Electpro Electrical & Automation
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Electpro Electrical & Automation, Business service, No, 236/A, Lower Mingalardon Road, Insein.
28/05/2024
125 Ton Crane အမှတ်တရ ဘယ်လိုမှFunction မဖြစ်လို့ရပ်နေတဲ့Crane ဝိုင်းတော်သားတွေရဲ့ကူညီမှုနဲ့အောင်မြင်သွားပြီ Main Hoist မှာ Schneider Altivar 71 110 KW နှစ်လုံး Scenechro မောင်း တာ တစ်လုံး Close loop Vector Control Speed Mode တစ်လုံးကို Encoder မကောင်းတော့ Open loop Vector Control Torque Mode Torque Speed Switching နဲ့မောင်း လိုက်တာအောင်မြင်သွားပါပြီ
17/05/2018
Electpro´s next Milestone
14/12/2017
အရည်သွေးမြင့်၊အကြမ်းခံ Veichi VFDများအသုံးပြု၍ ဒုတိယမြောက်ကျောက်ခွဲစက် ကိုလည်း အောင်မြင်စွာ တပ်ဆင် လည်ပတ်နိုင်ခဲ့ပြန်ပါပြီ။ယုံကြည်စွာဖြင့်လုပ်ငန်းအပ်နှံပြီး Electproရှိ Crewများအား လက်စွမ်းပြခွင့်ပေးခဲ့သော ကိုဝင်းမိုးအောင်
အား အထူးပင် ကျေးဇူးတင်ပါတယ်။
အလုပ်ပင်ပန်းသည့်ကြား နယ်စုံလှည့်ခြေဆန့်ပြီး ကြီးကြပ်မှုအနဲဆုံးနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြတဲ့ Electpro ဝိုင်းတော်သားတို့အတွက် ဂုဏ်ယူကျေနပ်မိပါတယ်။
08/11/2017
ဖြစ်တတ်တဲ့သဘော
စက်ရုံတစ်ရုံမှာ သုံးထားတဲ့PLC power supplyကဒ်ပျက်နေလို့ စက်ရုံက Maintenanceအကိုတစ်ယောက်က External Power Supplyနဲ့ထွင်ပြီးသုံးထားတယ်။စက်ရုံက ကုန်သည်ဆီကနေ PLC spareတစ်လုံး ဝယ်တော့ ကျနော်တို့
Programသွားသွင်းပေးကြတယ်ပေါ့ဗျာ။
PLCအဟောင်းထဲကနေ programယူဖို့လုပ်တယ်။စက်ကရပ်ထားတာကြာတော့ ထွင်သုံးထားတဲ့Power supplyက သတ်မှတ်ဗို့ မထွက်ပဲကြောင်နေပြန်ရော။ဟိုကလိဒီကလိနဲ့power supplyအဆင်ပြေပြန်တော့ PLCကpasswordခံထားပြန်ရော။passwordဖြည်မဟဲ့ဆိုပြီး Try လိုက်တာ
Eeprom
codeတွေuploadယူပြီး ကြည့်တော့ တွေ့နေကျပုံစံမဟုတ်ပဲ blank projectပုံစံမျိုးတွေ့နေရတယ်။စိတ်ထဲမှာတော့ ကမ္ဘာပျက်နေပြီပေါ့ဗျာ။Eepromဖြုတ်တုန်းက တစ်ခုခုကြောင့်များ အထဲက Codeတွေပျက်ကုန်ပြီလားပေါ့။
ပျက်သွားရင် plc programအစအဆုံးပြန်ရေးပေးရမှာ။စက်ရောင်းတဲ့ Companyဆီကပဲ programလှမ်းဝယ်ရမလား။ကိုယ်တိုင်ပဲ အချိန်ပေးပြန်ရေးရမလား။ရေးရောရေးနိုင်ပါ့မလားဆိုတဲ့လားပေါင်းများစွာနဲ့ ရင်ဘက်ထဲ ဗြောင်းဆန်ရင်းerror ဖြစ်နိုင်မယ်ထင်တာတွေ လိုက်စစ်နေတာပေါ့ဗျာ။
