APPM

APPM

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from APPM, Writer, Lashio.

11/07/2024

မင်းချစ်တဲ့လူနဲ့ပျော်ရွှင်ချိန် ကိုယ်ဟာ အရက်နာကျ
မင်းတို့နှစ်ဦးရွှေလက်တွဲချိန် ကိုယ်မှာ ဆောက်တည်ရာမဲ့လို့
မျှော်လင့်မိရင်းမျှော်လင့်နေတယ် ကျန်ရစ်ရင်းကျန်ရစ်နေတယ်
နှလုံးသားဟာ ကျောက်ဆောင်ကြီးဖြစ်မယ်ဆို ကားနဲ့အကြိမ်တရာ ၀င်ဆောင့်ခံရလောက်တယ်
နှစ်ဦးသားချစ်ခြင်းဟာ ကိုယ့်ကို သတ်ပစ်လို့ရတဲ့လက်နက်တစ်ခုလိုပဲ
ဒုတိယလူတောင်မဖြစ်ခဲ့ရတဲ့ အနေအထားနဲ့
တွယ်ကပ်ခွင့်မရတဲ့အနေအထားနဲ့
ချစ်ခွင့်မရှိတဲ့အဖြစ်မျိုးနဲ့
တစ်ယောက်ထဲရူးသွပ်ခံစားရင်း
တိတ်တိတ်လေးငေး ခဲ့ရပါတယ်....။

11/07/2024

နတ္ထိဖစ်နေတဲ့ ငါဟာ
လိုတရ နေတဲ့မင်းအတွက်တော့
တစ်ခါတုန်းပလတ်စတစ်အိတ်လေးလို
အချိန်တန်ရင် ပစ်ချခံရမယ် ဆိုတာသိလျက်နဲ့
မင်းကိုစွဲလမ်းစွာနဲ့ချစ်မိသွားသည်.....

11/07/2024

ကိုယ်မင်းကိုချစ်တယ်
မင်းကတော့သူ့ကိုချစ်တယ်
ဇာတ်လမ်းက မစရသေးခင်ကတည်းက
ကိုယ်ဟာဘေးထွက်ပေးလိုက်ရတယ်.....။

11/07/2024

မိုးသက်လေပြင်း တွေကြား
ချစ်ဖို့ ဖော်ကျူးထားတဲ့
ချစ်တီတူးသံလေးဟာ
မိုးမင်းကြီးရဲ့ မျက်ရည်ကြား ပက်လက်လှန်.....။

17/04/2024

သက်တန့်လေးတွေ ရောင်စုံဖြာ
မှေးမိန်သွားတော့ ငိုနေရှာ
မင်းထားခဲ့တော့ ဒီလူလွမ်း
ကျန်ရစ်ခြင်းကို သင်ယူဆဲ.....။

17/04/2024

၀မ်းနည်းနေတဲ့ လူငယ်
လောင်ရီနေတဲ့ မိုး.....
‌ခံစားချက်တေကို ဖုံးကွယ်နေတဲ့
ဆေးလိပ်ငွေ့....
ပြီး‌ဆုံးတော့မဲ့ သံယောဇဉ်💔🥀

Want your public figure to be the top-listed Public Figure in Lashio?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Lashio