TKL Car Rental Service

TKL Car Rental Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TKL Car Rental Service, Travel and transport, 4th floor, 11 Street, Chaungwa, Hlaing Town Ship, Kamayut.

14/07/2021

ကျနော်တို့ TKL Car Rental Service ရဲ့
owner မနေ့ည၈နာရီလောက်က
ယာဥ်မတော်တဆဖြင့်ဘဝတစ်ပါးသို့
ကူးပြောင်းသွားပါပြီခင်ဗျာ
ကောင်းရာသုဂတိလားပါစေ RIP 😭

18/12/2019

အဲ့တာကြောင့်ပြောတာ ခရီးတေထွက်ကြပါလို့😁

ပြီးရင်ကျနော်တို့ TKL Car Rental Service ကနေ

ကားငှားကြပါလို့😁 လူကြီးမင်းတို့လိုချင်တဲ့ကားကို

ဟလိုလုပ်လိုက်ပါ ကျနော်တို့ဘက်ကအသင့်ရှိပါ

တယ်😊😊အခုလာမယ့် ဒီဇင်ဘာရုံးပိတ်ရက်တေ

နှစ်ကူးရုံးပိတ်ရက်တေမှာခရီးသွားဖြင့်ရင်

ကျနော်တို့ TKL ကိုသတိရလိုက်ပါမိတ်ဆွေ😊😊

ခရီးထွက်ကြပါ ကားငှားကြပါ အိမ်ထောင်မကျခင်လေး😁😁

Photos from TKL Car Rental Service's post 16/11/2019

ဧည့်သည်ကြိုသည့် Tour ကားဆရာများသိရှိစေရန်
[English Below]

# ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုသူခရီးသည်များအား အသိပေးချက် #

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ (တနင်္လာနေ့) မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံရှေ့ရှိ ယာဉ်လမ်းများတွင် လိုက်ပါပို့ဆောင်/ကြိုဆိုသော မော်တော်ယာဉ်များအား ခရီးသည်အတင်/အချအသုံးပြုခြင်း (Pick-Up and Drop Off Only) စနစ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ စတင်ကျင့်သုံးသွားမည်ဖြစ်ပါသည်။

အဆိုပါစနစ်အရ ခရီးသည်ပို့ဆောင်/ကြိုဆိုသော (ခရီးသည်အတင်/အချပြုလုပ်သော) မော်တော် ယာဉ်များအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံများရှိ သတ်မှတ်နေရာများတွင် ခရီးသည်များအတင်/အချပြုလုပ်ရန်သာ ခေတ္တရပ်နားနိုင်မည်ဖြစ်ပြီး ကြာမြင့်စွာ ရပ်နားစောင့်ဆိုင်းထားသော မော်တော်ယာဉ်များအား တာ၀န်ကျ ယာဥ်ထိန်းရဲများမှ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက် အအုံများရှေ့ရှိ ယာဉ်လမ်းကြောများတွင် ယာဉ်သွားလာမှု ပိုမို အဆင်ပြေချောမွေ့စေရေးအတွက် ပြောင်းလဲသတ်မှတ်ထားသော စနစ်သစ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူခရီးသည်များအနေဖြင့် သတိပြုမိကြစေရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် အသိပေးအကြောင်း ကြားအပ်ပါသည်။

မော်တော်ယာဉ်များကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံအရှေ့နှင့် ပြည်တွင်းလေဆိပ်အဆောက်အအုံဘေးတွင်ရှိသော ကားရပ်နားရာနေရာများတွင် ရပ်နားနိုင်ပါသည်။ ယာဥ်ရပ်နားမှုအတွက် မိနစ်သုံးဆယ်အထိ ယာဉ်ရပ်နားခ ကောက်ခံမည်မဟုတ်ဘဲ မိနစ်သုံးဆယ် ကျော်လွန်ပါက သတ်မှတ်နှုန်းထားများအတိုင်း ယာဉ်ရပ်နားခ ကောက်ခံသွားမည်ဖြစ်ပါသည်။

//Terminal 1 ရှိ သတ်မှတ်ဧရိယာများ//
ခရီးသည်ပို့ဆောင်ရန် - ဂိတ်အမှတ် ၁၊ ၂၊ ၃ နှင့် ၄
ခရီးသည်ကြိုဆိုရန် - ဂိတ်အမှတ် ၅၊ ၆၊ ၇ နှင့် ၈

//Terminal 3 ရှိ သတ်မှတ်ဧရိယာများ//
ခရီးသည်ပို့ဆောင်ရန် - ဂိတ်အမှတ် ၁၊ ၂ နှင့် ၃
ခရီးသည်ကြိုဆိုရန် - ဂိတ်အမှတ် ၄

# # Advisory # #

To all our valued passengers:

Please be advised that the Airport Traffic Management Committee of Yangon International Airport will be launching a new “Pick-Up and Drop Off Only “System effective on Monday, 18 November 2019.

