Democracy Movement In Dawei
To honor sheroes/heroes of the Dawei democracy movement and share their actions
09/01/2022
ငါတို့ရဲ့ သွေး။
တိုင်းရင်းသား ဘာသာစကားရဲ့ ရင်တွင်းဖြစ် Rap တပုဒ်။
04/01/2022
သမိုင်းအမှားထောင်ချောက် ကလွတ်ပြီလား။ ကလေးများကို သမိုင်းအမှား လုပ်ဇာတ်များ သွတ်သွင်းခြင်း
သည်စာကို မဖတ်မီ အောက်က ပုံကို အရင်ကြည့်၍ ဖတ်ရှုတွေးစေ့ချင်သည်။ မည်သည့် အရာများက မှားယွင်းနေပါသနည်း။
‘ဗမာ နိုင်ငံကို ဗမာမင်းများ အုပ်စိုးပြီး’ - ဗမာသည် လူမျိုးစုတစ်ခုကိုသာညွှန်းဆိုလျှင်မှန်နိုင်ပါသည်။ သို့ရာတွင် ဗမာမင်းဟုဆိုသူများက (နိုင်ငံတော်တည်ထောင်သည်ဟု သမိုင်းဆင်ခြေပေး၍) အခြားသော တိုင်းရင်းသား နယ်မြေများကို နည်းစုံသုံး၍ တိုက်ခိုက် သိမ်းပိုက်ခဲ့ကာ ယင်းတို့ထံ အညံ့ခံစေခြင်းဖြင့် နယ်ချဲ့၍ ရယူထားသော နယ်မြေများ (ဥပမာ - အလောင်းမင်းတရား၏ ကုန်းဘောင် နယ်ချဲ့အင်ပါယာတွင် ပါဝင်သော မွန်တို့၏ ဟံသာဝတီ နှင့် ရခိုင်ပြည်) နှင့် ယနေ့ မြန်မာပြည်ဝယ် ပါဝင်နေသော ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီ နယ်များ တွင် မူ ယင်းတို့ တိုင်းရင်းသား ဒေသအသီးသီးတွင် သီးခြားခေါင်းဆောင် အုပ်ချုပ်မှုနှင့် အုပ်ချုပ်ရေးစနစ် ရှိခဲ့သည်ကို တနည်းအားဖြင့် စာဖတ်သူ ကိုဖုံးကွယ်လိုက်သကဲ့သို့ဖြစ်သွားနိုင်သည်။
‘အေးအေးချမ်းချမ်းနေလာကြ’ - ဗမာမင်းများက အေးအေးချမ်းချမ်း အုပ်ချုပ်သည်ဟု ဆိုလိုဟန်ရှိပါသည်။ အပြည့်အဝမမှန်နိုင်ပါ။ နယ်ချဲ့ခံထားခဲ့ရသော ဖိနှိပ်ခံ တိုင်းရင်းသားတို့က ပြန်၍တော်လှန်ကြခြင်းဖြင့် (ကျောင်းသုံး မြန်မာ့သမိုင်းများအရ ဗမာမင်းအင်ပါယာများ ပြိုကွဲသည်၊ စစ်ပွဲများဖြစ်ခဲ့သည်၊ ဘုရင်အချို့ အကျင့်ပျက် ဖောက်ပြန်သည်၊ သွေးချင်းများ အချင်းချင်း သတ်ဖြတ် နန်းလုခဲ့ကြ၊ အရည်အချင်းညံ့ခဲ့ကြ) ဗမာမင်းများ၏ နယ်ချဲ့ အင်ပါယာများလဲပြိုခဲ့သည်။ ပဒေသရာဇ် အာဏာရှင် စနစ်အောက်တွင် ပြည်သူများ နှင့် တိုင်းပြည် အေးအေးချမ်းချမ်း နေရမည်ဆိုသည်ကား တွေးဆဖွယ်ဖြစ်သည်။
‘အင်္ဂလိပ်က သေနတ်ပြပြီး ဗမာမင်းထံက သိမ်းယူလိုက်တယ်’ - ကုန်းဘောင်နောက်ဆုံးဘုရင် သီပေါမင်း ကို အင်္ဂလိပ်တို့ နန်းချကာ ဖမ်းသွားခဲ့ခြင်း၊ တိုင်းပြည်ကို သိမ်းပိုက်လိုက်ခြင်းကို ဆိုလိုဟန်ရှိသည်။ သီပေါမင်းသည် ယနေ့ မြေပုံများတွင်ဖော်ပြသော မြန်မာပြည်ကြီးတစ်ခုလုံးကို မပိုင်ခဲ့ပါ။ ‘သေနတ်ပြပြီး’ ဟူသော စာသားနှင့် ပုံကလေးသည် စစ်အင်အား မရှိလျှင် ခံရမည်ဟူသော အသိကို ပေးလိုသည့်သဘောမျိုးဖြစ်နိုင်သည်။ အမှန်တွင် မြန်မာပြည်ကို သိမ်းခဲ့သည်မှာ အရှေ့အိန္ဒိယ ကုမ္ပဏီ၏ လုံခြုံရေးတပ်ဖွဲ့များသာဖြစ်ဟု သမိုင်းအချို့က ဆိုသည်။ ယနေ့ခေတ် စကားနှင့်ပြောရလျှင် ကုမ္ပဏီကြီး တစ်ခု၏ စီခယူရတီ များက ပဒေသရာဇ် ဘုရင်တပါးကို နန်းချ လိုက်ကာ ဘုရင်ပိုင်ဆိုင်သည်ဆိုသော မြေကို သိမ်းလိုက်ခြင်းပင်။
