GHEC

GHEC

Share

Private Middle School

10/09/2026

ကျောင်းဖွင့်စရက် ပထမဆုံးနေ့မှာ
ဆရာမဟာ
အတန်းထဲကတပည့်အားလုံးကို
ချစ်တယ်လို့ပြောလိုက်တယ်။

ရက်အနည်းငယ်ကြာလာတဲ့အခါ
တယောက်ထဲနေပြီးအဝတ်အစားတွေညစ်နေတဲ့ကလေးလေးကိုကြည့်မရဘူး။
ချစ်လို့လဲမရပဲအမြင်ကပ်နေတယ်။

ထိုကလေးရဲ့အဖြေလွှာတွေမှားပြီဆိုတာနဲ့
ကျရှုံးသည်Fail "F" ဆိုတဲ့စာလုံးကြီးကို
အကြီးကြီးရေးပေးလေ့ရှိတယ်။

ပြီးခဲ့တဲ့နှစ်က ကလေးသင်ခဲ့ရတဲ့ဆရာတွေက
ကလေးအပေါ်ပေးထားတဲ့
မှတ်ချက်တွေကိုမေးကြည့်တယ်။

၁-ပထမတန်းဆရာမ
ကလေးကဉာဏ်ကောင်းတယ်။ရယ်မောပျော်ရွှင်နေတတ်ပြီးသပ်ရပ်သန့်ရှင်းတယ်။အများကိုကူညီတတ်တယ်။

၂-ဒုတိယတန်ဆရာမ
ကလေးကတော်တယ်။အတန်းဖော်တွေခင်ကြတယ်။သူ့အမေကျန်းမာရေးချူချာလာလို့ကျောင်းပျက်များပြီးစာညံ့လာတယ်။

၃-တတိယတန်းဆရာ
အမေဆုံးသွားပြီ။ကလေးကစာသင်ချင်တယ်။အဖေကအားမပေးဘူး။ကလေးဗျာများနေရတယ်။

၄-စတုတ္ထတန်းဆရာ
စာစိတ်မဝင်စားတော့ဘူး။သူငယ်ချင်းမရှိတော့ဘူး။အတန်းထဲမှာအိပ်ပဲနေတယ်။စာမလုပ်လိုဒဏ်ပေးခံရတယ်။

ဆရာမ
ကလေရဲ့ပြဿနာကိုသိသွားပီ။
ကြည့်မရဖြစ်ခဲ့တာတွေအတွက်နောင်တတွေရနေပြီ။

ကလေးတွေက
ဆရာကန်တော့ပွဲမှာ
လက်ဆောင်လေးတွေပေးကန်တော့ကြတယ်။

ထိုကလေးက
ကျောက်တွေထွက်နေတဲ့ဆွဲကြိုးလေးရယ်
ရေမွှေးပုလင်းဟောင်းလေးရယ်ပေးတယ်။
တခြားကလေးတွေကလှောင်ရယ်ပေမယ့်
ဆရာမက
ဆွဲကြိုးဝတ်ပြီးရေမွှေးဆွတ်လိုက်တယ်။

ညနေကျောင်းဆင်းကလေးမပြန်ဘူး။
ဆရာမအနားလာပြီး
မေမေ့ကိုယ်နံ့လေးရလို့အနားလာဝာာပါလို့ပြောတယ်။

ဆရာမငိုလိုက်တာ။
ကလေးရဲ့ဆရာမ နောင်တတွေရပြီ။

ကလေးကိုဂရုစိုက်လိုက်တာ
အတော်ဆုံးကျောင်းသားဖြစ်ပြီး
နောက်ဆုံးမှာဆရာဝန်ဖြစ်သွားတယ်။

တနေ့မှာဆရာမဆီစာလာတယ်။
"ဆရာမဟာကျွန်တော်တွေ့ဖူးသမျှထဲမှာအတော်ဆုံးဆရာမပါတဲ့"
အဖေဆုံးသွားပါပြီ။
ကျွန်တော်မင်္ဂလာဆောင်တော့မှာမို့
အမေ့ကိုယ်စားတက်ရောက်ဖို့ဖိတ်ပါတယ်။

ဆရာမဟာ
ကလေးပေးထားတဲ့
ကျောက်ထွက်နေတဲ့လည်ဆွဲရယ်၊
ဒီတ်ကုန်သော်လည်း
အနံ့ရှိသေးတဲ့ရေ‌မွှေးရယ်စွတ်ပြီးပွဲတက်ခဲ့တယ်။

