Pyae Sone Photo Studio

Pyae Sone Photo Studio

Share

Photography

Photos from Pyae Sone Photo Studio's post 09/12/2021

🛵🛵Motorcycle🛵🛵

👧 staring - Hsound

📷Photo - Pyae Sone Photo Studio

💡Light assistant - Naing Lin Than Aung
Special thanks. - Win Naing Oo

Photos from Pyae Sone Photo Studio's post 14/11/2021

🙏ကထိန်သင်္ကန်းအလှူတော် 🙏
ဦးမောင်အောင် + ဒေါ်ချို မိသားတစ်စု 🙏

📸 Pyae Sone Photo Studio

☎ 09422204236
📞 09778700665

Photos from Pyae Sone Photo Studio's post 16/10/2021

The beauty of sunset🌇🌆

Portrait

Staring_ Lay Phaw

Photo- Pyae Sone Photo Studio

Ph_09422204236

Photos from Pyae Sone Photo Studio's post 11/10/2021

🎊🎀 ဓလေ့ရိုးရာထိမ်းမြားမင်္ဂလာ🎊🎀

Congratulations 🎉🎊

ထက်ဇော်အောင် 💖 ဖြူငြိမ်းဦး

Thank you very much for choosing to take the photo📸

Photo-
Makeup-

☎Phone _09422204236

Pyae Sone Photo Studio ရဲ့
Message Box စုံစမ်းပြီး
ယခုပဲ booking ယူလို့ ရနေပါပြီနော်😍

Photos from Pyae Sone Photo Studio's post 20/09/2021

🎊Memories of the wedding 🎊🎀

Congratulations

Wai Yan Oo ❤ Phu Wai Lwin

Thank you very much for choosing to take the photo📸



မိုးရာသီပရိုမိုးရှင်းလေးတွေ ရှိလို့ Pyae Sone Photo Studio ရဲ့
Message Box စုံစမ်းပြီး
ယခုပဲ booking ယူလို့ ရနေပါပြီနော်😍

Phone _09422204236

Photos from Pyae Sone Photo Studio's post 02/08/2021

ရပ်ကွက်ထဲ COVID ကာကွယ်ဆေးထိုးဖို့ နှိုးဆော်သံ ကြားလို့ ဒီစာကို ရေးလိုက်ပါတယ်၊ ကိုယ် ထိုးရမယ့်ဆေးရဲ့ ကောင်းကျိုးဆိုးကျိုး၊ ထိုးသင့်မသင့် ဗဟုသတ ရှိထားဖို့ပါ

💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့ရလဲ?
▪︎အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်
▪︎Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်ကျော်ရင် ရပါပြီ
▪︎Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်တော့ ၁၈-၆၀နှစ်အတွင်း ထိုးဖို့ပဲ သုတေသန လုပ်ပြီးသေးပါတယ်
▪︎ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါရှိသူတွေလဲ ထိုးလို့ရပါတယ် (Aspirinလို သွေးကျဲဆေး သောက်နေရလဲ ထိုးလို့ရပါတယ်)

💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့မရဘူးလဲ?
▪︎ဖျားနေတဲ့သူတွေ
▪︎ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးထိုးဖို့ သုတေသန မလုံလောက်သေးပါ (နို့တိုက်မိခင် ထိုးလို့ရပါတယ်)
▪︎ကာကွယ်ဆေးနဲ့မတည့်သူ
▪︎သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
▪︎HIV သမား CD4 ၂၀၀ အောက် ကျနေတဲ့အခါ
▪︎အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်သေးတဲ့အခါ

💉 COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့ လိုသေးလား?
▪︎COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်တော့ ထိုးဖို့ ညွှန်းလေ့မရှိပါ
▪︎လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်

💉ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား?
▪︎ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်အောင် ကူညီတာပါ၊
▪︎ဒါကြောင့် Maskတပ်, လက်ဆေး, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်

💉 ကာကွယ်ဆေး မထိုးခင် ဘာတွေပြင်ဆင်မလဲ?
▪︎ကိုယ် ထိုးရမယ့် ကာကွယ်ဆေးအကြောင်း လေ့လာပါ
▪︎နဂို သောက်လက်စ ဆေးတွေရှိရင် ဆက်သောက်ပါ
▪︎အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ
▪︎ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ

💉 ကာကွယ်ဆေးထိုးပြီး ဘာတွေ သတိထားမလဲ?
▪︎ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ
▪︎နာကျင်ကိုက်ခဲလျှင် ပါရာစီတမော သောက်လို့ရပါတယ်
▪︎၂ပတ်အတွင်း အခြားကာကွယ်ဆေး မထိုးသင့်ပါ

