Life Long Learning Centre

Life Long Learning Centre

Share

For Online Teaching
Contact number - 09262164890

Photos from Life Long Learning Centre's post 24/08/2024

မြန်မာစာ သတ်ပုံအမှန်များ

24/07/2024

အားလုံးပဲ မင်္ဂလာပါ

Life Long Learning Centre founder Tr Kyi Sin San Hsu ပါရှင့်

ဒီနေ့မှာ ဖေဖေမေမေတို့ကို "Parenting"ဆိုတဲ့ စကားလုံးလေးနဲ့ပတ်သတ်ပြီး Sharing လုပ်ပေးချင်ပါတယ်

Sharing မလုပ်ပေးခင်မှာ ဖေဖေမေမေတို့ရဲ့ background knowledge နဲ့ အတွေးအမြင်လေးတွေကို အရင်နားထောင်ချင်သေးတာမို့ အခု Tr မေးတဲ့ မေးခွန်းလေးတွေကို မပင်ပန်းရင် comment box မှာ လွတ်လပ်စွာဖြေပေးစေလိုပါတယ်ရှင့်

ဖေဖေမေမေပဲလားဆိုတော့ အဲ့လိုလဲ မဟုတ်ပါဘူးရှင့် Parenting ကို စိတ်ဝင်စားသော မည်သူ့မဆို အပြုသဘောဆောင်သော အကြံပြုချက်များကိုလွတ်လပ်စွာ ရေးသားအကြံပြုနိုင်ပါတယ်ရှင့်

> What is Parenting?

> How do you understand this word?

> How many type of parenting?

> ကလေးတွေကိုဘယ်လိုပုံစံမျိုးနဲ့ပြုစုပျိုးထောင်ပေးနေပါသလဲ

> ကိုယ်ကိုယ်တိုင်ကရော ဘယ်လိုပြုစုပျိုးထောင်ခံခဲ့ရပါသလဲ

> ကလေးတွေရဲ့ Trauma တချို့ဟာ Parenting နဲ့ဆက်စပ်နေတယ်လို့ ထင်ပါသလား

> ဆရာ/မ များသည်Parenting နဲ့ဆက်စပ်သက်ဆိုင်ပါသလား သင်ကြားသင်ယူသူကလေးတွေအပေါ် ဘယ်လိုသင်ကြားသင့်ပါသလဲ

မှတ်ချက်။အခုလက်ရှိသင်ကြားသင်ယူနေသော ကလေး၏ဖေဖေမေမေများသေချာလေးဂရုတစိုက်ဖြေကြားပေးစေလိုပါတယ်ရှင့်

29/06/2024

ဖတ်စာအုပ်မှ လွတ်မြောက်ခြင်း။
အပိုင်း ၁။

ကျွန်တော်တို့ဟာ စာသင်တဲ့အခါမှာ coursebook(ဖတ်စာအုပ်) ကို ကိုင်သင်ကြပါတယ်။ သွားတဲ့လမ်းကြောင်းရှိအောင်ရယ်၊ ဆရာ၊မငယ်တွေအတွက် သင်စရာရှိအောင်ရယ်အတွက် သုံးကြပါတယ်။ ဖတ်စာအုပ်ထဲက စာတွေကို သင်ပင်မဲ့ သေချာနားမလည်ရင် ကလေးတွေအတွက် အကျိုးမများပါဘူး။ တချို့မိဘကလည်း ဖတ်စာအုပ်ကို ပြီးစေချင်တယ်။ ဒါကြောင့်လည်း ဆရာ၊မငယ်တွေက စာအုပ်ပြီးအောင် တွန်းသင်တယ်။ တချို့ကလည်း အချိန်စီမံမှု မတတ်တော့ စာမပြီးတာလည်း ရှိတယ်။ ကျောင်းဖွင့်ချိန်နောက်ကျတာ၊ စာသင်ချိန်နည်းတာ၊ကျောင်းရဲ့စီမံမှုအားနည်းတာတွေကြောင့်လည်း စာမပြီးတာတွေ ရှိတယ်။ ဒါကြောင့်လည်း မိဘတွေက အနည်းဆုံး စာပြီးအောင် သင်တဲ့ကျောင်းကို လက်ခံလာတယ်။ ဖတ်စာအုပ်ရှိတာ၊ ဖတ်စာအုပ်ပြီးတာနဲ့ ကလေးတွေ စာတတ်သွားလား။ ကလေးအသက်အရွယ်နဲ့ ညီမျှတဲ့အတွေးအခေါ်၊ဗဟုသုတတွေ ရရှိသွားတာလား။ မိဘတွေ စဉ်းစားဖို့ လိုပါတယ်။

နိုင်ငံခြားကဖတ်စာအုပ်တစ်ခုကို ယူပြီးသင်ကြတယ်။ ကြော်ငြာကြတယ်။ သင်နိုင်တဲ့ဆရာ၊မတွေ ဒီနိုင်ငံမှာ များနေလို့လား။ မများသေးပါဘူး။ သင်နေရင်းနဲ့ လေ့လာနေကြပြီး သေချာသိဖို့က အနည်းဆုံး ၃ နှစ်လောက် လိုအပ်ပါတယ်။ ဒါတောင် လုံလစိုက်ပြီး လိုက်လေ့လာတဲ့ဆရာ၊မဖြစ်မှ ဖတ်စာအုပ်ပါအကြောင်းအရာတွေကို သေချာသိလာမှာပါ။

မတူညီတဲ့ဖတ်စာအုပ်တွေကို သင်ကြားလေ့လာရင်း မတူညီတဲ့ဒေသမှာရှိသောကလေးတွေနဲ့ကိုက်ညီတဲ့ဖတ်စာအုပ်တွေကို ဖန်တီးတတ်လာဖို့ အားထုတ်သင့်ပါတယ်။ ဘာသာရပ်တွေကို တစ်ခုချင်း ဥပမာပေးကြည့်ပါမယ်။

မြန်မာစာ

မိခင်ဘာသာစကား၊ရုံးသုံးဘာသာစကားဖြစ်ပင်မဲ့ ဒေသတွေကွဲရင် သဒ္ဒါတွေကွဲပါတယ်။ အသံထွက်တွေ ကွဲပါတယ်။ စကားလုံးတွေ ကွဲပါတယ်။ အဓိပ္ပာယ်တွေ ကွဲပါတယ်။ ဘာသာဗေဒကို တက္ကသိုလ်ရောက်မှ သင်တာမျိုး မလုပ်ဘဲ အခြေခံပညာရေးမှာပါ သင်ကြားဖို့ စဉ်းစားသင့်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာမျိုးတွေကို ဖန်တီးပြီး ဘာသာစကားရဲ့ပေါကြွယ်ဝမှုမျိုးကို ကလေးတွေအား ခံစားပြောဆိုတတ်အောင် သင်ကြားပေးသင့်ပါတယ်။ သင်ကြားမဲ့ဆရာ၊ဆရာမတွေဟာ ဘာသာဗေဒကို နားလည်တတ်ကျွမ်းပြီး ဒေသိယစကားတွေနဲ့အကျွမ်းတဝင်ရှိဖို့ လိုပါတယ်။

အင်္ဂလိပ်စာ

အခြေခံပညာသင်ရိုးမှာ ဒေသအလိုက် theme-based topics လေးတွေကို ဖန်တီးဖို့ လိုပါတယ်။ ပုဂံ၊ကလော၊အင်းလေးဘက်က ကျောင်းတွေမှာ general English သင်ရိုးတွေအပြင် hotel and tourism ဘက်က အင်္ဂလိပ်စာအသုံးအနှုန်းတွေကိုလည်း သင်ပေးဖို့ လိုပါတယ်။ ရန်ကုန်၊မန္တလေးဘက်မှာ aviation, nursing စသော ESP အပိုင်းတွေကို ခွဲသင်ပေးဖို့ လိုပါတယ်။ အထက်တန်းရောက်တဲ့အခါ ဘာသာစကားဘာသာရပ်တွေကို ပိုတက်တဲ့ကလေးတွေ ရှိသင့်သလို နည်းပညာပိုင်းကို စိတ်ဝင်စားလို့ သိပ္ပံဘာသာရပ်တွေကို ပိုရွေးတဲ့ကျောင်းသား၊သူတွေလည်း ရှိသင့်တယ်။

အနာဂတ်ကာလမှာ အထက်တန်းကတည်းက ဘာသာရပ်ရွေးချယ်မှုတွေကို ဖန်တီးပေးထားသင့်တယ်။

သင်္ချာ

ဖတ်စာအုပ်ထဲက ဂဏန်းတွေကို တွက်တတ်ဖို့ထက် အပြင်လောကက ပုစ္ဆာတွေနဲ့ချိတ်ဆက်တတ်ဖို့ကို ပိုပြီး ပြုလုပ်ပေးသင့်တယ်။ သူတို့ဝန်းကျင်ကအခြေအနေတွေနဲ့ ပုစ္ဆာဖန်တီးပေးသင့်ပါတယ်။

ဥပမာ။ Order of operation ပုစ္ဆာဖန်တီးမယ် ဆိုပါစို့။ ဒေသကွဲရင်၊ ကလေးကြီးပြင်းရာကွဲရင် ကလေးအကြိုက်ကွဲရင် အကြောင်းအရာ(content)ကွဲပြီး ဖန်တီးလို့ရတယ်။ (၄၀၀၀×၁၂)+(၅၀၀၀×၁၅)= ၁၂၃၀၀၀

မြို့ပေါ်က ကလေးဆိုပါစို့။ သင်ဟာ private cinema တစ်ရုံပိုင်ဆိုင်ထားတယ်။ ရှေ့တန်းမှာ ၁၂ ခုံရှိပြီး နောက်တန်းမှာ ၁၅ ခုံရှိတယ်။ ရှေ့တန်းကို ၄၀၀၀ ကောက်ပြီး နောက်တန်းကို ၅၀၀၀ ကောက်မယ်။ စုစုပေါင်း ဘယ်လောက်ရမလဲ။

ရွာက ကလေးဆိုပါစို့။ သင်ဟာ ငါးရှာ၊ဖားရိုက်ဖို့ထွက်လာတယ်။ တစ်နေ့ကုန်ရှာတာ ဖား ၁၂ ကောင်နဲ့ ငါး ၁၅ ကောင် မိတယ်။ ဖားတစ်ကောင်ကို ၄၀၀၀ နဲ့ရောင်းပြီး ငါးတစ်ကောင်ကို ၅၀၀၀ နဲ့ရောင်းမယ်။ ပိုက်ပိုက်ဘယ်လောက်ရမလဲ။

လက်ဖက်ရည်ဆိုင်မှာ လုပ်တဲ့ကလေးဆိုပါစို့။ ဆိတ်စွပ် တစ်ပွဲ ၄၀၀၀၊ ကြက်သားပလာတာ တစ်ပွဲ ၅၀၀၀။ ဆိတ်စွပ်က ၁၂ ပွဲရောင်းရပြီးကြက်သားပလာတာက ၁၅ ပွဲရောင်းရတယ်။ ဘယ်လောက်ရောင်းရမလဲ။