Hardwareပိုင်းစစ်တယ်။IC Pinတွေခဲပူးနေသလား။eeprom programmerကရောအလုပ်လုပ်ရဲ့လား။ကြိုးတွေရောမိရဲ့လား။ဘာfaultမှမတွေ့ဘူး။ဒါဆိုsoftwareပိုင်းကြောင့်လား။အကုန်uninstallပြန်လုပ်။Driverတွေဖြုတ်ချ။အစအဆုံးပြန်တင်။ Antivirusများ ငြိနေသလား။အကုန်Exitလုပ်။မထူးသေးဘူး။
ဒါနဲ့ blank projectဖြစ်နေတာသေချာရဲ့လား codeတွေ တစ်ခုချင်းလိုက်စစ်ကြည့်တယ်။3မီးနစ်လောက်စိတ်ရှည်လက်ရှည်စစ်ပြီးတော့ Hex Codeသဲလွန်စတွေ ဟိုတစ်ခု ဒီတစ်ခု တွေ့ရတယ်။လူပျိုဘဝ ရည်းစားအဖြေပေးတာထက်တောင် ရင်ခုန်ပျော်စရာကောင်းသေးတယ်ဗျာ။Codeတွေကို မြန်မြန်တောင် မစစ်တော့ဘူး။တစ်ခုချင်းလေး စိတ်လှုပ်ရှားစွာနဲ့ စစ်လာလိုက်တာ
တစ်နေရာအရောက် Codeတွေအစုလိုက်အပြုံလိုက် တွေ့တော့တာပဲ။ပျော်လိုက်တာဆိုတာလေ။Codeတွေကို saveပြီး paaswordဖော်တဲ့softwareလေးနဲ့စစ်လိုက်တော့ ပုံထဲကအတိုင်း ပယောဂမှန်တော့ တုန်ဆင်းလာတော့တာပဲဗျို့။passwordကိုတန်းတွေ့တာပဲ။passwordရပြီဆိုတော့ ပြီးပြီပေါ့ဗျာ။
တကယ်တော့ မပြီးသေးပါဘူးဗျာ။
ဆက်ရရင် plc အဟောင်းထဲက programကိုယူဖို့ PLCကိုpowerပေးတယ်။power supplyကပြန်ကြောင်နေပြန်ရော။
စိတ်မရှည်တော့တာနဲ့ PLCအသစ်က power supplyကဒ်နဲ့ အဟောင်းက processorကဒ်ကို တွဲဖို့လုပ်တယ်။တွဲပြီးလို့
့ power လဲဖွင့်လိုက်ရော ဖုန်းကနဲနေတာပဲ
EEPROMလေးလစ်သွားပြီလားဆိုပြီး အပြေးလွှားဖွင့်ကြည့်တော့ eepromကဘာမှမဖြစ်ဘူး။power supplyကဒ်အသစ်လောင်သွားတာ။
ပစ္စည်းလာသွင်းပါတယ်ဆို သွင်းမဲ့ပစ္စည်းက ပျက်သွားတော့ သေရောပေါ့ဗျာ။power supplyကဒ်အသစ်ဘာလို့လောင်သွားတာလဲမေးစရာရှိတယ်။ကျနော့အထင်တော့ plc အဟောင်းက processorကဒ်မှာ
Errorရှိရမယ်။ဒါပေမဲ့ ထွင်သုံးထားတဲ့ External power supplyက Watt များတော့ ဘာမှမဖြစ်ပေမဲ့ Plc အသစ်က power supplyက Wattနဲတော့ မခံနိုင်ပဲပျက်ပါလေရော။
ပြန်ပြင်ဖို့ရာပစ္စည်းတွေကလဲရန်ကုန်မှာဆိုတော့ ဘာမှမတတ်နိုင်ပဲ Programကိုပဲ Backupယူပြီး ပြန်လာခဲ့ရတာပေါ့ဗျာ။အခုတော့ ပြန်ပြင်ပြီး PLCကိုကားတင်ပေးလိုက်ပါပြီ။ဇာတာများကျချင်ရင် ဘာလုပ်လုပ် ဘာမှကိုအဆင်မပြေတာ။စက်ပြင်လောက Serviceသမားတွေအတွက် ဖြစ်တတ်တဲ့သဘောလေးတွေပေါ့ဗျာ။
25/09/2017
Bravo my little two brithers.I am waiting any challange with my brothers.Thank u Nyi Lay and Nyan Myint.