ဆရာဝန်လေးဟာ
မျက်ရည်အဝဲသားနဲ့
ဝမ်းသာကြည်နူးပြီးကြိုရှာတယ်။

ဆရာဝန်လေးကပြောတယ်။
"ဆရာမက
ကျွန်တော့ဘဝကိုယုံကြည်ခဲ့လို့
ခုလိုဘဝရခဲ့တာပါ"

"မဟုတ်ဘူး"

"မင်းကငါ့ကိုပြောင်းလဲပေးခဲ့တာပါ။
မင်းကြောင့်သာ ငါ ကလေးတွေအပေါ်ပိုပြီးနားလည်ခဲ့တာပါ" လို့ဆိုလိုက်ပါတယ်။

ဇာတ်လမ်းလေးဟာ
ကြညနူးစွာဖြင့်ဇာတ်သိမ်းခဲ့ပါပြီး။

ကျွန်မတို့စာသင်ခန်းထဲမှာရော
ထိုကလေးမျိုး ထိုဆရာမျိုးတွေ
ရှိနေကြလား။

မိဘနှင့်ဆရာတို့
ကလေးတစ်ယောက်ဟာဆိုးတယ်၊မလိမ်မာဘူး၊စာမကြိုးစားဘူးဆိုရင် အပြစ်မမြင်ပဲ
#ဘာ့ကြောင့်ဒီလိုပြုမူရတာလဲဆိုတဲ့အဖြေကိုရှာတတ်အောင်ကြိုးစားဖို့မိမိကိုယ်ကိုလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။

လုပ်သင့်တာလား။
နိုး..................
မဖြစ်မနေလုပ်ရမှာနော်။

Must do

Photos from GHEC's post 29/07/2026

ဆရာ၊ဆရာမတွေနဲ့အတူ ... ငှက်ပျောပင်တွေစိုက်ခဲ့ကြပြီ
ပူပေါင်းပါဝင်ပေးကြလို့ကျေးဇူးပါတီချယ်တို့

17/06/2026

ဖေဖေမေမေတို့ ဘေဘီလေးတွေကို ဂရုစိုက်ပေးကြပါနော်
ကလေးကို ဆရာက စတင်သင်ကြားပေးလိုက်တာနဲ့ အားလုံးပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။
ကျောင်းမှာ ဆရာက လမ်းညွှန်ပေးပြီး အခြေခံကို သင်ပေးနိုင်ပေမယ့် အိမ်မှာ မိဘရဲ့ အားပေးမှုနဲ့ ပြန်လည်လေ့ကျင့်ပေးမှုကလည်း အရေးကြီးပါတယ်။
မိဘက ပြန်မလုပ်ပေး၊ ပြန်မလေ့ကျင့်ပေးဘူးဆိုရင် ကလေးဟာ သင်ယူထားတာတွေကို မေ့လျော့လွယ်ပြီး တိုးတက်မှုလည်း နှေးကွေးနိုင်ပါတယ်။
နေ့စဉ် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ အချိန်ပေးပြီး ကလေးနဲ့အတူ စာပြန်ကြည့်ပေးခြင်း၊ မေးခွန်းလေးတွေ မေးပေးခြင်းက ကလေးရဲ့ ယုံကြည်မှုနဲ့ သင်ယူမှုစွမ်းရည်ကို ပိုမိုတိုးတက်စေပါတယ်။
"ဆရာနဲ့ မိဘ ပူးပေါင်းတဲ့အခါ ကလေးရဲ့ အောင်မြင်မှုက ပိုမိုခိုင်မာလာပါတယ်။"🥰

Photos from GHEC's post 14/06/2026

✨GHEC ကိုယ်ပိုင်အလယ်တန်းကျောင်းမိသားစု
✨ဆွမ်းကပ်လှူဒါန်းပွဲ
📍မဟာဝိသုဒ္ဓါရုံကျောင်းတိုက်

Photos from GHEC's post 24/05/2026

📚✨ ကျောင်းအပ်နှံရေးနှင့် ကျောင်းအပ်လက်ခံခြင်းမှတ်တမ်း
22.5.2026 တွင်ပြုလုပ်ခဲ့သော ကျောင်းအပ်နှံရေးနှင့် ကျောင်းအပ်လက်ခံခြင်းနေ့မှာ မိဘများနှင့် ကျောင်းသား/သူများကို နွေးထွေးစွာ ကြိုဆိုခွင့်ရတဲ့အတွက် အထူးဝမ်းသာရပါတယ်။

