Skip to content
FindGlocal
U Fix

U Fix

Hlaing Accessories

DIY Products

18/10/2026

မိုးအကုန်နွေအကူး(ဆောင်းမရှိတော့လို့)လေပူလေးတစ်ဖြူးဖြူးနဲ့မင်မင်နားနေတုန်းဖုန်းတစ်ခုဝင်လာတယ်UFix ကလားရှင့်..ဟုတ်ကဲ့ပြောပါဆိုတော့..ညီမကားလက်တင်လိုင်နာလေးလဲချင်လို့ပါဆိုတော့ဟုတ်ကဲ့ရပါတယ်လာခဲ့ပါပေါ့။ရောက်လာတော့လိုင်နာလေးဘက်လုံးပျက်နေတယ်ပြသာနာကမှန်တစ်ချပ်ကချမရဘူး..မေးကြည့်တော့မနက်ကကားရေသွားဆေးတာကားလဲအပ်ရောမှန်ချမရတော့လို့ရေဆေးဆိုင်မှာပြသာနာတက်လာတာတဲ့..ဆိုင်ကလဲရေလေးဆေးတာနဲ့မဆိုင်ဘူးသူတို့ကြောင့်မဟုတ်ဘူးလို့ငြင်းလွှတ်လိုက်တယ်...ကားပိုင်ရှင်ကလဲရေမဆေးခင်အထိမှန်တင်ချရတယ်သူတို့ရှေ့တင်မှန်တင်ပြီးမှရေဆေးတာပေါ့။နောက်ဆုံးတော့မှန်တင်ချပြင်တဲ့ဆိုင်ရောက်ရော(အဲ့ဆိုင်ကညွန်လို့ဒီရောက်လာတာပေါ့)ဆိုင်ကစစ်ကြည့်တော့မော်တာရေဝင်ပြီးလောင်သွားတာလို့ပြတယ်ဘယ်လောက်ကျမယ်ပေါ့..ဒါပေမယ့်လိုင်နာမကောင်းရင်တော့အာမခံမပေးဘူးဆိုတော့လိုင်နာကပစ္စည်းရှားတဲ့အမျိုးအစားဖြစ်နေတယ်။ဝယ်လို့ရရင်လဲဈေးကမနည်းဘူး။ဈေးသက်သက်သာသာနဲစိတ်ချရတဲ့ဆိုင်ညွန်ပေးပါဆိုလို့UFix ကိုလာခဲ့တာပါ၄ပေါက်၆သောင်းဟုတ်ကောဟုတ်ရဲ့လားပေါ့။သူ့ကြည့်ရတာကားနဲ့ပါတ်သက်ရင်တော်တော်လေးစန်းစန်းတင့်ဖြစ်တဲ့ပုံပါ။ကားအကြောင်းလဲတော်တော်လေးနားလည်တယ်။မနက်ကရေဆေးဆိုင်မှာဘယ်လိုတွေကွိုင်ရှာလာလဲမသိဘူး။ပြောချင်တာကမိုးမရွာတော့လို့လိုင်နာပျက်နေလဲမိုးရေမဝင်ဘူးကိစ္စမရှိဘူးလို့တွေးလို့မရတော့ပါဘူး။ပုံမှန်ကားရေဆေးရင်းလဲဆပ်ပြာတွေရေတွေဝင်ရင်မော်တာတွေပျက်နိုင်ပါတယ်။အပ်နဲ့ထွင်းရမယ့်နေရာမှာပေါက်ဆိန်တွေရောတူတွေရောသုံးရရင်၂ခါကုန်ပါတယ်လို့။လက်တင်လိုင်နာတွေပျက်နေရင်09899304949ကိုဖုန်းလေးတော့ကြိုဆက်ပေးပါ။စာနည်းနည်းရှည်သွားလို့ဖတ်ပေးတာကျေးဇူးပါ။ပူပင်သောကတွေကင်းကြပါစေ။

16/10/2026

မိတ်ဆွေတယောက်ရဲ့ ကား၁စီးရောင်းဖို့ရှိပါတယ်ခင်ဗျာ
စိတ်ဝင်စားရင် ဖုန်းဆက်ပြီး လာကြည့်လို့ရပါတယ်
ရန်ကုန်/လှိုင်
၁. Toyota Probox 2007 1.5Cc
9E/.... Taxi နီ ခေါ်ဈေးသိန်း900
ဖုန်း 09899304949