ကျွန်တော်က သင်္ချာကို အဓိကသင်လို့ ဥပမာတွေ အများကြီးပေးနိုင်ပါတယ်။ တခြားဘာသာရပ်အကြောင်းတွေ ဆက်ပြောချင်လို့ သင်္ချာဘာသာရပ်က ဒီလောက်ပါပဲ။

ပထဝီ

ပထဝီလို့ ပြောလိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ချိတ်ဆက်ပေးသင့်ပါတယ်။ အမှိုက်ပြဿနာအကြောင်းကို မသင်မနေရခေါင်းစဉ်တစ်ခုအဖြစ်သင်ကြားပြီး အင်းလေး၊အင်းတော်ကြီးဘက်တွေမှာ ရေချိုနဲ့ရေအရင်းအမြစ်အကြောင်းတွေကို project based လုပ်သင့်ပါတယ်။

ရှေးခေတ် မြို့ရွာတည်ဆောက်ဖွံ့ဖြိုးလာမှု(Civilization)အကြောင်းအရာများကို လေ့လာရင်း မြို့တစ်မြို့မှာရှိသင့်တဲ့အင်္ဂါရပ်များကိုပါ ဆွေးနွေး၊တိုင်ပင်၊သုံးသပ်သင့်ပါတယ်။

သမိုင်း

သမိုင်းလို့ပြောလိုက်တာနဲ့ ပြန်လည်သုံးသပ်နိုင်စွမ်းကို ပျိုးထောင်သင့်ပါတယ်။ သင်သာ သူ့နေရာမှာဆိုရင် ဘာလုပ်မလဲဆိုတဲ့ အစားဝင်ခံစားခြင်း(စာတွေ့ဖြင့် သင်ခန်းစာယူခြင်း)ကို ပြုလုပ်ပေးသင့်ပါတယ်။ သမိုင်းနဲ့အတူ ယဉ်ကျေးမှု၊စံတန်ဖိုးထားမှု၊အားနည်းချက်၊အားသာချက်များကို သုံးသပ်ဝေဖန်နိုင်မှုများရှိလာအောင် ပြူလုပ်ပေးသင့်ပါတယ်။

သမိုင်းဆိုတာ အတိတ်ကို လေ့လာတာဖြစ်သလို အနာဂတ်ကို ကာကွယ်တာလည်း ဖြစ်တယ်။ သင်္ချာစကားနဲ့ပြောရရင် patterns ကို လေ့လာရင်း အနာဂတ်ကို ခန့်မှန်းနိုင်တယ်။ ပေးထားချက်တွေအပေါ်မှာ မူတည်ပြီး အနာဂတ်ကို တွက်ချက်နိုင်တယ်။ ပထဝီ၊သမိုင်းပေါင်းပြီး geopolitical ဘာသာရပ်တွေ ရှိလာသလို ပန်းချီ၊သမိုင်းပေါင်းပြီး modern art ဘာသာရပ်တွေ ထွက်ပေါ်လာတယ်။

ကလေးငယ်တွေကို သမိုင်းအကြောင်းသင်ရင် အကြီးကြီးတွေ ပြောဖို့ မလိုဘူး။ အိပ်ရာဝင်ပြီး အိပ်တဲ့အချိန်က ထိုနေ့ရဲ့သမိုင်းပဲ။ မနက်မိုးလင်း၊နေအထွက် အိပ်ရာထချိန်က ထိုနေ့ရဲ့သမိုင်းအစပဲ။ (တချို့ကလေးတွေက နေ့လယ်လောက်မှ ထတယ်ဆိုရင် နေ့လယ်လောက်မှ သမိုင်းအသစ်စတယ်လို့ ပြောရတယ်။ ငယ်ပင်မဲ့ရစ်တတ်ပါ့။)

ဖတ်စာအုပ်မှ လွတ်မြောက်ခြင်း။
အပိုင်း ၁။

ကျွန်တော်တို့ဟာ စာသင်တဲ့အခါမှာ coursebook(ဖတ်စာအုပ်) ကို ကိုင်သင်ကြပါတယ်။ သွားတဲ့လမ်းကြောင်းရှိအောင်ရယ်၊ ဆရာ၊မငယ်တွေအတွက် သင်စရာရှိအောင်ရယ်အတွက် သုံးကြပါတယ်။ ဖတ်စာအုပ်ထဲက စာတွေကို သင်ပင်မဲ့ သေချာနားမလည်ရင် ကလေးတွေအတွက် အကျိုးမများပါဘူး။ တချို့မိဘကလည်း ဖတ်စာအုပ်ကို ပြီးစေချင်တယ်။ ဒါကြောင့်လည်း ဆရာ၊မငယ်တွေက စာအုပ်ပြီးအောင် တွန်းသင်တယ်။ တချို့ကလည်း အချိန်စီမံမှု မတတ်တော့ စာမပြီးတာလည်း ရှိတယ်။ ကျောင်းဖွင့်ချိန်နောက်ကျတာ၊ စာသင်ချိန်နည်းတာ၊ကျောင်းရဲ့စီမံမှုအားနည်းတာတွေကြောင့်လည်း စာမပြီးတာတွေ ရှိတယ်။ ဒါကြောင့်လည်း မိဘတွေက အနည်းဆုံး စာပြီးအောင် သင်တဲ့ကျောင်းကို လက်ခံလာတယ်။ ဖတ်စာအုပ်ရှိတာ၊ ဖတ်စာအုပ်ပြီးတာနဲ့ ကလေးတွေ စာတတ်သွားလား။ ကလေးအသက်အရွယ်နဲ့ ညီမျှတဲ့အတွေးအခေါ်၊ဗဟုသုတတွေ ရရှိသွားတာလား။ မိဘတွေ စဉ်းစားဖို့ လိုပါတယ်။

နိုင်ငံခြားကဖတ်စာအုပ်တစ်ခုကို ယူပြီးသင်ကြတယ်။ ကြော်ငြာကြတယ်။ သင်နိုင်တဲ့ဆရာ၊မတွေ ဒီနိုင်ငံမှာ များနေလို့လား။ မများသေးပါဘူး။ သင်နေရင်းနဲ့ လေ့လာနေကြပြီး သေချာသိဖို့က အနည်းဆုံး ၃ နှစ်လောက် လိုအပ်ပါတယ်။ ဒါတောင် လုံလစိုက်ပြီး လိုက်လေ့လာတဲ့ဆရာ၊မဖြစ်မှ ဖတ်စာအုပ်ပါအကြောင်းအရာတွေကို သေချာသိလာမှာပါ။

မတူညီတဲ့ဖတ်စာအုပ်တွေကို သင်ကြားလေ့လာရင်း မတူညီတဲ့ဒေသမှာရှိသောကလေးတွေနဲ့ကိုက်ညီတဲ့ဖတ်စာအုပ်တွေကို ဖန်တီးတတ်လာဖို့ အားထုတ်သင့်ပါတယ်။ ဘာသာရပ်တွေကို တစ်ခုချင်း ဥပမာပေးကြည့်ပါမယ်။

မြန်မာစာ

မိခင်ဘာသာစကား၊ရုံးသုံးဘာသာစကားဖြစ်ပင်မဲ့ ဒေသတွေကွဲရင် သဒ္ဒါတွေကွဲပါတယ်။ အသံထွက်တွေ ကွဲပါတယ်။ စကားလုံးတွေ ကွဲပါတယ်။ အဓိပ္ပာယ်တွေ ကွဲပါတယ်။ ဘာသာဗေဒကို တက္ကသိုလ်ရောက်မှ သင်တာမျိုး မလုပ်ဘဲ အခြေခံပညာရေးမှာပါ သင်ကြားဖို့ စဉ်းစားသင့်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာမျိုးတွေကို ဖန်တီးပြီး ဘာသာစကားရဲ့ပေါကြွယ်ဝမှုမျိုးကို ကလေးတွေအား ခံစားပြောဆိုတတ်အောင် သင်ကြားပေးသင့်ပါတယ်။ သင်ကြားမဲ့ဆရာ၊ဆရာမတွေဟာ ဘာသာဗေဒကို နားလည်တတ်ကျွမ်းပြီး ဒေသိယစကားတွေနဲ့အကျွမ်းတဝင်ရှိဖို့ လိုပါတယ်။

အင်္ဂလိပ်စာ

အခြေခံပညာသင်ရိုးမှာ ဒေသအလိုက် theme-based topics လေးတွေကို ဖန်တီးဖို့ လိုပါတယ်။ ပုဂံ၊ကလော၊အင်းလေးဘက်က ကျောင်းတွေမှာ general English သင်ရိုးတွေအပြင် hotel and tourism ဘက်က အင်္ဂလိပ်စာအသုံးအနှုန်းတွေကိုလည်း သင်ပေးဖို့ လိုပါတယ်။ ရန်ကုန်၊မန္တလေးဘက်မှာ aviation, nursing စသော ESP အပိုင်းတွေကို ခွဲသင်ပေးဖို့ လိုပါတယ်။ အထက်တန်းရောက်တဲ့အခါ ဘာသာစကားဘာသာရပ်တွေကို ပိုတက်တဲ့ကလေးတွေ ရှိသင့်သလို နည်းပညာပိုင်းကို စိတ်ဝင်စားလို့ သိပ္ပံဘာသာရပ်တွေကို ပိုရွေးတဲ့ကျောင်းသား၊သူတွေလည်း ရှိသင့်တယ်။

အနာဂတ်ကာလမှာ အထက်တန်းကတည်းက ဘာသာရပ်ရွေးချယ်မှုတွေကို ဖန်တီးပေးထားသင့်တယ်။

သင်္ချာ

ဖတ်စာအုပ်ထဲက ဂဏန်းတွေကို တွက်တတ်ဖို့ထက် အပြင်လောကက ပုစ္ဆာတွေနဲ့ချိတ်ဆက်တတ်ဖို့ကို ပိုပြီး ပြုလုပ်ပေးသင့်တယ်။ သူတို့ဝန်းကျင်ကအခြေအနေတွေနဲ့ ပုစ္ဆာဖန်တီးပေးသင့်ပါတယ်။

ဥပမာ။ Order of operation ပုစ္ဆာဖန်တီးမယ် ဆိုပါစို့။ ဒေသကွဲရင်၊ ကလေးကြီးပြင်းရာကွဲရင် ကလေးအကြိုက်ကွဲရင် အကြောင်းအရာ(content)ကွဲပြီး ဖန်တီးလို့ရတယ်။ (၄၀၀၀×၁၂)+(၅၀၀၀×၁၅)= ၁၂၃၀၀၀

မြို့ပေါ်က ကလေးဆိုပါစို့။ သင်ဟာ private cinema တစ်ရုံပိုင်ဆိုင်ထားတယ်။ ရှေ့တန်းမှာ ၁၂ ခုံရှိပြီး နောက်တန်းမှာ ၁၅ ခုံရှိတယ်။ ရှေ့တန်းကို ၄၀၀၀ ကောက်ပြီး နောက်တန်းကို ၅၀၀၀ ကောက်မယ်။ စုစုပေါင်း ဘယ်လောက်ရမလဲ။