Under this system, ALL vehicles will only be allowed to pick up and drop off passengers on designated points at YIA's terminals and waiting for passengers in a prolonged period will not be permitted. Failure to comply will result in penalties from the Traffic Police according to the traffic rules.

We encourage the public to observe and cooperate with the new system for the smoother flow of traffic at the curbside areas at all terminals.

Parking is available at car parks opposite International Terminal and beside Domestic Terminal. Please note that the first 30 minutes are complimentary, however, full parking charges apply beyond 30 minutes.

Thank you for your cooperation.

//Designated points at Terminal 1//
Drop-offs // curbside of gate 1,2,3 and 4
Pick-ups // curbside of gate 5,6,7 and 8

//Designated points at Terminal 3//
Drop-offs // curbside of gate 1,2 and 3
Pick-ups // curbside of gate 4

Photos from TKL Car Rental Service's post 08/11/2019

တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလတွေမှာ ခရီးထွက်ချင်သူများအတွက်... တောင်ကြီး|အင်းလေး|
ပင်းတယ | ရွာငံရေပြာအိုင်စသည့်
ခရီးစဥ်များကိုလဲကျနော်တို့
TKL Car rental service မှ
ကားအငှားဝန်ဆောင်မှုပေးရန်
အသင့်ရှိနေပါတယ် ခင်ဗျာ..

📱📞 09-973966205
📱📞09-697239637

Photos from TKL Car Rental Service's post 30/10/2019

မဂ်လာပါ ခင်ဗျာ.......
မိတ်ဆွေတို့ရဲ့ တန်ဆောင်တိုင်ရုံးပိတ်ရက်တေမှာ
အိမ်မှာပဲမကုန်ဆုံးလိုက်ပါနဲ့
မွန်းကျပ်နေတဲ့စိတ်တေဖြေဖျောက်ဖို့အတွက်
ခရီးထွက်ကြပါ........ မိတ်ဆွေတို့သွားချင်တဲ့
ခရီးစဥ်နဲ့ငှားလိုသည့်ကားကိုသာပြောလိုက်ပါ ကျွန်တော်တို့TKL Car Rental Service မှ
လူ​ကြီးမင်းတို့အတွက် သက်သာသောစျေးနှုန်း
စိတ်ချရသော Driver များနဲ့ အထူးဝန်ဆောင်မှု
ပေးဖို့အသင့်ရှိပါတယ်ခင်ဗျာ.....🙏🙏🙏

Photos from TKL Car Rental Service's post 22/10/2019
Photos from Hello Weekend Travel & Tour Co., Ltd's post 22/10/2019

👍👍👍👍

Photos from TKL Car Rental Service's post 22/10/2019

မိတ်ဆွေ......... မြို့တွင်းလား နယ်ဝေးလား
မိသားစုလိုက်လား သူငယ်ချင်းအဖွဲ့လိုက်လား
သက်သောင့်သက်သာနှင့်ဘေးကင်းလုံခြုံစွာ
စီးနှင်းချင်ရင်တော့ကျနော်တို့နဲ့ဆက်သွယ်လိုက်ပါ👌👌
::09973966205
::09697239637

22/10/2019

#ပုဂံလာမယ်ဆိုရင်ဒါလေးတွေအရင်ဖတ်ပါ

#ကိုယ့်အစီစဉ်နဲ့ကိုယ်သွားချင်သူတွေအတွက်

ပုဂံ ဘုရားတွေက တစ်ပတ်လောက် စိတ်ကြိုက် လေ့လာဖူးရင်တောင် လုံလောက် မယ်မထင်ပါဘူးရှင်...
ပုဂံ က မြန်မာနိုင်ငံ မှာတင်မကဘူး နိုင်ငံတကာ အတွက်လည်း စိတ်ဝင်စားစရာမို့ ပုဂံ ဘုရား တစ်ချို့ တစ်ဝက် အကြောင်း ဘုရားဖူးသူတွေ အတွက် အေးချမ်း တင်ပေးလိုက်ပါတယ်..