Photos from U Fix's post 03/10/2026

GLXလေးပျက်အစဥ်Ufixပြင်ခဏ...ပျက်နေတာဘယ်လောက်ကြာကြာUfixကပြင်ပေးလိုက်ရင်အကြာကြီးမပျက်တော့ဘူးနော်...စိတ်ရှည်ရှည်နဲ့စောင့်ပေးလို့ကျေးဇူးတင်ပါတယ်ဗျ။

Photos from U Fix's post 23/09/2026

ဒီတစ်ခါတော့ကားနဲ့မပါတ်သတ်ပါဘူးနော်။မင်မင်ကိုယ်တိုင်စားဖူးပြီးအရမ်းကြိုက်သွားလို့ပါ။စပ်စပ်ရဲရဲနဲ့ အနံ့အရသာ ပြည့်စုံတဲ့ အရသာထူးကို ရှာဖွေနေပါသလား"တရုတ်နိုင်ငံ လျိုကျိုး (Liuzhou) မြို့ရဲ့ နာမည်ကြီး လမ်းဘေးစာစဥ်တစ်ခုဖြစ်တဲ့ "Hao Huan Luo" (好欢螺) Luosifen ခရုခေါက်ဆွဲ (အစပ်ဗားရှင်း) ရောက်ရှိလို့လာပါပြီ။လျှာပေါ်တင်လိုက်တာနဲ့ စွဲမက်သွားစေမယ့် အရသာထူးခြားချက်များ -စပ်ရှိန်ပြင်းပြင်း အရသာထူး - အစပ်ကြိုက်သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အစပ်ဗားရှင်းဖြစ်ပြီး အီမသွားဘဲ ပိုစားလို့ကောင်းမယ့် အစပ်အရသာကို ပေးစွမ်းမှာပါ။တကယ့် ခရုပြုတ်ရည်အစစ် - ခရုနဲ့ အရိုးကို နာရီပေါင်းများစွာ အချိန်ယူချက်ပြုတ်ထားတဲ့ တကယ့်ရိုးရာ ဟင်းရည်အနှစ်ကြောင့် ချိုမြိန်ပြီး အနံ့အရသာ ပြည့်စုံစေပါတယ်။စုံလင်လှတဲ့ အနှစ်ထုပ်များ - ခေါက်ဆွဲဖတ် အိအိညက်ညက်အပြင် ဝါးလို့ကောင်းမယ့် ဝါးမျှစ်ချဉ်၊ ပဲပြားကြော်၊ မြေပဲလှော်နဲ့ တခြားအနှစ်ထုပ်များစွာ ပါဝင်လို့ တစ်ပွဲတည်းနဲ့တင် ဗိုက်ပြည့် စိတ်ကျေနပ်မှု ရစေမှာပါ။အိမ်မှာပဲ အလွယ်တကူ ပြုတ်စားရင်း လျိုကျိုးမြို့ရဲ့ စစ်မှန်တဲ့ ရိုးရာခရုခေါက်ဆွဲ အရသာကို ခံစားကြည့်လိုက်ပါ။မှာယူချင်တယ်ဆိုရင်တော့မင်မင့်ရဲ့ဖုန်းလေး09899304949ကိုပဲဆက်သွယ်ပေးပါနော်။
မေ့လို့ဈေးကတော့မိသားစု၃ယောက်စာလောက်400gအထုပ်ကြီးကိုမှ၁၅၀၀၀ပဲနော်လှိုင်မြို့နယ်အတွင်းကတော့အခမဲ့ပို့ပေးအုန်းမယ်။

Photos from U Fix's post 16/09/2026

Wish ပုံပြောင်းနဲ့ GK3 လေး၂စီးလိုင်နာလဲပေးထားတာပါ။တစ်ချို့ကားတွေကတော့အရင်ကပုံတွေတင်ပေးဖူးတာရှိလို့ထပ်မတင်ပေးတော့တာပါ။ဘာကားတွေတပ်လို့ရလားမရဘူးလားဆိုတာ09899304949ကိုဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