💉 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာက ဆေးအောင်တာလား?
▪︎မဆိုင်ပါဘူး၊ ဆေးအောင်မအောင် Antibody titre စစ်နိုင်ရင် သိရပါတယ်

💉 ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား?
▪︎Antibody ထွက်တာပါ
▪︎Antigen ထွက်နေတယ်ဆို အဲဒါ COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး

💉 ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ?
▪︎ဆေးထိုးပြီး ၂ပတ်လောက်ဆို Antibody စ,ထွက်ပါပြီ၊
▪︎ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆-၈လအထိ ဆေးအာနိသင် ခံလေ့ရှိပါတယ်

💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား?
▪︎တိကျတဲ့ သုတေသန အဖြေမထွက်သေးပါဘူး
▪︎ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ကြိမ်အပြည့် ထိုးစေချင်ပါတယ်

ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ

Dr. NI (ဒေါက်တာနီနီ)

Crd

(P.S - ပုံထဲက %တွေက စာဖတ်တဲ့ website ပေါ် မူတည်ပြီး ကွဲလွဲမှု ရှိနိုင်ပါတယ်)

Photos from Pyae Sone Photo Studio's post 30/07/2021

ော့ပျောက်ပီပြန်မကောင်းနိုင်ဘူး
ဆိုသူတွေအတွက် ဆရာ Oak က ဒီလိုရှင်းပါတယ်

🔴အဲ့မေးခွန်းက ဖြစ်ပီးတဲ့ လူတိုင်း မေးနေကြပါတယ်။

▪️ချောင်းဆက်ဆိုးတယ် ချွဲကျန်တယ်
▫️ဆက်ပီးမောနေတယ်
▪️စားရတာ အရသာ မရှိဘူး
▫️ဘာစားစား စားမဝင်ဘူး
▪️ခေါင်းကိုက်တယ် မှတ်ဉာဏ် သိပ်မကောင်းတော့ဘူး
အစရှိသဖြင့် ဖြစ်ကျန်တတ်ကြပါတယ်

အဲတော့ Covid က မာယာများတာလား။
တကယ် မပျောက်သေးတာလား ဆိုတော့
🔸ဒီ လက္ခဏာတွေဟာ တယောက်နဲ့ တယောက် အနဲအများသာ ကွာမယ် အကုန်လုံးမှာ ဖြစ်ကြတာပါ

☑️ပထမ အဓိက ကတော့ စိတ်က အားအင် ကုန်သွားတာပါ ဒါ့ကြောင့် ပြန်နားလန် ထူစ အချိန်မှာ စိတ်ဓာတ်စာ လေးတွေ များများကျွေးရပါမယ်
🟢ဥပမာ Social Media မသုံးပဲ နေနိုင်သလောက် နေပါ ရုပ်ရှင်ကြည့်ပါ စာဖတ်ပါ မိသားစုတွေနဲ့ စကားပြောပါ သူငယ်ချင်းတွေနဲ့ စကားပြောပါ
အခုလိုမျိုး ရောဂါဆိုးကြီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပေးနိုင်အောင် ကူညီခဲ့တဲ့ သားသမီး မိဘ သူငယ်ချင်း တို့ကို ကျေးဇူးတင်ပါ မိမိကိုယ်ကိုလဲ ဂုဏ်ယူပါ ကိုယ်ခံစားခဲ့ရသလို ခံစားနေရတဲ့ လူတွေက်ို စာနာပါ ထောက်ပံ့ပါ
( ဆဲသင့်သော လူများကိုလဲ အားရပါးရ ဆဲပါ)

အိပ်ရေး ဝလင်အောင် အိပ်ရပါမယ်
အလုပ်ကို တတ်နိုင်သမျှ အနားယူရပါမယ်

☑️☑️ဒုတိယ ခန္ဓာကိုယ် အတွက်ပါ
Covid ဖြစ်ပီးတဲ့ လူတယောက်ရဲ့ အဆုတ်ဟာ
တော်ရုံပျက်စီးထားတာ မဟုတ်ပါဘူး
Oxygen ကျခဲ့သည် ဖြစ် မကျခဲ့သည် ဖြစ်စေ
လေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်

🔴ဒီမှာပြောစရာရှိတာက Oxygen ဆက်ရှူဖို့ လိုသလားဆိုတာပါပဲ

မရှူပဲနေနိုင်လေ ကောင်းလေပါ
လိုအပ်လို့ရှူရင်တောင် တတ်နိုင်သမျှ လေ့ကျင့်ခန်း လုပ်ရက်နဲ့ ရှူပါ

👇 အောက်မှာ ပုံလေးတွေ ဆွဲထားပေးပါတယ်
ပုံမှန် လေ့ကျင့်ခန်းကနေ စကျင့်ပါ
ပီးရင် ပြင်းထန် လေ့ကျင့်ခန်း လုပ်ပါ

🔶ပြင်းထန် ဆိုပေမဲ့ အရမ်းကြောက်စရာ မလိုပါဘူး အသက်ရှူ အောင့် ချိန် ၂/၃ second ပိုတာတခုပါပဲ

ချွဲကပ်ရင်လဲ လေ့ကျင့်ခန်း သက်သက် လုပ်ရပါမယ်
နေပုံထိုင်နည်းလေးတွေ ပါပါမယ်

♥️Oxford က Patient information Leaflet ကိုမှီးပြီး ပြန်ရေးထားပေးတာပါ
ကျတော် က ဆရာဝန်ဆိုပေမဲ့ စာရေးဆရာ မဟုတ်လေတော့ ဖတ်ရတာ အခက်အခဲရှိနိုင်ပါတယ်လို့ ကြိုတင်တောင်းပန် ပါရစေ🤗🤗
လူနာများ လူနာရှင်များ အဆင်ပြေကြပါစေ ခင်ဗျာ

Dr. Oak Kaung Zan

Ref :https://www.oxfordhealth.nhs.uk/wp-content/uploads/sites/16/2020/09/OH-090.20-Post-COVID-Leaflet.pdf

Edited : ပိုမိုမြင်သာစေရန် color ပြောင်းပေးထားပါတယ်ခင်ဗျာ။

Photos from Pyae Sone Photo Studio's post 28/07/2021

😢ဒီအချိန်မှာ ဖျားပီဆိုရင်
ဒါ seasonal flu ဖြစ်နိုင်လား

☑️ကိုယ့်ကိုယ် ကို မလိမ်ပါနဲ့
ဖြစ်ပြီလို့ သဘောထားပြီး စိတ်ကို တင်းထားပါ
ရေချိုးလို့ ဖြစ်ဖြစ် အအေးခံလိုက်လို့ ဖြစ်ဖြစ်
ရေမချိုးပဲနေနေ အအေးမခံဘဲနေနေ
ကိုဗစ်က ဖြစ်မှာပါပဲ

🟢ဖြစ်ရင် ဘာအရင်စလုပ်ရမလဲ

▪️ရက်အရင်တွက်ပါ
▫️နေမကောင်းစ ဖြစ်တဲ့ရက်
▪️စဖျားတဲ့ရက်
▫️ဝမ်းစလျောတဲ့ရက်
အဲ့ရက်ကို Day 1 လို့သတ်မှတ်ပါ

အခု ဖြစ်နေတဲ့ COVID ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး

🔶ပုံစံ ၁
Day 1 မအီမသာ စဖြစ်တယ်
Day 2 ဖျားတယ်
Day 3 အဖျားပိုတက် ၊ ကိုယ်လက်တွေကိုက်
Day 4,5 ဆေးပတ်လည် အဖျားကျ ၊ သက်သာသွား
Day 7,8,9 အနံပျောက်သွား
လည်ချောင်းနဲနဲ ယား

🟢အသက်သာဆုံးပုံစံပါ

🔶🔶ပုံစံ ၂
Day 1 ရုတ်တရက် ဖျားတယ်
Day 2 ခြစ်ခြစ်တောက်ပူ ၊ လည်ချောင်းနာ
Day 3 လည်ချောင်းက ဘာမှ မြိုမရအောင် ပူပီးနာနေမယ်
Day 4,5 ချောင်းခြောက်ဆိုးမယ်
Day 7,8,9 အဖျားကျ ချောင်းဆိုးကျန်ခဲ့ ၊ အနံ့ အရသာ ပျောက်သွား

🟢လည်ပြွန်ယောင်တဲ့ ပုံစံပါ
ခံစားရပေမဲ့ သိပ်မဆိုးတဲ့ အမျိုးအစားပါပဲ

☑️☑️☑️ပုံစံ ၃ ကတော့
ချွဲ ပြန်မြိုချမိတာကနေစ ပီး ဝမ်းလျောတာပါပဲ
ကိုယ်က ကိုဗစ် ဖြစ်နေတာဆိုပီး ချောင်းမဆိုးပဲ ချွဲတွေ မြိုမချရပါဘူး