ရွာက ကလေးဆိုပါစို့။ သင်ဟာ ငါးရှာ၊ဖားရိုက်ဖို့ထွက်လာတယ်။ တစ်နေ့ကုန်ရှာတာ ဖား ၁၂ ကောင်နဲ့ ငါး ၁၅ ကောင် မိတယ်။ ဖားတစ်ကောင်ကို ၄၀၀၀ နဲ့ရောင်းပြီး ငါးတစ်ကောင်ကို ၅၀၀၀ နဲ့ရောင်းမယ်။ ပိုက်ပိုက်ဘယ်လောက်ရမလဲ။

လက်ဖက်ရည်ဆိုင်မှာ လုပ်တဲ့ကလေးဆိုပါစို့။ ဆိတ်စွပ် တစ်ပွဲ ၄၀၀၀၊ ကြက်သားပလာတာ တစ်ပွဲ ၅၀၀၀။ ဆိတ်စွပ်က ၁၂ ပွဲရောင်းရပြီးကြက်သားပလာတာက ၁၅ ပွဲရောင်းရတယ်။ ဘယ်လောက်ရောင်းရမလဲ။

ကျွန်တော်က သင်္ချာကို အဓိကသင်လို့ ဥပမာတွေ အများကြီးပေးနိုင်ပါတယ်။ တခြားဘာသာရပ်အကြောင်းတွေ ဆက်ပြောချင်လို့ သင်္ချာဘာသာရပ်က ဒီလောက်ပါပဲ။

ပထဝီ

ပထဝီလို့ ပြောလိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ချိတ်ဆက်ပေးသင့်ပါတယ်။ အမှိုက်ပြဿနာအကြောင်းကို မသင်မနေရခေါင်းစဉ်တစ်ခုအဖြစ်သင်ကြားပြီး အင်းလေး၊အင်းတော်ကြီးဘက်တွေမှာ ရေချိုနဲ့ရေအရင်းအမြစ်အကြောင်းတွေကို project based လုပ်သင့်ပါတယ်။

ရှေးခေတ် မြို့ရွာတည်ဆောက်ဖွံ့ဖြိုးလာမှု(Civilization)အကြောင်းအရာများကို လေ့လာရင်း မြို့တစ်မြို့မှာရှိသင့်တဲ့အင်္ဂါရပ်များကိုပါ ဆွေးနွေး၊တိုင်ပင်၊သုံးသပ်သင့်ပါတယ်။

သမိုင်း

သမိုင်းလို့ပြောလိုက်တာနဲ့ ပြန်လည်သုံးသပ်နိုင်စွမ်းကို ပျိုးထောင်သင့်ပါတယ်။ သင်သာ သူ့နေရာမှာဆိုရင် ဘာလုပ်မလဲဆိုတဲ့ အစားဝင်ခံစားခြင်း(စာတွေ့ဖြင့် သင်ခန်းစာယူခြင်း)ကို ပြုလုပ်ပေးသင့်ပါတယ်။ သမိုင်းနဲ့အတူ ယဉ်ကျေးမှု၊စံတန်ဖိုးထားမှု၊အားနည်းချက်၊အားသာချက်များကို သုံးသပ်ဝေဖန်နိုင်မှုများရှိလာအောင် ပြူလုပ်ပေးသင့်ပါတယ်။

သမိုင်းဆိုတာ အတိတ်ကို လေ့လာတာဖြစ်သလို အနာဂတ်ကို ကာကွယ်တာလည်း ဖြစ်တယ်။ သင်္ချာစကားနဲ့ပြောရရင် patterns ကို လေ့လာရင်း အနာဂတ်ကို ခန့်မှန်းနိုင်တယ်။ ပေးထားချက်တွေအပေါ်မှာ မူတည်ပြီး အနာဂတ်ကို တွက်ချက်နိုင်တယ်။ ပထဝီ၊သမိုင်းပေါင်းပြီး geopolitical ဘာသာရပ်တွေ ရှိလာသလို ပန်းချီ၊သမိုင်းပေါင်းပြီး modern art ဘာသာရပ်တွေ ထွက်ပေါ်လာတယ်။

ကလေးငယ်တွေကို သမိုင်းအကြောင်းသင်ရင် အကြီးကြီးတွေ ပြောဖို့ မလိုဘူး။ အိပ်ရာဝင်ပြီး အိပ်တဲ့အချိန်က ထိုနေ့ရဲ့သမိုင်းပဲ။ မနက်မိုးလင်း၊နေအထွက် အိပ်ရာထချိန်က ထိုနေ့ရဲ့သမိုင်းအစပဲ။ (တချို့ကလေးတွေက နေ့လယ်လောက်မှ ထတယ်ဆိုရင် နေ့လယ်လောက်မှ သမိုင်းအသစ်စတယ်လို့ ပြောရတယ်။ ငယ်ပင်မဲ့ရစ်တတ်ပါ့။)

သိပ္ပံ

သိပ္ပံလို့ပြောလိုက်တာနဲ့ အသက်အရွယ်နဲ့ကိုက်ညီသော လက်တွေ့စမ်းသပ်မှုတွေ ပါဝင်သင့်တယ်။ စမ်းသပ်မှုမှ ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သော ထုတ်ကုန်တွေကို ဖန်တီးနိုင်မှာပါ။ international ဖတ်စာအုပ်ဖြင့် သင်နေပင်မဲ့ လက်တွေ့မလုပ်နိုင်တဲ့ကျောင်းက IS လို့ ပြောရခက်ပါတယ်။

သိပ္ပံဘာသာရပ်က ကျယ်ပြန့်ပြီး ဘာသာခွဲတွေ အများကြီးရှိပါတယ်။ ဘယ်ခေါင်းစဉ်တွေကိုတော့ မဖြစ်မနေသင်ရမယ်ဆိုပြီး သတ်မှတ်သင့်ပါတယ်။ ဥပမာ body system ၁၁ ခုကို ကျန်းမာရေးရှုထောင့်ဘက်နေကြည့်ပြီး အသက်အရွယ်၊အတန်းအလိုက် ထည့်သွင်းသင်ကြားသွားသင့်ပါတယ်။ ဒါမှလည်း မိမိကိုယ်ခန္ဓာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တတ်မှာပါ။ ဆေးလိပ်၊အရက်သောက်သုံးခြင်းလည်း နည်းလာပါလိမ့်မယ်။

18/06/2024

ကလေးတို့ စာဖတ်စွမ်းရည် ဖွံ့ဖြိုးအောင်
=•=•=•=•=•=•=•=•=•==•==•=•=•=•=
ဘဝအောင်မြင်ရန် အခြေခံအကျဆုံး အုတ်
မြစ်ကတော့ စာဖတ်တတ်ခြင်းပင်ဖြစ်ပါတယ်။
စာမဖတ်တတ်ပါက စာဖြင့်ရေးထားတဲ့ အသိပညာ
များ၊ သတင်းအချက်အလက်များ နားလည်နိုင်
မည်မဟုတ်။ စာမဖတ်တတ်ပါက စာဖတ်တတ်ရန်
လိုတဲ့ခေတ်သစ်ကမ္ဘာမှာ လမ်းပျောက်သွားပါလိမ့်
မယ်။

မိဘအများစုဟာ စာရေးစာဖတ်တတ်ရန်ရွယ်ချက်နဲ့
ကလေးများကို ကျောင်းထားကြပါတယ်။ စာဖတ်
တတ်ခြင်းဟာ အသိပညာများရဲ့ဂိတ်ဝဖြစ်သလို
ဘဝငြိမ်းချမ်းသာယာမှုရဲ့ ဂိတ်ဝလည်းဖြစ်ပါတယ်။

စာဖတ်တတ်ပါက အခြားသူများရဲ့ကမ္ဘာလောက၊
ခံစားမှု၊ စိတ်အတွေးများထဲကို ဝင်ရောက်ခံစား
ကြည့်နိုင်ပါလိမ့်မယ်။ စာကောင်းတစ်ပုဒ်ကိုဖတ်ပြီး
စိတ်လှုပ်ရှားမှု၊ နှစ်သက်ကြည်နူးမှု၊ အံ့အားသင့်မှု
များလည်း ခံစားရနိုင်ပါတယ်။ စာဖတ်ခြင်းကို နှစ်
ခြိုက်ပါက ဘဝဟာ ပျင်းစရာဖြစ်နေမှာမဟုတ်။
ဘာကြောင်းလည်းဆိုတော့ စာတစ်အုပ်ဖတ်အပြီး
နောက်တစ်အုပ်က အသင့်စောင့်နေမှာမို့ ဖြစ်ပါတယ်။

စာဖတ်တတ်တဲစွမ်းရည်ဟာ ကျောင်းစာသင်ကြား
ရာမှာလည်း မရှိမဖြစ်လိုပါတယ်။ ကလေးတို့ဟာ
သင်ပုန်းပေါ်ကစာတွေ၊ ပြဌာန်းစာအုပ်ကစာတွေ၊
အင်တာနက်ကစာတွေ ဖတ်ဖိုလိုသလို မေးခွန်းတွေ
မိမိရေးထားတဲ့စာတွေလည်း ဖတ်ဖို့လိုပါတယ်။ သို့
ဆိုလျှင် ကလေးတို့ မည်သို့ မည်ပုံစာဖတ်တတ်သွား
ရပါသလဲ။ ပထမတစ်ချက်က ကလေးဟာ စာလုံး
တစ်လုံးကိုကြည့်၊ စာလုံးရဲ့ပုံသဏ္ဌန်နဲ့ ယင်းစာလုံး
နဲ့ဆက်စပ်နေသော ရုပ်ပုံတို့ရဲ့ ဆက်စပ်မှုတို့ကို သင်
ယူပါတယ်။ ဒုတိယအချက်ကတော့ အက္ခရာအသီး
သီးရဲ့ အသံထွက်တို့ကိုသင်ယူ၊ ယင်းနောက်အဆို
ပါအက္ခရာများ ပေါင်းစပ်ခြင်းဖြစ်ဖြစ်လာတဲ့ အသံ
ထွက်နဲ့စကားလုံးအဓိပ္ပာယ်တို့ကိုသင်ယူသွားရင်း
တစတစနဲ့ စာဖတ်တတ်လာတာပါ။