ပုဂံ ကို Express နဲ့ သွားတဲ့ သူများတာမို့ ပုဂံ ရောက်တဲ့အချိန်က မနက် 5နာရီ နဲ့ 6 နာ၇ီကြားမှာဆိုတော့ ဟိုတယ် Check-in ၀င်ဖို့စောနေပါလိမ့်မယ်.. အဲ့အတွက် အေးချမ်း တို့တုန်းက စွယ်တော်လေးဆူ ကို မြန်မြန်လေး ပြေးဖူးလိုက်ပါတယ်.. အေးချမ်းက ရုံးသမားမို့ ခရီးသွားရင် အချိန် သိပ်မရလို့ပါ.. 2ရက်ပဲ အချိန်ရမယ့်သူတွေအတွက် ရောက်ရောက်ချင်း စွယ်တော်လေးဆူ ဖူးတာက ပိုသင့်တော်ပါလိမ့်မယ်...
တန့်ကြည်တောင်ကို အရင်သွားတာ ပိုအဆင်ပြေတာမို့ တန်ကြည့်တောင် ကို ကူးတဲ့ လှေဆိပ်ကလည်း ဗူးဘုရားနားမှာ ရှိပါတယ်.. ဟိုဘက်ကမ်းမှာ တောင်ပေါ်တတ်တဲ့ကားတွေရှိတာမို့ အဆင်ပြေပါတယ်.. ကားဂိတ်မှာ တစ်ခါသုံး Mask ရောင်းနေတဲ့ အဘိုးကြီးတွေ ဈေးသည်တွေ ရှိပါတယ်.. အေးချမ်းကတော့ သနားလို့ တစ်ထုတ်လုံးဝယ်လိုက်တာ တောင်ပေါ်တတ်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်.. လမ်းမှာဖုန်တွေချည်းမို့လို့ပါ.. အဲ့ က အပြန်မှာ ကျန်တဲ့ ဘုရား သုံးဆူ ကို အေးဆေးဖူးလို့ရပါတယ်...

စွယ်တော်လေးဆူ
ရှင်အရဟံ အကြံပေးချက်ကြောင့် အနော်ရထာမင်းကြီး ကောင်းမှု နဲ့ စွယ်တော် လေးဆူသမိုင်း ကြီး ပေါ်ထွက်လာတာပါ.. ရွှေစည်းခုံ လောကနန္ဒာ တုရင်တောင် တန့်ကြည်တောင် တို့က စွယ်တော်လေးဆူ ဆိုတာ အားလုံးသိကြပါတယ်..
ရွှေစည်းခုံ
အနော်ရထာမင်းအဓိဋ္ဌာန်နဲ့ လွှတ်လိုက်တဲ့ ဆင်ဖြူတော်က ပုဂံ အရှေ့မြောက် အရပ်မှာ ၀ပ်လို့ စွယ်တော် ဋ္ဌာပနာပြီး စေတီတည်လို့ ရွှေစည်းခုံ စေတီတော်ကြီး ပေါ်ထွက်လာပါတယ်.. အနော်ရထာမင်းကြီး ရွှေစည်းခုံ တည်နေတုန်း နတ်ရွာစံ သွားလို့ ကျန်စစ်သားမင်း ဆက်တည် တယ်လို့ တစ်ချို့ကဆိုပေမယ့် တစ်ချို့ကလည်း အနော်ရထာမင်းတည်ပြီးလို့ ကျန်စစ်သားမင်းက အပြင်ဘက်က တစ်ထပ် ထပ်ငုံပြီးတည် တယ်လို့ ပြောကြပါတယ်.. ရွှေစည်းခုံ ဘုရားရောက်ပြီဆို ကလေး ဂိုက်လေးတွေ ကတော့ တိုးဝှေ့ပြီး သူ့ခေါ်ပါ ငါ့ခေါ်ပါနဲ့ အတင်းလုတာ ထုံးစံပါ.. အေးချမ်းလည်း ကလေး တစ်ယောက် ကို ရွေးပြီးမှ ဂိုက်လုပ်ခိုင်း ရှင်းပြခိုင်းပါတယ်.. အဓိက အချက်က အံ့ဖွယ်ကိုးပါးပါ..
၁။ ထီးတော်သည် အလွန်တရာကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း
၂။ တံတိုင်းအပြင်ဘက်သို့ အရိပ်မထွက်ခြင်း
၃။ အထက်ကြာလန်က ပစ်ချသော ရွှေလောင်းစက္ကူ တံတိုင်းအပြင်ဘက်သို့ လွင့်မသွားခြင်း
၎။ ပရိသတ်မည်မျှလာသော်လည်း တံတိုင်းအတွင်း ချောင်ချောင်ချိချိနေရခြင်း
၅။ တန်ဆောင်မုန်းလပြည့် ပွဲတော် အခါ ပထမ သပိတ်တော် ထဲ မည်သူမျှ ဆွမ်းဦးအောင် မတင်နိုင်ခြင်း
၆။ တစ်ဖက်မှတီးသော စည်သံ ကို တစ်ဖက်မှမကြားရခြင်း
၇။ အဝေးကကြည့်လျှင် ကုန်း အရံတွင်းရောက်လျှင် ကျင်းသဖွယ် ထင်မှတ်ရခြင်း
၈။ မိုးသည်းထန်စွာ ရွာသော်လည်း စေတီရင်ပြင် ပေါ် ရေမတင်ခြင်း
၉။ စေတီတော် အရှေ့တောင်ထောင့်ရှိ ချရားပင်သည် ဆယ့်နှစ်ရာသီ ပွင့်ခြင်းတို့ ဖြစ်ပါတယ်...
အေးချမ်း ပထမတစ်ခေါက် ပုဂံ သွားလို့ တစ်နှစ်မပြည့်ခင် မှ နောက်တစ်ခေါက် ထပ်ရောက်ပါတယ်.. အဲ့ဂိုက်လေး အကျိုးကျေးဇူးကြောင့်လား မပြောတတ်ဘူး.. သူက မကြီး နောက်တစ်ခေါက် ပုဂံ ပြန်လာချင်ရင် ဒီ ရဟန္တာ ဆင်းတုတော် မှာ ပါလာတဲ့ လက်ကိုင်ပုဝါလေးနဲ့ ထိပြီးဆုတောင်းတဲ့.. အေးချမ်းက ယပ်တောင် ပဲ ပါလာတော့ ယပ်တောင်လေးနဲ့ ထိပြီး ဆုတောင်းပါတယ်... နောက် 7လ လောက် ကြာတော့ ထပ်ရောက်ပါတယ်..စာဖတ်သူတွေ အတွက် information လေးပါ.. အေးချမ်းက ဘယ်ထောင့်လဲ ဆိုတာမမှတ်မိလို့ တောင်းပန်ပါတယ်ရှင့်..