▪️ဓာတ်ဆားရည်
▫️Probiotic နဲ့ သက်သာပါတယ်
ဒါပေမဲ့ လူက မြော့ကျန်ခဲ့ပါတယ်

☑️☑️☑️ပုံစံ ၄
Day 1 နေမကောင်း ၊ ကိုက်ခဲ
Day 2 ဖျား
Day 3 လည်ချောင်းယား
Day 4,5 ချောင်းဆိုး သလိပ်ထွက် ၊ ရင်ဘတ်အောင့် ၊ မောချင် ၊ အသကါရှူ ပိုမြန်
Day 6 Oxygen ကျပြီ
Day 7 လှုပ်တာနဲ့မောပြီ ၊ မှောက်ပီး တနေကုန်နေရတယ် ၊ Oxygen ရှိရင် ပိုကောင်းတယ်
(ဆေးရုံသွားဖို့ကတော့ သိကြတဲ့ အတိုင်း)

🔴Day 7-11 အသက်လုရပီ ၊
🔸တကယ်မှောက်နေနိုင်သလား ၊
🔻အသက်ရှူလေ့ကျင့်ခန်း ကြို လုပ်ထားခဲ့ သလား၊
🔸လူငယ်လား လူကြီးလား ၊
🔻အဝလွန်ရှိသလား၊
🔸ဆီးချို ရှိသလား ၊
🔻ဆေးလိပ်သောက်သလား စသဖြင့်ပေါ် မူတည်ပီး
အခြေအနေ ကောင်းခြင်း မကောင်းခြင်း ဖြစ်မယ်

🔴အဲ့လိုပုံစံက "အဆုတ်ယောင်" ပုံစံပါ အဆိုးဆုံးပါပဲ

🟥ပိုးကြောင့် အဆုတ်ယောင်တာ ဖြစ်နိုင်သလို
⬛️Immune system က ပိုးကို မတရား တိုက်လို့လဲ ဖြစ်နိုင်ပါတယ်

💊Immune ကြောင့်ထင်ရင် တချို့လူနာတွေကို Dexa ထိုးရ သောက်ခိုင်းရပါတယ်
( ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်မှပဲ သိနိုင်မှာပါ၊ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုဆို ဘေးထွက်ဆိုးကျိုးတွေ များပါတယ်)

နာတာရှည် အိပ်ရထဲလဲနေတာ ကြာခဲ့တဲ့ လူကြီးတွေ
🔴အဆုတ်ကို လာတဲ့ သွေးကြောထဲမှာ သွေးခဲတာ ဖြစ်နိုင်တယ်
(ဒါ့ကြောင့် သွေးကျဲဆေးတွေထိုးဖို့ လိုမယ်
လူတိုင်းထိုးဖို့ မလိုပါ)

ဒီDay 7-11 သည်
🔻ဆရာဝန် ညွှန်ကြားချက် လိုကိုလိုမယ်
🔻အိမ်ပင့် ဆရာဝန်လိုကိုလိုမယ်
🔻ဆေးရုံ သွားနိုင်ရင်/ တက်ခွင့်ရရင် တော့ အကောင်းဆုံးပါပဲ

ဒီတခေါက်ကိုတော့ Day 1 - Day 7 အတွင်း ဘာတွေ လုပ်သင့်တယ်ဆိုတာ အောက်မှာ
ပုံစာ လေးတွေနဲ့ ရေးထားပေးပါတယ်

🍀လူနာများ လူနာရှင်များ မြန်မြန် အဆင်ပြေကြပါစေ ခဗျာ

Dr.Oak Kaung Zan
MBBS , UM1

🔶မှတ်ချက်🔶
လူနာတစ်ဦးနှင့် တစ်ဦး ရောဂါ လက္ခဏာ ၊ အောက်ခံ ရောဂါပေါ် မူတည်ပီး ကုသမှူ ကွဲပြားပါလိမ့်မည်

မျှဝေပါသည်...
မြန်မြန်နေကောင်းသက်သာကြပါစေ

Photos from Pyae Sone Photo Studio's post 09/01/2021

💚A beautiful girl in the park❤

staring - Yoon KhinKhin
Fashion Design -Khine Su Wai
Make up - Yu Mon Thein Lwin
Photo - Pyae Sone Photo Studio
Light assistant - Naing Lin Kyu Kyu

Photos from Pyae Sone Photo Studio's post 05/09/2020

friendship goals

Thank you very much for choosing me

Photos from Pyae Sone Photo Studio's post 15/08/2020

Portrait
staring Yoon YoonThiri
Photo-Power image studio
Lighting-LinNaing(power image studio) Zin Hein

Photos from Pyae Sone Photo Studio's post 18/06/2020

Portrait
Model-Ei EiPhyu
Photo-Power image studio
Lighting-LinNaing(power image studio)

Want your business to be the top-listed Photography Service in Dawei?
Click here to claim your Sponsored Listing.

Category

Website

Address


No. (5), Myeik Road, Kyauk Maw Quarter
Dawei
36C6+RJDAWEI

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00