စာဖတ်တတ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက်
တစ်ခုကတော့ လေ့ကျင့် ပိုပိုလေ့ကျင့်ရန်ပင်ဖြစ်
ပါတယ်။ စာဖတ်တတ်ဖို့ လျှို့ဝှက်ချက်တစ်ခုရှိ
ပါတယ်။ အဲဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့မခက်။
ကလေးဟာ စာပိုဖတ်လေ ပိုဖတ်နိုင်လာလေဆိုတဲ့
အချက်ဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာက ယနေ့ခေတ်ကလေး
ငယ်တွေဟာ စာဖတ်တဲ့အလေ့အကျင့်နည်းလာ
တယ်။ ဘာလို့လဲဆိုတော့ စာဖတ်ခြင်းဝါသနာ
ကိုအတားအဆီးဖြစ်စေတဲ့ စိတ်ပျံလွင့်စရာ ဖုန်း
ပွတ်တာ၊ ဂိမ်းဆော့တာ၊ ကွန်ပျူတာဂိမ်းဆော့တာ
စတဲ့ အမြင်ဆိုင်းရာ လှုံ့ဆော်မှုအပြည့်နဲ့ ခေတ်ကြီး
ထဲမှာနေ နေကြရလို့ပါ။ စာဖတ်စွမ်းရည်ညံ့ဖျင်းပါ
က မိမိနဲ့သက်တူရွယ်တူ ထက်စာပိုညံ့၊ ကျောင်းက
ထွက်ရင်လည်း အမှတ်နည်း၊ အလုပ်အကိုင်ကောင်း
ရဖို့ ဖြစ်နိုင်ခြေလည်း နည်းပါလိမ့်မယ်။ လူ့အဖွဲ့
အစည်းတစ်ခုမှာ စာမတတ်သူများရင် အကျဉ်း
ထောင်တွေထဲမှာလည်း စာမတတ်သူယောက်ျား
မိန်းမတွေလည်း များနေပါလိမ့်မယ်။

မိမိတို့ရင် သွေးငယ်တွေကို စာဖတ်ဝါသနာပါ
အောင်ဘာလုပ်ပေးရန်လိုမလဲ။
==============================
မိဘရဲ့စာအုပ်စာပေအပေါ်ထားတဲ့သဘောထား
ဟာ ကလေးရဲ့စာဖတ်ချင်စိတ်၊ စာဖတ်ခြင်းကို
နှစ်ခြိုက်မှုတို့အပေါ် လွှမ်းမိုးပါတယ်။ ကလေး
စာဖတ်ဝါသနာပါဖို့ မိဘကိုယ်တိုင်လည်း စာဖတ်
ဝါသနာပါဖို့လိုပါတယ်။

မိမိအိမ်ကို ကလေးတို့ အလွယ်တကူကောက်ယူ
ဖတ်ရှုနိုင်စရာ စာအုပ်ကြွယ်ဝသော ပတ်ဝန်းကျင်
တစ်ခုအဖြစ်ဖန်တီးပါ။ ကလေးတွေရဲ့ရှေ့မှာ မိမိ
ကိုယ်တိုင်က စာအုပ်တစ်အုပ်ကို နှစ်ခြိုက်အရသာ
ရှိစွာ ဖတ်ရှုနေခြင်းများ ပြသပါ။ ဤသို့ဖြင့်ကလေး
ဟာ စာဖတ်ခြင်ဆိုသည် စိတ်ဝင်စားစရာလိုက်စား
မှုတစ်ခုပါလားလို့ သိမြင်လာပါလိမ့်မယ်။

ကလေးကို စာကြည့်တိုက်၊ စာအုပ်ဆိုင်များသို့
ခေါ်သွားပါ။ စာအုပ်ဆိုင်မှ သူနှစ်သက်ရာ စာအုပ်
များဝယ်ပေးတဲ့အကျင့်လုပ်ပါ။ ကလေးကို မွေးနေ့
လက်ဆောင်အဖြစ် စာအုပ်လက်ဆောင် ပေးနိုင်ပါတယ်။
အိပ်ယာဝင်ပုံပြင်များကို ကလေးအား စာအုပ်ဖတ်
၍ ပြောပြပါ။ သင့်အတွက်နှစ်ခြိုက်စရာအလုပ်
အဖြစ်ခံစားလိုက်ပါက ကလေးနဲ့ရင်းနီးမှုလည်း
ပိုရလာပါလိမ့်မယ်။ ကလေးစာပေတွေဟာ ကောင်း
မွန်ဆန်းကြယ်ပါတယ်။ ကလေးနဲ့အတူစာဖတ်ရင်း
ကလေးရဲ့ ရင့်ကျက်မှုအဆင့်ဆင့်ကို သင်အကဲခတ်
နိုင်ပါလိမ့်မယ်။

ကလေးစာစဖတ်စအချိန်မှာ ဘယ်စာလုံးကဘယ်
လိုဖတ်လဲ၊ အဓိပ္ပာယ်ကဘာလဲစသဖြင့် မေးပါလိမ့်
မယ်။ ဖြေကြားပေးခြင့်ဖြင့် ကလေးရဲ့စာဖတ်လို
စိတ်ကိုမြှင့်တင်ပေးရာရောက်ပါလိမ့်မယ်။ မေးခွန်း
မေးခြင်းအတွက်လည်း ကလေးကို ချီးမွမ်းပေးပါ။
ကလေးနဲ့အတူတွဲစာဖတ်ချိန်လေးလည် စီစဉ်ထား
ပါ။ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်လေးရွေးပါ။
မိနစ်၂၀ခန့်တောက်လျောက်ဖတ်တာထက် အချိန်
ခြားပြီး ၁၀မိနစ်ခန့် အချိန်ခွဲဖတ်ပါ။ ကလေးက
ငယ်သေးလျင် ကြာမြင့်စွာ အာရုံမစိုက်နိုင်သေးလို့
ဖြစ်ပါတယ်။

ကလေးဟာ ပုံပြင်နားထောင်ခြင်း၊ ရုပ်ပုံကြည့်ရခြင်း
တို့ကိုသဘောကျသော်လည်း စာရေးခြင်း၊ စာဖတ်
ခြင်း၊ စာလုံးပေါင်းခြင်းတို့တွင် အခက်အခဲရှိပါက
နားလည်တတ်ကျွမ်းသူနဲ့ပြကောင်းပြဖို့လိုပါမယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

09/06/2024

စာသင်ခန်းတွေကို ဇောက်ထိုးလှန်လိုက်ပါ
----------------------------------------
နိုင်ငံတကာမှာ စာသင်ခန်းတွေကို ဇောက်ထိုးလှန်လိုက်ဖို့ လုပ်နေကြတာ ကြာပါပြီ။ သူတို့ကတော့ Flipped Classroom ဆိုပြီး လုပ်နေကြတာ။ ပညာရေးကို ကယ်တယ်ချင်ရင် အစဉ်အလာကို ပြောင်းပြန် ဇောက်တိုး ဖြစ်အောင် လုပ်ဖို့ကလွဲပြီး အခြားနည်းမရှိဘူးလို့လည်း ပညာရှင်တွေက သုံးသပ်နေကြပါတယ်။

စာသင်ခန်းတွေကို ဇောက်ထိုးလှန်လိုက်ဖို့ဆိုတာ ပြောင်းလဲမှုတစ်ခုခုလုပ်ဖို့ ပြောတာပါ။ ဆရာတွေကို အစားထိုးဖို့ ပြောတာတော့ မဟုတ်ပါဘူး။ ပြောင်းလဲမှုတွေ လုပ်မှ ရတော့မယ်ဆိုတာကို မပြောင်းနိုင်ဘူး၊ မပြောင်းချင်ဘူးလို့ ပြောနေတဲ့ ဆရာတွေအတွက်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။

ခေတ်သစ်စာသင်ခန်းတွေကို ဇောက်ထိုးဖြစ်အောင်လုပ်နိုင်တဲ့နည်းက ၇ နည်းပဲရှိပါတယ်

(၁) မုန်တိုင်းဆင်ကြည့်ပါ

ဦးနှောက်ကို မုန်တိုင်းဆင်နည်းလို့ခေါ်တဲ့ ကျောင်းသားတွေကို (Brainstorming) ဖြစ်အောင် လုပ်နိုင်ဖို့ ဆရာတွေမှာ အရည်အချင်းနဲ့ အားထုတ်မှုတွေ လိုလာပြီ။ ဖတ်စာအုပ်ကအတိုင်း စာတွေ ဖတ်ပြနေရတဲ့ခေတ် မဟုတ်တော့ဘူးလို့ ပြောချင်တာ။ ဆရာတွေအနေနဲ့ တစ်ပတ်မှာ တစ်ရက်လောက်ပဲ ဖြစ်ဖြစ် ကလေးတွေကို Brainstorming ဖြစ်အောင် လုပ်ကြည့်ဖို့ပါ။ ဘာသာရပ်တိုင်းကို လုပ်ဖို့ပြောတာ မဟုတ်ပါဘူး။ လုပ်လို့ရတာ လေးက စကြည့်ဖို့ပြောတာ။

(၂) ဖန်တီးခိုင်းကြည့်ပါ

အိမ်စာတွေပေးရင် ဖတ်စာအုပ်ထဲက စာတွေကို ပြန်ကူးခိုင်းတာမျိုးတွေ လုပ်မနေပါနဲ့ တော့။ ခေါင်းစဉ်တစ်ခုပေးပြီး ဘယ်လို စဉ်စားလာတယ်ဆိုတာကို သိအောင် လုပ်ဖို့လိုလာပြီ။ အိမ်စာပေးလိုက်ရင် ကူးချလာတာတွေ၊ ခိုးချလာတာတွေ ဖြစ်တတ်တာပဲ။ ဒါကြောင့် ခေါင်းစဉ်ကို စဉ်းစား ခိုင်းလာပြီး ကိုယ်တိုင် ထပြောကာ တစ်တန်းလုံးကြားနိုင်အောင် လုပ်ပေးလိုက်ရမယ်။ အကြောင်းအရာ အချက်အလက်တွေဟာ လူစုံရင် ရေးစရာ မကုန်လောက်အောင် ဖြစ်လာလိမ့်မယ်။ ချက်ချင်းချရေးခိုင်း လိုက်ကြည့်လေ။ အချိန်တော့ပေးရမယ်။ အဲဒီလို အချိန်ပေးလိုက်တာဟာ တစ်နှစ်လုံး စာကူးရေးခိုင်းနေတာ ထက်တော့ အများကြီးထိရောက်တယ်ဆိုတာ လက်တွေ့လုပ်ကြည့်ရင် သိလိမ့်မယ်။

(၃) တည်ဆောက်ခိုင်းကြည့်ပါ

သူတို့ကို အိမ်စာလို့ ပြောမယ့်အစား ပရောဂျက်လို့ ပြောင်းပြောကြည့်လိုက်ပါ။ ပရောဂျက်ဆိုတာ စူးစမ်းလေ့လာရမယ်၊ အချက်အလက်တွေ စုဆောင်းရမယ်၊ ပေါင်းစပ်တပ်ရမယ်၊ တင်ပြ တတ်ရမယ်ဆိုတဲ့ သဘောတရားတွေမှာ အခြေခံတယ်ဆိုတာကိုလည်း နားလည်အောင် လုပ်ပေးထားရမယ်။ တစ်နည်းပြောရရင် သူတို့ကို ကိုယ်ဆောက်မယ့် တိုက်အတွက် ကိုယ်တိုင် ဒီဇိုင်းထုတ်ခိုင်းလိုက်တဲ့သဘောပဲ။