လောကနန္ဒာ
လောကနန္ဒာဘုရား ကို ရောက်ပြီဆို စိတ်ကြည်နူးခြင်း ဖြစ်ရပါတယ်.. မြစ်ကမ်းပါး ပေါ် တည်ထားတာမို့လိုပါ.. လောကနန္ဒာ စေတီ က မကြီးလွန်း မငယ်လွန်းသော စေတီ အမျိုးအစားပါ.. ဘယ်လောက်ပဲ မြစ်ရေတိုက်စားစား လောကနန္ဒာ စေတီ ကမ်းပါး ကတော့ မပါသွားဘူးလို့ ပြောစမှတ်ပြုကြပါတယ်... လောကနန္ဒာစေတီ က ထွက်ရင်တော့ ဂင်းနစ်စံချိန်ဝင် ရွှေဇီးကွက် နေခဲ့တဲ့ နေရာကို ရောက်ပါတယ်..

တုရင်တောင်
တုရင်တောင် က ပုဂံသမိုင်း မှာရော ပုဂံ သာသနာ သမိုင်း မှာရော အရေးပါခဲ့တဲ့ နေရာတစ်ခုပါ... အလောင်းစည်သူမင်းကြီး ငါမအိုသေးဘူး လို့ မြင်းစီး အစွမ်းပြတဲ့ နေရာလည်း ဖြစ်သလို ရှင်အရဟံ ပရိနိဗ္ဗာန် စံ တဲ့ အချိန် တောင်ခြေမှာ အန္တိမဈာပန ပြုလုပ် တဲ့နေရာလည်း ဖြစ်တယ်လို့ ပြောကြပါတယ်. နောက်ပြီး ရွှေစည်းခုံ စေတီတော်ကိုလည်း တုရင်တောင် က ကျောက်တွေနဲ့ တည်ခဲ့တယ်လို့ ပြောကြပါတယ်..

တန့်ကြည်တောင်
တန့်ကြည်တောင် စေတီ က လှေဆိပ်က နေ သဘောင်္နဲ့ ကူး ဟိုဘက်ကမ်းရောက်ရင် ကားနဲ့တတ် ဆိုတော့ သွားရသူတွေ နည်းနည်း တော့ ကသီ တာပေါ့နော်.. ဒါပေမယ့်လည်း ကိုယ့်စိတ်ထဲမှာ ဆုတောင်းပြည့်ဖို့ရော.. စွယ်တော်လေးဆူ တစ်ခါတည်းဖူးရမယ်ဆိုတဲ့ စိတ်နဲ့ဆိုတော့ ပင်ပန်းတယ်မထင်ရပါဘူး.. တောင်ပေါ်တတ်လမ်းက ဖုန်နည်းနည်းထတတ်ပြီး နေပူပါတယ်.. အေးချမ်း အပေါ်မှာပြောခဲ့သလို Mask လေးဆောင်သွားပါလို့... အဆင်းရော အတတ်ရော ကားက တစ်ခါတည်းစောင့်ပေးလို့ အဆင်ပြေပါတယ်..

စွယ်တော်လေးဆူ ဖူးရင် 12နာ၇ီ မကျော်ရဘူး.. တစ်ဆုတည်း တစ်ပုံစံတည်းသော ဆွမ်းနဲ့ ပန်း ကပ်ရမယ် ဆိုတာ ဗုဒ္ဓဘာသာ ဗမာလူမျိုး တိုင်း သိကြတဲ့ အလေ့အထတစ်မျိုးပါ..

ငှက်ပစ်တောင်
ညောင်ဦးမြို့ရဲ့  အေ၇ှ့တောင်ဘက် မိုင်ဝက်ခန့်မှာ ရှိပါတယ်.. တောင်လို့ ပြောပေမယ့် ပေ 20 သို့ 30လောက်ပဲ မြင့်တဲ့ တောင်ကုန်းပါ.. ပုဂံ ပြည်မှာ အရှေ့မျက်နှာ ရှိ ၀က်ကြီးတစ်ကောင်၊ အနောက်မျက်နှာရှိ ငှက်ကြီးတစ်ကောင်၊ တောင်မျက်နှာ ရှိ ကျားကြီးတစ်ကောင်၊ မြောက်မျက်နှာရှိ ရှူးပျံကြီး တစ်ကောင် သောင်းကျန်းလို့ ဒီထဲက အဆိုးဆုံးဖြစ်တဲ့ ငှက်ကြီး ကို စောထီး က သုတ်သင်တဲ့ နေရာပါ.. သမီးကညာ ခုနှစ်ဦး ကို တစ်ပတ် တစ်ခါ အစာအဖြစ် ဆက်သရလို့ စောထီး က ကယ်ပေးတဲ့ နေရာလည်း ဖြစ်ပါတယ်.. ငှက်ပစ်တောင် မှာဆို ဥမင်တွေ ရှိကြပြီး အဲ့ထဲကမှ မြားသဥမင် သမီးဝှက်ဥမင်လောက်ပဲ ၀င်လို့ရပါတယ်.. သမီးဝှက်ဥမင်မှာဆို တခြားဂူကိုဖောက်ထားတဲ့လမ်းတွေရှိတယ်လို့ပြောပါတယ်.. ဘုန်းကြီးလေးတစ်ပါး ၀င်ပြီး ပြန်ထွက်မလာဘူးလို့လည်း ဦးလေးကြီးတစ်ယောက်ရှင်းပြပါတယ်.. ဥမင်တွေအထွက်မှာ ငှက်နှုတ်သီး စိုက်တဲ့ တွင်းကြီးနဲ့ စောထီး မြှားထောက်တဲ့ နေရာ လည်းရှိပါတယ်..

အဲ့နားမှာပဲ ရှင်အရဟံ သီတင်းသုံးခဲ့တဲ့ ကျောင်းရှိပါတယ်.. အေးချမ်းတို့ သွားတုန်းက တော့ ရှေးဟောင်းသစ်သားတိုင်ကြီးတွေ ဆွေးနေလို့ ပြန်ပြင်နေပါတယ်.. ဒါကလည်း ရှေ့ဆက် ထိန်းသိမ်းမှုမရှိရင် ရှင်အရဟံ ကျောင်း အတွက် စိုးရိမ်စရာပါ.. ပုဂံ ဗုဒ္ဓသာသနာ ထွန်းကား တာ ရှင်အရဟံ က စခဲ့လို့ ရှင်အရဟံ ကျောင်းကြီးသာ ထပ်ပြီး ထိန်းသိမ်းမှုမရှိရင် ရှေ့ဆက် ရင်လေး ဖို့ကောင်းပါတယ်..