ယုံကြည်စွာ ရွေးချယ်ပေးကြသော မိဘများအား ကျေးဇူးအထူးတင်ရှိပြီး၊ ပညာရေးခရီးလမ်းသစ်ကို အတူတကွ စတင်လျှောက်လှမ်းမည့် ကျောင်းသား/သူများအားလုံးကိုလည်း နှလုံးသားအပြည့်ဖြင့် ကြိုဆိုလိုက်ပါသည်။ 🌿

ပျော်ရွှင်အောင်မြင်ရတဲ့ စာသင်နှစ်သစ်တစ်နှစ် ဖြစ်ပါစေ။ 💛

10/04/2026

A wonderful day at school celebrating pre Water Festival together.💦🤍💛
Family Summer #

26/03/2026

GHEC Tr. တွေရဲ့ Thingyan Energy
ပျော်ရွှင်မှုအပြည့်နဲ့ကကြပြီနော်💃

19/03/2026

အထက်တန်းတွေ ရောက်မှ သိန်းရာချီအကုန်ခံ ထားလိုက်တော့မယ်... ဆိုတာမျိုး..မလုပ်စေချင်ပါဘူး။

ပံ့ပိုးပေးနိုင်ရင်.. ငယ်တည်းကပံ့ပိုးပေးပါ။

ပံပိုးဖို့ရာအခက်အခဲ..ဖြစ်နေတယ်ဆိုရင်လဲ

အင်္ဂလိပ် နဲ့သင်္ချာကိုတော့...အခြေခံပိုင်းကအစ..စနစ်တကျ..ကောင်းအောင်

ထားသင့်တာ အပ်သင့်တာ အပ်ပေးစေချင်တယ်။

Solid Foundation လို့ခေါ်တဲ့ အရေး အဖတ် အတွက်အချက်ပိုင်းတွေ...နိုင်နင်းနေမှရပါမယ်။

မဟုတ်ရင် ကလေးက ၅/၆ တန်းရောက်နေပြီ..နည်းစနစ်မှန်မှန်....မရေးတတ်ဘူး ...တစ်ချို့ဆိုကူးရေးတတ်ဖို့တောင်ခက်ခဲနေတတ်ကြပါတယ်။

မိဘက ထားပေးတယ် လက်ရေးကမကောင်း စာလည်းမနိုင်ဆို ....တစ်ခုခုလွဲနေတာပါ​။

အတန်းငယ်ချိန်ကစပြီး ဂရုမစိုက်မိခဲ့ရင်...အတန်းကြီးလာတဲ့အခါ..ပိုဆိုးလာတော့မယ်။

ကလေးအရေအတွက်ကန့်သတ်ထားတဲ့နေရာမျိုးကိုရွေးချယ်သင့်ပါတယ်။

ကလေးနည်းတော့ ဘာရေးနေတာ ဘာလုပ်နေတာက အစ....ဆရာ/ဆရာမတွေ ကမြင်နိုင်ပါတယ်။

ကလေးကို ငယ်စဥ်ကတည်းက ပံ့ပိုးပေးဖို့လိုပါတယ်။ကလေးကိုပံပိုးတယ်ဆိုတာ....ကလေးလိုချင်တာ ဝယ်ပေးတာ မျိုး၊ဖုန်းကိုစိတ်ကြိုက်ပေးသုံးတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။

သူ့အရွယ်နဲ့သူ ကျောင်းစာနဲ့ပတ်သက်တာမျိုးအပြင်..extra သင်ရိုး၊ကျန်တဲ့လေ့လာသင်ယူထားသင့်လို့ထင်တာလေးတွေကို..လေ့လာစေဖို့..လမ်းညွှန်ပေးသင့်ပါတယ်။

အားတဲ့အချိန်လေးတွေမှာ..စာဖတ်တဲ့အလေ့အကျင့်လေးတွေလဲလုပ်ပေးနိုင်ရင်...ကလေးတွေအတွက်အကျိုးရှိစေပါတယ်။

