!

Tadau Thanlone, Aungmyo Htike, U Thant Zin, Thain Gi Oo, Win Thu Aung, Ngu, Thaethae Thaethae, စုန်း ပြူး, Alin Young, Zoe Zkk, ကြိုက် ကောင်းအောင်, Thu Ya, KO KO

Photos from MTK Rottie Home's post 15/06/2023

ဒီအတွဲလေး ပေါက်ပီဗျာ
Litter Of MTK Rottie Home

DOB_13.6.2023
Male - 4
Female - 4

# Mating Date
First Mating - 9.4.2023
Second Mating - 11.4.2023
Third Mating - 13.4.2023

CONNAN ROTT KINGDOM

(Thank a lots Bro Sai Kyi Thar Lin- Kennel Naung Hkio)
+
Golden Eye OF Kennel Pyin Oo Lwin

https://m.facebook.com/story.php?story_fbid=1872092839825060&id=100010730853551&mibextid=Nif5oz

12/06/2023
07/06/2023

ROTTWELIER ခလေးမွေးဖွားခါနီးလက္ခဏာများ

#မွေးခါနီး၁ပတ်အလို
- သိသာထင်ရှားသည့် အမူအရာများ ပြတတ်ပါသည်။
- မွေးဖွားမည့် နေရာအား ရှာဖွေခြင်းကိုတွေ့ရမည်။
- စက္ကူစ၊ စက္ကူပုံး၊ အဝတ်စများ ရှဖွေစုဆောင်းပြီး
အသိုက်လုပ်ခြင်း။
- သခင်၏အနားတွင်ကပ်နေလိုခြင်း။
- အစာစားလိုစိတ် နည်းသွားခြင်း။
- ဝမ်းချုပ်ခြင်း။
- နို့အုံများဖွံဖြိုးလာခြင်း။နို့ညှစ်ကြည့်ပါက နို့ရည်ကြည်များထွက်ခြင်း။

#မမွေးခင်၃ရက်အလို
- အမအဂ်ါ ကြီးမားရောင်ရမ်းလာခြင်း။
- ဂနာမငြိမ်ဖြစ်ခြင်း။


#မမွေးခင်၂၄နာရီ
- ကုတ်ခြစ်ခြင်း၊ မြေကြီးကို ယက်၍ကျွင်းတူးခြင်း။
- ပုံမှန်ထက် အသက်ရှုနှုန်းမြန်လာခြင်း။
- ကိုယ်အပူချိန်တိုင်းကြည့်ပါက သာမန်ထက် 1C လျော့
နည်းလာခြင်း။
- နံနက်၌ လုံးဝအစာမစားလျှင် ညမွေးလိမ့်မည်ဖြစ်ပြီး
ညလုံးဝအစာမစားလျှင် လင်းအားကြီးပိုင်းတွင် မွေး
လိမ့်မည်ဖြစ်ပါသည်။
- ခွေးမသည် အဂ်ါမှ အရည် အချွဲများဆင်းပြီး မသိမသာ
ညှစ်စပြုပါက စတင်မွေးပြီဟုမှတ်ယူနိုင်ပါသည်။
တစ်ကောင်နှင့်တစ်ကောင်ကြား နာရီဝက်၊ ၁နာရီ
သို့မဟုတ် ၂ နာရီကြာတတ်ပါသည်။ ⏰⏰

အတေွ့အကြုံမရှိသောသူအများအနေနှင့်
နားလည်တတ်ကျွမ်းသူ၏ အကူအညီဖြင့် မွေးဖွားသင့်သည်။

#အယူအဆအမှားများ🗯🗯🗯

- ခွေးမွေးနေစဥ် တွေ့ကြုံရဖူးသည်များ ရှိပါတယ်။

ခွေးမမီးဖွားနေစဥ် အချိန်တွင်း ကြက်ဥအစိမ်းများကို အလုံးလိုက် ဖောက်ကျွေးနေကြခြင်းပင်ဖြစ်ပါတယ်။

မေးကြည့်သောအခါ
ခွေးမအားရှိအောင်ကျွေးခြင်း ဟုပြောကြပါတယ်။
-
အခု ကြက်ဥချက်ချင်းသောက် ချက်ချင်းအားမရှိနိုင်ပါ။

ကလေးမီးဖွားထား၍ အားပျက်နေသည်ကတစ်ကြောင်း၊ အခန့်မသင့်လျှင် ဝမ်းကိုက်၊ ဝမ်းလျှော၍ ဒုက္ခရောက်သွားနိုင်ပါတယ်။
-
အချို့ကလည်း နို့ထွက်အားကောင်းအောင်ဆို၍ ကြက်ဥအခွံတွေကို ထောင်းကျွေးကြသည်ကိုလည်း တွေ့ရပါတယ်။

ကြက်ဥအခွံ များသည် အစာမကြေ၊ အူလမ်းကြောင်းတလျှောက် စူးခြင်းတို့ ဖြစ်ခဲ့ပါလျှင် ပို၍ပင်ဒုက္ခရောက်စေနိုင်ပါတယ်။
-
နို့ထွက်ကောင်းအောင် Calcium & Phosphorus ဆေးများ အလွယ်တကူဝယ်ယူရရှိနိုင်ပြီဖြစ်သည့်အတွက် ထိုဆေးများကိုသာ ထိရောက်စွာ တိုက်ကျွေးပေးကြပါလို့ အကြံပေး တိုက်တွန်းလိုက်ပါရစေ.......

Want your business to be the top-listed Pet Store/pet Service in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 23:00
Sunday 09:00 - 21:00