'အနုမှာ အာနန္ဒာ ၊ အမြင့်မှာ သဗ္ဗညု ၊ ထုမှာ ဓမ္မရံ' ဆိုပြီး ဆိုရိုးရှိလို့

အာနန္ဒာ သဗ္ဗညု ဓမ္မရံကြီး ဘုရားတို့က ပုဂံ ရဲ့ ထင်ရှာတဲ့ဘုရားတွေ ထဲ အပါအ၀င်ဖြစ်ပါတယ်..

အာနန္ဒာ
ကျန်စစ်သားမင်းကြီးကောင်းမှု နဲ့ တည်ထားတဲ့ လှိုဏ်ဂူပုံစံ စေတီတော် ဖြစ်ပါတယ်.. ပုဂံပြည်ကို ရောက်လာတဲ့ ရဟန်းတော် ရှစ်ပါး သီတင်းသုံး ဆွမ်းလုပ်ကျွေးဖို့ တည်ခဲ့တယ်လို့လည်း ပြောကြပါတယ်.. ရဟန်းတော်များက ကျန်စစ်သားမင်းကြီး ကို သြရိသပြည် ဥတ္တရဂိရိတောင် မှာရှိတဲ့ အနန္တလှိုဏ်ဂူတော် အကြောင်းပြောပြလို့ အဲ့ပုံစံ အတိုင်း စေတီ တည် တယ်လို့ဆိုပါတယ်.. နတ်ရုပ်ကြီးတွေ လူ့အရပ်ထက်ကျော်လွန်ကြီးမားတဲ့ တံခါးတွေ အရပ်လေးမျက်နှာ မှာရှိတဲ့ မတ်ရပ်ရုပ်ပွားတော်ကြီး တွေ အတွင်းနံရံများ အမိုးမျက်နှာကြက်က ပန်းချီတွေက အာနန္ဒာ ဂူကျောင်း ကို ထင်ရှားပေါ်လွင်အောင် ဖော်ပြထားပါတယ်... ပန်းချီတွေကတော့ အခုချိန် ပျောက်ကွယ်လုနီးပါးဖြစ်နေလို့ ၀မ်းနည်းဖို့ကောင်းပါတယ်

သဗ္ဗညု
အချိုးအစားလည်းကျ ၊ ဥာဏ်တော်လည်း မြင်လို့ သဗ္ဗညု ဘုရားကို ဥာဏ်တော် အမြင့်ဆုံးထဲမှာ ထည့်သွင်းကြပါတယ်. ဘုရားဒါယကာ ကတော့ အလောင်းစည်သူမင်းကြီး ပါ.. အဝေးကနေလှမ်းကြည့်ရင် အရင်ဆုံး ထင်းထင်းကြီး မြင်ရတဲ့ ဘုရားက သဗ္ဗညု ပါ... အရင်ကတော့ ဘုရားပေါ် ကိုတတ်လို့ရပေမယ့် အခုတော့ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးမှာစိုးလို့ ပေးမတတ်တော့ပါဘူး...