Photos from U Fix's post 12/09/2026

i10 နဲ့ GLX လေးပါ။စိတ်တိုင်းကျလိုင်နာလဲပေးထားပါတယ်။ကျောင်းဖွင့်ရက်တွေမှာကလေးကျောင်းကြို/ပို့လေးရှိလို့လိုင်နာတပ်မယ်ဆိုဖုန်းလေးကြိုဆက်ပေးပါဗျ။ပိတ်ရက်တွေကတော့ထမင်းစားချိန်ကလွဲရင်တောက်လျောက်လုပ်ပေးနေပါတယ်။ယုံကြည်အားပေးကြတဲ့အုံနာကြီးများကျေးဇူးပါ။

Photos from U Fix's post 05/09/2026

GLX လေးတွေရဲ့မူလလိုင်နာကလိုင်နာချောင်းအထဲမှာမြုပ်ပီးတပ်ထားတော့မှန်ကကျလာတဲ့ရေကအထဲမဝင်ပေမယ့်လိုင်နာချောင်းနဲ့လိုင်နာကြားအတွင်းမှာအောင်းနေလို့လိုင်နာအသားဆွေးလွယ်ပြီးပျက်သွားရင်တောင်သတိမထားမိတတ်ပါဘူးမှန်အတင်အချလုပ်လို့ပြတ်ပြီးပါလာမှသတိထားမိတတ်ပါတယ်။တစ်ချို့ဆိုလုံးဝပြတ်ပြီးအတွင်းကိုပြုတ်ကျနေတတ်ပါတယ်။UFIXလိုင်နာကတော့မှန်ကကျလာတဲ့ရေကိုအပြင်တစ်ခါထဲထွက်သွားအောင်တပ်ဆင်ပေးတာမို့လိုင်နာအသားအနည်းငယ်မြင်နေရပေမယ့်ရေရှည်မှာလွယ်လွယ်နဲ့မပျက်စီးနိုင်တာကသူ့ရဲ့အားသာချက်ပါ။ယုံကြည်အပ်နှံတပ်ဆင်ကြတဲ့မိတ်ဟောင်းကာစတမ်မာတွေနဲ့recommed ပေးကြတဲ့ကာစတမ်မာအုံနာကြီးတွေကိုလဲအထူးကျေးဇူးတင်ပါတယ်။

Photos from U Fix's post 31/08/2026

GE6နဲ့colt + ၂စီးလိုင်နာလဲပေးဖြစ်ပါတယ်။ဒီရက်ပိုင်းမင်မင်လဲတခြားအလုပ်တွေနဲ့မအားလို့ကားတွေသိပ်မခေါ်ဖြစ်လို့ပါ။လိုင်နာလဲချင်တဲ့မိတ်ဟောင်းမိတ်သစ်အုံနာကြီးများဖုန်းလေးတော့ကြိုဆက်ပေးပါနော်။

Photos from U Fix's post 20/08/2026

ဒီရက်ပိုင်းNOAH လေးတွေလိုင်နာလဲပေးဖြစ်နေပါတယ်JDMလေးတွေအပြင်ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့SKD တွေမှာလဲUFIXလိုင်နာတွေကိုမူလအတိုင်းဖြစ်အောင်လိုင်နာအသားအသစ်လဲပေးနေပါတယ်။ပစ္စည်းဝယ်မရတဲ့ကားတွေ ရှာမရတဲ့ကားတွေ09899304949 ကိုတပ်ဆင်လို့ရမရအားမနာတမ်းမေးလို့ရပါတယ်။လိုင်နာပျက်နေတာကိုဘာမှမဖြစ်လောက်ပါဘူးဆိုပြီးဒီအတိုင်းပစ်မထားကြပါနဲ့အပ်နဲ့ထွင်းရမယ့်နေရာမှာပေါက်ဆိန်နဲ့ပေါက်ရကိန်းဆိုက်သွားပါလိမ့်မယ်။

Photos from U Fix's post 17/08/2026

NOAH လိုင်နာ၄ပေါက်လုံးပျက်နေလို့Ufix လိုင်နာကိုoriအတိုင်းလဲပေးထားတာပါ..ခုလိုပစ္စည်းရှားဈေးတွေအစမတန်ကြီးမြင့်နေတဲ့အချိန်မှာအသက်သာဆုံးနဲ့အကောင်းဆုံးဖြစ်အောင်လိုင်နာအသားလဲသုံးလို့ရပါတယ်နော်...

Other Accessories in Hlaing

Show All

Alerts

Be the first to know and let us send you an email when U Fix posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hlaing.