(၄) ပြင်ဆင်ခိုင်းခဲ့ပါ

ကျောင်းသားတွေကို ပြောင်းလဲခြင်းဖြစ်စဉ်မှာ စာသင်ခန်းတွေကို အစဉ်အလာနဲ့ မတူအောင် ဘာဖြစ်လို့ ဇောက်ထိုးလုပ်လိုက်ရသလဲဆိုတာ နားလည်အောင် ပြောပြဖို့လိုတယ်။ ဆရာက ဒါတွေ လုပ်ကြရအောင်ကွာလို့ ပြောပြီးရင် အဲဒီလို ပရောဂျက်တစ်ခု ထုတ်နိုင်ဖို့ ဘာတွေ ထည့်သွင်းဖို့ လိုတယ်ဆိုတာ outline တော့ပေးလိုက်နိုင်ရမယ်။ ဒီအချက်တွေကို အခြေခံပြီး စဉ်းစားလာပေါ့။

(၅) ရလဒ်တော့ရှိရမယ်

ကလေးတွေက အမျိုးမျိုး စဉ်းစားလာကြမှာပဲ။ သူ့အဆို၊ ငါ့အဆို ဘယ်ဟာက ပိုကောင်း တယ်ဆိုတာ ဆွေးနွေးငြင်းခုန်တာမျိုးလည်း လမ်းဖွင့်ပေးရမယ်။ တစ်ခုခုလုပ်ဆောင်တယ်ဆိုတာ ရလဒ် သို့မဟုတ် အောင်မြင်မှုတစ်ခုခုကို ရဖို့လုပ်တာပဲ။ မှားယွင်း ဆုံးရှုံးမှုတွေ ရှိနေရင်လည်း သင်ခန်းစာ ယူနိုင်အောင် ထောက်ပြနိုင်ရမယ်။ ဒါလေးကကောင်းတယ်၊ မကောင်းဘူး၊ ကောင်းတော့ကောင်းတယ်၊ မဖြစ်နိုင်သေးဘူး ဆိုတာတွေကို ဝေဖန်ထောက်ပြပြီးတော့ အဖြေ သို့မဟုတ် ရလဒ်တစ်ခုခုကို ဆွဲယူနိုင်ရင် ပိုပြီးအောင်မြင်မယ်။

(၆) စာကြည့်တိုက်ထောင်ပါ

ကိုယ်ပိုင် အတန်းပိုင်စာကြည့်တိုက်တွေ ထောင်နိုင်အောင် ကြိုးစားရမယ်။ ကလေးတွေ စာမဖတ်ဘူးပြောကြတယ်။ စာဖတ်ချင်လာအောင် မလုပ်ဆောင်ပေးနိုင်ဘဲ အော်နေလို့ မဖြစ်ဘူး။ ကလေးတွေကို တွေးချင် ရေးချင်လာအောင် လုပ်ဖို့ဆိုတာ ဖတ်ချင်လာအောင် သွေးဆောင်နိုင်ရမယ်။ ခု ဆရာတို့ ပြောနေတဲ့ အချက်တွေဟာ ဟိုစာအုပ်တွေထဲမှာ ရှိတယ်လို့ ပြောလိုက်ရင် စာအုပ်တွေကို အလုအယက် ဖြစ်လာလိမ့်မယ်။ တို့လိုချင်တာတွေ စာအုပ်တွေထဲမှာ ရှိနေပါတယ်ဆိုတာလောက်တော့ ဆရာကလမ်းညွှန်ပြသနိုင်ရင် ကောင်းမယ်။

(၇) လူတိုင်းသိနိုင်အောင်လုပ်ပါ

ကိုယ့်အခန်းထဲမှာ အားလုံးပေါင်းစုပြီး လုပ်ထားတဲ့ ပရောဂျက်တွေကို ဒီအတိုင်း ထားလိုက်တာထက် လူအများသိအောင် လုပ်ပေးလိုက်ရင် ကိုယ့်ကျောင်းသားတွေလည်း ဝမ်းသာ၊ အခြားက နမူနာ ယူစရာတွေလည်း ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ခေတ်ကိုပြိုင်နေတဲ့ နိုင်ငံတွေမှာတော့ Website တွေ ကိုယ် ပိုင်ထောင်ပြီး လုပ်ဆောင်မှုတွေကို ပုံတွေ၊ စာတွေနဲ့ထုတ်ပြကာ ကြည်နူးလေ့ရှိကြတယ်။ နောက်ဆုံး YouTube လိုနေရာကို မှတ်တမ်း ဗီဒီယိုလေးဖြစ်ဖြစ်ပို့ပြီး တင်ကြည့်လိုက်ပါ။ ကမ္ဘာတောင် ကျော်သွားနိုင်ပါတယ်။

(Photo Credit: itl institute)

တင်ညွန့်

၈.၆.၂၀၂၄

12/04/2024

Tr ပြန်မလာသေးဘူးလားလို့ မေးတဲ့

ကလေးတို့ရဲ့ ဖေဖေ မေမေတို့ရေ

May 1st ရက်နေ့ကစပြီး အတန်းလေးတွေ ပြန်လက်ခံပါပြီးနော်

ကလေးတွေကို အကုန်လက်ခံပြီး

အခြေခံမပါတာမျိုးတွေ စာသာသင်နေရပေမယ့်

ဘာမှမတိုးတက်ဘူးဆိုတာမျိုးတွေလဲ

မဖြစ်ရအောင်လို့ section လေးတွေလဲ ခွဲပေးထားပါတယ်နော်

section တစ်ခုမှာ 2 (or) 3 ယောက် ပါပဲနော်

အရင်ထဲက လာအပ်သလောက် လက်ခံလို့ရပေမယ့် Tr ကိုယ်တိုင်က နာမည်လေးတစ်ခုကို ထိန်းထားချင်တာရော ကလေးတွေရဲ့ တိုးတက်မှု ကို မြင်ချင်တာရောကြောင့် တချို့ အချိန်လူပြည့်သွားတာမျိူးတွေဆို အားနာနာနဲ့ကို ငြင်းခဲ့တာပါ

အဓိက ကတော့ ကိုယ့်ကိုယ်ယုံကြည်ပြီး အပ်နှံတဲ့ မိဘတွေကို စိတ်မပျက်စေချင်တာလဲ ပါတာကြောင့်ပါ

Section A - (8:00am to 9:30am)

Section B - (9:30am to 11:00am)

Section C - (2:00pm to 3:30pm)

Section D - (3:30pm to 5:00pm

👥 လစဥ် အကဲဖြတ်စစ်ဆေးပြီး ကလေးရဲ့ လိုအပ်ချက်လေးတွေကို ဖေဖေမေမေတို့နဲ့ အမြဲတိုင်ပင်ဆွေးနွေးပေးဖို့ကိုလဲ အကြံပေးတောင်းဆိုလိုပါတယ် 👥

21st Century Education မှာ လိုအပ်တဲ့ Skills တွေဖြစ်တဲ့

Critical Thinking

Creativity

Collaboration

Communication

Leadership

problem solving

Ethics

Behavior

social skills စတဲ့လိုအပ်တဲ့အရာများကို Tr ရဲ့ Teaching Plan ထဲမှာ ​ရေးဆွဲပြီး သင်ပေးသွားမှာဖြစ်ပါတယ်

Tr ကုိယ်တိုင်က ကလေးများကို အမှားတွေ
လက်ဆင့်ကမ်းပေးမိမှာကို အရမ်းစိုးရိမ်ပါတယ်
ဒါကြောင့်မို့လဲ စဥ်ဆက်မပြတ်လေ့လာသင်ယူနေဆဲပါ

ဒါကြောင့် အခြေခံမကောင်းမှာမျိုး
အတွေးအခေါ်မှား မှာမျိုး စိုးရိမ်စရာမလိုဖို့
မိဘများကိုလဲမေတ္တာရပ်ခံပါတယ်ရှင့်

Tr Kyi Sin San Hsu
Dip in Edu
ECCD
Olympyic Maths
Foundation TKT
STEAM

11/04/2024

ဖတ်ရှုလေ့လာပြီးမှ KG ကို အပ်သင့်ပါတယ်...💗Kg ဆိုတာဟာလဲမူကြိုလိုပါပဲစာရေးတာပဲပိုတာပါ💕

မိဘရဲ့အတ္တတွေ လောဘတွေကြားထဲမှာ ကလေးမနိုင်ဝန်ထမ်းရင်း ကျောင်းထားပြီး စာမတတ်ဘူး/စာလဲမသင်ဘူးဖြစ်မှာစိုးလို့ပါ..ဘာမှရမလာဘူးက ပါသေး😬(သင်ကြားရေးစနစ်ကို အရင်နားလည်ကြပါစေ)😔

(KG အတန်းတွင် အမြဲကြုံတွေ့ရလေ့ရှိသည့်ပြသနာ)😓

ယခုနှစ်တွင် KGတက်ရောက်ရမည့် သားသားမီးမီးရှိသော မိဘများသိရှိစေရန်.....👇

မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတော့ ယခုနှစ်မှ ၅ နှစ်ပြည့်ပြီး KG တန်းကို တက်ရောက်ကြရမယ့် ကလေးငယ်များရဲ့ မိဘတွေက ပူပန်နေကြတာကို မြင်နေရကြားနေရပါတယ်😞

KG တန်းကို မတက်ရောက်ပေမယ့် ၆နှစ်ပြည့်ပြီးသူတိုင်း ပထမတန်း( G1 ) ကို တိုက်ရိုက်တက်ရောက်ခွင့်ရှိတာ သိကြပြီးသားကိုလည်း နားလည်ပါတယ် 💗
KG မတက်ခဲ့ဘဲ G1ရောက်လာတဲ့ကလေးဟာ KG တက်ပြီးသား ကလေးနဲ့တော့ ဖွံ့ဖြိုးမှုချင်း မတူနိုင်ဘူးဆိုတာ အမှန်ပါပဲ ✅
ကျောင်းကို မလွှတ်ဘဲ အိမ်မှာနေရင်းနဲ့ မိမိရင်သွေးကို သင်ကြားကြမယ့် မိဘအများစုဟာ လမ်းဟောင်းကြီးအတိုင်း မိမိလောဘကြောင့် ကလေးတွေကို ဇွတ်တွေစာတွေရေးခိုင်း ၊ဖတ်ခိုင်းတော့မှာ စိုးတာမို့ KG တန်းကို လေးနှစ်ဆက်တိုက် သင်ကြားလာတဲ့ နုနယ်သေးတဲ့ အတွေ့အကြုံလေးနဲ့ပဲ ဖြစ်ဖြစ် မိဘတွေကို ရှင်းပြချင်ခဲ့မိတာပါ။ ဒါကြောင့်မို့ စာကို ပြီးအောင်ဖတ်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ် 😘

