Sherlock Clean Dolphin

Sherlock Clean Dolphin

Share

Job for you

Photos from Sherlock Clean Dolphin's post 13/07/2026

ဒီနေ့ရဲ့ ဇာတ်လိုက် Converse ✨👟

တက်ကြွတဲ့ ခြေလှမ်းတွေလှမ်းမယ်ဆို
ကိုယ်စီးတဲ့ ဖိနပ်လေးလည်း သန့်နေမှနော် ✨

စီးနေကြ Sneaker 👟နဲ့ shoes 👞 တွေကို နည်းလမ်း မှန်မှန်နဲ့ သန့်စင်ပေးနိုင်တဲ့ service ကို Sherlock ယူလို့ရပါပြီရှင် 🫶🏻

Drop location : Lucky Snooker 🎱
အောင်မြေရတနာကျောင်းခေါင်းရင်း၊ ရန်မျိုးအောင် (၁၀) လမ်း၊ မကွေးမြို့။

📞. 09 401989218
✉️ Page Messenger

25/06/2026

ကိုယ်စီးတဲ့ Sneaker က ပြောပြနေတဲ့
ကိုယ့်ရဲ့ Personality 👟✨

Sneaker ဆိုတာ ဖိနပ်တစ်ရံထက် ပိုပါတယ်။
ကျွန်တော်တို့ နေ့တိုင်း ရွေးချယ်စီးဖြစ်တဲ့ Sneaker
တွေက ကိုယ့်ရဲ့ စရိုက်နဲ့ နေထိုင်မှုပုံစံ (Personality) ကို အခုလို အလိုအလျောက် ဖော်ပြနေတတ်လို့ပါပဲ...။

Classic White Sneakers (Air Force 1 / Stan Smith): Minimalism ကို သဘောကျပြီး စနစ်တကျရှိသူ၊ အများနဲ့ သဟဇာတဖြစ်အောင် နေတတ်သူ။

Retro / High-top Sneakers: အနုပညာဆန်ပြီး
ကိုယ်ပိုင်စတိုင်ကို ထိုးဖောက်ပြသချင်တဲ့ Creative ဖြစ်သူ။

Running / Performance Shoes: သက်တောင့်သက်သာရှိမှုကို ဦးစားပေးပြီး အမြဲတမ်း တက်ကြွလှုပ်ရှားနေ
တတ်သူ။

သင့် Sneaker ကကော သင့်အကြောင်း ဘာတွေပြောနေလဲ...❓

Keep Your Kicks Fresh! 🧼
လူငယ်တွေကြားမှာ Sneaker Culture ပြန့်ပွားလာတာနဲ့အမျှ ကိုယ့် Sneaker လေးတွေကို စနစ်တကျ ထိန်းသိမ်းဖို့ကလည်း တကယ့်ကို အရေးကြီးလာပါတယ်။

ဒါကတော့ ကိုယ်စီးနေကျ Sneaker လေးတွေကို
နည်းလမ်းတကျ သန့်သန့်ရှင်းရှင်း ထိန်းသိမ်းပေးဖို့ Sherlock Clean Dolphin ကို စတင်လာရခြင်းရဲ့
ရည်ရွယ်ချက်ပါပဲ။

ကိုယ့်ရဲ့ အကြိုက်ဆုံး Sneaker လေးတွေကို
အမြဲသစ်လွင်နေစေဖို့ Sherlock ကို ယုံယုံကြည်ကြည်နဲ့ လှမ်းခဲ့လိုက်တော့နော်...။ 🐬✨

Drop location: Lucky snooker အောင်မြေရတနာ
ကျောင်းခေါင်းရင်း ၊ ရန်မျိုးအောင် (၁၀) လမ်း၊
မကွေးမြို့။

18/06/2026

နေ့ရက်တိုင်းမှာ တက်ကြွတဲ့ခြေလှမ်းတွေရှိနေဖို့ဆိုရင် စီးနေကျ sneaker တွေလည်း သန့်နေမှနော်

အိမ်ကစထွက်ကတည်းက ကိုယ်နဲ့တစ်ချိန်လုံးရှိနေတဲ့ sneaker ကို သန့်ရှင်းအောင်ထားနိုင်ခြင်းကလည်း ကိုယ့် Image ကို မြှင့်ပေးတာနဲ့ အတူတူပါပဲနော်

အိမ်မှာကိုယ်တိုင် Clean လုပ်တာထက် Sherlock 🐬 မှာ Deep cleaning, odor removal, color restoration နဲ့ sole revive စတဲ့ အသေးစိတ်ကျတဲ့ ဂရုစိုက်မှုတွေနဲ့ Sherlock 🐬မှာ လာအပ်လို့ရပါပြီရှင်

14/06/2026

လာမယ့်မိုးရာသီအတွက် အိမ်မှာရှိနေတဲ့ sneaker တွေ မပျက်စီးအောင် ဘယ်လိုထားရမလဲဆိုတဲ့ အကြောင်းကို ပြောပြပေးမယ်နော်

ပထမဆုံးအနေနဲ့ လူကြီးမင်းရဲ့ sneaker တွေကို
လေဝင်လေထွက်ကောင်းပြီး နေရောင်တိုက်ရိုက်မကျ
နိုင်တဲ့ ခြောက်သွေ့တဲ့နေရာမှာ ထားပေးပါရှင်။

ကိုယ့်ရဲ့ဖိနပ်စင် ဒါမှမဟုတ် ဖိနပ်သေတ္တာထဲကို ဆီလီကာဂျယ်ထည့်ပေးထားပါ။ sneaker ထဲကို
တိုက်ရိုက်ထည့်လည်း ရပါတယ်နော်။

အကယ်၍ မိုးစိုလာခဲ့ရင် sneaker ထဲကို သတင်းစာ၊ Tissue နဲ့ စုပ်ယူမှုကောင်းတဲ့ အဝတ်စကို ထည့်ပြီးလည်း အခြောက်ခံနိုင်ပါတယ်။ Hair Dryer နဲ့တော့ လုံးဝအခြောက်မခံပါမရနဲ့နော်။

Sneaker တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ ရေစိုခံဖြန်းဆေးရှိပါတယ်ရှင်။ ဖြစ်နိုင်ရင်ဆောင်ထားပြီး
အပြင်မသွားခင် သေချာလေးဖြန်းသွားပေးပါနော်။

အပေါ်က အချက်တွေကို သေချာမလုပ်နိုင်ရင်လည်း အဆင်ပြေမယ့်နည်းလေးရှိပါသေးတယ်ရှင်
မင်တို့ Sherlock Clean Dolphin 🐬 မှာ လူကြီးမင်းရဲ့ Lather shoes 👞 နဲ့ Sneaker 👟 တွေအတွက် အသစ်တစ်ရံလို ပြန်ဖြစ်သွားနိုင်တဲ့ နည်းပညာတွေ
ပေါင်းစပ်ပြီး Takecare လုပ်ပေးနိုင်ပါတယ်ရှင်
ကြာချိန် (၁) ပတ်ထဲနော်။

Photos from Sherlock Clean Dolphin's post 12/06/2026

မိုးရာသီကြောင့် သင့် sneaker တွေ မှိုစွဲမှာ စိတ်ပူနေရပြီလား ?

မိုးရာသီမှာ ဖြစ်တတ်တဲ့ မှိုနံနဲ့ အနံဆိုးတွေ၊
အရောင်မှိန်ပြီး စီးရတာ uncomfortable ဖြစ်နေတဲ့ sneaker တွေကို Sherlock clean dolphin 🐬ကို
ပို့လိုက်တာနဲ့ (၁ ) ပတ်အတွင်း အနံဆိုးတွေနဲ့ မှိုစွဲခြင်းကို လုံးဝမရှိတော့ဘဲ မိုးရေစက်တွေကြားမှာ လှလှလေးလျောက်လှမ်းနိုင်ပြီနော်

04/06/2026

2026 မှာ sneaker ဟာ ဖိနပ်တခုထက်ပိုပါတယ်
Fashion တစ်ခုထက်ပိုတဲ့ sneaker ကို ကိုယ်တိုင် cleaning လုပ်နေတာထက်စာရင် professional တစ်ဦးရဲ့ clean and care ရလဒ်၊ sneaker ရဲ့ အမျိုးအစားအလိုက် Treament များ ၊ အရောင်ဖျော့ခြင်း/ အရောင်ကျခြင်းတို့ကို ကာကွယ်ပေးတဲ့ Tecologically အရ ပိုးသတ်ခြင်း၊ အရောင်တင်ခြင်း တို့ကို
Sherlock Clean Dolphin 🐬မှာ Treatment လုပ်လို့ရနေပြီနော်

Photos from Sherlock Clean Dolphin's post 25/05/2026

ချောင်ထိုးထားတဲ့ လူကြီးမင်းရဲ့ sneaker ကို
Sherlock Clean Dolphin 🐬 ကို ပို့လိုက်တာနဲ့ အသစ်တစ်ရံလို ပြန်ရောက်လာမယ်ဆို
စိတ်ဝင်စားရဲ့လားရှင့်

ရာသီဥတုပူလို့ မစီးဖြစ်ဘဲ ချောင်ထိုးလိုက်ရတဲ့
လူကြီးမင်းရဲ့ sneaker မှာရှိတဲ့ အစွန်းအထင်း ၊
ဖုန်နဲ့ အနံဆိုးတွေကို အရောင်မလွင့် အစွန်းအထင်း
ကင်းပြီး သန့်စင်တဲ့ အနံနဲ့ Sherlock Clean Dolphin 🐬 မှ လူကြီးမင်းဆီ ပြန်လည်ပို့ဆောင်ပေးသွားမှာပါရှင့်

Drop-off area: Lucky Snooker
Location: အောင်မြေရတနာကျောင်းခေါင်းရင်း၊ ရန်မျိုးအောင် (၁၀) လမ်း။

30/03/2026

"ဖိနပ်ဆေးတာ... ပေါ့ပေါ့လေး ထင်နေသလား?" 🤔✨
​ဖိနပ်တစ်စုံကို အပြင်မှာ ပြန်တောက်ပလာအောင် လုပ်ဖို့ဆိုတာ ရေနဲ့ ဆပ်ပြာရှိရုံနဲ့ မလုံလောက်ပါဘူး။ "ကိုယ်တိုင်ဆေးတာ" နဲ့ "Professional ဆီ အပ်တာ" ကွာခြားချက်ကတော့ "ရိုးရိုးသန့်ရှင်းရေး" နဲ့ "ဖိနပ်ကို ပြန်လည်အသက်သွင်းခြင်း" လိုပါပဲ။ ကဲ... ဘာတွေကွာလဲ ကြည့်ရအောင်!
​🛠️ ကိုယ်တိုင်အိမ်မှာဆေးတဲ့အခါ...
​စွန့်စားမှုများတယ်
ဖိနပ်အမျိုးအစား (Suede, Leather, Flyknit) နဲ့ မကိုက်ညီတဲ့ ဘရက်ရှ် သို့မဟုတ် ဆပ်ပြာပြင်းပြင်း သုံးမိရင် ဖိနပ်သား ပျက်စီးတာ၊ အရောင်လွင့်တာတွေ ဖြစ်နိုင်ပါတယ်။