ဓမ္မရံကြီး
ပုဂံ ဘုရားတွေ အားလုံး ထဲကမှ အေးချမ်းစိတ်အ၀င်စားဆုံးက ဓမ္မရံကြီးပါ.. ဘုရားပရ၀ုဏ် ထဲ ၀င်သွားတာနဲ့ စိတ်ထဲ တစ်မျိုး ဖြစ်သွားတာ ဓမ္မရံကြီးပါ.. ထုထည်မှာကြီးမားလွန်းလို့ ထုမှာဆို ဓမ္မရံလို့ ပြောစမှတ်တွင်ကြပါတယ်.. ဘုရားထဲဝင်တဲ့အချိန်ကလည်း ညနေစောင်း ဆိုတော့ စိတ်ထဲမှာ နည်းနည်းတော့ ခြောက်ခြားပါတယ်.. ဒီလို ရှေးဟောင်းဘုရား ကျောင်း အများစု ကတော့ ခြောက်ခြားစေတဲ့ အငွေ့အသက် ရှိပါတယ်.. အလောင်းစည်သူမင်းကြီး ရဲ့ သားတော် နရသူ က တည်တဲ့ ဘုရားကြီး ဖြစ်ပါတယ်.. ဘုရင်တွေထဲမှာ အရက်စက်ဆုံး လို့ နာမည်တွင်လို့ ဓမ္မရံကြီး ဘုရားမှာလည်း ရက်စက်တဲ့ အငွေ့အသက်မျိုးထင်ဟပ်နေပါတယ်.. ဆောက်လုပ်တဲ့သူတွေ က ဘုရင် ကို ကြောက်တဲ့စိတ်ကြောင့် စေ့စပ်သေချာလွန်းလို့ ဆောက်တဲ့အချိန် မှာ အုပ်တွေကြားထဲ အပ်ထိုးလို့မရအောင် စိစပ်သေချာအောင် ဆောက်ခဲ့တယ် ပြောပါတယ် အပ်ဝင်သွားရင်လည်း ဆောက်တဲ့ ဗိသုကာပညာရှင် ကို ကွပ်မျက်တယ်လို့ ပြောပါတယ်.. မကောင်းတဲ့ ဘုရင် ကြီးစိုးတဲ့အချိန် မှာ တည်ခဲ့တဲ့ ဘုရားမို့လို့ အခြားဘုရားတွေလို ထုထည်ကြီးမား ပြီး မြင့်နေ ပေမယ့် အာနန္ဒာ သဗ္ဗညု ဂေါတော့ပလ္လင် တို့လို့ ကြည်ညိုဖွယ်အသွင်မဆောင်ပါဘူးတဲ့.. ဒါပေမယ့်လည်း အထဲမှာ ပူဇောထားတဲ့ ရုပ်ပွားတော်တွေကတော့ သပ္ပာယ်ဖို့ကောင်းပါတယ်.. ဘုရားထဲမှာ လင်းနို့ တွေ အများကြီး ရှိတာမို့ အသက်ရှုကြပ်တတ်တဲ့သူတွေ အတွက် တော့ အဆင်ပြေမှာမဟုတ်ပါဘူး.. အေးချမ်း ဆို လင်းနို့ကြောက်လို့ အထဲသိပ်မ၀င်ပါဘူး.. အထဲမှာ ဘုရားကျောင်းအောက်ထဲ အတွင်းထဲ ၀င်တဲ့ အပေါက်ငယ်လေးတွေ ရှိပေမယ့် အခုချိန်မှာ မသမာ သူတွေ လက်ချက် ကို စိုးရိမ်လို့ ပိတ်ပစ်လိုက်ပါပြီ... ထုထည်ကြီးမားတဲ့ ဓမ္မရံကြီး က လျို့ဝှက်စရာတွေ တော့ ပြည့်နေတာအမှန်ပါ...

ညနေပိုင်း Sunset ကြည့်ဖို့က ရွှေဆံတော်စေတီ က ကြည့်တဲ့သူများပါတယ်.. တက်ရတာ မက်စောက်ပြီး လှေကားက အခန့်မသင့်ရင် ချော်ကျတတ်ပါတယ်.. ဒါပေမယ့် အပေါ်ရောက်ရင်တော့ တကယ် ကို လှတဲ့ View ကို မြင်ရပါတယ်... ပုဂံ ရဲ့ အလှဆုံး အချိန်ကလည်း ညနေပိုင်း နေ၀င်ရီတရော အချိန်ပါ... ဆိတ်သုန်းသွားတဲ့ မြို့တော်ကြီး နဲ့ ဘုရားပျက်တွေ က ညနေပိုင်း မှာ ပိုမိုပေါ်လွင်နေပါတယ်.. Sunset , Sunrise ကြည့်ဖို့အတွက်တော့ ဟိုတယ်တွေမှာ အချိန် လေးတွေ ပြထားပါတယ်... ဘယ်လမှ ဘယ်အချိန်ကြည့်ပါ ဆိုပြီးတော့ပေါ့နော်...
ပုဂံမှာ ထင်ရှားတဲ့ဘုရားတွေအများကြီးပါ... ပုဂံ ပြတိုက် ရှေ့တည့်တည့် မှာ ဘုရားတစ်ဆူရှိပါတယ်... ငလျင်လှုပ်လို့ ကွာကျရာက အတွင်းထဲမှ ဘုရားတစ်ဆူ ထွက်လာတာပါ...
နောက်ပြီး ဆပ္ပဒ စေတီ က ညောင်ဦး မြို့ထဲမှာရှိပါတယ် လူသိပ်သတိမထားမိတဲ့ စေတီတစ်ဆူပါ.. ယာဉ်သွားလမ်းကြောင်းနဲ့ လူသွားလမ်း ပေါ်မှာရှိလို့ ခရီးသွားတွေ အတွက် သိရအောင် ပြောပြပေးတာပါ... ညောင်ဦးအထွက်လက်ယာဘက်ကပ်လျက် ညောင်ဦး ကျောက်ပန်းတောင်း ကားလမ်းဘေးမှာ ရှိပါတယ် ... နှစ်ပေါင်း 900ကြာပြီဖြစ်တဲ့ ရှေးဟောင်းစေတီတစ်မျိုး ပါ..

