Car TPMS
Quality is important.
23/09/2026
Android TV တပ်ထားရင် Android TPMS တပ်လို့ရပါတယ်။
TP U1 app ကို Google play store ကနေ TV မှာ download and install လုပ်ပါ။ Receiver တပ်ပြီးရင် ဘီးမှာဆန်ဆာတပ်လိုက်ရင်ရပါပြီ။
23/09/2026
D3 dashcam တပ်ဆင်ခမပါ ၃သိန်းပါ။ SD card မပါ။ Ninja Van delivery နဲ့အိမ်ရောက်ငွေချေပို့ပေးပါတယ်။
SD card 64GB
San disk 64GB ၅ သောင်း။
Lexar 64GB - ၈သောင်းခွဲပါ။
23/09/2026
TPMS တပ်ထားရင် ဘီးပေါက်ကားမှောက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ကားတိုင်းမှာတပ်ဆင်ထားသင့်ပါတယ်။ TP s17i က Type C အားသွင်းပေါက်ပါ။ ၄နာရီဆက်တိုက်မောင်းတဲ့အခါ Coffee breakအတွက် Alarm ပေးပါမယ်။ တာယာနေရာပြောင်းရင် Monitor မှာ Auto ပြောင်းပေးပါမယ်။ Tyre Rotation လုပ်ဖို့လဲ Alarm ပေးပါမယ်။
1. Car TPMS
27 B၊ ကြေးတိုင်စု ၁လမ်း၊ ပိန်းနဲကုန်းရပ်ကွက်၊ အင်းစိန်စျေးရှေ့၊ ရုပ်ရှင်ရုံအနီး။
09 263 376 046
2. မေယုစတိုး
၂၃၀၊မြို့ပါတ်လမ်း၊ စက်ကန်အနီး၊ ဗိုလ်ချုပ်ရပ်ကွက်၊ သန်လျင်။
09785084834
3. Auto Engineering Group
ညည ၃၈/၃ ၊ ၅၆ လမ်း ၊ ၁၁၇ အေ နှင့် ၁၁၈လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
092013371, 09798676631
21/09/2026
A30X- ၈သိန်း။
A30M- ၇သိန်း။
21/09/2026
ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်😊
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ ❤️
20/09/2026
Steelmate TPMS S17i- ၄သိန်းကျပ်။
Steelmate D3 dashcam-၃သိန်းကျပ်။
1 year warranty. တပ်ဆင်ခမပါ စျေးနှုန်း။
Ninja Van delivery ရောက်တဲ့နေရာ အိမ်ရောက်ငွေချေပို့ပေးပါတယ်။
19/09/2026
Steelmate D3 premium Dashcam.
Front camera 2k. Rear 1k.
Super capacitor သုံးထားပါတယ်။ Hardwire kit ပါပါတယ်။ Steelmate app နဲ့Wi-Fi ချိတ်ပြီး SD card ထဲက file တွေကို phone ထဲကို download လုပ်လို့ရပါတယ်။
Ninja Van delivery နဲ့အိမ်ရောက်ငွေချေပို့ပေးပါတယ်။
၁။ ခေတ်မီ Premium Dashcam အများစုမှာ Lithium-ion ဘက်ထရီ မထည့်သွင်းထားဘဲ Supercapacitor ကို အသုံးပြုထားခြင်းဖြစ်ပါတယ်။
Lithium ဘက်ထရီ မသုံးဘဲ ဒီဇိုင်းထုတ်ထားရသည့် အဓိက အကြောင်းရင်း (၄) ချက်မှာ-
၁။ အပူဒဏ်ကြောင့် ပေါက်ကွဲ/မီးလောင်မည့် အန္တရာယ်မှ ကာကွယ်ရန်
Dashcam များသည် လေကာမှန်တွင် တပ်ဆင်ထားရသဖြင့် နေပူထဲ ကားရပ်ထားပါက ကားအတွင်း အပူချိန် ၆၀°C မှ ၈၀°C အထိ မြင့်တက်နိုင်ပါတယ်။ Lithium ဘက်ထရီများသည် အပူဒဏ်ကြောင့် ဖောင်းကြွလာခြင်း၊ ဓာတုရည်ယိုစိမ့်ခြင်း သို့မဟုတ် ပေါက်ကွဲ/မီးလောင်ခြင်း ဖြစ်ပွားနိုင်သဖြင့် ဘက်ထရီမသုံးဘဲ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
၂။ ရေရှည် အသုံးခံမှုနှင့် သက်တမ်းရှည်ခြင်း
Lithium ဘက်ထရီများသည် မြင့်မားသော အပူချိန်နှင့် အားသွင်း/အားကုန် ထပ်ခါတလဲလဲ ဖြစ်မှုကြောင့် ၁ နှစ်မှ ၂ နှစ်အတွင်း ဘက်ထရီ သက်တမ်းကုန်ဆုံးလွယ်ပါတယ်။ Supercapacitor သည် အပူဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိပြီး နှစ်ပေါင်းများစွာ အသုံးပြုသော်လည်း သက်တမ်းကျဆင်းခြင်း မရှိပါ။