‘သခင်အောင်ဆန်းနဲ့လူငယ်တစ်စုဟာ တိတ်တိတ်လေး ထွက်ပြေးပြီး ဂျပန်ပြည်မှာ စစ်ပညာသင်တန်း သွားတက်တယ်’ - သည်နေရာမှာလည်း အငြင်းပွားစရာများရှိပါသည်။ ကွန်မြူနစ်ဝါဒကို သက်ဝင်သော လူငယ်တွေထဲ သခင်အောင်ဆန်းပါခဲ့သလို ထိုစဉ်က ဗြိတိသျှကို တော်လှန်ဖို့အဖွဲ့ဖွဲ့ကြပြီး ဆွေးနွေးသည့် အခါမှာ တရုတ်ကွန်မြူနစ်ဆီကနေ အကူအညီတောင်းဖို့သာ ဖြစ်သည်။ တရုတ်အပါအဝင် အရှေ့တောင်အာရှ နိုင်ငံအချို့ကို သိမ်းပိုက်နေခဲ့သော ဖက်ဆစ်ဂျပန်များရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သိကြ၍၊ နောက်တစ်ခုက ကွန်မြူနစ် ဝါဒနှင့် ဂျပန်၏ ဖက်ဆစ် အရင်းရှင် စနစ်တို့သည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်မို့ ဂျပန်ဆီက အကူအညီမယူဘူးလို့ အဖွဲ့လိုက်ဆွေးနွေးဆုံးဖြတ်ခဲ့၏။ နောက်တော့ သခင်အောင်ဆန်းတို့ဟာ တရုတ်ပြည် ကို သိမ်းထားသော ဖက်ဆစ်ဂျပန်နှင့် ပေါင်းကာ စစ်သင်တန်းယူခဲ့၊ နောင်လူငယ်အချို့ ဂျပန်ဆီက စစ်သင်တန်းရခဲ့ပြီး ရဲဘော်သုံးကျိပ် ရယ်လို့ သိကြပါသည်။ အမှန်တော့ ဂျပန်က သည်လို စစ်သင်တန်းပေးပြီး သူတို့ရဲ့ အတွင်းလူ ပြောက်ကြားအဖွဲ့အချို့ ဖွဲ့ပေးခဲ့တာမျိုး မြန်မာတွင် သာမက အရှေ့တောင်အာရှ နိုင်ငံအချို့မှာလည်း ရှိခဲ့ပါ၏။
‘စစ်တိုက်တတ်ရော ဂျပန်ပါခေါ်လာပြီး အင်္ဂလိပ်ကို ပြန်ချတော့တာပဲ’ - ဤအချက်မှာ မမှန်သော ကြွားလုံးသက်သက်သာ ဖြစ်သည်။ စစ်ရေး ဗျူဟာအရ ဂျပန်က မဟာမိတ်များ၏ ထောက်ပို့လမ်းကို ဖျက်လိုသဖြင့် မြန်မာ ကိုဝင်သိမ်း၍ အိန္ဒိယကို ပင် သိမ်းရန် အစီအမံရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်တို့က သူတို့ သင်တန်းအချို့ပေးထားသော ပြောက်ကြားအဖွဲ့သာသာ ရဲဘော်သုံးကျိပ် ဦးစီးသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို သူတို့၏ စစ်ရေး အရ အသုံးချခဲ့ခြင်းဖြစ်သည်။ ဂျပန်အနေနှင့် ယင်းတို့၏ အမျိုးသား အကျိုးစီးပွားအတွက် စစ်တိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ရွှေရည်စိမ်လွတ်လပ်ရေး နှင့် မြန်မာပြည်သူအများ ဂျပန်၏ နှိပ်စက်မှုကို များစွာခံခဲ့ရခြင်းပင်။ အထက်ပါ ရွှေသွေးဂျာနယ်၏ အရေးအသားအရ ဆိုလျှင် အင်္ဂလိပ်၏ ဖိနှိပ်မှု မလို၍ ဂျပန်ကို ခေါ်လာသော ဗိုလ်ချုပ်၏ ကြိုးစားမှုကြောင့် ဂျပန်ခေတ်တွင် မြန်မာ များမည်သို့ နေခဲ့ကြရပါသနည်းဟု မေးရပေမည်။ (အင်္ဂလိပ်တို့ကလည်း မဟန်သဖြင့် မြန်မာပြည်က ဆုတ်ခွာသွားခဲ့သည်။ ဤနေရာတွင် ကမ္ဘာစစ်ကြီး၏ အခြေအနေကိုလည်း ပြန်သတိရသင့်ပါ၏။) နောင်တွင် ဂျပန်ကို မလိုတော့၍ မြန်မာကို အရင်သိမ်းထားခဲ့သူ အင်္ဂလိပ်ကို အဘယ်ကြောင့်ပြန်၍ပူးေပါင်း ခဲ့ကာ ဂျပန်တော်လှန်ရေး လုပ်ပြန်ပါသနည်း။
အထက်ပါ ဇာတ်လမ်းသည် တော်လှန်ရေးကောင်စီခေတ်ကထုတ်သော ကလေးဖတ် ရွှေသွေး ဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ ကလေးများ ဖတ်ရလွယ်အောင်အလွယ်ရေးရမည်ဟု လက်ခံသော်လည်း မမှန်သော ဝါဒဖြန့် လှိမ့်လုံးများကိုမူ လက်မခံနိုင်ပါ။ ထိုဝါဒဖြန့် လှိမ့်လုံးများကို စွဲမှတ်၍ ကြီးပြင်းလာခဲ့ရသူ မည်မျှရှိပေမည်နည်း။ ယခု နွေဦးနှင့်အတူ ဂျင်းများကို ဖယ်ရှားပစ်ကြပါစို့။
ကိုးကား - မြန်မာနိုင်ငံတော် သမိုင်း (ဗန်းမော်တင်အောင်)၊ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း (ဗန်းမော်တင်အောင်)၊ အရှေ့ကနေဝန်းထွက်သည့်ပမာ (သိန်းဖေမြင့်)
https://www.bbc.com/burmese/in-depth-57553972
Photo credit to the original uploader
19/12/2021
Christmas အရုပ် လက်ဆောင်ပေးကြမယ်
❑ အရုပ်စု Campaign
'Not all of us can do great things. But we can do small things with great love'
'လူတိုင်းဟာ ကြီးကျယ်ခမ်းနားတဲ့အရာတွေ မလုပ်နိုင်ကြပါဘူး။ ဒါပေမယ့် သေးငယ်တဲ့ အရာလေးတွေကို ခမ်းနားတဲ့ မေတ္တာတရားနဲ့ ပြုလုပ်နိုင်ပါတယ်'
— Mother Teresa
မကြာခင် Christmas နှင့် New Year အချိန်ခါလေးရောက်ရှိတော့မှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွင်းမှာ စစ်ဘေးရှောင်ရင်း Christmas ပွဲတော်မကျင်းပနိုင်တော့တဲ့ မြို့ရွာနဲ့ တိုင်းရင်းသားပြည်သူတွေ အများကြီးရှိနေပါတယ်။ ဒီထဲမှာ စစ်ဘေးရှောင် ကလေးငယ်များလည်း ထောင်နဲ့ချီ ပါဝင်နေပါတယ်။ ပျော်ရွှင်စွာ ဆော့ကစားနေရမယ့်အရွယ်မှာ စိတ်မလုံခြုံမှုတွေ၊ စိတ်ဒဏ်ရာတွေများစွာနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတဲ့ ကလေးငယ်လေးများအတွက် သေးငယ်တဲ့အရာလေးပဲ့ဖြစ်စေ ကူညီရင်း ပျော်ရွှင်မှုနှင့်အပြုံးများ ဖြစ်ပေါ်စေလိုပါတယ်။
