Digital Zay
ကိုယ်ပိုင် website များတည်ဆောက်ပြီး digital zay ဆိုင်ဖွင့်လိုက်ပါ။
01/06/2023
ကိုယ့်ရဲ့ဖောက်သည် မဟုတ်တဲ့ လူတွေကြောင့် စိတ်ညစ်မခံနဲ့.....
တခါတလေ လုပ်ငန်းမအောင်မြင်ရတဲ့ အကြောင်းအရင်းက ကိုယ့်ရဲ့ဖောက်သည် မဟုတ်တဲ့ လူတွေအပေါ် အာရုံစိုက်နေလို့ ဖြစ်နိုင်တယ်။
လုပ်ငန်းလုပ်တဲ့အခါ နည်းနည်းဝယ်ပြီး များများလိုချင်တဲ့သူတွေ ရှိမယ်။
မတန်တဆ ဈေးနှိမ်ပြီး ဝယ်ချင်တဲ့ လူတွေလည်း တွေ့ရမယ်။
တစ်ကျပ်ဖိုးဝယ်ပြီး တစ်ထောင်ဖိုး ရစ်တဲ့လူနဲ့လည်း ကြုံရနိုင်တယ်။
တခါတလေ ဒီလိုလူတွေကို ဝန်ဆောင်မှုပေးရင်း စိတ်ညစ်ပြီး အလုပ်လုပ်ရတာ စိတ်မပါတာမျိုး ဖြစ်တတ်တယ်။
တကယ်ဝောာ့ လူတိုင်းက ကိုယ့်ဖောက်သည် မဖြစ်နိုင်ဘူး။ ကိုယ့်လုပ်ငန်းက ဘယ်လိုလူတွေကို ဝန်ဆောင်မှု မပေးဘူးလဲဆိုတာ ဆုံးဖြတ်ထားဖို့ လိုတယ်။
လုပ်ငန်းအများစု မအောင်မြင်ကြတာ ဒီအချက်ကြောင့်လို့ ပြောရင် မမှားဘူး။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
29/05/2023
လုပ်ငန်းအောင်မြင်ဖို့ အတွေးအခေါ် အရေးကြီးတယ်....
အတွေးအခေါ်မှားရင် အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။
ကိုယ့်ရဲ့အတွေးအခေါ် အပေါ် မူတည်ပြီး ကိုယ့်လုပ်ငန်း တိုးတက်မလား၊ မတိုးတက်ဘူးလားဆိုတာ ခန့်မှန်းလို့ရတယ်။
အောင်မြင်တဲ့လုပ်ငန်းရှင်နဲ့ ကျရှုံးတဲ့ စီးပွားရေးလုပ်ငန်းရှင် စဉ်းစားတဲ့ပုံစံ မတူဘူး။ အောင်မြင်တဲ့လုပ်ငန်းရှင်က အလုပ်မဖြစ်တာကို ထားခဲ့တယ်။ အလုပ်ဖြစ်တဲ့ နည်းလမ်းတွေကိုပဲ ဆက်လုပ်တယ်။
ကျရှုံးတဲ့လုပ်ငန်းရှင်ကျတော့ အလုပ်မဖြစ်တာတွေကိုပဲ စဉ်းစားရင်း စိတ်ညစ်နေတတ်ကြတယ်။
တချို့က "ကျွန်တော်တို့က ပစ္စည်းအရည်အသွေးပိုကောင်းတယ်၊ အထူးတလည် ကြော်ငြာနေမှ အောင်မြင်မှာမဟုတ်ဘူး" လို့တွေးတယ်။ ဒါကလဲ အရမ်းမမှန်တဲ့ အတွေးအခေါ်တစ်ခု ဖြစ်တယ်။
ကိုယ့်ပစ္စည်းကောင်းရင် လူတွေပိုသိအောင်လုပ်ရမှာ မဟုတ်လား။ လူတွေမသိရင် ကိုယ့်လောက်မကောင်းတဲ့ ပစ္စည်းတွေကိုပဲ သုံးမိနေတာမျိုးဖြစ်နေနိုင်တယ်။
ဖောက်သည် ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်သူက စျေးကွက်မှာ အောင်မြင်မှုရတာပဲ။ ကိုယ်က အကောင်းဆုံး ဖြေရှင်းနိုင်တယ်၊
အောင်မြင်မှု မရသေးဘူးဆိုရင် ကိုယ့်ကိုလူသိနည်းနေတာ ဖြစ်နိုင်တယ်။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
27/05/2023
ဈေးကွက်အကြောင်း နားလည်ဖို့လိုတယ်။
ဈေးကွက်အကြောင်း နားလည်ရင် ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာပါတယ်။
ဈေးကွက်အကြောင်း နားလည်တယ်ဆိုတာ ကိုယ့်ရဲ့ဖောက်သည်တွေ ဘာလုပ်နေလဲ၊ ဘယ်လိုဝယ်နေလဲ၊ နောက်ပိုင်း ဘယ်လိုဝယ်လာနိုင်လဲ ဆိုတာ သိတာပါ။
မိတ်ဆွေအနေနဲ့ အခုနောက်ပိုင်း လူတွေက သမားရိုးကျ နည်းလမ်းတွေထက် online ကနေ လွယ်လွယ်ကူကူ ဝယ်ရတာကို သဘောကျလာတာကို သတိထားမိမှာပါ။
ဒီနေရာမှာ လူအများစုက Facebook ကနေ၊ Messenger ကနေ ဝယ်ယူတာပေါ့။
ဒီမှာ သူတို့အများစု ကြုံတွေ့ရတဲ့ ပြဿနာက Reply ကြာတာ၊ ဈေးနှုန်းမသိတာ၊ ကုန်ပစ္စည်းအကြောင်း သေချာနားမလည်တာ၊ ကုန်ပစ္စည်းတွေများတော့ Page မှာ ရှာရ မလွယ်တာ၊ Instock ဘယ်လောက်ကျန်သေးမှန်း မသိတာမျိုး ပါ။
ဒီပြဿနာတွေ အားလုံးရဲ့ အဖြေက E-commerce website ပဲ။
E-commerce website က လူတွေအတွက် ဈေးနှုန်း၊ Instock၊ ကုန်ပစ္စည်းအကြောင်း စတာတွေကို တစ်နေရာထဲမှာ ဖော်ပြပေးလို့ ဝယ်ရတာ အဆင်ပြေတယ်။
ပြီးတော့ ကုန်ပစ္စည်း ဘယ်လောက်များများ category ခွဲပြီး စီစီရီရီ ဖော်ပြနိုင်လို့ ဝယ်ရတာ မျက်စိရှုပ်မနေဘူး။
ဒါ့အပြင် ဘယ်သူနဲ့မှ စကားပြောစရာ မလို၊ Reply စောင့်စရာမလိုဘဲ Click တစ်ချက်နှိပ်ရုံနဲ့ ဝယ်ယူလို့ရလို့ အချိန်ကုန်သက်သာတယ်။
နောက်ပိုင်းဆိုရင် ဒီလို နည်းပညာအခြေပြု E-commerce website တွေက ခေတ်စားလာလိမ့်မယ်။
ဒါ့ကြောင့် ဈေးကွက်ထဲမှာ သူများတွေထက် ခြေတစ်လှမ်းသာနေအောင် E-commerce website လုပ်ထားကြပါ မိတ်ဆွေတို့။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
26/05/2023
လူတွေ ဝယ်ယူဖို့ တွန်းအားဖြစ်စေနိုင်တဲ့ အကြောင်းအရင်း 3 ခု
တခါတလေ အများစု သတိမထားမိပေမဲ့ လူတွေမှာ သူတို့ကို ဝယ်ယူဖို့ လွှမ်းမိုးနေတဲ့၊ တွန်းအားပေးနေတဲ့ အချက်တွေ ရှိတယ်။ ဒါကို အသုံးချနိုင်ရင် ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ရောင်းရဖို့ ပိုလွယ်တယ်။
ဒါ့ကြောင့် မိတ်ဆွေတို့ လုပ်ငန်းမှာ ရောင်းအားတွေ တိုးနိုင်ဖို့ ဒီအချက် (3) ချက်ကို ပြောပြပေးမယ်။
(1) pleasure and pain
လူတွေကို ဝယ်ယူဖို့ တွန်းအားဖြစ်စေတာ သာယာမှုနဲ့ နာကျင်မှုပဲ။ လူတွေက သာယာမှုကို လိုချင်လို့ ဝယ်ကြသလို နာကျင်မှုကို ရှောင်ရှားချင်လို့လည်း ဝယ်ယူတတ်ကြတယ်။ ဥပမာအနေနဲ့ပြောရင် လူတွေ ထိုင်ခုံဝယ်တယ်ဆိုတာ သက်တောင့်သက်သာဖြစ်ချင်လို့၊ ခါးနာတာမျိုးကို ရှောင်ချင်လို့ ဖြစ်တယ်။
(2) Hope and Fear
နောက်တစ်ချက်ကတော့ မျှော်လင့်ချက် နဲ့ အကြောက်တရားပဲ။ တချို့ English စာ သင်တန်းတက်တယ်ဆိုတာ သူ့ဘ၀ရဲ့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ ပြည့်မြောက်ချင်လို့ ဖြစ်နိုင်သလို အခြားသူတွေ ကိုယ့်ထက်သာသွားမှာ ကြောက်တာကြောင့်လည်း ဖြစ်နိုင်တယ်။
(3) Social Acceptance and rejection
လူတွေက အခြားသူတွေ အသိအမှတ်ပြုတာကို ခံချင်လို့ ဝယ်ယူကြသလို မဝယ်ယူရင် ငြင်းပယ်ခံရမှာကို ကြောက်တာကြောင့်လည်း ပါတယ်။ တချို့ ဈေးကြီးပစ္စည်းတွေ၊ Brand တွေ ဝယ်သုံးတာက လူတွေ အသိအမှတ်ပြုခံရအောင် အထင်ကြီးအောင် ဝယ်ယူကြတာဖြစ်သလို မဝယ်ယူရင် လူတွေက အထင်သေးသွားပြီး မပေါင်းသင်းတော့မှာ၊ ဝေဖန်ခံရတာမျိုးကို ရှောင်ရှားချင်လို့ ဖြစ်တယ်။
ကိုယ့်ရဲ့ဖောက်သည်တွေမှာ ရှိတဲ့ ဒီတွန်းအားတွေကို သိပြီး ကောင်းကောင်းအသုံးချနိုင်ရင် ရောင်းအားတိုးပြီး ပြိုင်ဘက်တွေထက် ခြေတစ်လှမ်း သာစေလိမ့်မယ်။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
23/05/2023
ဖောက်သည်တွေအကြောင်း ပိုနားလည်ချင်ရင်…
လုပ်ငန်းလုပ်တဲ့အခါ ဖောက်သည်တွေအကြောင်း နားလည်ဖို့က အဓိကပဲ။
သူတို့အကြောင်း နားလည်လေလေ ကိုယ့်လုပ်ငန်း ရောင်းရဖို့ အခွင့်အလမ်းများလေ၊ တိုးတက်လေလေပဲ။
ဖောက်သည်တွေ ဘယ်အချိန်မှာ ဝယ်တတ်လဲ။ ဘာတွေကို ဝယ်တတ်လဲ၊ ဘယ်အရာကို အများဆုံး ဝယ်လေ့ရှိလဲ။ ဒါတွေကို သိထားဖို့ လိုတယ်။
ဒါမှ လုပ်ငန်းလုပ်တဲ့အခါ ကိုယ့်လုပ်ငန်းက အခြားသူတွေထက် နှာတစ်ဖျား သာနေမှာ။
ပြိုင်ဘက်တွေထက် နှာတစ်ဖျားသာဖို့ အကောင်းဆုံးကတော့ E-commerce website တည်ဆောက်ထားတာပဲ။ သူက ဖောက်သည်တွေက ဘယ်အချိန်မှာ ဘာပစ္စည်းကို ဝယ်လေ့ရှိတယ်၊ ဘယ်လိုပစ္စည်းတွေကို ပိုဝယ်တယ် ဆိုတာကို ပြောပြနိုင်တယ်။
ဒါ့အပြင် ဖောက်သည်တွေက ဝယ်မယ်လို့ စဥ်းစားပြီးမှ မဝယ်ဖြစ်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း သိနိုင်တယ်။ ဒါတွေက ကိုယ့်လုပ်ငန်း ရောင်းအားတက်စေဖို့ Data တွေပဲ။
ဒီအချက်တွေကို ကောင်းကောင်းအသုံးချတတ်ဖို့ လိုတယ် မိတ်ဆွေတို့။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
19/05/2023
အမြဲတမ်း အကောင်းဆုံး ဖြစ်နေမဲ့ Marketing Strategy
Marketing ဆိုတာ လူတွေကို ဆွဲဆောင်တဲ့ အနုပညာ လို့ ပြောကြတယ်။
လူတွေကို ဆွဲဆောင်ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက သူတို့ကို ဂရုစိုက်တာပဲ။
အများစုက ကိုယ့်ရဲ့ဖောက်သည်ကို ဂရုစိုက်တယ်လို့ ထင်ပေမဲ့ ဂရုမစိုက်ဖြစ်တာ များတယ်။
ကိုယ့်လုပ်ငန်းအကြောင်း၊ ကိုယ့်ရဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ အကြောင်းပဲ တွေးရင်း တိုင်ပတ်နေတတ်တယ်။
ဂရုစိုက်တယ်ဆိုတာ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ဖောက်သည်ကို အရင်ဆုံး စဉ်းစားတာ ဖြစ်တယ်။
သူတို့ရဲ့ လိုအပ်တဲ့အရာ၊ သူတို့ သဘောကျတဲ့အရာ ၊ သူတို့ကိုနာကျင်စေတဲ့ အရာတွေကို နားလည်ခြင်းက Marketing လုပ်တဲ့အခါ အများကြီး အထောက်အကူ ပြုလိမ့်မယ်။
ပြီးတော့ Marketing ဆိုတာက တစ်ကြိမ်ရောင်းရဖို့အတွက် လုပ်ရတာ မဟုတ်ဘူး။ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေးတစ်ခုဖြစ်ဖို့ တည်ဆောက်ရတာ ဖြစ်တဲ့အတွက် ဂရုစိုက်မှုက အရေးကြီးတယ်။
ဖောက်သည်တွေက သူတို့ကို ဂရုစိုက်တယ်လို့ ခံစားရလေလေ ကိုယ့်လုပ်ငန်းနဲ့ သူတို့ရဲ့ကြားမှာ ခိုင်မာပြီး ယုံကြည်ရတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်လေလေပဲ။
တချို့ဆိုရင် ကိုယ့်လုပ်ငန်းကို ကြော်ငြာပေးတဲ့သူတွေတောင် ဖြစ်လာနိုင်တယ်။
ဒါ့ကြောင့် Gary Vee ပြောသလို Marketing လုပ်တဲ့အခါ အကောင်းဆုံး မဟာဗျူဟာက ဂရုစိုက်တာပါ။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
18/05/2023
ဘာပဲရောင်းရောင်း အရှုံးမရှိဘူးလို့ ခံစားရအောင် ရောင်းတတ်ဖို့ လိုတယ်..
တခါတလေ လူတွေကို ဝယ်ဖို့တွန့်သွားစေတဲ့ အကြောင်းအရင်း တစ်ခု ရှိတယ်။ ဈေးကြီးတဲ့ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ဝယ်ရင် ပိုပြီးဖြစ်တတ်တယ်။
အဲ့ဒါကတော့ ဆုံးရှုံးမှုများမယ်လို့ ခံစားရတဲ့ စိုးရိမ်စိတ်၊ ငါဝယ်လိုက်ရင် မှားသွားမလား ဆိုတဲ့ ကြောက်ရွံစိတ်ပဲ။
ရောင်းရချင်ရင် ဒီစိတ်တွေကို နည်းနိုင်သမျှ နည်းအောင် ဖျောက်ပေးဖို့ လိုတယ်။ အဲ့ဒါကတော့ အရှုံးမရှိဘူးလို့ ခံစားရအောင် လုပ်ပေးတာပဲ။
တချို့လုပ်ငန်းတွေက ခြောက်လ၊ တစ်နှစ်၊ သုံးနှစ် စသည်ဖြင့် အာမခံပေးပြီး အရှုံးမရှိဘူးလို့ ခံစားရအောင် လုပ်ပေးတယ်။
တချို့သင်တန်းတွေက တက်ပြီးလို့မှ မကြိုက်ရင် 100% ငွေပြန်အမ်းပေးမယ် ဆိုတာမျိုး လုပ်ကြတယ်။
တချို့ကျတော့ ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို အစမ်းသုံးခိုင်းတာမျိုး၊ အိမ်ရောက်ငွေချေ ဆိုတာမျိုးနဲ့ စိုးရိမ်စိတ်ကို ဖျောက်ပေးကြတယ်။
မိတ်တွေတို့ရော ကိုယ့်လုပ်ငန်းမှာ ဝယ်သူတွေရဲ့ စိုးရိမ်စိတ်ကို ဘယ်လိုဖျောက်ပေးနေလဲ?
Comment မန့်ခဲ့ပါဦး။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
17/05/2023
လုပ်ငန်းအောင်မြင်ဖို့ 3M အရေးကြီးတယ်..
ကိုယ့်လုပ်ငန်းကို လူတွေ သိစေချင်တယ်၊ အောင်မြင်ချင်တယ် ဆိုရင် 3M ကို သိဖို့လိုတယ်။။ 3M မသိရင် ကိုယ့်လုပ်ငန်း အောင်မြင်ဖို့ မလွယ်ဘူး။
3M ဆိုတာ Market, Message, Media ကို ဆိုလိုတာ ဖြစ်တယ်။
(1) Market
Market ဆိုတာ ကိုယ့်လုပ်ငန်းက ဘယ်စျေးကွက်ထဲကို ဝင်မှာလဲ၊ ဘယ်သူ့ကို ရောင်းမှာလဲ သိဖို့ဖြစ်တယ်။ အများစုက ကိုယ့်ပစ္စည်းကို လူတိုင်းကို ရောင်းလို့ရမယ် ထင်တယ်။ တကယ်တော့ လူတိုင်းကို ရောင်းလို့မရဘူး။
ဥပမာ - အင်္ကျီ လူတိုင်းဝတ်တာပဲ ရောင်းလို့ရတယ်ဆိုပြီး ပြောလို့မရဘူး။ သောင်းကျော်တန် အင်္ကျီဝတ်တဲ့သူ ရှိသလို၊ သိန်းကျော်တန် ဝတ်တဲ့သူ ရှိမယ်။ အင်္ကျီပုံစံ၊ အရောင်၊ အရွယ်အစား စသည်ဖြင့် တစ်ယောက်နဲ့ တစ်ယောက် တူမှာမဟုတ်ဘူး။
ဒါ့ကြောင့် ကိုယ်ရောင်းမဲ့သူ၊ ကိုယ်ဆီက ဝယ်မဲ့သူကို သေချာစဉ်းစားပြီး သတ်မှတ်ဖို့ လိုတယ်။
(2) Message
ကိုယ့်ဆီ ဝယ်မဲ့သူကို သတ်မှတ်ပြီးပြီဆိုရင် သူတို့ကို Message ပေးဖို့လိုတယ်။ ကိုယ့်ရဲ့ထုတ်ကုန်၊ ဝန်ဆောင်မှုက သူတို့ကို ဘယ်လိုကူညီပေးမလဲ ဆိုတာမျိုးပေါ့။ ဒါပေမဲ့ သူတို့လိုချင်တဲ့အရာ၊ လိုအပ်နေတဲ့အရာ ဖြစ်ဖို့တော့ လိုတယ်။
ဥပမာ - စိတ်ချယုံကြည် ဧရာဝတီ ၊ ဗိုက်ဆာနေလား မားမားကိုစား စသည်ဖြင့် ကြားဖူးလိမ့်မယ်။ ဒါတွေက လူတွေကို Message ပေးတာပဲ။
(3) Media
ကိုယ့်ဆီ ဝယ်မဲ့သူကို ကိုယ်ပေးချင်တဲ့ Message ရောက်ဖို့ဆိုရင် Media အရေးကြီးတယ်။
Media တွေကို ရွေးချယ်တဲ့အခါ ကိုယ်သတ်မှတ်ထားတဲ့ ဖောက်သည်က ဘယ်နေရာတွေကို သွားလေ့ရှိလဲ၊ ဘာတွေကို လုပ်လေ့ရှိလဲ၊ အသုံးပြုလေ့ရှိလဲ သိထားဖို့လိုတယ်။ အလုပ်သွားတတ်တဲ့ လူဆိုရင် ကားမှတ်တိုင်၊ Billboard စတာတွေမှာ ကြော်ငြာလို့ ရသလို၊ Facebook သုံးတဲ့လူဆို Facebook မှာ ကြော်ငြာ၊ Viber သုံးရင် Viber၊ TitTok သုံးရင် TitTok စသည်ဖြင့် ကြော်ငြာနိုင်တယ်။
ဒါကတော့ လုပ်ငန်းအောင်မြင်ဖို့ အရေးကြီးတဲ့ 3M အကြောင်းပါ။ မိတ်ဆွေတို့အတွက် အကျိုးတစ်ခုခု ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
13/05/2023
Marketing ဆိုတာ ရေရှည်လုပ်ရမဲ့ လုပ်ငန်းစဉ်ပါ။
အများစုက Marketing လို့ ပြောလိုက်ရင် အဖြစ်အပျက်လို့ ထင်ကြတယ်။ တစ်ကြိမ် လုပ်လိုက်ရုံနဲ့ ပြီးသွားမယ်လို့ တွေးကြတယ်။
ပွဲတစ်ခု၊ Campaign တစ်ခု၊ ကြော်ငြာတစ်ခု လုပ်လိုက်တာနဲ့ အဆင်ပြေပြီ၊ ကိုယ့်လုပ်ငန်းကို အမြဲတမ်း မှတ်မိမှာပဲလို့ ထင်တတ်ကြတယ်။
တကယ်တော့ Marketing ဆိုတာ ဈေးကွက်အပြောင်းအလဲ၊ ဖောက်သည်တွေရဲ့အကြိုက် အပြောင်းအလဲတွေကြားမှာ အမြဲတမ်းလုပ်နေရမဲ့ လုပ်ငန်းစဉ်တစ်ခုပါ။
ဖောက်သည်တွေကို ကြော်ငြာတဲ့အခါ ဘယ်လိုနည်းလမ်းတွေက ထိရောက်လဲ၊ ဘယ်လိုနည်းလမ်းတွေ သုံးရင် လူတွေက ပိုဝယ်လဲ၊ သူတို့နဲ့ ချိတ်ဆက်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ စတာတွေကို အမြဲစမ်းသပ် လေ့လာနေရမှာပါ။
ဒါမှ Loyal Customer လို့ခေါ်တဲ့ ကိုယ့်လုပ်ငန်းက အမြဲတမ်း ဝယ်ယူတဲ့ ဖောက်သည်တွေ၊ ကိုယ့်လုပ်ငန်းကို ကြော်ငြာပေးမဲ့ Fan တွေ ဖြစ်လာမှာပါ။
ဒါ့ကြောင့် Marketing ဆိုတာ ရေရှည်လုပ်ရမဲ့ လုပ်ငန်းစဉ် တစ်ခုပါ။
Digital Zay
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်း တည်ဆောက်ပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 263, C-3, 81st Street, Between 23rd And 24th Street, Mandalay
Dagon
111111