TSO Computer

TSO Computer

Share

Welcome to TSO Computer & Accessories

13/08/2025

ဒီ Page လေး ပြန်လည်အသက်ဝင်တဲ့ အထိမ်းအမှတ်နဲ့ Microsoft Surface Laptop 5 လေး အရောင်းတင်လိုက်ပါတယ်...

အရမ်း Fine တဲ့ Premium အထိအတွေ့ကို ခံစားရပါမယ်... တကယ့်ရှားပါးတဲ့ အနက်ပြောင်ကိုမှ အလူမီနီယမ်ဘော်ဒီနဲ့ အလုံးရေကန့်သတ်ပြီးထုတ်ထားတဲ့ Laptop ပါ...

ပေါ့ပါးတဲ့ Touch အထိအတွေ့ဟာ Range တူတဲ့ တခြား Laptop တွေထက် သာလွန်ကောင်းမွန်ပါတယ်... 99% မက သစ်လွင်နေတာမို့ အသစ်အတိုင်းသုံးရပါမယ်...

4,500,000/-

Call - 09750849286
Viber +959400544767

17/03/2018

လက်ရှိ Wifi လိုင်းကို Ooredoo နဲ့ Service ပေးနေခြင်းဖြစ်ပါတယ်။ မကြာခင်မှာတော့ Telenor နဲ့ပါ Dual Service ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

ကလေးမြို့ရဲ့ လက်ရှိအခြေအနေအရ Fiber လိုင်းသုံးဖို့အဆင်မပြေသေးပါ။ မြေအောက်လိုင်း၊ ရေနုတ်မြောင်း၊ လမ်းမီးတိုင်၊ ဖုန်းတိုင် လဲလှယ်ပြုပြင်နေတယ့်အပြင် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လမ်းချဲ့နေတော့ ရှိပြီး Cable လိုင်းတွေ မကြာခဏပြတ်တောက်ခြင်းများ နေ့စဉ်ဖြစ်ပေါ်နေတယ်။ သိပ်မကြာတော့တဲ့အချိန်မှာတော့ အဆင်ပြေသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ယခုထက်ပိုပြီး တည်ငြိမ်မြန်ဆန်သော Wifi လိုင်းဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။

https://www.facebook.com/tsobroadbandwifi/

TSO Broadband WiFi & Fibre Internet Local Internet Service Provider for Kalaymyo & Hakha.

16/03/2018

Data အကန့်အသတ်မဲ့ တစ်လလုံးကြိုက်သလောက်သုံး WiFi တပ်မယ်ဆိုရင် TSO Broadband WiFi - ဖုံး ၀၉၉၆၁၇၀၀၉၉၀ ကို ခေါ်လိုက်ပါ... မိမိလုပ်ငန်းနဲ့သင့်တော်တဲ့ အမြန်နှုန်းအကြောင်း အသေးစိတ်ရှင်းပြပေးပါမယ်...

Photos from TSO Computer's post 01/07/2017

အားသွင်းကြိုး ထပ်ဆောင်ထားစရာမလိုတဲ့ REMAX® Relan 10,000mAh Powerbank... ခိုင်ခံ့တဲ့ဒီဇိုင်းလန်းနဲ့ ပွဲထွက်လာတဲ့ စမတ်ကျကျ Power Bank လေးပါ...

Polymer Battery ကိုအသုံးပြုထားပြီး DC 5V-2.0A အဝင်အထွက်မှန်ကန်အောင် Intelligence Chipset နဲ့ ထိန်းပေးထားပါတယ်... Fast Charging⚡ပါလို့ အားသွင်းမြန်တဲ့အပြင် ABS+PC Alloy Body ကိုယ်ထည်က ပေါ့ပါးခိုင်ခံ့မှု အသားပေးထားလို့ တန်ဖိုးကြီးဖုန်းတွေရဲ့ ဘော်ဒါအဖြစ် ရပ်တည်ပေးပါလိမ့်မယ်...

ပြီးတော့ Powerbank မှာ iPhone နဲ့ Android ဖုန်း နှစ်မျိုးလုံး အားသွင်းလို့ရတဲ့ ကြိုးတစ်ချောင်းပါပြီးသားနော်... နောက်ထပ် USB တစ်ပေါက်ထပ်ပါလာလို့ ဖုန်းတစ်လုံးပါ ထပ်အားသွင်းလို့ရသေးတယ်လေ။

Photos from TSO Computer's post 30/06/2017

iPhone အားသွင်းကြိုးတွေခဏခဏပျက်လို့ စိတ်ညစ်နေလား?
အားသွင်းကြိုး ရွေးရခက်နေပါသလား?

အဲဒီအခက်ခဲအားအလုံးကိုဖြေရှင်းပေးပြီး အားပြည့်သွားတဲ့အခါ Auto Disconnect လုပ်ပေးတဲ့ Hoco မှ U11 Intelligent Power Off Cable လေးကို သုံးကြည့်ပါ...

Black / Neo Green / Sliver / Rose Red ဆိုပြီး အရောင် ၄ မျိူးလာရှိပါတယ်။ ကြိုးရဲ့အရှည် ၁.၂ မီတာအရှည်ထိရှိပြီး Blue breathing indicator light design ရဲ့မီးအပြာရောင်လေးက ဖုန်းအားကိုဖော်ပြပေးပါတယ်...

U11 Cable ၏ထူးခြားချက်ကတော့ အားပြည့်သွားတဲ့အခါ အလိုအလျောက်အားဖြည့်သွင်းခြင်းကိုရပ်ပေးတဲ့ System ကြောင့် မိမိတို့ရဲ့ Mobile Device များကို Battery ထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်…

နောက်ထပ်အားသာချက်ကတော့ Hoco cable ရဲ့ DC Current ဟာဆိုရင် DC5V 2.4A MAX Current အပြည့်စီးတာကြောင့် ဖုန်းများကို လျင်လျင်မြန်မြန် အားဖြည့်သွင်းပေးနိုင်ပြီး Data များကို လျင်မြန်စွာ Share ယူနိုင်သော Cable ကောင်းလေးတစ်ခုဖြစ်ပါတယ်...

Hoco U11 Cable လေးကို Tinned Copper Wire Core လေးနှင့် ပြုလုပ်ထားပြီး အပြင်ပိုင်းကို အလွန်ကျစ်လျစ်သော Zinc Alloy ဖြင့်ပြုလုပ်ထားတာကြောင့် အလွယ်တကူကြိုးပြုတ်ခြင်း၊ ကြိုးခေါက်ခြင်းတို့ လုံးဝမရှိနိုင်ပါဘူး။

6500 Ks.

Photos from TSO Computer's post 27/06/2017

ခရီးထွက်လေ့ရှိတဲ့သူတွေ
Phone/Tablet အသုံးများတဲ့သူတွေ
PRODA ရဲ့ Notebook 30000 mAh က
ကျေနပ်လောက်အောင် ကူညီပါလိမ့်မယ်...
2.1A နှစ်ပေါက်၊ 1.1A နှစ်ပေါက်
စိတ်ကြိုက် အသုံးခံပါတယ်...
သိုလှောင်မှုပမာဏများတော့
အားအပြည့်အတွက်ဆို တစ်နေကုန်တော့
သွင်းထားရလိမ့်မယ်...

Photos from TSO Computer's post 27/06/2017

ROCK Space ထဲက ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတယ်
အရောင်အသွေး ဆန်းသစ်လှပပြီး စွဲဆောင်မှုအပြည့်
အားအပြည့်ပါဝင်တဲ့ P3 Serie 6000mAh
စမ်းသုံးကြည့်ပါ။

Photos from TSO Computer's post 27/06/2017

ခေတ်ဆန်ပြီး အကောင်းဆုံး လူတကာသုံးလေ့ရှိသော Remax မှ Data Cable ကို Jewellery (ရွှေငွေရတနာ လက်ဝတ် လက်စွပ်) ဆွဲကြိုးပုံစံဖြင့် ဖုန်းအားသွင်းကြိုးလေးတွေ Quality ကောင်းကောင်းနဲ့ TSO Computer & Mobile မှာ ဝယ်ယူရရှိနိုင်ပါသည်။

RC 058i (0.5M) iPhone 5/6/7/SE = 8,200 Ks
RC 058m(0.5M) Micro = 7,300 Ks

25/06/2017

iPhone 8 မှာ အပေါက်တစ်ပေါက်တောင် ပါလာဖို့ မသေချာတော့

Apple ရဲ့နောက်ထွက်မယ့် iPhone အသစ်ကို အားသွင်းတဲ့အပေါက်အပါအဝင် အပေါက်တစ်ပေါက်မှ မထည့်သွင်းပဲ ထုတ်လုပ်ဖို့ရှိကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ ပေါက်ကြားမှုတစ်ရပ်အရ iPhone 7s ကို ကျော်ပြီး iPhone 8 အနေနဲ့ ထွက်လာမယ့် ဖုန်းသစ်မှာ လုပ်ဆောင်ချက်သစ်တွေအနေနဲ့ ကြိုးမဲ့အားသွင်းနည်းပညာကို ထည့်သွင်းပြီး ရုပ်ပိုင်းဆိုင်ရာ ကြိုးတွေ ပါဝင်ပတ်သက်မှုကို လုံးဝဖယ်ထုတ်ဖွယ် ရှိနေတာပါ။ [8 မဟုတ်ဘဲ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် iPhone 10 လည်း ဖြစ်လာနိုင်ပါတယ်😋]

Energous ရဲ့ CEO ဖြစ်သူ Steve Rizzone က ဒီအရိပ်အမြွက်ပြောကြားမှုကို ပြောကြားခဲ့တာဖြစ်ပြီး သူ့ကုမ္ပဏီအနေနဲ့ Apple ရဲ့ နောက်ထွက်မယ့် မိုဘိုင်းလ်ပစ္စည်းတွေရဲ့ ကြိုးမဲ့အားသွင်းနည်းပညာကို ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဆိုခဲ့တာပါ။

The Verge နဲ့ အင်တာဗျူးတစ်ရပ်က ပြောကြားချက်အရ Energous ဟာ ကမ္ဘာ့အကြီးမားဆုံး နည်းပညာကုမ္ပဏီတစ်ခုနဲ့ မဟာဗျူဟာမြောက်အဓိကလက်တွဲမှုတစ်ရပ်အတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ဖော်ခဲ့တာပါ။

ဒါပေမယ့် နာမည်ကို ပြောကြားခဲ့ခြင်းမရှိပဲ အားလုံးကတော့ Apple ပဲဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ခန့်မှန်းနေကြပါတယ်။ “ဘယ်သူဆိုတာကိုတော့ ကျွန်တော် မပြောတော့ပါဘူး၊ ဒါပေမယ့် အဲ့ဒီကုမ္ပဏီ ထုတ်ကုန်တွေကို သင်တို့ပုဂ္ဂိုလ်ရေးမှာ၊ သင့်အလုပ်မှာ၊ သင့်အိမ်မှာ အမြဲတမ်းသုံးစွဲနေပါတယ်၊ အဲ့လောက်ဆိုခန့်မှန်းနိုင်လောက်ပါပြီ” လို့ Rizzone ကဆိုပါတယ်။

လက်ရှိအချိန်အထိ ကြိုးမယ့်အားသွင်းစနစ် နည်းပညာဟာ Charging Plate တွေပေါ်မှာ အတော်မှီခိုနေတာကြောင့် နေရာရွှေ့ပြောင်းအားသွင်းလိုတဲ့အခါ အခက်အခဲတွေ ရှိနေတုန်းပါပဲ။