ကျွန်တော်ရေးမယ့် အကြောင်းအရာတွေက

KG သင်ရိုးညွှန်းတမ်းရဲ့ ရည်မှန်းချက်
သင်ယူမှုနယ်ပယ်များ
သင်ယူမှုနယ်ပယ်တစ်ခုချင်းစီအတွက် မိဘများမှ
ပံ့ပိုးပေးနိုင်သည့် လုပ်ငန်းများ
ကစားခြင်းဖြင့် သင်ယူခြင်း လုပ်ငန်းများ

KG သင်ရိုးညွှန်းတမ်းရဲ့ ရည်မှန်းချက်

အသက် ၅ - နှစ်ပြည့်ပြီးလို့ KG တန်းကို တက်ရောက်ခဲ့ကြတဲ့ ကလေးတွေဟာ ပညာသင်ကာလ ပြီးဆုံးတဲ့အခါမှာတော့


၁. မိမိကိုယ်ကို မိမိ ယုံကြည်အားကိုးတတ်သူများ

၂. အာဟာရပြည့်ဝ၍ ကျန်းမာပျော်ရွှင်သူများ

၃. စာရေးစာဖတ်ခြင်းနှင့် သင်္ချာအပါအဝင် အသိပညာ
များကို စိတ်အားထက်သန်စွာ လေ့လာသင်ယူများ

၄. မိမိပတ်ဝန်းကျင်အကျိုးကို ဆောင်ရွက်တတ်သူများ
ဖြစ်လာကြမှာ အမှန်ပါ ။

အမျိုးသားပညာရေးဥပဒေမှာ KG ပညာရေးကို
အဓိပ္ပာယ်ဖွင့်ဆိုရာမှာတော့ `` ပထမတန်းသို့ ကူးပြောင်းမှု လွယ်ကူစေရန် အသက် ၅ .နှစ်ပြည့်ပြီး ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးမှုနှင့်သင့်လျော်သော နည်းလမ်းများကို အသုံးပြုပြီး ပြုစုပျိုးထောင်ပေးသည့် ပညာရေး " လို့ ဖွင့်ဆိုထားတာကို တွေ့ရမှာဖြစ်ပါတယ် ။
ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ရင်သွေးရတနာများကို အိမ်မှာသင်ပေးကြမယ့် မိဘတွေအနေနဲ့ ကလေးများကို စာရေးစာဖတ်ခြင်းတွေဆီ စောလျင်စွာမသွားမိစေဖို့ တိုက်တွန်းအပ်ပါတယ်ဗျာ ။
ငါတို့တုန်းက သူငယ်တန်းဆိုရင် ညအခါ လသာသာ ၊ကစားမလား နားမလား တွေ ရနေပြီ။ ခုကျ သူငယ်တန်းသာဆိုတယ် ဘာမှလည်းမရပါလားဆိုပြီး ဖြစ်တတ်ကြတဲ့ သူငယ်တန်းရဲ့ အဓိပ္ပာယ်ကို မေမေဖေဖေတို့သိကြပြီးပြီဆိုတော့စိတ်မပူပါကြပါနဲ့နော် ။

ကဲ ဒါဆိုရင် နောက်ထပ်အနေနဲ့ မိမိတို့ရင်သွေးရတနာများဆီကို ချဉ်းကပ်ကြရမယ့် နယ်ပယ်တွေ လေ့လာကြပါဦးစို့ခင်မျာ...

သင်ယူမှုနယ်ပယ်များ

KG တန်းဆိုတာဟာ မူလတန်းပညာရေးရဲ့ အခြေခံအကျဆုံးအတန်းလေးပါ ဖေဖေမေမေတို့ရေ ။ အရေးကြီးတဲ့ အတန်းတစ်ခုဖြစ်တာကြောင့် အစစအရာရာ အဆင်ပြေကြစေဖို့ ရေးသားပြုစုထားတဲ့ KG သင်ရိုးမှာတော့ တစ်ခြားအတန်းများလို့ ဘာသာရပ်နယ်ပယ်တွေ ခွဲခြားထားခြင်းမျိုး မရှိဘဲ အဆိုပါ ဘာသာရပ်ကြီးတွေဆီ တဖြည်းဖြည်း ချဉ်းကပ်နိုင်ဖို့ သင်ခန်းခေါင်းစဉ် ( ၁၅ ) ခုကို သင်ယူဖွံ့ဖြိုးမှုနယ်ပယ်ကြီး ( ၆ ) ခု နဲ့ ချိတ်ဆက် ရေးဆွဲထားပါတယ်။

KG သင်ရိုးရဲ့ သင်ခန်းစာခေါင်းစဉ် ( ၁၅ ) ခု

မိမိအကြောင်း
တို့မိသားစု
တို့ကျောင်း
တို့ရပ်ရွာ
အပင်များ
ရာသီဥတု
သယ်ယူပို့ဆောင်ရေး
စျေးများ
ပွဲတော်များ
ငါး
ရေ
ပိုးကောင်လေးများ
အိမ်များ
ငှက်များ
နို့တိုက်သတ္တဝါများ တို့ ဖြစ်ကြပါတယ်။

သင်ယူဖွံ့ဖြိုးမှုနယ်ပယ်တွေကတော့

၁ . ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်း
၂ . စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ခြင်း
၃ . အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း
၄ . သင်္ချာအခြေခံများကို စူးစမ်းလေ့လာခြင်း
၅ . အနုပညာရသခံစားခြင်းနှင့် ဖန်တီးခြင်း
၆ . ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း....တို့ပဲဖြစ်ပါတယ်ခင်မျာ။

ကဲ... အခုဆိုရင် စိတ်ဝင်စားဖို့ အတော်ကောင်းနေပြီမဟုတ်ပါလား။


ဒါဆိုရင် နောက်ထပ်တစ်ဆင့် တက်ကြပါဦးစို့ဗျာ

သင်ယူမှုနယ်ပယ်တစ်ခုချင်းစီအတွက် မိဘများမှ
ပံ့ပိုးပေးနိုင်သည့် လုပ်ငန်းများ

အထက်မှာ ဖော်ပြခဲ့တဲ့ သင်ယူမှုနယ်ပယ် ( ၆ ) ခုအတွက် နယ်ပယ် တစ်ခုချင်းစီအလိုက် ဖေဖေမေမေတို့က ကောင်းမွန်စွာ အတူတူ သင်ယူလေ့ကျင့်ပေးလိုက်မယ်ဆိုရင်တော့ မိမိတို့ရဲ့ ရင်သွေးရတနာများ ပထမတန်းကို ကူးပြောင်းရာမှာ အခြားကလေးများနည်းတူ လိုက်ပါပြောင်းလဲနိုင်မယ်ဆိုတာ အသေချာပါပဲဗျာ ။

ဒါဆိုရင် သင်ယူနယ်ပယ် ( ၆ )ခု ရဲ့ ပထမဦးဆုံး နယ်ပယ်ဖြစ်တဲ့

၁ . ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်း နယ်ပယ်

ဒီနယ်ပယ်ရဲ့ ရလဒ်တွေ အောင်မြင်ဖို့ဆိုရင်တော့ ဖေဖေမေမေတို့က ရင်သွေးတို့နဲ့အတူ လုပ်ပေးရမယ့်လုပ်ငန်းလေးတွေ ရှိနေပါတယ်နော် ။

ကျန်းမာသန့်ရှင်းခြင်းနှင့်ဆိုင်သော လုပ်ငန်းများ

လုံခြုံစိတ်ချရမှု ၊ စိတ်ဓါတ်ကြံ့ခိုင်မှုတို့နှင့်ဆိုင်သော
လုပ်ငန်းများ

ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများ

ဒီသုံးချက်ဆိုတာက တကယ်တော့ ကြီးကြီးကျယ်ကျယ်ကြီးတွေ လျှောက်လုပ်နေရမှာ မဟုတ်ပါဘူးနော်။ အိမ်မှာ နေ့စဉ်မိဘတွေက ပြုလုပ်ပေးနေတာတွေကို ကလေးတွေကိုယ်တိုင် ပြုလုပ်နိုင်ရင်ပဲ ရပါပြီနော် ။

ကျန်းမာသန့်ရှင်းခြင်းနှင့်ဆိုင်သော လုပ်ငန်းများ

ကျန်းမာသန့်ရှင်းခြင်းနဲ့ဆိုင်တဲ့ ကလေးတွေ သင်ယူရမယ့်အချက်တွေကတော့ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ သန့်ရှင်းစွာစားသောက်ခြင်း ၊ ကိုယ်ခန္ဓာသန့်ရှင်းရေး ၊ လက်ဆေးခြင်း ၊ အိမ်သာစနစ်တကျ အသုံးပြုခြင်း၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်ခြင်း စတာတွေ ပါဝင်ပါတယ်။ ဒီအချက်တွေဟာ သီးသီးသန့်သန့်ကြီး သင်ကြားပေးဖို့ မလိုအပ်ပါဘူးနော်။ ကလေးတွေ နေ့စဉ်လုပ်ဆောင်ရတဲ့ ထမင်းစားချိန် ၊နားချိန် စတာတွေမှာ လက်တွေ့လုပ်ကိုင်ရင်းနဲ့ သင်ယူရင်း ကောင်းမွန်တဲ့အလေ့အကျင့်လေးတွေမို့ စွဲနေအောင် လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်ပါတယ်ဗျာ။

အဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက်ကတော့ မိဘတွေအနေနဲ့ အလုပ်အကြောင်းပြပြီး ဖြစ်သလို စားသောက်တာမျိုးထက် အစာအုပ်စုစုံလင်အောင် စီမံပေးကြဖို့ တိုက်တွန်းပါရစေနော်။ ကျောင်းမှာထားမယ်ဆိုရင်လည်း ဆရာနဲ့မိဘပူးပေါင်းပြီး ကျောင်းတွင်းအဟာရကျွေးမွေးရေး လုပ်ငန်းတွေမှာလည်း ပါဝင်လှူဒါန်းပေးတော့ မိမိရင်သွေးအပါအဝင် အခြားကလေးငယ်များကိုပါ အကျိုးဖြစ်ထွန်း
စေမှာပါ။
ကျန်းမာရေးအလေ့အကျင့်ကောင်းဆိုတာက တစ်မိသားစုလုံးနဲ့ဆိုင်တဲ့ ကိစ္စလို့ သတ်မှတ်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါတည်း လေ့ကျင့်ပေးရမှာမျိုး မဟုတ်ဘဲ
အမြဲစွဲမြဲသွားရမယ့် အလေ့အကျင့်ဖြစ်သွားအောင် မိသားစုဝင်များ၊ ဆရာဆရာမများနဲ့တိုင်ပင်ပြီး စဉ်ဆက်မပြတ် ပြုလုပ်သွားကြရမှာ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရမှု ၊ စိတ်ဓါတ်ကြံ့ခိုင်မှုတို့နှင့်ဆိုင်သော
လုပ်ငန်းများ