11/06/2017
Control Training
Course
1.Basic Electricity & Electronic
2.Industrial Field Devices
1.Input Devices(Digital /Analog)
2.Output Devices (Digital/Analog)
3.Switch Logic
4.Relay Logic
5.Motor Control Methods
6.Programmable Logic
Controller(Siemens S7 200 PLC)
1.What is PLC?
2.Hardware &Wiring
3.Memory & Addressing Method
4.Programming(LAD)
1.Bit Logic
2.Timer
3.Counter
4.Data Transfer
5.Math Calculation
6.High Speed Counter
7.Modbus Communication
1.PLC••••••>PLC
2.PLC••••••>VFD
3.PLC••••••>PLC••••••>VFD
# #သင်တန်းသားအရေအတွက်ကို၁၀ယောက်ပဲကန့်သတ်ထားတာပါ။လောလောဆယ်စာရင်းပေးပြီးသူက၇ယောက်ရှိပါတယ်။၃ယောက်သာလိုတော့လို့ တက်ရောက်လိုပါက ကျနော့ဖုန်း ၀၉၂၆၃၃၃၆၃၁၃ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Astro Automationမှအလုပ်ခေါ်စာပါ။အလုပ်ရှာနေသူများအတွက်ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်
https://m.facebook.com/story.php?story_fbid=1898234370391733&id=1562281440653696
Vacancy (01_2017).pdf Shared with Dropbox
10/04/2017
PLC programming နှင့်Industrial Controlကိုစိတ်ဝင်စားလေ့လာလိုသော
နည်းပညာတက္ကသိုလ်များ၊စက်မှုကျောင်းများနှင့်
သင်တန်းများအတွက် ကိုယ်တိုင်
လက်တွေ့တပ်ဆင်လေ့ကျင့်
နိုင်သည့်သင်ထောက်ကူပြု
Training Kitများကို စိတ်တိုင်းကျဆောင် ရွက်ပေးလျက်ရှိပါသည်။
27/03/2017
PLC Upgrade ပြုလုပ်ခြင်းအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။
18/03/2017
#ထူးဆန်းထွေလာစက်ပြင်ကမ္ဘာ
ဒီတစ်ခါ စက်ပြင်အတွေ့အကြုံကလည်း ထူးဆန်းလို့ပြန်လည်မျှဝေပါတယ်။PLC Controlတွေပါတဲ့ စက်ရုံတွေမှာစက်ပြင်၊Maintenanceတာဝန်ကို
ယူထားကြတဲ့ သူများအတွက် ဂရုပြုစရာ အဖြစ်အပျက်လည်းဖြစ်ပါတယ်။
စက်ရုံတစ်ရုံက Generatorတွေကို Synchronizationလုပ်ရာမှာအသုံးပြုထားတဲ့ Fatek FBe Series PLC Moduleတွေဟာ Phase-Outဖြစ်သွားတဲ့အတွက် FBs Series Moduleတွေနဲ့ အဆင့်မြှင့်ဖို့ရာ မူလPLC Programကို Uploadယူခဲ့ပါတယ်။Uploadယူတဲ့နေ့မှာ PLCရဲ့ Battery Low Alarmပေါ်နေတာကိုသတိပြုမိတဲ့အတွက် တာဝန်ရှိသူတွေကို Batteryလဲလှယ်ဖို့နဲ့ Batteryအသစ်မရသေးတဲ့ကာလအတွင်း
PLCကိုPowerအမြဲ ပေးထားသင့်ကြောင်း
အကြံပြုခဲ့ပါတယ်။Batteryမကောင်းတော့ရင် Programပျောက်သွားနိုင်တဲ့အတွက်ပါ။