သို့သောလည်းပဲ၊ Energous ရဲ့ WattUP နည်းပညာဟာ အိမ်နဲ့ ရုံးတွေမှာ အထူးပါဝါယူနစ်တွေ တပ်ဆင်တဲ့ စနစ်ကို အသုံးပြုထားတာဖြစ်ပြီး အများဆုံး ၁၅ပေအကွာကနေတစ်ဆင့် လေထုကိုဖြတ်ပြီး အားသွင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Energous ရဲ့ WattUp နည်းပညာမှာ Charging Pad တွေလိုအပ်တော့မှာ မဟုတ်ပါဘူး။ တစ်ဖက်ကို ပြန်ကြည့်မယ်ဆိုရင် Apple ရဲ့ မျိုးဆက်သစ်ဖုန်းဟာ ဒီဇိုင်းသစ်တစ်မျိုးကို ရှေ့ဆောင်လမ်းပြအနေနဲ့ ထုတ်ဖော်လာဦးမလားဆိုတာ ကြည့်ရမှာပါ။ iPhone 8 အတွက် ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာမယ့် ကောလာဟာလဟာ ဒါက ပထမဆုံးတော့မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်း Bloomberg ရဲ့ သတင်းမှာလည်း Apple ဟာ “Cutting Edge” လို့ခေါ်တဲ့ ကြိုးမဲ့အားသွင်းစနစ်အတွက် အလုပ်လုပ်နေကြောင်း ဖော်ပြခဲ့ပြီး လက်ရှိ iPhone / iPad တွေအပါအဝင် စမတ်ဖုန်းတွေရဲ့ အားသွင်းစနစ်ကို ပြောင်းလဲသွားစေနိုင်ကြောင်း ဆိုခဲ့ပါသေးတယ်။

အတည်မပြုနိုင်တဲ့ သတင်းရင်းမြစ်တစ်ခုအရ Apple ဟာ iPhone ရဲ့ ၁၀နှစ်ပြည့်သက်တမ်းမှာ နည်းပညာဟောင်းတွေကို တော်လှန်ရေးလုပ်ပြီး မြှုပ်နှံသဂြိုဟ်ဖွယ်ရှိကြောင်း သိရပါတယ်။

တခြား ကောလာဟလတွေအရဆိုရင်လည်း iPhone 8 ကို ဖန်သားတွေနဲ့ အတိပြီးတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ ပြုလုပ်မှာဖြစ်ပြီး အရွယ်အစားဟာဆိုရင်လည်း သုံးမျိုးအထိ ကွဲပြားသွားမှာပါ။ အဲ့ဒီအပြင် ကွေးညွတ် OLED မျက်နှာပြင်ကို Samsung Galaxy S7 လိုမျိုးပုံစံအတိုင်း ထည့်သွင်းလာမှာ ဖြစ်ကာ ရုပ်ထွက်ကိုလည်း 4K အထိ မြှင့်တင်သွားမယ်လို့ သိရပါတယ်။

Apple ဟာ သူတို့ရဲ့ရိုးရာ Physical Home button ရဲ့ နေရာမှာ Touch-Sensitive Digital Button တစ်မျိုးလည်း ထည့်သွင်းဖို့ရှိနေပြီး မျက်ကြည်လွှာဖတ်လုံခြုံရေး နည်းပညာအတွက်လည်း သတင်းတွေပြေးနေပါတယ်။ အဲ့ဒီအပြင် ဖုန်းမော်ဒယ်သစ်သုံးမျိုးလုံးမှာ Dual-Lens ကင်မရာကို ထည့်သွင်းလာမှာ ဖြစ်ကြောင်းလည်း ဆိုကြပါတယ်။

တကယ်ထွက်လာတဲ့အခါ အချက်ဘယ်လောက်များများ မှန်သလဲဆိုတာ စောင့်ကြည့်ရုံသာ ရှိပါတော့တယ်...

Photos from TSO Computer's post 25/06/2017

Ampere များများနဲ့မှ အသုံးပြုချင်သူများအတွက်...
6.8A ROCK Rocket 4 Port Charger [34 W]

15,500 Ks.

Want your business to be the top-listed Computer & Electronics Service in Kalemyo?
Click here to claim your Sponsored Listing.

Website

Address


Bogyoke Street, Taungzalatt Ward
Kalemyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00