တနင်္သာရီတိုင်းထဲမှာလည်း စစ်ဘေးသင့်ပြည်သူ သုံးထောင်ကျော်ရှိနေပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်ဦးရေ ရာနဲ့ချီရှိပါတယ်။ ဒေါနတနင်္သာရီမှ တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်ကလေးငယ်လေးတွေအတွက် ခရစ္စမတ်လက်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်၍ 'အရုပ်စု Campaign ' လေးတစ်ခုကို စီစဥ်ထားပါတယ်။ ဒီ Campaign ကနေ ရရှိလာမယ့် အရုပ်တွေကို စစ်ဘေးသင့်ဒေသမှ ကလေးများထံ အရောက်ပို့ဆောင်ပေးပြီး ကလေးတွေရဲ့ အပြစ်ကင်းတဲ့မျက်နှာလေးတွေမှာ ပျော်ရွှင်မှုအပြုံးတွေဝေစေရန် ကြိုးစားပေးမှာဖြစ်ပါတယ်။
▪️ဒီ Campaign လေးမှာ ပါဝင်ချင်သူများအနေနဲ့
၁။ အရုပ်အသစ်ဖြစ်စေ၊ မိမိတို့တွင်ရှိပြီးသားဖြစ်သော အရုပ်ဖြစ်စေ တစ်ဦးလျှင် သန့်ရှင်းသော အရုပ် ၁၀ ရုပ်စုဆောင်းပေးရမှာ ဖြစ်ပါတယ်။ (အရုပ် ၁၀ ရုပ်မှာ မိမိနှင့်တကွ မိမိ မိတ်ဆွေသူငယ်ချင်းများ၏ အရုပ်များအပါအဝင်ဖြစ်ပါတယ်)
၂။ အရုပ် ၁၀ ရုပ် ပြည့်ပါက မိမိစုဆောင်းတဲ့ အရုပ်တွေကို ဓာတ်ပုံစုရိုက်ပြီး ဒေါနတနင်္သာရီ chat box သို့ ပို့ပေးရမှာ ဖြစ်ပါတယ်။ Page admin များမှ အကြောင်းပြန်ပေးပါမယ်။
၃။ ဒီဇင်ဘာလ ၂၃ ရက်နေ့ကို နောက်ဆုံးထားပါဝင်ပေးကြရပါမယ်။
၄။ အရုပ်ပေါင်း ၁၅၀ ပြည့်တဲ့အခါ Campaign ကို ရပ်နားမှာ ဖြစ်ပါတယ်။
မကြာခင် ရောက်ရှိလာတော့မယ့် ခရစ္စမတ်နှင့် နှစ်သစ်အခါသမယမှာ စစ်ဘေးသင့်ဒေသမှ ကလေးငယ်လေးတွေကို ပျော်ရွှင်မှုတွေ ကူးစက်စေဖို့ ဒေါနတနင်္သာရီနှင့်အတူ 'အရုပ်စု Campaign ' ကို တတ်အားသရွေ့ ကူညီပါဝင်ပေးကြရင်း ချစ်ခြင်းမေတ္တာတွေမျှဝေကြရန် တောင်းဆိုလိုက်ပါတယ်။
"စစ်ဘေးရှောင်များရှိနေသ၍ ဒေါနတနင်္သာရီရှိနေမည်။"
ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
18/12/2021
12/04/2021
တော်လှန်သင်္ကြန်
#အရေးတော်ပုံအောင်ရမည်
29/03/2021
နွေဦးမျက်ရည် | Spring’s tears
#အရေးတော်ပုံအောင်ရမည်
26/03/2021
အားလုံးစုဝေး ဖက်ဆစ်တော်လှန်ရေး | အနီးဆုံး လမ်းမများကို သိမ်းပိုက်ကြ။
အရေးတော်ပုံ
#အရေးတော်ပုံအောင်ရမည်
26/03/2021
အသက်နဲ့ ရင်းပြီး ဖမ်းဆီးခံ၊ ထောင်ချခံရမယ့် ဘေးတွေကို မငဲ့ဘဲ CDM မှာ ပါဝင်သူများအားလုံးအတွက် ၂၀၂၁ ခုနစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု လျာထားစာရင်းမှာ Civil Disobedience Movement of Myanmar ကို စာရင်းသွင်းလိုက်ပါပြီ။
#အရေးတော်ပုံအောင်ရမည်
The Civil Disobedience Movement of Myanmar is nominated for the Nobel Peace Prize 2022 Myanmar's Civil Disobedience Movement has been nominated for Nobel Peace Prize next year.
26/03/2021
Click here to claim your Sponsored Listing.
Category
Website
Address
Dawei