ဒီအပိုင်းမှာတော့ ကလေးတွေဟာ မိမိအိမ်၊ကျောင်းနဲ့ ပတ်ဝန်းကျင်တို့မှာ အန္တရာယ်မဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကို လေ့ကျင့်ပေးကြရမှာပါ။ နေ့စဉ်လုပ်ငန်းတွေထဲမှာ လက်တွေ့လိုက်နာကျင့်သုံးရမယ့် အဓိကကျတဲ့အချက်တွေ ထည့်သွင်းလေ့ကျင့်ပေးသင့်ပါတယ်။ မိမိနှင့်အတူ အခြားသူများ မထိခိုက်အောင် လုပ်ကိုင်ရမယ့် ကျွမ်းကျင်မှုတွေကတော့
ချွန်ထက်သောအရာများကို အသုံးပြုနည်း ၊ တုတ်ချောင်းများ ၊ သစ်သားတုံးများ စတာတွေကို ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတာ လေ့ကျင့်သင်ကြားပေးရမှာပါ။
ဒါ့အပြင် ကစားတဲ့နေရာမှာပဲဖြစ်ဖြစ် ၊ အများနဲ့စုပေါင်းလုက်ကိုင်ရတဲ့ အခါတွေမှာပဲဖြစ်ဖြစ် လိုက်နာရမယ့် စည်းကမ်းလေးတွေကိုလည်း လေ့ကျင့်ပေးလိုက်ပါနော်။
ဥပမာ အတူတူကစားကြတဲ့အခါမှာတော့

တစ်ယောက်နဲ့တစ်ယောက် မတွန်းရ

ကစားသည့်အခါ အလှည့်စောင့်ရမည်

တစ်ခြားလူများကစားနေတဲ့ ဒန်း ၊ စီးဆော၊ လျှော စတာတွေနဲ့ လွတ်တဲ့နေရာတွေမှာ နေရမယ်

ဆိုတာတွေ လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

ကျောင်းမှာဖြစ်ဖြစ် ၊ အိမ်မှာဖြစ်ဖြစ် လုံခြုံစိတ်ချမှုနဲ့ စပ်လျဉ်းတဲ့ အသိသညာတွေဖြစ်တဲ့ မီး၊ လျှပ်စစ်မီးခလုတ်၊ ချွန်ထက်သောအရာများနဲ့ ဆော့ကစားခြင်းမပြုမိစေဖို့ လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ် ။

ဒါတွေအပြင်
အန္တရာယ်ကင်းစွာ လမ်းကူးပုံ

ရပ်ရွာအတွင်းတွေ့ရသည့် အန္တရာယ်ရှိကြောင်းပြ
သင်္ကေတများ

အန္တရယ်ဖြစ်နိုင်ချေရှိတဲ့ အခြေအနေများကို
သတိပြုမိပြီး အန္တရာယ်ကင်းစွာ တုံ့ပြန်လုပ်ဆောင်နိုင်ရန်
အချက်များ
စတာတွေကို အကြောင်းအရာတစ်ခုအပေါ် ချဉ်းကပ်ပြီး စနစ်တကျ စီစဉ်သင်ကြားပေးရမှာ ဖြစ်ပါတယ် ။
ဖေဖေမေမေတို့က ဒီလိုလေးတွေသာ လေ့ကျင့်ပေးလိုက်မယ်ဆိုရင်တော့ ကလေးတွေဟာ မိမိကိုယ်ကို ဘေးကင်းအောင်နေထိုင်တတ်ပြီး အခက်အခဲတွေ ကြုံလာတဲ့အခါ သပ်သပ်ရပ်ရပ် ကျော်ဖြတ်သွားနိုင်တဲ့ စိတ်ဓါတ်ကြံ့ခိုင်တဲ့ ကလေးတွေဖြစ်လာမှာ အသေချာပါပဲ။


ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများ

ဒီနယ်ပယ်မှာတော့ ကာယလှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ ပါဝင်တာပါ။ ကျွမ်းကျင်မှုဆိုတဲ့ အထဲမှာတော့ ကြွက်သားငယ်များကို အသုံးပြုလုပ်ဆောင်ရသည့် အနုစိတ်ကာယလှုပ်ရှားမှုများ ၊ ကြွက်သားကြီးများကို အသုံးပြုရသည့်ကာယလှုပ်ရှားမှုများ ပါဝင်ပါတယ်။

ကြွက်သားငယ်များကိုအသုံးပြုရသည့်
အနုစိတ်ကာယလှုပ်ရှားမှုများ

ဒီလှုပ်ရှားမှုတွေကတော့ လက်မောင်း၊လက်ကောက်ဝတ်၊လက်ချောင်း စတဲ့ ကြွက်သားငယ်များကို အသုံးပြုလုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ကြွက်သားငယ်များကို ကျွမ်းကျင်စွာလှုပ်ရှားအသုံးပြုနိုင်တဲ့ကလေးတွေဟာ ပုံဆွဲခြင်း၊စာရေးခြင်း၊တီထွင်ဖန်တီးခြင်း စတဲ့လုပ်ငန်းတွေမှာ ကောင်းမွန်စွာလုပ်ဆောင်နိုင်တာ တွေ့ရမှာပါ။ ခဲတံ၊မြေဖြူ၊စုတ်တံ စတာတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်လာခြင်းရဲ့ အကျိုးကျေးဇူးတွေပါ။ ဒီလိုမျိုး အနုစိတ်ကာယလှုပ်ရှားမှုတွေကိုတော့ အခြားသော သင်ယူမှုလုပ်ငန်းတွေဖြစ်တဲ့

ရေးခြစ်ခြင်း
ပုံဆွဲခြင်း
ဆေးရောခြယ်ခြင်း
ဖြတ် ၊ ညှပ်၊ ကပ် ခြင်း
ရက်လုပ်ခြင်း စတဲ့လုပ်ငန်းတွေကနေ
လေ့ကျင့်ပေးနိုင်ပါတယ်
ထို့အပြင် လွတ်လပ်စွာ ကစားချိန်တွေမှာ သစ်သားဘလောက်တုံးများဖြင့် တည်ဆောက်ကစားခြင်း ၊ ကြိုးသီကစားခြင်း ၊ စက္ကူရုပ်ခေါက်ခြင်း စတဲ့ လုပ်ငန်းတွေကနေတစ်ဆင့်လည်း ကြွက်သားငယ်များ သန်မာလာအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ပါတယ်ခင်မျာ။

ကြွက်သားကြီးများကိုအသုံးပြုရသည့်
ကာယလှုပ်ရှားမှုများ

တကယ်တော့ စာတွေးတွေးနေလို့သာ ကာယတွေ ကြွက်သားတွေ ဖြစ်နေတာ။ ရိုးရိုးလေး စဉ်းစားရရင် ခေါင်း ၊ ခါး ၊ ခြေ ၊လက် ဆိုတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားမှုဟာ ကြွက်သားကြီးတွေပါတဲ့ ကာယလှုပ်ရှားမှုပါပဲ ။
၄င်းလှုပ်ရှားမှုထဲမှာ ရွေ့လျားခြင်းနှင့်ဆိုင်သော ကျွမ်းကျင်မှုများ ၊ မရွေ့လျားဘဲလှုပ်ရှားရသည့် ကျွမ်းကျင်မှုများ ၊ ကျင်လည်စွာ ကိုင်တွယ်ခြင်းဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်ပါတယ်။ အဆိုပါ လှုပ်ရှားဆောင်ရွက်ခြင်းကနေတစ်ဆင့် ကလေးငယ်များဟာ မိမိခန္ဓာကိုယ်အကြောင်းကို မိမိကိုင်တိုင် သိရှိလာနိုင်မှာ ဖြစ်ပါတယ် ။

ကြွက်သားကြီးတွေကို အသုံးပြုလုပ်ဆောင်ရသည့် အခြေခံကာယလှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုတွေကို လေ့လာ
ကြည့်ကြပါစို့ ...

ရွေ့လျားခြင်း

တွားသွားခြင်း
လမ်းလျှောက်ခြင်း
ပြေးခြင်း
လျှောတိုက်ခြင်း
ခုန်ခြင်း
ကဆုန်ပေါက်ခြင်း
ကြိုးခုန်ခြင်း

မရွေ့မလျားလုပ်ဆောင်ခြင်း

ကွေးခြင်း
ဆန့်ခြင်း
လှည့်ခြင်း
လိမ်ခြင်း
လှုပ်ရမ်းခြင်း
ဆွဲခြင်း
တွန်းခြင်း

ကျင်လည်စွာကိုင်တွယ်လုပ်ဆောင်ခြင်း

ဖမ်းခြင်း
ပစ်ခြင်း
လှိမ့်ခြင်း
ပုတ်ခြင်း
ကန်ခြင်း
ရိုက်ခြင်း
တော့ခြင်း တို့ ပါဝင်ပါတယ်။

မိဘများ၊ဆရာများရဲ့ အခန်းကဏ္ဍ

ဖေဖေမေမေတို့က သရုပ်ပြသပါ ။ အချို့လုပ်ငန်းတွေမှာ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေပေးပြီး ထင်သာမြင်သာအောင် သရုပ်ပြသဖို့လိုပါတယ်။ ဥပမာ - လျှောက်လမ်းပေါ်မှာ ဟန်ချက်ထိန်းခြင်း
ကလေးများကိုယ်တိုင် လေ့ကျင့်နိုင်ရန် အခွင့်အရေးများပေးပါ ။ ကလေးရဲ့ လုပ်ဆောင်မှုအပေါ်မှာလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကိုပေးပါ ။ ဥပမာ သမီးက ကောင်းကောင်းလုပ်နိုင်တယ် ဒါပေမယ့် ဆင်းတဲ့အခါကျရင် ဖြည်းဖြည်းဆင်းရမယ် ခုန်မချရဘူးနော် စသည်ဖြင့်
ပြောပေးပါ ။
ကလေးတွေရထားတဲ့ ကျွမ်းကျင်မှုကို အသုံးချဖို့ အခွင့်အလမ်းတွေလည်း ဖန်တီးပေးရပါမယ် ။ ကလေးရဲ့
လုပ်ဆောင်မှုအပေါ် စိတ်ဝင်စားမှု စိတ်အားထက်သန်မှု နှင့် ဂရုစိုက်မှုတို့ကို ပြသပါ ။ ချီးကျူးအားပေးခြင်းတို့ကို ပြုလုပ်ပေးပါ။ ဂရုစိုက်မှုဆိုတဲ့နေရာမှာ ကလေးဘာလုပ်လုပ် တဟဲ့ဟဲ့ လိုက်ကန့်ကွက်နေဖို့မဟုတ်ဘူးနော် ။

ကလေးတွေရဲ့ ကိုယ်ကာယဖွံ့ဖြိုးဖို့အတွက် ခြံထဲက အရိပ်ရတဲ့နေရာတွေမှာ ဖြစ်နိုင်ရင် အောက်ပါကစားစရာပစ္စည်းများနဲ့ ကစားရန်နေရာများကို ထားရှိပေးသင့်ပါတယ် ။