​အချိန်ကုန်တယ်
ရေစိမ်၊ တိုက်၊ ဆေး၊ ခြောက်အောင်စောင့်... အနည်းဆုံး နာရီဝက်ကနေ တစ်နာရီလောက် ကုန်နိုင်ပါတယ်။
​ရလဒ်က မသေချာဘူး: တစ်ခါတလေ ဆေးပြီးရင်လည်း အဝါရောင် အကွက်တွေ ကျန်ခဲ့တာ၊ မွှေးညှင်းထလာတာမျိုးတွေ ကြုံဖူးကြမှာပါ။
​🌟 "Sherlock Clean Dolphin" Professional ဝန်ဆောင်မှု အပ်တဲ့အခါ... (The Premium Touch)
​ကျွမ်းကျင်မှုရှိတယ်: ဖိနပ်အမျိုးအစားအလိုက် သီးသန့်ထုတ်လုပ်ထားတဲ့ အပျော့စား ဘရက်ရှ်နဲ့ Special Deep Cleaning Solution တွေကို သုံးပြီး စနစ်တကျ သန့်ရှင်းရေးလုပ်ပေးပါတယ်။
​စိတ်ချရတယ်: ဖိနပ်သားကို မထိခိုက်စေဘဲ ဂျီးနဲ့ အစွန်းအထွက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။
​အချိန်ချွေတာတယ်: အော်ဒါအပ်ထားလိုက်ရုံပါပဲ။ တန်ဖိုးရှိတဲ့ အချိန်တွေကို အခြားအလုပ်တွေအတွက် အသုံးချနိုင်ပါတယ်။
​ရလဒ်က တောက်ပတယ်: Whitening Solution တွေနဲ့ အဝါရောင်အစွန်းအထွက်တွေကို ဖယ်ရှားပေးပြီး Deodorizing & Disinfecting စနစ်နဲ့ ဖိနပ်ကို မွှေးပျံ့စေပါတယ်။
​💡 Professional အပ်ခြင်းရဲ့ ကောင်းကျိုးများ
​ဖိနပ်သက်တမ်းကို ရှည်စေတယ်: စနစ်တကျ သန့်ရှင်းရေးလုပ်တာက ဖိနပ်သားကို မပျက်စီးစေဘဲ ဖိနပ်ကို ရေရှည်စီးနိုင်စေပါတယ်။
​အချိန်နဲ့ အားစိုက်ထုတ်မှုကို သက်သာစေတယ်: အလုပ်ရှုပ်တဲ့သူတွေအတွက် အကောင်းဆုံး ဖြေရှင်းချက်ပါ။
​ဖိနပ်ကို အသစ်အတိုင်း တောက်ပစေတယ်: အဝါရောင် အကွက်တွေ၊ ဂျီးတွေမရှိဘဲ အမြဲတမ်း အသစ်လို စီးနိုင်ပါတယ်။
​မိမိရဲ့ ပုံရိပ်ကို မြှင့်တင်ပေးတယ်: သန့်ရှင်းတဲ့ ဖိနပ်တစ်စုံက သင့်ကို ပိုပြီး ယုံကြည်မှုရှိစေပါတယ်။
​✨ "Sherlock Clean Dolphin" မှာ အခုပဲ အော်ဒါအပ်နှံပြီး သင့်ဖိနပ်ကို Professional လက်ရာနဲ့ ပြန်လည်အသက်သွင်းလိုက်ပါ! ✨
​📍 Drop-off Point: Lucky Snooker ဆိုင်မှာတင် ဖိနပ်လာအပ်လို့ ရပါတယ်ခင်ဗျာ။

Photos from Sherlock Clean Dolphin's post 16/02/2026

ဒီရက်ပိုင်းထဲ လက်ခံထားတဲ့အရံလေးတွေ
ပြီးမှ သန့်စင်ပြောင်းလဲပြီးပြန်တင်ပါ့မယ်
အကောင်းဆုံးပြုပြင်သန့်စင်လိုက်ပါဦးမယ်

Renew your Steps
Renew your Sneaker!

Want your business to be the top-listed Clothing Store in Magway?
Click here to claim your Sponsored Listing.

Category

Website

Address


Magway