စက်ရုံမှ တာဝန်ရှိသူများမှလည်း ကျ နော်တို့ပြောပြီးနောက်ရက်မှာ PLCကို Powerအမြဲပေးခဲ့ ကြပါတယ်။ဖြစ်ချင်တော့အဲဒီနေ့မှာ မီးပျက်လို့ Generatorမောင်းတဲ့အခါ PLCကအလုပ်မလုပ်တော့ပါဘူး။စစ်ကြည့်တော့ PLCကRun LEDမလင်းတာကိုတွေ့ရတဲ့အတွက် Programပျောက်သွားပြီဆိုတာ သိခဲ့ပါတယ်။ဒါကြောင့့်Generatorကို Manual သာမောင်းနှင်ခဲ့ရပါတယ်။
ကျနော် တို့Program Backupယူတဲ့နေ့နဲ့
Batteryသက်တမ်းကုန်သွားလို့
Programပျောက်သွားတဲ့နေ့က တစ်ရက်တောင်မခြားတာကတော်တော်ထူးဆန်းတဲ့
အဖြစ်အပျက်ပါ။ တကယ်လို့များProgram Bakupယူတာတစ်ရက်လောက် နောက်ကျသွားခဲ့ရင်တော့ခေါင်းကြီးစရာပါပဲ။
Generator Controlမှာသုံးတဲ့ PLCဆိုတာလည်း EPCမီး ပြတ်တောက်တဲ့အခါမှသာ အလုပ်လုပ်ရတာဖြစ်လေတော့ ယခုလို Battery Low alarmပြနေတာကို သတိပြုမိဖို့ရာ ရာခိုင်နှုန်းအတော်နဲပါတယ်။(စက်ပြင်နဲ့Maintenanceတာဝန်ကိုယူထားသူတွေအနေနဲ့မိမိစက်ရုံကPLCတွေမှာBateryပါ/မပါ၊ပါရင် Battery Low Alarmပြ/မပြ၊နဲ့ Batteryလဲရလျှင်လဲလှယ်သည့်နေ့ရက်တို့ကို သတိထားမှတ်သား
ထားသင့်ကြောင်းအကြံပြုပါတယ်။)......Fatek PLCရဲ့ User Manualမှာbattery low alarmပြပြီးတစ်လအတွင်းလဲလှယ်ဖို့နဲ့
Batteryကိုတစ်မိနစ်အတွင်းအပြီးလဲဖို့ ရေးသားထားပါတယ်။
Battery သက်တမ်းကုန်လို့ Programပျောက်သွားတဲ့အခါ Backup ယူထားတာရှိရင် အခက်အခဲမရှိပေမယ့်Backupယူထားတာ မရှိရင်တော့ မူလprogramရေးသူကSupportမလုပ်ရင် Programအစအဆုံးပြန်ရေးရမှာဖြစ်ပါတယ်။အဲဒီအခါ အချိန်နှင့်ငွေကြေးလည်းများစွာ ကုန်ကျမှာဖြစ်တဲ့အတွက် မိမိစက်ရုံရှိ Control
Programများအား စက်ကောင်းနေစဉ်မှာပင်
Backupယူသိမ်းဆည်းထားသင့်ကြောင်း
ထပ်လောင်းအကြံပြုလိုပါတယ်။
Program Backupယူခြင်းRestoreပြုလုပ်ခြင်းနှင့် Phase-Outဖြစ်သွားသော Controllerများအား Upgradeပြုလုပ်ခြင်းများကိုလည်း ကျနော်များ Electrical & Automationမှ ဝန်ဆောင်စရိတ်သက်သာစွာဖြင့် ဆောင်ရွက်ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
Electpro Electrical & Automation
17/03/2017
အသစ်ထပ်မံရောက်ရှိလာသော Measuring Instrumentsများဖြစ်ပါတယ်။Part Noနှင့်ဈေးနှုန်းများကိုပစ္စည်းတစ်မျိုးချင်းအလိုက်ဖော်ပြပေးထားပါတယ်။နယ်မှမှာယူလိုသူများအတွက်လည်း ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Insein