သရပါ ကတော့ လူတိုင်းသိကြတဲ့ ပုဂံ မြို့ဝင်တံခါး ကြီး ဖြစ်ပါတယ်... အဲ့နားက ထမင်းဆိုင်လေးကလည်း နာမည်ကြီး ပါ... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာစားလို့ ဆိုပြီး တောင် နာမည်ကြီးသွားပါသေးတယ်.. လမ်းဘေး သစ်ပင်ကြီး အောက် ဖွင့်ထားတာပါ... သရပါ လေး လို့ လူသိများပါတယ်... နေ့လည် 12 နာရီ ဆို အလှူပေးသလို စည်ကားနေတာပါ... ပန်းကန်ထဲမှာ ဆိတ်သားလုံးကြော် 5 လုံးလောက်ထည့်ထားပေမယ် တစ်လုံး ပဲ စားတယ် ဆို တစ်လုံးစာပဲယူပါတယ်... အဲ့လို စေတနာ ကောင်းကောင်းနဲ့ ရောင်းပေးလို့လည်း အဲ့လို နာမည်ကြီးတာပါ...

အေးချမ်း ကျန်နေတဲ့ အခြားထင်ရှားတဲ့ ဘုရားတွေရေးပေးချင်ပေမယ့် စာဖတ်သူတွေ အတွက် အရမ်းရှည်သွားမှာစိုးလို့ နောက် အချိန်ရရင် ထပ်ရေးပေးပါ့မယ်...

ဓါတ်ပုံတွေ က Bagan Website ထဲက ကူးယူဖော်ပြထားတာပါရှင့်
အခုရေးထားတဲ့ ဘုရားသမိုင်းအချို့က ဆရာ ပါရဂူ ရဲ့ ပုဂံ ခရီးသည် စာအုပ်ထဲမှ တစ်စိတ်တစ်ပိုင်း ကူးယူဖော်ပြထားတာပါ..
ပုဂံ အကြောင်းကို ရေးပြဖို့အတွက် အေးချမ်း မှာ အဲ့လောက် အသိပညာ မပြည့်စုံ သေးလို့ပါဗျ...
ကျေးဇူးအထူးတင်ရှိပါတယ်ဗျ.. :)
credits!

08/10/2019

ဒီလို ခရီးသွားရတာကြိုက်နှစ်သက်တဲ့သူတေရှိလားဗျ
ခရီသွားချင်သူတေအတွက်ကျနော်တို့ TKL Car Rental Service မှ ဈေးနှုန်းသင့်တင့်ပြီး သန့်ရှင်းလှပတဲ့ကား
စိတ်ချရသောကားဆရာများနှင့် သင်တို့စိတ်တိုင်းကျ
ဝန်ဆောင်မှုပေးနေပါပြီ..........😊
ခရီးထွက်ဖို့စဉ်းစားထားပြီးကားလိုအပ်ရင်တော့
ကျနော်တို့ TKL Car Rental Service ကိုဟလိုလိုက်ပါ📞📱☎☎

Photos from TKL Car Rental Service's post 01/10/2019

သီတင်းကျွတ်၊တန်ဆောင်တိုင် ပိတ်ရက်ရှည်များမှာ မိတ်ဆွေတို့ရဲ့ အပန်းဖြေခရီးစဉ်များအတွက် ကျွန်တော်တို့ TKL Car Rental service မှလူကြီးမင်းတို့လိုအပ်သော ကားများနှင့်
အထူးသင့်တော်သောနှုန်းထားများ၊စိတ်ရှည်သည်းခံသော driver များ၊ကောင်းမွန်သောဆက်ဆံရေးများနှင့် ဆောင်ရွက်ပေးပါရစေ

ဆက်သွယ်ရန်
09973966205
09425288891

Want your business to be the top-listed Transport Service in Kamayut?
Click here to claim your Sponsored Listing.

Website

Address


4th Floor, 11 Street, Chaungwa, Hlaing Town Ship
Kamayut