ကလေးကိုခွဲခြားသိနေအောင် .....လမ်းညွှန်ပေးသင့်တယ်လို့ အကြံပေးပါရစေ။

ကျေးဇူးတင်ပါတယ်။

Photos from GHEC's post 09/03/2026

GHEC ရဲ့နွေးထွေးသောမိတ်ဆုံစားပွဲလေးနှငိ့ပျော်ရွှင်ဖွယ်အမှတ်တရအချိန်များ(8/3/2026)

12/02/2026

Founder ဆိုတာ
နောက်ကွယ်ကနေ လုပ်ရတဲ့အလုပ်တွေမှ
အများကြီး။

ဆရာမတွေအတွက် စည်းကမ်းတွေ
သင်ကြားရေးတွေ စီစဉ်ရတယ်။

ကလေးတွေအတွက် သင်ကြားဖို့ အစီအစဉ်တွေ
ရေးဆွဲရတယ်။

ရုံးပိုင်းဆိုင်ရာအတွက် management တွေ
စနစ်ကျဖို့ စီစဉ်ရတယ်။

ကျောင်းအတွက် တောက်တိုမယ်ရ အကုန်လုပ်ရတယ်။

ဒါပေမယ့်ပွဲတစ်ပွဲလုပ်ပြီဆိုတာနဲ့
လူတောထဲထွက်ပြီဆို ပုဝါနှစ်စနဲ့ချလာတော့
အများအမြင်မှာ ဘာမှ မလုပ်သူ
ငွေကြေးကောက်ခံသူ
ဆရာမတွေအပေါ် ဘယ်လိုစသဖြင့်

အချို့ကဝေဖန်ကြတယ်။

ဝေဖန်လည်း ပြုံးပြုံးလေးနေပြီး
စင်ပေါ်တက်ရလေ့ရှိသူက တည်ထောင်သူပါပဲ။

အများအမြင်မသိတာက
သူဘယ်လောက်အထိ လည်ပတ်နေလို့
အဆင်ပြေတာဆိုတာ ခွဲခြမ်းကြည့်တတ်ဖို့လိုပါတယ်။

အချို့ဆို တည်ထောင်သူအချင်းချင်း မိဘကို
အတင်းတုပ်ကြတယ်။ အဲ့ပိုင်ရှင်က ဘယ်လိုစသဖြင့်ပေါ့။
မှားနေတာက ethics ဆိုတာ မသိတဲ့ ပိုင်ရှင်တွေပဲ
ဒီလိုလုပ်လေ့ရှိကြတာ။

တကယ်တမ်းနားလည်သူတွေက
အချင်းချင်းလက်တွဲကြတယ်။
ကူညီကြတယ်။
ဖေးမကြတယ်။

ဘယ်အချိန်မဆို မျှဝေ ကူညီဖြေရှင်းပေးကြတယ်။

ကိုယ်ပိုင်ကျောင်း
ပိုင်ရှင်ဆိုတာ ငွေရှိရုံနဲ့လုပ်နေတာ မဟုတ်ပါဘူး။

အမည်နဲ့ငွေကြေး သိက္ခာ
ဘဝတစ်ခုလုံး ရင်းထားရတာပါ။

လောင်းကစားထက်ဆိုးတဲ့ အလျော်အစားကြီးတဲ့
လုပ်ငန်းကို လုပ်နေရတာပါ။

မူဝါဒမှာ ကျဆုံးတတ်သလို
အမည်ဖျက်မှုမှာလည်း ဘဝတွေပါသွားတတ်ကြတယ်။

အချို့အရာတွေက အပေါ်ယံကြည့်ပြီး ဝေဖန်လို့ရတယ်။
အချို့အရာတွေက မိမိစိတ်ထားကိုပါ ပြင်ပြီးမှ
အကဲခတ်ဆန်းစစ်လို့ရတယ်။

စကားလုံးတစ်လုံးဟာ လူတစ်ယောက်ကိုမြှင့်တင်ပေးနိုင်သလို ရိုက်ချိုးပစ်နိုင်စွမ်းလဲရှိပါတယ်။

ဒါကြောင့်အဆိပ်အတောက်ကင်းကင်းပြီး တစ်ဉီးကိုတစ်ဉီးကူညီတွန်းတင်ပေးတတ်တဲ့ ပတ်ဝန်းကျင်...လုပ်ဖော်ကိုင်ဖက်ကောင်းတွေရှိဖို့အမတန်အရေးကြီးလှပါတယ်။

Category

Website

Address


Kalemyo

Alerts

Be the first to know and let us send you an email when GHEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kalemyo.