ဒန်း
စီးဆော
လျှော
တာယာအဟောင်းတွေနဲ့ပြုလုပ်ထားတဲ့ အနိမ့်အမြင့်လျှောက်လှမ်း
တွယ်တက်ရန် ပိုက်နဲ့ဆင်ထားတဲ့ အရာ
ဘောလုံး
ခုန်ကြိုး
ဘက်တံ စတာတွေကို စီစဉ်ပေးထားသင့်ပါတယ် ။

သူငယ်တန်းကလေးဟာ ထိုင်နေရတဲ့အချိန်ထက် လှုပ်ရှားသွားလာနေရတဲ့အချိန်က ပိုများရမယ်ဆိုတာတော့ သတိချပ်စေချင်ပါတယ် ။ဒါမှသာ ကြွက်သားကြီးများကို အသုံးပြုခွင့်ရပြီး သန်မာလာမှာမို့ပါ။ ဝလုံး တစ်မျက်နှာပြီးမှ ဆော့ရမယ်တို့ ကကြီးရေးပြီးမှ မုန့်စားရမယ်တို့
မလုပ်မိပါစေနဲ့နော် ။
ကလေးတွေကိုယ်တိုင် အင်္ကျီဝတ်တတ်အောင် ၊ လက်ဆေးတတ်အောင် ၊ မုန့်စားတတ်အောင် လေ့ကျင့်ပေးသင့်တဲ့အပြင် ပစ္စည်းများ သိမ်းတတ်ကောက်တတ်ဖို့လည်း အရေးကြီးပါတယ် ။ မတော်တဆဖြစ်မှုများ ၊ ဖိတ်စဉ်မှုများ ၊ လုပ်ငန်းအပြီးမသတ်နိုင်တာတွေလည်း ရှိတတ်တာမို့ ဖေဖေမေမေတို့က စိတ်မဆိုးရဘူးနော် ။
KG အရွယ်ဆိုတာ မူကြိုအရွယ် ကျောင်းသားတွေထက် အာရုံစိုက်နိုင်ချိန် ပိုများတယ်ဆိုပေမယ့် အလုပ်တစ်ခုတည်းအပေါ် အချိန်အကြာကြီး အာရုံစိုက်နေရအောင် ပစ်မထားရဘူးနော် ။
ကစားစရာ ရွေးချယ်ဝယ်ယူတဲ့အခါ ကျား၊မ ကွဲပြားမှုသဘောကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဥပမာအားဖြင့် ကလေးများလုပ်ကိုင်နိုင်ရန် ကြိုးသီးပုတီးစေ့များ ထားရှိပေးသင့်သလို သစ်သားဘလောက်တုံးများလည်း ထားသင့်ပါတယ် ။

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းနယ်ပယ်အတွက်ကတော့ ကျွန်တော်အကြံပေးချင်တာ ဒီလောက်ပါပဲခင်မျာ ။

၂ . စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ခြင်း

စာရိတ္တ ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုတွေဟာ ကျောင်းနေစဉ်အတွက်သာမကဘဲ ဘဝတစ်လျှောက်လုံးအတွက် အရေးပါပါတယ် ။ အဆိုပါကျွမ်းကျင်မှုတွေဟာ ကလေးတွေရဲ့ အနာဂတ်အောင်မြင်မှုအတွက် ခိုင်မြဲတဲ့ အကျိုးဆက်တွေပါ။
သူငယ်တန်းအရွယ် ကလေးငယ်များ မိမိကိုယ်ကို နားလည်မှု ထိန်းချုပ်မှု ၊ အများနှင့်ဆက်ဆံတတ်မှု ၊ ကိုယ်ချင်းစာစိတ် အစရှိတဲ့ လူမှုဆက်ဆံရေးဆိုင်ရာ အခြေခံကျွမ်းကျင်မှုတွေ ရရှိသင့်ပါတယ် ။ မတူကွဲပြားမှုများကို လေးစားတန်ဖိုးထားခြင်း ၊ မိမိလုပ်ဆောင်ချက်အပေါ် မိမိကိုယ်တိုင် တာဝန်ယူ တာဝန်ခံမှုတို့ကိုလည်း လေ့ကျင့်ပေးရမှာဖြစ်ပါတယ် ။

ဒီနယ်ပယ် ကျွမ်းကျင်ဖို့အတွက်ကတော့

မိမိကိုယ်ကို သိခြင်းနှင့်ထိန်းသိမ်းခြင်း

မိမိ၏ လူမှုအသိုင်းအဝိုင်းကိုသိခြင်း

အများနှင့်ပေါင်းသင်းဆက်ဆံခြင်း

တာဝန်ယူဆုံးဖြတ်လုပ်ဆောင်နိုင်ခြင်း

စသည်တို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းလေးတွေနဲ့ လေ့ကျင့်ပေးကြရမှာပါဗျ ။

မိမိကိုယ်ကို သိခြင်းနှင့်ထိန်းသိမ်းခြင်း

မိမိအားသာချက်များကို မိမိကိုယ်တိုင်သိရှိတဲ့ကလေးတွေဟာ မိမိကိုယ်ကို တန်ဖိုးထားတတ်လာပါတယ် ။ ဘာတွေကိုနှစ်သက်တယ် ၊ ဘာကို မနှစ်သက်ဘူး ၊ဘာတွေကိုလုပ်နိုင်တယ် ၊ ဘာတွေကိုတော့မလုပ်နိုင်ဘူး လို့လည်း ခွဲခြားနိုင်ကြပါတယ်။ အဆိုပါကလေးတွေက သူတို့ဘာခံစားနေရတယ်
ဆိုတာ သိသလို သူတို့သိတာတွေကိုလည်း ပြန်ပြော
နိုင်ကြပါတယ် ။
တစ်ချိန်တည်းမှာပဲ အရာရာကို မိမိအမြင်နဲ့သာကြည့်ပြီး အခြားသူများရဲ့ အမြင်တွေ ၊ ခံစားချက်တွေကို ထည့်မတွက်တော့ဘဲ ပြောဆိုလုပ်ကိုင်လာတတ်ကြပါတယ် ။ ဒါကြောင့် မိမိနဲ့ သူများရဲ့ မတူကွဲပြားမှု ၊ စိတ်ခံစားချက်တွေနဲ့ တစ်ဖက်လူရဲ့ သဘောထားတွေကို သတိပြုမိလာစေဖို့ ကူညီပေးရမှာပါနော် ။

မိမိ၏ လူမှုအသိုင်းအဝိုင်းကိုသိခြင်း

ရင်သွေးငယ်များကို မိမိနေထိုင်ကြီးပြင်ရာ လူမှုအသိုင်းအဝိုင်းကို သိအောင်ပြုလုပ်ပေးရပါမယ်။ အသိုင်းဝိုင်းဆိုတဲ့နေရာမှာ မိသားစု ၊ ရပ်ရွာအပြင် နိုင်ငံအထိ အကျုံးဝင်ပါတယ် ။ ထိုအသိုင်းအဝိုင်းရှိ လူများ၏ တူညီမှု မတူညီမှုများကို ခွဲခြားသိမြင်နိုင်အောင် ဆောင်ရွက်ပေးရမှာပါနော် ။ မိမိအသိုင်းအဝိုင်းကို သိတဲ့ကလေးတွေဟာ အခြားသူတွေရဲ့ ခံစားချက် ၊ ထင်မြင်ချက်တွေကို သတိထားမိပြီး မတူကွဲပြားခြင်းများကို လက်ခံကာ တန်ဖိုးထားလေးစားလာမှာပါ ဖြစ်ပါတယ်။

အများနှင့်ပေါင်းသင်းဆက်ဆံခြင်း

အိမ်မှာပဲ သင်ကြမယ့်ကလေးတွေအတွက် အပေါင်းအသင်းမများနိုင်ဘူးဆိုပေမယ့် အထက်၊အောက် မောင်နှမတွေနဲ့ လေ့ကျင့်ပေးလို့နိုင်ပါတယ် ။ စုပေါင်းလုပ်ငန်းတွေလုပ်ကြတဲ့အခါ မိမိကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်ရန် လိုအပ်တယ်ဆိုတာ သိရှိလာမှာပါ။အခြားသူတွေနဲ့ အတူတကွလုပ်ဆောင်ရတဲ့ လုပ်ငန်းတွေကနေတစ်ဆင့် လူမှုဆက်ဆံရေးအလေ့အထတွေဖြစ်တဲ့ အလှည့်စောင့်ရခြင်း ၊ အခြားသူများပြောသည်ကို နားထောင်ပေးရခြင်း စတဲ့ကောင်းမွန်တဲ့ လူမှုဆက်ဆံရေး အလေ့အကျင့်လေးတွေ ရရှိနိုင်ပါတယ် ။

တာဝန်ယူဆုံးဖြတ်လုပ်ဆောင်နိုင်ခြင်း
မိမိကိုယ်ကို တာဝန်ယူမှုနဲ့ မိမိလုပ်ဆောင်ချက်များ
အပေါ် တာဝန်ယူမှုများကို ရရှိလာအောင် ကလေးတွေကို တဖြည်းဖြည်းချင်း သင်ယူပေးကြရမှာပါ။ ကလေးကိုယ်တိုင် အမှီအခိုကင်းစွာ လုပ်တတ်လာနဲ့အမျှ ဆုံးဖြတ်ချက်ချခြင်းနှင့် ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေလည်း တိုးတက်လာမှာပါ ။ ကလေးအရွယ်နဲ့ သင့်လျော်တဲ့ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းအမျိုးမျိုးရှာဖွေရန် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပါတယ် ။ ဒါမှသာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ၊ တာဝန်ယူနိုင်စွမ်းတွေ တိုးတက်လာမှာပါ ။

နယ်ပယ် ( ၆ ) ခုမှာ ၂ ခုတည်းအတွက် ပြီးသေးတာပါ
ခင်မျာ။
စာတွေရှည်နေရင် မဖတ်မှာစိုးလို့ ခုတော့ ဒီလောက်ပါပဲဗျာ။
နောက်ထပ်အခွင့်သင့်ရင် ကျန်တဲ့နယ်ပယ်တွေအတွက် ကျွန်တော့်အတွေ့အကြုံလေးတွေနဲ့အတူ ကလေးများ ကစားရင်း သင်ယူနိုင်မယ့် နည်းလမ်းများ ပုံပြင်ပြောနည်းများကို မျှဝေပေးချင်ပါသေးတယ်ခင်မျာ ။

KG တန်းတက်ရောက်ကြမယ့် သားသားမီးမီးတို့ရဲ့ မိဘများ ၊ ဘဝတူ ဆရာ၊ဆရာမများတို့အတွက် မုံညှင်းစေ့လောက်လေးဖြစ်ဖြစ် အသိတစ်ခုတိုးတယ်ဆိုရင်ပဲ ကျေနပ်ပါပြီဗျာ ။

Crd ဦးအောင်ရန်ဟိန်း🙏

မူလတန်းပြ မြိုင်💗


ကိုးကား .. KG ဆရာလမ်းညွှန်

Want your school to be the top-listed School/college in Kalemyo?
Click here to claim your Sponsored Listing.

Category

Website

Address


Ruby Street
Kalemyo
02091