Okka Insurance

Okka Insurance

Share

Insurances are the best way of saving money for you and your future. Having life insurance is impera Or accidents. Or a large stack of documents with small type.

When you think of insurance, you probably think about natural disasters. At Chubb, we think about things differently. For us, insurance is about one thing: craftsmanship. It’s who we are. It’s what we do. It’s how we serve our clients. Craftsmanship is about creating something from scratch. It’s about molding and shaping our coverage into exactly what our clients need. It’s about having the skills

အပူဒဏ်ကြောင့်အသက်အန္တရာယ်မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ 07/04/2024

https://youtu.be/Pzp5scr1OWY?si=ww7MhH9tmXd9Bt2r

အပူဒဏ်ကြောင့်အသက်အန္တရာယ်မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ ယခုလိုပူပြင်းလှတဲ့ နွေရာသီမှာ အပူရှိန်ကြောင့် အသက်များစွာဆုံးရှုံးနိုင်ပါတယ်။ သတိလက်လွှတ်တစ်ချက်လေးဖြစ.....

06/07/2022

ယခု ဇွန်လအတွင်း
အာမခံဝယ်ယူထားသည့်မိတ်ဆွေ
များအတွက်
တုပ်ကွေးကာကွယ်ဆေးနှင့်ကိုဗစ်ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေး
ပါမည်။

အာမခံဝယ်ယူထားသူများ
အမြန်ဆက်သွယ်ပြီး ထိုးနှံနိုင်ပါပြီ။

ကျန်းမာရေးအာမခံ
ငွေစုအာမခံနှင့်ပတ်သတ်၍
အသေးစိတ်အား
Messenger မှဆက်သွယ်မေးမြန်း
နိုင်ပါပြီ။

06/07/2022

ကျွန်တော်တို့တွေရဲ့ အနာဂတ်အတွက်
ငွေကြေးနှင့်ပတ်သတ်ပြီး
အကောင်းဆုံးစီမံခန့်ခွဲဖို့အတွက်

Okka Insurance ရဲ့
Financial Advisors များနဲ့ တိုင်ပင်
နိုင်ပါပြီ။

ဆက်သွယ်ရန်
Dr Oke Kar Min
095242933

13/05/2022

❗️ဘဝအာမခံချက်အတွက် ထိုက်သင့်တဲ့ငွေပမာဏကို စုဆောင်းပြီးမှသာ ကျန်ငွေနဲ့ ရင်းနှီးမြှပ်နှံသင့်ကြောင်း ❗️

Photos from Okka Insurance's post 07/05/2022

Insurance Industry မှာ ဝန်ဆောင်မှု
ပေးမည့်သူများရဲ့ ပထမဆုံးခြေလှမ်း

Financial Advisor
အနေနဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း
တစ်ခုအနေနဲ့အပိုဝင်ငွေနဲ့ ရှာချင်သူများ ဆက်သွယ်နိုင်ပါတယ်။

095242933
Dr Oke Kar Min
Agency Leader
Wellness & Business Coach/Consultant
PBCA & NLP Coach
MBBS (Ygn)
MSc Nutrition and Dietetics (UK)

07/05/2022

💰ငွေကြေးဆိုင်ရာအတွက် စုဆောင်းမှုတစ်ခုကို နေ့စဉ်ပြုပါ။💰

06/05/2022

သင်သာ #လုပ်ပိုင်ခွင့်ရှိတဲ့သူ ဆိုရင်
ငွေကြေးဆုံးရှုံးမှုတွေမဖြစ်အောင်
ဘယ်လိုကြိုတင်စီမံခန့်ခွဲမလဲ?

၁။ ဘဏ်မှာငွေစုမယ်
၂။ ရင်းနှီးမြှုပ်နှံမယ်
၃။ စတော့ရှယ်ရာဝယ်မယ်
၄။ ရွှေ/ဒေါ်လာဝယ်စုမယ်
၅။ အာမခံဝယ်ထားမယ်

စေတနာများစွာဖြင့်
ဒေါက်တာဥက္ကာမင်း
𝑨𝒈𝒆𝒏𝒄𝒚 𝒍𝒆𝒂𝒅𝒆𝒓

05/05/2022

ကမ္ဘာကျော်ထိပ်တန်းကုမ္ပဏီကြီး
ရဲ့
Founder & CEO ကပြော
တဲ့စကားလေး…


အာမခံထားခြင်းကြောင်းသင့်ဘဝကြီး
ပြောင်းလဲမသွားပါဘူး
ဒါပေမယ့် သင့်ရဲ့ လူနေမှုပုံစံ ပုံမှန်လည်ပတ်နေမှုကို မထိခိုက်ရအောင်
အကာအကွယ်ပေးပါတယ်…


ကျန်းမာရေးစောင့်ရှောက်မှုကြောင့်
ဆေးရုံတက်ရတဲ့ကုန်ကျစားရိတ်
တွေကသင့်မိသားစုရဲ့စုဆောင်းထား
တဲ့ငွေကြေးဥစ္စာတွေကိုအများကြီး
ဖြုန်းတီးပစ်လိုက်မှာ

အာမခံထားလိုက်လို့သင့်ဘဝမပျက်
သွားပါဘူး…
ဒါပေမယ့် အာမခံမထားမိလို့
သင့်စီးပွါးကိုထိခိုက်သွားနိုင်ပါတယ်

Dr Oke Kar Min
𝗔𝗴𝗲𝗻𝗰𝘆 𝗟𝗲𝗮𝗱𝗲𝗿
𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗼𝘂𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁
Founder of Smart Clinic
MBBS(YGN)
Nutrition Specialist
MSc Nutrition and Dietetics (UK)
University of Bedfordshire

Photos from Okka Insurance's post 04/05/2022

ချစ်သူကို တွေ့ချင်ပြီး နောင်တရမှာစိုးလို့ Zoom ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ အဲရစ်ယွမ်

''Zoom ဆော့ဖ်ဝဲရဲ့အစ အချစ်က'' လို့ ပြောရင် လွန်မယ်မထင်ဘူး။ အဲရစ်ယွမ်က တက္ကသိုလ် ပထမနှစ်ကျောင်းသားဘဝမှာ ရည်းစားထားတယ်။ သူ့ချစ်သူကို တွေ့ရင်ချင် ၁၀ နာရီလောက် ရထားစီးသွားရတော့ ဒီထက် ပိုလွယ်မယ့်နည်းလမ်းတွေကို တွေးရင်း ရုပ်မြင်ရတဲ့ တယ်လီဖုန်း ဆော့ဖ်ဝဲရှိရင် ကောင်းမယ်လို့ သူ အကြံရသွားတယ်။ ဒါက သူ့အိပ်မက်ပဲ။ အဲဒီအချိန်တုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ၁၇ နှစ်သားလေး အဲရစ်ယွမ်က နှစ် ၂၀ ကျော်ကြာတဲ့အထိ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။

အဲရစ်ယွမ်ကို တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ မွေးတယ်။ သူ့မိဘတွေက သတ္တုတွင်း အင်ဂျင်နီယာတွေ။ ငယ်ငယ်ကတည်းက စီးပွားရေးအကွက်မြင်တယ်လို့ ပြောရမလားပဲ။ ၄ တန်းကျောင်းသားအရွယ်မှာကတည်းက အတိုအစတွေကို ပြန်ရောင်းပြီး ငွေရှာနေတတ်ပြီ။ အထက်တန်းကျောင်းပြီးတော့ ရှန်ဒေါင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှာ အသုံးချသင်္ချာဘာသာရပ်ယူပြီး ဘွဲ့ရတယ်။ ပြီးတော့ တရုတ်နိုင်ငံ မိုင်းတူးဖော်ရေးနဲ့ နည်းပညာတက္ကသိုလ်မှာ သတ္တုတွင်းအင်ဂျင်နီယာဘာသာရပ်နဲ့ မာစတာဘွဲ့ ထပ်ယူတယ်။ မာစတာဘွဲ့ သင်တန်းတက်နေတုန်းမှာပဲ သူ့ချစ်သူ ရှာရီနဲ့ အိမ်ထောင်ပြုပြီး ဘေဂျင်းမှာပဲ အခြေချလိုက်တယ်။

အဲရစ်ယွမ်ရဲ့အိပ်မက်တွေကို တစ်ကျော့ပြန် နိုးဆွပေးသူက ဘီလ်ဂိတ်လို့ ပြောရမယ်။ အဲရစ်ယွမ်က အိမ်ထောင်ကျပြီးနောက် ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်တယ်။ ၁၉၉၅ ခုနှစ်မှာ ဘီလ်ဂိတ်က ဂျပန်ကို ရောက်လာပြီး မိန့်ခွန်းပြောသွားတယ်။ သူ့မိန့်ခွန်းထဲမှာ ဆီလီကွန်တောင်ကြားအကြောင်း ပါတယ်။ အဲဒီစကား ကြားလိုက်ရကတည်းက အမေရိကန်ကို သူ သွားချင်နေပြီ။ ဒါပေမဲ့ သူ့ဇာတာက ဆိုးတယ်လို့ပဲ ပြောရမလား။ အမေရိကန်သွားဖို့ ဗီဇာ လျှောက်တာ ၈ ကြိမ်တောင် ပယ်ချခံရတယ်။ ပြီးတော့ သူက အင်္ဂလိပ်စကားလည်း ကောင်းကောင်းမပြောတတ်ဘူး။

ဒါပေမဲ့ သူ လက်မလျှော့ခဲ့ဘူး။ ၁၉၉၇ မှာတော့ ၉ ကြိမ်မြောက် ဗီဇာလျှောက်တာ အောင်မြင်ခဲ့ပြီး သူ အမေရိကန်ကို ရောက်လာခဲ့တယ်။ ဗီဒီယိုကွန်ဖရန့်နည်းပညာ application တွေရေးတဲ့ WebEx မှာ သူ အလုပ်ဝင်လုပ်တယ်။ ရေငတ်တုန်း ရေတွင်းတယ်ကျတယ်ပဲ ဆိုရမလား။ သူ့အိပ်မက်နဲ့ ကိုက်ညီတဲ့အလုပ်ကို လုပ်နေရတော့ အဲရစ်ယွမ်က အမြဲတမ်းတကုပ်ကုပ် လုပ်နေတာပဲတဲ့။ ၂၀၀၇ ခုနှစ်မှာ WebEx ကို Cisco Systems က ဝယ်လိုက်တယ်။ အဲဒီနှစ်မှာပဲ အဲရစ်ယွမ်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖြစ်နေပါပြီ။

နောက် ၄ နှစ်ကြာချိန်မှာ သူက စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်တဲ့ ဗီဒီယိုကွန်းဖရန့်စနစ်တစ်ခု ဖန်တီးဖို့ အဆိုပြုတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က သူ့အကြံကို လက်မခံဘူး။ ပယ်ချလိုက်တယ်။ ဒီတော့ အဲရစ်ယွမ်လည်း အလုပ်ထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်လိုက်တယ်။ သူ့ဇနီးကတော့ အလုပ်ထွက်မှာကို မလိုလားဘူး။ '' ဒီခရီးက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းမယ်ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ ကိုယ် မကြိုးစားဘူးဆိုရင် ဘဝမှာ နောင်တရနေလိမ့်မယ်'' လို့ အဲရစ်ယွမ်က ပြောခဲ့ဖူးပါတယ်။ အင်ဂျင်နီယာအယောက် ၄၀ နဲ့ စတင်ခဲ့တဲ့ သူ့ကုမ္ပဏီက Saasbee, Inc. တဲ့။ နောက်တော့မှ Zoom Communications ဖြစ်လာတာပါ။ အဲဒီအချိန်မှာ လူတော်တော်များများက ဗီဒီယိုတယ်လီဖုန်းဈေးကွက်မှာ ဝေစုတွေ ပြည့်နေပြီလို့ ထင်ကြတာကြောင့် သူ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူး။ ၂ လလောက်ကြာတော့မှ WebEx ကို တည်ထောင်သူ ဆူဘရာအိုင်ယာ၊ Cisco ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဒန်ရှိန်းမန်းနဲ့ နောက်ထပ် မတည်သူ ၃ ယောက်က ဒေါ်လာ ၃ သန်း မြှုပ်နှံခဲ့ကြတယ်။

၂၀၁၂ မှာတော့ လူ ၁၅ ယောက် ပါဝင်ဆွေးနွေးနိုင်တဲ့ beta version စထုတ်နိုင်ခဲ့တယ်။ Zoom ရဲ့ ပထမဆုံးဖောက်သည်ကတော့ စတန်းဖို့ဒ်တက္ကသိုလ်ပဲ။ အဲရစ်ယွမ်ကလည်း စတန်းဖို့ဒ်တက္ကသိုလ်မှာ တက်ခဲ့သူလေ။ နောက်တစ်နှစ်ကြာတော့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၆ သန်း ထပ်ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီမှာ Zoom ကို စတင်မိတ်ဆက်နိုင်ခဲ့တယ်။ Zoom ကို စတင်နိုင်ချိန်မှာ အဲရစ်ယွမ်က ၄၃ နှစ် ရှိနေပါပြီ။ ၁၇ နှစ်အရွယ်က အိပ်မက်ကို ၂၆ နှစ်အကြာမှာ အကောင်အထည်ဖော်နိုင်ခဲ့တာပေါ့။

Zoom ရဲ့ version 1.0 မှာ လူ ၂၅ ယောက်အထိ ပါဝင်ဆွေးနွေးလို့ရနေပြီ။ Zoom စတင်တဲ့ ပထမဆုံးလမှာ အသုံးပြုသူ ၄ သိန်းအထိ ရှိခဲ့ပြီး နောက် ၄ လအကြာမှာတော့ အသုံးပြုသူ ၁ သန်းပြည့်သွားတယ်။ ၄ နှစ်အကြာမှာတော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိတဲ့ ကုမ္ပဏီစာရင်း ဝင်သွားခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး အမြတ်ငွေစရခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာတော့ Zoom အသုံးပြုသူတွေ တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။ ဒါကြောင့် အမြတ်ငွေစရပြီး ၂ နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ အဲရစ်ယွမ်ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ Zoom ရဲ့ ရှယ်ယာတန်ဖိုးတွေ အမြင့်ဆုံးဖြစ်သွားချိန်မှာ အဲရစ်ယွမ်ရဲ့ကြွယ်ဝမှုက ဒေါ်လာ ၂၅ ဘီလျံလောက် ဖြစ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ကျသွားခဲ့ပါတယ်။

ကြွယ်ဝမှုပမာဏ ကျဆင်းသွားခဲ့ပေမဲ့ အဲရစ်ယွမ်ရဲ့ အောင်မြင်မှုကတော့ တည်တံ့နေတုန်းပါပဲ။ အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်သလို ဗီဇာ ၈ ကြိမ်တောင် ပယ်ချခံခဲ့ရသူတစ်ယောက်ဟာ အခုချိန်မှာတော့ ဆီလီကွန်တောင်ကြားရဲ့ ဘီလျံနာတစ်ယောက် ဖြစ်နေပါပြီ။ သူကတော့ ၅၂ နှစ်ပဲ ရှိသေးတဲ့ အမေရိကန်နိုင်ငံသား အဲရစ်ယွမ်ပါပဲ။ Zoom ကို အသုံးပြုသူတွေ အခက်အခဲ ကြုံရတဲ့အခါ အဲရစ်ယွမ်က ကုမ္ပဏီဝန်ထမ်းတွေကို မခိုင်းဘဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဖြေရှင်းပေးတတ်သူပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ချင်တဲ့ လူငယ်တွေအတွက် အဲရစ်ယွမ်ရဲ့ အမှာစကားကတော့ ကုမ္ပဏီစထောင်မယ်ဆိုကတည်းက ကုမ္ပဏီရဲ့ ယုံကြည်ချက်နဲ့ နှုန်းစံတန်ဖိုးတွေကို အခိုင်အမာတည်ဆောက်ကြပါတဲ့။

Ref: Indian Express & The Dreamer

Credit to Yo Yar Lay

30/04/2022

#ဘဝမှာအရေးကြီးဆုံးကဘာလဲ ?
🤔🤔🤔
လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အဖြေ
တွေမတူနိုင်ပါဘူး…

Business Opportunities
Presentation တက်ရောက်သူပေါင်း ၁၀၀ ကျော်ရဲ့အဖြေ…

💞💞💞
တစ်ချို့သူတွေအတွက်တော့..
ချစ်ခြင်းမေတ္တာ…
💰💰💰
တစ်ချို့တွေအတွက်တော့..
ငွေကြေးဥစ္စာ…
💊💊💊
တစ်ချို့တွေအတွက်တော့
ကျန်းမာရေး…

အားလုံးကတစ်ဦးတစ်ယောက်ချင်း
စီရဲ့ စိတ်ပေါ်မူတည်တာပါပဲ…

တစ်ကယ်တမ်းအားလုံးထက်ပိုပြီး
အရေးကြီးဆုံးကတော့

#စိတ်အေးချမ်းသာမှု
🧘‍♂️🧘‍♂️🧘‍♂️
ကတော့ဘာနဲ့မှအစားထိုးလို့မရပါဘူး။

ဒီအတွက်ငွေကြေးနဲ့ပတ်သက်ပြီး
ကြိုတင်စီမံခန့်ခွဲဖို့လိုအပ်ပါတယ်..

ဒီတော့ ငွေကြေးကို မိမိအတွက်လည်းစုဆောင်းထားရင်း
အများအတွက်လည်းကူညီရင်း

စီးပွါးရေးအခွင့်အလမ်းတစ်ခု
ရရှိအောင် အကူအညီပေး
တဲ့ Seminar ပွဲလေးကို
၃၀.၄.၂၀၂၂ နေ့မှာ
အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း
ဝမ်းမြောက်စွာနဲ့ မှတ်တမ်းတင်အပ်ပါတယ်။

ငွေကြေးစီမံခန့်ခွဲမှု
ကျန်းမာရေးအာမခံ
အသက်အာမခံငွေစုခြင်းနဲ့ ပတ်သက်
ပြီးအသေးစိတ်ဆွေးနွေးလိုပါက
ဆက်သွယ်ရန်

📳
095242933
Dr Okka Minn
Agency Leader
Wellness & Business Coach/Consultant
PBCA & NLP Coach
MBBS (Ygn)
MSc Nutrition and Dietetics (UK)

09/03/2022

မြန်မာပြည် အာမခံ ဈေးကွက်သို့ နိုင်ငံခြား အာမခံ ကုမ္ပဏီများမှ ကန်ဒေါ်လာ သန်း ၁၂၀ ထပ်မနည်း ရင်းနှီးမြုပ်နှံလာ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံခြားအာမခံကုမ္ပဏီများကို နိုင်ငံတွင်း အာမခံဈေးကွက် အတွင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့သည်။

ထို့နောက် နိုင်ငံခြားအာမခံကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လာကြပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဝန်းကျင်ခန့်နှင့် မြန်မာကျပ်ငွေ ဘီလျံ ၆၀ ခန့် ရှိသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်းက စီမံ၊ဘဏ္ဏာဝန်ကြီးဌာနက နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီကြီး ၅ ခုနှင့် နိုင်ငံခြားသား-မြန်မာ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်း လုပ်ကိုင်သော Joint Venture အာမခံလုပ်ငန်းများကိုလည်း ခွင့်ပြုခဲ့သည်။

နိုင်ငံခြားသားပိုင်ဆိုင်မှု (ရာနှုန်းပြည့်) ဖြစ်သည့် အသက်အာမခံ လုပ်ငန်းကြီးများမှာ-
• AIA,
• Chubb,
• Dai-ichi,
• Manulife နှင့်
• Prudential တို့ဖြစ်ကြပြီး
ယင်းလုပ်ငန်းကြီးတို့၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့်ရှိပြီး၊

အခြား နိုင်ငံခြားသား-မြန်မာ ဖက်စပ်လုပ်ကိုင်သော အသက်အာမခံလုပ်ငန်း ၃ ခုမှာ-
• Capital Taiyo Life,
• CB Life နှင့်
• GGI Nippon Life တို့ဖြစ်ကြ၍
ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၃၄ သန်းခန့်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလျံ တို့ ဖြစ်ကြသည်။

အခြား Non-life Insurance Sector တွင်လည်း နိုင်ငံခြားသား-မြန်မာ ပူးပေါင်းဆောင်ရွက်သည့်-
• AYA Sompo,
• GGI Tokio Marine နှင့်
• KBZ MS တို့ လုပ်ကိုင်နေကြပြီး
လုပ်ငန်းထည့်ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၂၆ သန်း နှင့် မြန်မာကျပ်ငွေ ၆၅ ဘီလျံ ဖြစ်သည်ဟု သိရသည်။

Source: asianinsurancereview — feeling excited in Myanmar.

Want your business to be the top-listed Finance Company in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Dagon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00