၃။ နောက်ဆုံး ဗီဒီယိုဖိုင် မပျက်စီးဘဲ သိမ်းဆည်းနိုင်ရန် (Safe Shutdown)
Supercapacitor ရဲ့ အဓိကတာဝန်က ကားစက်ပိတ်လိုက်ချိန် သို့မဟုတ် မတော်တဆဖြစ်ပြီး ပါဝါပြတ်တောက်သွားချိန်တွင် ရိုက်ကူးနေဆဲ နောက်ဆုံး ဗီဒီယိုဖိုင်ကို SD Card ထဲသို့ စနစ်တကျ Auto Save လုပ်ပေးရန် စက္ကန့်ပိုင်းစာ လျှပ်စစ်ဓာတ်အား ခဏတာ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။
၄။ မော်တော်ယာဉ်မှ တိုက်ရိုက် ပါဝါယူသုံးခြင်း
Dashcam သည် ကားမောင်းနေစဉ်တွင် ကား၏ Cigarette Lighter (သို့မဟုတ် USB) မှတစ်ဆင့် တိုက်ရိုက် ပါဝါယူ၍ လည်ပတ်ပါတယ်။
မှတ်ချက် (Parking Mode အတွက်):
ကားစက်ပိတ်ထားစဉ် ၂၄ နာရီ စောင့်ကြည့်မှတ်တမ်းတင်သည့် Parking Monitoring စနစ်ကို သုံးချင်ပါက Dashcam ၏ Fuse Box ချိတ်ဆက်သည့် Hardwire Kit ကို အသုံးပြု၍ ကားဘက်ထရီမှ ပါဝါယူပေးရန် လိုအပ်ပါတယ်။
Dashcam Hardwire Kit ဆိုတာ Dashcam ကို ကားရဲ့ Cigarette Lighter Socket (စီးကရက် မီးထွန်းပေါက်) ကနေ မီးမယူဘဲ၊ ကားရဲ့ Fuse Box (ဖျူးစ်ဘောက်စ်) ထံ တိုက်ရိုက် ကြိုးဆက်သွယ်ပေးတဲ့ Power Supply Cable Kit တစ်ခု ဖြစ်ပါတယ်။
💡 Hardwire Kit ဘာကြောင့် သုံးရတာလဲ? (အဓိက အကျိုးကျေးဇူးများ)
၁။ 24/7 Parking Monitoring (ကားရပ်ထားချိန် စောင့်ကြည့်ခြင်း)
Cigarette Lighter ပေါက်တွေဟာ ကားသော့ပိတ်လိုက်တာနဲ့ မီးပြတ်သွားတတ်ပါတယ်။ Hardwire Kit တပ်ထားရင်တော့ ကားစက်ပိတ်ထားချိန်မှာပါ Dashcam က မီးဆက်ရနေမှာဖြစ်လို့ G-Sensor Impact Detection (ကားကို လာတိုက်ရင်) သို့မဟုတ် Time-Lapse/Motion Detection စတဲ့ Parking Mode တွေကို 24 နာရီ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
၂။ Voltage Protection (ကားဘက်ထရီ မကုန်အောင် ကာကွယ်ပေးခြင်း)
"ကားစက်ပိတ်ထားချိန် မီးယူနေရင် ဘက်ထရီကုန်ပြီး စက်နှိုးမရတော့ရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ စိုးရိမ်ချက်အတွက် Hardwire Kit တိုင်းမှာ Low Voltage Cut-off Protection ပါဝင်ပါတယ်။
ကားဘက်ထရီရဲ့ Voltage က သတ်မှတ်ထားတဲ့ ပမာဏ (ဥပမာ- 11.8V သို့မဟုတ် 12.0V) အောက် လျော့နည်းသွားတာနဲ့ Hardwire Kit က Dashcam ဆီ မီးပေးတာကို အလိုအလျောက် ဖြတ်တောက်ပေး တာကြောင့် ကားဘက်ထရီ ကုန်သွားမှာကို ပူစရာမလိုပါဘူး။
③ Cleaner & Neat Look (ကြိုးရှုပ်တာမျိုး မရှိခြင်း)
မီးထွန်းပေါက်မှာ ကြိုးတန်းလန်း တပ်စရာမလိုတော့တဲ့အတွက် ကားအတွင်းခန်း သပ်သပ်ရပ်ရပ်ရှိစေပြီး အခြား ဖုန်းအားသွင်းတာမျိုးအတွက် ပလပ်ပေါက် လွတ်သွားပါမယ်။
19/09/2026
Ediag Elite ကြိုးအပါ ၄ သိန်းနဲ့ တခုရပါမယ်။ Ninja Van delivery ရောက်တဲ့နေရာ အိမ်ရောက်ငွေချေပို့ပေးပါတယ်။
19/09/2026
S22i က ကျွန်တော့်ဆီမှာ ကုန်သွားပါပြီ။
Direction tyre ဆိုင်မှာ ၂ခုလောက်ရပါမယ်။
Category
Telephone
Website
Address
Insein
11011
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |