Treasure Tree
Pre-School & Learning Center
02/05/2026
🌳PSED ဆိုတာ Personal, Social and Emotional Development
"ကိုယ်ရည်ကိုယ်သွေး၊ လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု" 🌳
Cambridge Early Years နဲ့ UK Early Years Foundation Stage (EYFS) သင်ရိုးညွှန်းတမ်းတွေမှာ ဒါကို Prime Area (အဓိက အခြေခံအကျဆုံး နယ်ပယ်) တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ကလေးတစ်ယောက် စာတော်ဖို့ထက် ဒီ PSED ပိုင်း ခိုင်မာဖို့က ပိုအရေးကြီးတယ်လို့ ပညာရေးပညာရှင်တွေက ယူဆကြပါတယ်။
PSED မှာ အဓိက အပိုင်း ၃ ပိုင်း ပါဝင်ပါတယ် -
၁။ Personal Development 💁♀️(မိမိကိုယ်ကိုယ် တည်ဆောက်ခြင်း)
ကလေးက မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် သင်ကြားပေးတာပါ။
မိမိကိုယ်ကိုယ် အားကိုးတတ်ခြင်း (ဥပမာ - ဖိနပ် ကိုယ်တိုင်စီးတာ၊ အင်္ကျီကြယ်သီး တပ်တာ)။
မိမိရဲ့ အားသာချက်တွေကို သိရှိလာပြီး "ငါလုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ် (Self-confidence) မွေးမြူပေးတာ။
၂။ Social Development 👭(လူမှုဆက်ဆံရေး ဖွံ့ဖြိုးခြင်း)
တခြားသူတွေနဲ့ ဘယ်လို အဆင်ပြေအောင် နေထိုင်ရမလဲဆိုတာကို သင်ယူတာပါ။
သူငယ်ချင်းတွေနဲ့ ကစားစရာ မျှဝေသုံးစွဲတတ်ခြင်း (Sharing and Taking turns)။
တခြားသူရဲ့ ခံစားချက်ကို နားလည်စာနာတတ်ခြင်း (Empathy)။
အုပ်စုလိုက် လုပ်ဆောင်ရတဲ့ Activities တွေမှာ ပူးပေါင်းပါဝင်တတ်ခြင်း။
၃။ Emotional Development😃😍🤨 (စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးခြင်း)
မိမိရဲ့ ခံစားချက်တွေကို နားလည်ပြီး ထိန်းချုပ်တတ်အောင် သင်ပေးတာပါ။
ဝမ်းနည်းတာ၊ စိတ်ဆိုးတာ၊ ပျော်တာတွေကို ခွဲခြားသိမြင်ပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖော်ပြတတ်ခြင်း။
စည်းကမ်းတွေကို နားလည်လိုက်နာခြင်း။
အခက်အခဲတစ်ခု ကြုံလာရင် စိတ်မပျက်ဘဲ ပြန်ကြိုးစားလိုစိတ် (Resilience) ရှိခြင်း။
🌳Treasure Tree Preschool မှာ PSED ကို ဘယ်လို ထည့်သွင်းသင်တာလဲ❓️
Circle Time: 🗣ကလေးတွေ ဝိုင်းဖွဲ့ထိုင်ပြီး ဒီနေ့ ဘယ်လိုခံစားရလဲ (Feelings) အကြောင်း ပြောပြခိုင်းခြင်း
Role Play:❤️ အရုပ်လေးတွေ သုံးပြီး သူငယ်ချင်းအချင်းချင်း ရန်ဖြစ်ရင် ဘယ်လို ပြန်ချော့မလဲဆိုတဲ့ ပြုပြင်ပြောင်းလဲရေး ကစားနည်းတွေ ဖန်တီးပေးခြင်း
Star of the Week: တစ်ပတ်အတွင်း သူငယ်ချင်းကို ကူညီတဲ့ကလေး သို့မဟုတ် စည်းကမ်းလိုက်နာတဲ့ကလေးတွေကို
Star Award ပေးပြီး သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို မြှင့်တင်ပေးတာခြင်း
ဘာကြောင့် PSED ကိုထည့်သွင်းသင်ကြားပေးရတာလဲ❓️
ကလေးတစ်ယောက် PSED ကောင်းမွန်မှသာ နောက်ပိုင်းမှာ Literacy (စာဖတ်ခြင်း) နဲ့ Mathematics (သင်္ချာ) ဘာသာရပ်တွေကို စိတ်အေးချမ်းသာစွာနဲ့ အာရုံစိုက် သင်ယူနိုင်မှာ ဖြစ်ပါတယ်။😃
"ကစားလည်းကစား၊ သင်ယူလည်းသင်ယူ...
Treasure Tree မှာ ကလေးလေးတွေဟာ ကစားရင်းနဲ့တင် လူမှုဆက်ဆံရေး (Social Skills) တွေကို သင်ယူနေကြတာပါ။
မမတွေကို ဝိုင်းကူပေးတာ၊ အချင်းချင်း မျှဝေဆော့ကစားတာက အစ သူတို့လေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းလေးတွေပါပဲ။ အခုချိန်မှာတော့ တီချယ်တို့ရဲ့ မမလေးတွေက ညီမလေးတွေကို တကယ်ပဲ ဂရုတစိုက်ရှိကြတယ်နော်... 🏠💖"
ရှေ့ပိုင်းလေးကတော့ သမီးငယ်လေးတွေရောက်ခါစက မမတွေကဂရုစိုက်ပေးနေတာလေး
နောက်ပိုင်းလေးကတော့ သမီးငယ်လေးက သူထက်ငယ်တဲ့ညီမလေးရောက်လာတော့ ပြန်ပြီးမမတွေလို အတုယူပြီးပြန်ဂရုစိုက်ပေးနေတာလေး
ငိုနေတဲ့သမီယလေးကငယ်သေးတော့သတိရတိုင်နည်းနည်းတော့ငိုတာပေါ့နော် ငိုတိုင်း ဆရာမတွေက White lie သုံးပြီးချော့တတ်တယ် ဂရုစိုက်ပေးတတ်တာ မမSenior တွေကမှတ်ထားပြီး မမတွေက ညီမလေးတွေကိုဂရုစိုက်ပေးတယ်
အခုညီမလေးကတော့သူထက်ငယ်တဲ့ညီမလေးတွေကိုဂရုစိုက်နေတာလေး🥰
ကလေးသဘာဝနဲ့တွေးရင် ဆော့တာဆော့နေလို့ရပါတယ်လေ သူမဆော့ဘူး ဝမ်းနည်းသူကိုဖေးမပြီး ကစားပေးတာလေး
အရမ်းကို သင်ယူလွယ်တဲ့ကလေးလေးတွေပါရှင့်
ကလေးငယ်လေးတွေရဲ့ Environment ကလည်း အရေးကြီးပါကြောင်း🥰🥰🥰🥰🥰🥰
29/04/2026
ဒီနေ့ ဒါနကုသိုလ် အတွက်ကျေးဇူးအများကြီးတင်ပါတယ်သမီးလေး
Eaint Thadar Phyoရေ စိတ်ချမ်းကိုယ်ကျန်းမာနဲ့ လိုတိုင်းတရနိုင်ပြီးပညာတွေလည်း များစွာသင်ယူနိုင်ပါစေ🥰🥰🥰
ကိုကိုကြီး Bhone Myat Han လည်း ပေါင်မုန့်ဒါန ကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာပါစေသားသားလေး🥰🥰🥰
17/04/2026
👋ဆရာ/မ အမြန်အလိုရှိသည်
(Treasure Tree Preschool & Learning Center)
ကလေးငယ်တွေကို ချစ်ခင်ကြင်နာပြီး ပညာရေးလောကမှာ တက်ကြွစွာ လုပ်ကိုင်လိုတဲ့
ဆရာ/မ (၂) ဦး ကို ကျွန်မတို့ Treasure Tree မိသားစုမှာ ပူးပေါင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
🌟 သင်က ဒီလိုလူမျိုးဆိုရင် ကျွန်မတို့ဆီ လာခဲ့ပါ-
ကလေးငယ်တွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးချင်သူ။
Phonics နဲ့ Interactive Learning ကို စိတ်ဝင်စားသူ။
သင်ကြားရေးမှာ တက်ကြွပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိသူ။
🎁 ကျွန်မတို့ဆီမှာ ဘာတွေ ရနိုင်မလဲ-
သင့်တင့်မျှတသော လစာနှင့် ခံစားခွင့်များ။
မိသားစုဆန်ပြီး ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်။
သင်ကြားရေးပိုင်းဆိုင်ရာ အတွေ့အကြုံသစ်များ
📍 တည်နေရာ: အမှတ်၅၀ ၊ မာလာမြိုင်၅လမ်း ၊ ၁၆ရပ်ကွက် ၊လှိုင်
📞 ဆက်သွယ်ရန်: 09420900216 (viber) သို့မဟုတ် Messenger မှတစ်ဆင့် CV ပေးပို့ စုံစမ်းနိုင်ပါသည်။
#မူကြိုပညာဝါသနာပါသူများ
#မူကြိုဆရာ
Water party🥰🥰🥰
#အတာသင်္ကြန်
ဖြေးဖြေးပက်🥰🥰🥰
#အတာသင်္ကြန်
စဥ်းစားဦးမယ်ကွာ🥰🥰🥰🥰
#အတာသင်္ကြန်
ချစ်ဖို့ကောင်းကြရဲ့လား🥰
နှစ်သစ်အခါသမယမှာပျော်ရွှင်ကြပါစေ
12/04/2026
မြန်မာနှစ်သစ် အတာသင်္ကြန်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာ၍ပျော်စရာနှစ်သစ် ဖြစ်ကြပါစေ လို့
ဆုတောင်းပေးလိုက်ရပါတယ်ရှင့်
#အတာသင်္ကြန်
12/04/2026
မြန်မာနှစ်သစ် အတာသင်္ကြန်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာ၍ပျော်ရွှင်စရာနှစ်သစ် ဖြစ်ကြပါစေ လို့
ဆုတောင်းပေးလိုက်ရပါတယ်ရှင့်
#အတာသင်္ကြန်
10/04/2026
Happy Birthday Leo! 🎊
Happy Birthday to a very special member of our school community. Leo, may your year ahead be filled with kindness, learning, and endless happiness. Stay brilliant! 📚✨
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Hlaing
Opening Hours
| Monday | 09:00 - 16:00 |
| Tuesday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |